အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) - ရောင်းစားခံရခြင်း
သူမသည် မြေပြင်ပေါ်တွင် နှိပ်စက်ညှင်းပန်းခံထားရ၍ ဒုက္ခရောက်နေသော ဖုန်းချင်ကဲအား အပေါ်စီးမှ ကြည့်လျှက် ကျေနပ်အားရမှုများဖြင့် ပြည့်နေခဲ့သည်။ သို့သော် သူမသည် မရပ်တန့်ပဲ ဆက်၍ ပြောလိုက်သည်။
“အမှန်တကယ်ဆိုရင် အနာဂတ်မှာ ပြသာနာ မရှုပ်ထွေးအောင် ဒီနေရာမှာပဲ နင့်ကို သတ်ပစ်လိုက်သင့်တာ ပြီးတော့ နင့် ခန္ဓာအစိတ်အပိုင်း အားလုံးကို ဖျောက်ပြီး ဘယ်သူမှ ရှာမတွေ့အောင် လုပ်ရမှာ ဒါပေမဲ့ ဟား ဟား ဟား......”
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရီသံအား ကြားလိုက်ရသောအခါ ဖုန်းချင်ကဲသည် သိသိသာသာ တုန်လှုပ်သွားခဲ့ချိန် နောက်ထပ် နတ်ဆိုး တစ်ကောင်ရီမောသံကဲ့သို့ အသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
“ ငါ ဘာလို့ နင့်ရဲ့ မျက်နှာ လှလှလေးကိုပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်စီးပြီး နင့်ရဲ့ နှင်းလို ဖြူဆွတ်တဲ့ အသားအရေရှိတဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေတာလဲဆိုတာကို နင်သိလား “
သူမသည် ခါးကိုင်းလိုက်ကာ ဖုန်းချင်ကဲ၏ မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အဲ့ဒါ ဘာလို့လဲဆိုတော့ ယောက်ျားတွေရဲ့ အလိုကို ဖြည့်ဆည်းပေးတဲ့ အောက်တန်းအကျဆုံးနေရာမှာ နင့်ကို ရောင်းမလို့လေ နင့်မျက်နှာက စက်ဆုပ်စရာကောင်းအောင် ပျက်စီးနေပေမဲ့ နင့်ရဲ့ နှင်းလို ဖြူဖွေးနေပြီးတော့ ချောမွေ့နေတဲ့ အသားအရေက အတော်အသင့်တော့ လူကြိုက်များနေအုန်းမှာလို့ ငါယုံတယ် နင်ကော ဘယ်လိုထင်လဲ”
“နင် ငါ့ကို အဲ့လို မကြည့်စမ်းပါနဲ နင့်ရဲ့ အရမ်းကို လှပတဲ့ မျက်နှာက အစောကြီးထဲက ပျက်စီးနေခဲ့ပြီ အကယ်၍ နင်က ကာကွယ်ရေးစံအိမ်တော်ရဲ့ သခင်မလေးပါလို့ လူတိုင်းကို လိုက်ပြောရင်တောင် ဘယ်သူကမှ ယုံမှ မဟုတ်တဲ့ အပြင် နင့်ကို လူတွေက အရူးလို့တောင် ခေါ်ကြအုန်းမယ် ထွက်ပြေးဖို့လား နင့် စွမ်းအား ဒုတိယတန်းစား စစ်သည်တော် အဆင့်လောက်နဲ့ ဘာမှ မလုပ်နိုင်ဘူး “
ထိုသို့ပြောရင်း သူမသည် ဖုန်းချင်ကဲ၏ ပါးစပ် အတွင်းသို့ ဆေးလုံးတစ်လုံး ထိုးထည့်လိုက်ကာ မတ်တပ် ပြန်ရပ်လျှက် ရီမောလိုက်သည်။ ထို့နောက်
“ခုနှစ်ရက် အကယ်၍ ခုနှစ်ရက်လုံးလုံး နင်တွေ့ကြုံရမဲ့ အရာတွေကနေ တစ်ချိန်လုံး လွတ်မြောက်နိုင်ခဲ့ရင်တောင် ငါ နင့်ကို ပေးလိုက်တဲ့ အဆိပ်က နင့်ကို သတ်လိမ့်မယ်”
ဖုန်းချင်ကဲသည် ဒေါသထွက် လွန်းသောကြောင့် အံကြိတ်လိုက်ကာ အော်ဟစ်လိုက်သည်။
“စုရူယွမ် ငါ သရဲ ဖြစ်သွားရင်တောင် နင့်ကို အလွတ်မပေးဘူး”
“ဟား နင် အခု အသက်ရှင်နေသေးတဲ့ လူဘဝမှာတောင် နင် မလုပ်နိုင်ရင် နင် သရဲ ဖြစ်သွားတဲ့ အချိန်မှာကော ပိုပြီးတောင် မလုပ်နိုင်သေးတယ်”
သူမသည် ကြောက်စရာကောင်းအောင် ရီလိုက်ကာ လူတစ်ဦးအား အမိန့်ပေးလိုက်သည်။
“သူ့ကို အဝေးခေါ်သွားလိုက် သူ့ကို ထပ်ခါထပ်ခါ ရောင်းစားပစ်တယ်ဆိုတာ သေချာအောင် လုပ်လာခဲ့ ပြီးတော့ သဲလွန်စ တစ်ခုမှ မကျန်ခဲ့စေနဲ့ ဝယ်သူကိုလည်း နှုတ်ပိတ်ထားလိုက်တာ အကောင်းဆုံးပဲ “
“ဟုတ်ကဲ့”
တုတ်ခိုင်သန်မာသော ယောကျ်ား နှစ်ဦးသည် တရိုတသေ အမိန့်နာခံကာ ချက်ချင်း ဖုန်းချင်ကဲ၏ နောက်မှ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။ သူတို့သည် ဖုန်းချင်ကဲအား သူတိူ့၏ ပုခုံးပေါ်သို့တင်ကာ အကြိမ်အနည်းငယ် ခုန်လိုက်ပြီးနောက် သစ်ပင်များ ကြားမှ အလျှင်အမြန် ပျောက်ကွယ် သွားကြသည်။
စုရူယွမ်၏ နောက်တွင် တစ်ချိန်လုံး ရပ်နေသည့် သသက်လတ်ပိုင်းအရွယ် အမဲရောင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော သူသည် ရှေ့သို့ အနည်းငယ် လှမ်းလိုက်ကာ ပြောလိုက်သည်။
“သခင်မလေး နောက်ကျနေပါပြီ အခု စံအိမ်ကို ပြန်ကြတော့မလား”
“ကောင်းပြီ ပြန်ကျတာပေါ့”
သူမသည် ညင်သာသော အပြုံးတစ်ခု ပြုံးလိုက်ကာ ကောင်းကင်သို့ မော့ကြည့်လျှက် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
“အခုချိန်ကစပြီး ငါက ဖုန်းချင်ကဲပဲ ဖုန်းချင်ကဲက ငါပဲ “
**
နှစ်ရက်ကြာပြီးနောက် .....ညအချိန် ......တလန်မြို့ ကြိုင်လှိုင်သင်း စံအိမ်.....
သန်မာ ပြင်းထန်လှသော မွှေးရနံ့ တစ်ခုကို ရရှိလိုက်ပြီးနောက် သတိမေ့နေသော ဖုန်းချင်းကဲသည် မျက်လုံးများ ပွင့်လာခဲ့သည်။ သူမ၏ လက်မောင်းအား တစ်စုံတစ်ယောက်က ပွတ်သပ်နေခဲ့ကာ သူ၏ လျှာဖြင့် အသံမြည်အောင် လုပ်နေသော အသံတစ်သံအား ကြားလိုက်ရချိန်တွင် သူမသည် အလွန် မူးဝေလျှက် ရှိနေတုန်းဖြစ်သည်။ သူမသည် ကြောက်လန့်တကြားအော်ဟစ်လိုက်ကာ သူမ၏ အိပ်ယာပေါ်မှ လှိမ့်ဆင်းလိုက်သည်။
“ဟား ဟား ဟား.... နိုးလာပြီလား ကောင်းတယ် မင်းသခင်က ကို့အလုပ်ကို လုပ်တဲ့အခါ ငါးသေတစ်ကောင်လို ဖြစ်နေတာကို မကြိုက်ဘူး မင်းသခင်က တက်ကြွလန်းဆန်းပြီး ဖျက်လတ်နေတဲ့သူတွေကို ပိုကြိုက်တယ်”
ဟု ပြောလိုက်သည်။ ထိုလူကြီးသည် အသက် သုံးဆယ် အရွယ် ရှိကာ စုတ်စုတ်ပဲ့ပဲ့ ဖြင့် ကြမ်းတမ်းပုံပေါ်ကာ မြေပြင်ပေါ်သို့ လှိမ့်ချလိုက်သော ဖုန်းချင်းကဲအား တပ်မက်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ဖုန်းချင်ကဲ ထိုအကြည့်အား မြင်သော် နံရံထောင့်နားသို့ ကပ်သွားလိုက်သည်။ ထိုလူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကာ သူသည် ဆက်၍ ပြောဆိုလိုက်သည်။
“ဒီညမှာ ငါ့ အတွက် ကောင်းမွန်တဲ့ တစ်စုံတစ်ရာ ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး မင်း မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပေမဲ့ မင်းအသားအရည်က နူးညံ့ဖြူစင်နေတာက မယုံနိုင်စရာပဲ ဟ ဟ ဟ ဂုဏ်သိက္ခာရှိတဲ့ စံအိမ်တော် မိသားစုထဲမှ သခင်မလေးတွေနဲ့ တောင် နှိုင်းယှဉ်နိုင်တယ် “
ဖုန်းချင်းကဲ၏ မျက်လုံးများတွင် ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နေခဲ့ကာ နောက်သို့ ဆုတ်သွားခဲ့သည်။
“ရှင်.... ကျွန်မရှေ့က ထွက်သွား... ထွက်သွားစမ်း”
သူမသည် မတ်တပ်ရပ်လိုက်ကာ ရုတ်တရက် တံခါးဆီသို့ လှည့်ပြေးသွားခဲ့သည်။ သို့စော် သူမ နှစ်လှမ်းသာ လှမ်းရသေးစဉ် ထိုအမျိုးသား၏ ပွေ့ဖက်မှုကို ခံလိုက်ရသည်။
“ထွက်ပြေးဖို့ ကြိုးစားတာလား ဟ ဟ ဟ ဒီအခန်းထဲ ဝင်လာပြီးမှတော့ မင်း ထွက်ပြေးနိုင်လိမ့်မယ် ထင်တာလား လာခဲ့စမ်း မင်း သခင်က မင်းရဲ့ ဖြူဖွေးနူးညံ့တဲ့ အသားရေကို စမ်းကြည့်ရအောင်”
ထိုလူသည် စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်သည်။ ထိုလူသည် သူ၏ လက်အား မြှောက်ကာ ပါးလွှာကာ တောက်ပသော သူမ၏ လက်မောင်းမှ အကျီစအား ဆွဲဖြဲလိုက်သောအခါ ချောမွေ့ ပြည့်စုံလှသည့် လက်မောင်း တစ်ဖက်လုံး ပေါ်ထွက်လာခဲ့ကာ ထိုသူ၏ မျက်လုံးများသည် ထိုကဲ့သို့ မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားမှုများဖြင့် လောင်မြိုက် တောက်ပလာခဲ့သည်။
“အားးးး”
ဖုန်းချင်ကဲ အော်ဟစ်လိုက်သည်။ ထို စက်ဆုပ်ဖွယ်ကောင်းလှသော အမျိုးသားထံမှ ပွေ့ဖက်ခြင်း ခံလိုက်ရသောကြောင့် သူမသည် ရွံရှာစိတ်ဖြစ်ပေါ်လာကာ ကြက်သီးမွှေးညှင်းများ ထလာသည်ဟု ခံစားလိုက်ရသည်။ သူမသည် ထိုလူ၏ လက်မှ လွတ်အောင် ရုန်းကန်နေခဲ့ချိန်တွင် သူမ၏ လက်သည် ထိုသူ၏ ခါးနားရှိ ဓားမြှောင်အား ထိမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် မည်သည်ကိုမှ မတွေးမိတော့ပဲ ဓားမြှောင်အား ဆွဲထုတ်လိုက်ကာ ထိုလူ၏ ရင်ဘတ်သို့ ထိုးသွင်းလိုက်သည်။
“သေစမ်း မိန်းမပျက်မ”
ထိုလူ၏ ခေါင်းထဲတွင် တဏှာရမက် များရှိသော အခိုက်အတန့်တွင် ဖြစ်နေသောကြောင့် ထိုသူသည် ရှောင်တိမ်းရန် နှေးသွားခဲ့ကာ သူ၏ ရင်ဘတ်အား ကန့်လန့်ဖြတ် အရှည်လိုက်ခွဲလိုက်သလို ဖြစ်သွားသောကြောင့် ရင်ဘတ်ရှိ အသားများသည် ဟက်တက်ကွဲသွားခဲ့သည်။ နာကျင်မှုကြောင့် သူသည် ဖုန်းချင်းကဲအား သူ၏ အဝေးသို့ တွန်းထုတ်လိုက်လေသည်။
“အားး”
“ဘုန်း”
သူမ၏ ဦးခေါင်းသည် ခုတင်ထောင့်စွန်းဖြင့် တိုက်မိသွားသောကြောင့် နီရဲသော သွေးများသည် ရေတံခွန် စီးသလို စီးကျလာခဲ့သည်။ သူမသည် ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်သည် လေးလံကာ ယိမ်းထိုးသွားကာ ကြမ်းပြင်ပေါ်သို့ သေဆုံးသွားသကဲ့သို့ မူးမေ့လဲ ကျသွားခဲ့သည်။