အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - မှတ်ဉာဏ်များ ပေါင်းစပ်ခြင်း
“ငိုတာရပ်ပြီး အကြောင်းစုံ ပြောပြစမ်း”
သူမသည် မျက်မှောင်ကြုတ်လျှက် တိုးတိတ်စွာ သူ့မဘာသာ တွေးနေလိုက်သည်။ (အကယ်၍ သူမ၏ စိတ် အတွင်းတွင် ရှိနေသော ဝိဉာဉ်လိုလို သရဲလိုလို တည်ရှိမှု အကြောင်း သံသယများ အပြင် ရှေ့ကအဖြစ်ပျက်များကို သေချာ ရှင်းလင်းစွာ မသိချင်ခဲ့လျှင် သူမသည် ထိုရှိုက်ငိုနေသော အသံအား နားထောင်နေမည်ထက် အချိန်ကြာမြင့်စွာ ကတည်းမှ ထွက်ခွာသွားပြီး ဖြစ်သည် )
သူမ၏ ခေါင်းထဲမှ အသံသည် ခဏတာမျှ ငိုသံ ရပ်တန့်သွားခဲ့ကာ ပြတ်တောင်းပြတ်တောင် ရှိုက်သံနှင့် နှာရှုံသံများ ထွက်လာခဲ့သည်။ ထိုအသံသည် သူမအတွက် မည်သည်က အကောင်းဆုံး ဖြစ်မည်ကို သိရလောက်အောင် ဉာဏ်ကောင်းသောကြောင့် သူမ၏ အကြောင်းအား အသေးစိတ် မပြောတော့ပဲ အဓိက စိတ်ဝင်စားစရာအပိုင်းများကိုသာ ပြောဆိုခဲ့သည်။ ထို့ကြောင့် သူမ ပြောသည်မှာ....
“ငါက သေဆုံးသွားခဲ့ပြီ ငါ့ခန္ဓာကိုယ်က အခု နင့်အပိုင်ပဲ ဖုန်းကျို့ ငါ နင့်ကို တောင်းဆိုချင်တာ နှစ်ခုရှိတယ် ပထမဆုံး တစ်ခုက ငါ စုရူယွမ်ကို သေရတာထက် ဆိုးရွားတဲ့ ဘဝကံကြမ္မာမျိုးကို ရစေချင်တယ် သူ့ကို ဓားတစ်ချက်နဲ့ သတ်လိုက်တာက ငါ့ နှလုံးသားထဲမှာ ရှိနေတဲ့ သူ့ကို မုန်းတဲ့ အမုန်းတရားကို ဖြေဖျောက်လို့ မရနိုင်ဘူး ပြီးတော့ သူ့ကို အသက်ရှင်လျှက်နဲ့ အဆုံးမရှိတဲ့ နာကျင်မှုတွေကို ခံစားစေရမှ ငါ့နှလုံးသားထဲက အမုန်းတွေ ပြေပျောက်ပြီး ငါ့ဝိဉာဉ် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်လိမ့်မယ်”
သူမ၏ အသံတွင် ပြင်းထန်လှသော အမုန်းတရားများ လွှမ်းမိုးနေခဲ့သည်။ ထိုအချိန်တွင် သူမသည် အမှန်တကယ် သူမကိုယ်တိုင် မည်သည်ကိုမှ ပြန်လည် မရယူနိုင်တော့ကြောင်း လက်ခံထားပြီး ဖြစ်ကာ ထိုအခိုက်အတန့်တွင် သူမဖြစ်စေချင်သော ဆန္ဒသည် ယခုလို အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့သော တရားခံ ဖြစ်သူ စုရူယွမ်အား သူမ တစ်ဘဝလုံး အသက်ရှင်လျှက် ဝေဒနာများအား ခံစားရစေချင်ခဲ့ခြင်း ဖြစ်သည်.။
ဖုန်းကျို့၏ မျက်ခုံး ပင့်တက်သွားသော်လည်း နောက်ဆုံး သူမသည် မည်သည်ကိုမှ မပြောခဲ့ပေ။ သူမ၏ နှုတ်ခမ်းများ ကွေးတက်သွားသော်လည်း ထိုအရာသည် အပြုံးဟု ခွဲခြား မသိနိုင်ပေ။ ထိုအခိုက်အတန့်တွင် ဖုန်းကျို့၏ စိတ်ထဲ၌ တွေးနေသည်ကို သိနေသည့်အလား ဖုန်းချင်ကဲသည် ဆက်လက်ပြောလိုက်သည်။
“နင် ဘယ်ကလာလဲတော့ ငါမသိဖူး အရင် ဘယ်လို အဆင့်အတန်း ရှိခဲ့တာလဲ ဆိုတာကိုလည်း ငါမသိဖူး ဒါပေမဲ့ အခြေအနေတွေကို ကိုင်တွယ်တဲ့ အချိန်မှ အေးစက်တည်ငြိမ်နေတဲ့ပုံစံနဲ့ နင့်စီက က ငါခံစားရတဲ့ တည်ငြိမ်မှုမျိုးကို ကြည့်လိုက်ရင် နင်က သာမာန်ထက် ထူးခြားတဲ့ သူ တစ်ယောက်ဆိုတာကို ငါယုံကြည်တယ် အနည်းဆုံးတော့ နင်က ငါ့လို ကို့ဘဝ ကို့အမှတ်အသားတွေကို သူများတွေက လူယူပြီး ခုလို ညတ်ပတ်ရွံရှာစရာ ကောင်းတဲ့ နေရာမှာ နောက်ဆုံး အသတ်ခံရတဲ့ အထိ တုံးအမှာ မဟုတ်ဘူး”
ထိုစကားအား ကြားပြီးနောက်တွင် ဖုနိးကျို၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကာ သူမ၏ နှုတ်ခမ်းများ မြင့်မားစွာ ကော့တက်သွားခဲ့ကာ ပြောလိုက်လေသည်။
“ဆက်ပြောလေ ဒုတိယ ဆန္ဒက ဘာလဲ”
ထိုစကားအား ကြားပြီးနောက် ဖုန်းချင်ကဲသည် ဖုန်းကျို့ သဘောတူလိုက်ပြီ ဆိုသည်အား သိလိုက်ကာ စိတ်သက်သာစွာရကာ တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ သို့သော် တစ်ချိန်ထဲတွင် သူမ၏ အသံသည် ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်ကျနေသယောင် ဖြစ်သွားခဲ့သည်။
“ငါ့မိသားစုဝင် အားလုံးက အရမ်းကြင်နာကြတဲ့ သူတွေပါပဲ သူတို့က ငါ့ကို တန်ဖိုးထားပြီး အရမ်းချစ်ကြတယ် နင် ငါ့ကိုယ်စား သူတို့ကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ် ပြီးတော့ သူတို့ကို ........ငါ မရှိတော့ဖူး ဆိုတာကို မသိစေချင်ဘူး......”
နှင်းကဲ့သို့ ဖြူဖွေးကာ သွယ်လှသော လက်ချောင်းလေးများသည် စားပွဲခုံပေါ်သို့ ညင်သာစွာ ခေါက်လိုက်သည်။ ထို ညင်သာသော ခေါက်သံကလေးများသည် ဖုန်းချင်ကဲအား ဂနာမငြိမ် ဖြစ်စေခဲ့သည်။ သူမသည် ဖုန်းကျို့ တွေးနေသည်များအား သိနိုင်ရန် လမ်း မရှိသည့် အပြင် အခြား ရွေးချယ်စရာလည်း မရှိတော့သောကြောင့် ဖုန်းကျို့၏ နှုတ်မှ ငြင်းပယ်သည့် စကား ကြားရမည်ကို ကြောက်ရွံနေခဲ့ကာ ဆက်ပြောလိုက်သည်။
“ဖြစ်ခဲ့သမျှ အရာအားလုံး သိနိုင်အောင် ငါ့မှတ်ဉာဏ်တွေကို နင့် အတွက် ထားခဲ့မယ် ဖုန်းကျို့ နင် ငါ့ကို ကူညီရမယ် နင် ငါ့ကို ကူညီရမယ်.......”
ထိုစကားကို ကြားပြီးနောက် သူ၏ ခေါင်းထဲမှ အသံသည် တိုးဖျော့သွားခဲ့ကာ ဖုန်းကျို့သည် သူမ၏ ဦးခေါင်းထဲမှ အလွန် ပြင်းထန်လှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်သည် သူမ၏ ခေါင်းအတွင်းသို့ တစ်စုံတစ်ခုအား အတင်းကျပ် သွပ်သွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်လှသော နာကျင်မှုအား ကြံ့ကြံ့ခံနိုင်ရန်အတွက် သူမသည် မျက်လုံးများ မှိတ်ထားကာ မျက်ခုံးများ ကြုံ့သွားခဲ့သည်။ အချိန်ခစ ကြာပြီးနောက် သူမ၏ မျက်လုံးများ ဖြေးညှင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် သူမ၏ စိတ်ထဲတွင် မူလက သူမနှင့် မပတ်သက် မသက်ဆိုင်သော မှတ်ဉာဏ်များစွာကို ရုတ်တရက် ရှာတွေ့သွားခဲ့သည်။
ထိုအရာများသည် ဖုန်းချင်ကဲ၏ မှာတ်ဉာဏ်များ သူမနှင့် ပေါင်းစည်းသွားခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင် ပြုလုပ်ခံရသည့် မှတ်ဉာဏ်များ သူမ၏ စိတ်အတွင်း ပေါ်ပေါက်လာသောအခါ သူမသည် ဖုန်းချင်ကဲ ခံစားရသည်များအား တစ်ထပ်တည်း တူညီစွာ ပြန်လည် ခံစားလိုက်ရသည်။ ထိုဓားဖြင့် မွှန်းနေသည့်အချိန်တွင် အမှန်တကယ် ခံစားလိုက်ရသူမှာ သူမကိုဘ်တိုင်ကဲ့သို့ ခံစားလိုက်ရသည်။
“စုရူယွမ် ဟား ဟား စိတ်ဝင်စားစရာပဲ”
ထို မှတ်ဉာဏ်များ သူမ၏ စိတ်အတွင်း ရောယှက်သွားပြီးနောက် သူမ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များနှင့် လက်ရှိ ဖြစ်ပျက်နေသော အခြေနေများအား နားလည် လက်ခံသွားခဲ့သည်။ ထို့နောက် သူမသည် မတ်တပ်ရပ်လျှက် သေဆုံးသွားသော လူကြီး၏ အနားသို့ လျှောက်သွားလိုက်ကာ ထိုလူချွတ်ထားသော အဝတ်များထဲမှ တန်ဖိုးရှိသည်များအား ရှာဖွေလိုက်၏။
သူမ၏ ကိုယ်ပေါ်တွင်ရှိနေသော အဝတ်အစားများသည် လက်မှ အကျီစများလည်း စုတ်ပြဲနေခဲ့သလို ရင်ဘတ်နားမှ အကျီစလည်း ပြံနေခဲ့သည်။ သူမသည် လျှင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ကာ သူမ၏ မျက်နှာအား ဖုန်းကွယ်ရန်အတွက် အတွင်းဝတ်အား ဆုတ်ဖြဲလိုက်သည်။ သူမ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာသည် ထင်ရှားသောကြောင့် အကယ်၍ သူမ ထိုနေရာမှ ထွက်ခွာချင်လျှင် မည်သူ၏ မျက်လုံးများမှ ဖမ်းမမိစေရန် ခိုးကြောင်ခိုးဝှက် ထွက်ခွာရမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် အခန်း တစ်လုခုံး နေရာတစ်ခုမကျန်ရအောင် သေချာရှာဖွေခဲ့သော်လည်း သူမ တတ်ဆင်ရန်အတွက် အဝတ်အစား တစ်ခုမှ ရှာမတွေ့ခဲ့ပေ။ ထိုလူကြီး၏ အဝတ်အစားများသည် လွန်စွာ ညစ်ပတ်နေခဲ့ကာ သူမသည် ထို အဝတ်အစားများအား မဝတ်ချင်ခဲ့ပေ။
သူမသည် ရုတ်တရက် သတိရသွားသည်မှာ ဒီနေရာသည် ယောကျ်ားများ ပျော်ပါးရာ နေရာ ဖြစ်နေခဲ့သောကြောင့် သူမသည် ရိုးရှင်းစွာ ကျန်နေသေးသော အကျီစများအား စုတ်ဖြဲကာ သူမ၏ ဖြူဖွေးနူးညံ့လှသော ပခုံးသားများအား ပေါ်လွင်စေခဲ့သည်။ သူမသည် ကုတင်ဘောင်တွင် တင်ထားသော ဇာပိတ်စအား ကြည့်ကာ သူမ၏ ဂါဝန်အား ရင်ရှားပုံစံ လျှင်မြန်စွာ ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ သူမသည် လက်လှမ်းကာ ထိုဇာပိတ်စအား သူမ၏ ပခုံးပေါ်တွင် လွှမ်းခြုံလိုက်ကာ နောက်ဖေး ပြတင်းပေါက်မှ ခုန်ချလိုက်လေတော့သည်။
မြေပြင်ပေါ်သို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သွားပြီးနောက် သူမ၏ မျက်လုံးအစုံသည် ပတ်ဝန်းကျင်အား လျှင်မြန်စွာ ကြည့်လိုက် သော်ငြားလည်း သူမ၏ ရှေ့တွင် ရှိသော ထွက်ပေါက် တစ်ခုကိုသာ မြင်လိုက်ရသည်။ သူမသည် အရှေ့ဘက် ခြံဝင်းသို့ ခိုးဝင်သွားလိုက်ကာ ကလူကျီဆယ်ကာ ရီမောနေသော မိန်းကလေးတစ်ချို့ ကြားထဲ ရောနှော ဝင်ရောက်လိုက်သည်။ သူမ ထိုနေရာမှ ထွက်ခွာရန် ခြေလှမ်း လှမ်းလိုက်ချိန်တွင် စူးစူးဝါးဝါး ကျယ်လောင်သော အော်သံအား ကြားလိုက်ရသည်။
“အား....... လူသေနေတယ်.....”