အခန်း ၆
Vol. 1 Ch. 6
အခန်း(၆) - သူမ ပထမဆုံး တွေ့ဆုံခဲ့သော အမျိုးသား
သေးငယ်သော ပုံသဏ္ဌာန် ရှိသော သူတစ်ဦးသည် လမ်းဘေးထောင့် တစ်နေရာတွင် မသိမသာ ထိုင်နေခဲ့ကာ ခေါင်းမော့ကာ တစ်ဝါးဝါး သန်းနေခဲ့သည်။ သူသည် မျက်လုံး တစ်ဝက် မှေးစင်းလျှက် ပျားပန်းခန် မတတ် လှုပ်ရှားသွားလာနေသော လမ်းမထက်ဝယ် ပတ္တရောင် လှည့်ပတ်နေသော အဖွဲ့များအား စောင့်ကြည့်နေခဲ့ကာ သူ၏အကျီထဲမှ ပန်းသီး တစ်လုံးအား ဆွဲထုတ်လိုက်ကာ စိတ်ပျက် ငြီးငွေ့နေသဖွယ် ပုံစံဖြင့် စတင်၍ ကိုက်စားနေတော့သည်။
သူတောင်းစား တစ်ယောက် ဝတ်ဆင်သကဲ့သို့ ညစ်ပတ်ပေရေနေသော အဝတ်စုတ်အား ဝတ်ဆင်ထားခဲ့ကာ သူ၏ မျက်နှာအားလည်း ရွံများ အညစ်အကြေးများဖြင့် ပေရေနေခဲ့သေးသည်။ ထို့အပြင် သူ၏ ဆံပင်များအားလည်း အဝတ်စုတ် တစ်ခုဖြင့် စီးနှောင်ထားခဲ့ကာ သူ၏ ပုံစံအား ကြည့်လိုက်လျှင် အာဟာရချို့တဲ့ကာ ပိန်လှီနေသော သူတောင်းစားငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ မြို့တော်ဝန်အား ဒေါသထွက်အောင်လုပ်ကာ ပြည့်တန်ဆာအိမ်မှ အမျိုးသမီးတစ်ယောက်အား တစ်မြို့လုံး တစ်နေရာမကျန် ရှာဖွေစေခဲ့သော အမိန့်အား ထုတ်ပြန်ရစေသည့်သူမှာ လမ်းထောင့်တွင် ထိုင်နေစော သူတောင်းစားငယ်လေး ဖြစ်နေမည်ဟု မည်သူမှ ထင်ကြမည် မဟုတ်ပေ။
“ဘယ်လောက် ကံဆိုးလိုက်လဲ ငါ ဒီကနေ ဘယ်လိုလုပ် ထွက်သွားရမှာလဲ ငါက စောင့်ဆိုင်းဖို့ စိတ်ရှည်ရင်တောင် ငါ့ခန္ဓာကိုယ်ထဲက အဆိပ်က ခွင့်ပြုမှာ မဟုတ်ဘူး”
ပန်းသီးအား တစ်ကိုက်ကိုက်ရင်း ဖုန်းကျို့သည် သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။ အကယ်၍ အရှက်မရှိ အောက်တန်းကျကာ စက်ဆုပ်ရွံရှာစွာ ကောင်းလှသည့် သူမ ယမန့်နေ့ညက သတ်လိုက်သော သူသည် မြို့တော်ဝန်၏ တစ်ဦးတည်းသော သားဆိုသည်ကို သာ သူမသိခဲ့မည် ဆိုလျှင် အနည်းဆုံး သူ့အား အသက်ရှင်ခွင့် ပေးခဲ့မိပေလိမ့်မည်။ ထိုသို့ဆိုလျှင် မြို့တော်ဝန်သည် အစောင့်များအား တစ်မြို့လုံး ပိုက်စိတ်တိုက် သူမအား ရှာဖွေရန် ခိုင်းတော့မည် မဟုတ်ပေ။
သို့ပေမဲ့ အနက်ရောင် ဝတ်စုံနဲ့ သူက မည်သူနည်း..... လုပ်ကြံသတ်ဖြတ်သူလား......
ထိုလူ လှုပ်ရှားလိုက်သောအခါ ထိုလူ၏ ပတ်ပတ်လည်မှ ထွကပေါ်လာသော စွမ်းအင်များအား ပြန်သတိရလိုက်သော အခါဝယ် သူမသည် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။ သူမ ပြန်လည် မွေးဖွားလာပြီးနောက် သူမ တွေးထားခဲ့သည်မှာ သူမသည် ရှေးခေတ် မင်းဆက်၏ အချို့သော အုပ်ချုပ်မှု အောက်တွင်သာ နေထိုင်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒီနေရာမှ လူတိုင်းသည် ကျင့်ကြံနေကျလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ကျင့်ကြံမှု ဆိုသည်မှာ စိတ်ကူးယဉ် လောကမှ အရာတစ်ခုသာ ဖြစ်သည်။ သို့သော် ပြန်လည် စဉ်းစားကြည့်ရလျှင် ၂၁ ရာစုမှ သူမလို လူတစ်ယောက်သည်ပင် ဒီလို ဆိုးရွားလှသော နေရာတွင် ပြန်လည် မွေးဖွားလာခဲ့ရသည် ဆိုသော် ကျန်သော အရာများသည် ထူးဆန်းလှသည်တော့ မဟုတ်ခဲ့ပေ။
ကျင့်ကြံမှု ကျင့်ကြံသူများ၏ ရှေ့တွင် သူမ၏ ခန္ဓာကိုယ်မှ ကျွမ်းကျင်မှု လက်နက်အားလုံးသည် လုံးဝ အချည်းအနှီး ဖြစ်ပေတော့မည်။ သူသည် တစ်ဝက် စားသောက်ထားသော ပန်းသီးအား လွင့်ပစ်လိုက်ကာ စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် ကြည်လင် ပြတ်သားသော အသံ တစ်သံ သူမ၏ ရှေ့မှ ထွက်ပေါ်လာခဲ့သည်။
“ကလင် ကလင် ကလင် “
ရုတ်တရက် သူမ၏ ရှေ့မှ ခွက်ကွဲလေးထဲသို့ သေးငယ်သော ငွေခဲလေး တစ်ခဲ ချာလပတ်လည်ကာ ကျလာပြီး အလယ်တွင် တင်ကျန်ခဲ့သည်။ ဖုန်းကျို့သည် ဘာမှ မသိနားမလည်စွာဖြင့် ခွက်ပဲ့ထဲသို့ ကျလာသော ငွေခဲအား အား ကောက်ယူစစ်ဆေးလိုက်သည်။ အပြင်ဘက်တွင် ငွေရောင်ဖြစ်နေသည်မှ လွဲလျှင် သာမာန် ကျောက်တုံး တစ်တုံးဖြင့် မခြားနား ဟု ခံစားလိုက်ရသည်။
သူမသည် ခွက်ပဲ့လေးထဲသို့ ငွေခဲ ချပေးလိုက်သော သူမ၏ ရှေ့မှ သူအား မော့ကြည့်လိုက်ကာ အနက်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသော သူ၏ ကျယ်ပြန့်သော ကျောပြင်ကိုသာ မြင်လိုက်ရသည်။ သူသည် ဖြေးညှင်းစွာ လမ်းလျှောက်နေခဲ့ကာ သူ၏ ခြေလှမ်းများသည် ပေါ့ပါး တည်ငြိမ်နေခဲ့သည်.။ ထို့အပြင် သူ၏ ဖြစ်တည်မှုမှ စိမ့်ထွက်လာသော အေးစက်သော အငွေ့အသက် အော်ရာ အရှိန်အဝါများကြောင့် လူအများသည် သူ၏ ဘေးနားသို့ မကပ်ရဲကြပေ။
သူမသည် ခေါင်းတစ်ချက် လှည့်ကြည့်လိုက်ကာ မည်သည်ကိုမှ စဉ်းစားခြင်း မပြုတော့ပဲ ခုန်ထလိုက်ကာ ထိုသူ၏ ခြေထောက်အား ဖမ်းဆွဲထားလိုက် ပြီးနောက် သနားစဖွယ်ကောင်းအောင် ကျယ်လောင်သော အသံဖြင့် ငိုကြွေးအော်ဟစ်လိုက်သည်။
“ဝူး.... ဝူး..... ယောက်ဖ နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ အိုး ငါ့ ယောက်ဖရေ “
ထိူသူသည် လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်သောကြောင့် သူမသည် လေကိုသာ ဖမ်းဆုပ်မိလိုက်ကာ သူမသည် ရှေ့သို့ ခုန်အုပ်လိုက်သော အရှိန်ကြောင့် ဟပ်ထိုးလဲကျသွားကာ လက်နှစ်ဖက်လုံး ပွန်းပဲ့ ကုန်ကာ နာကျင်မှုကြောင့် ငြီးငြူမိလိုက်သည်။
အနက်ရောင် ဝတ်ရုံဖြင့် လူသည် မျက်မှောင် ကြုတ်လိုက်ကာ သူသည် မြေပြင်ပေါ်မှ သူတောင်းစားလေးအား သူ၏ စူးရှ ထက်မြတ်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းများ လှမ်းရန် ပြန်လည် စတင်ကာ ရှေ့သို့ လျှောက်လှမ်းသွား လိုက်သည်။ အကြည့် တစ်ချက်ဖြင့် ထို မြေပြင်ပေါ်မှ သူတောင်းစားလေးသည် ကျင့်ကြံမှု တစ်စုံတစ်ရာမှ မရှိပဲ သာမာန် လူတစ်ယောက် ဖြစ်သည်ကို သူ ပြောနိုင်ပေသည်။
ဟုတ်ပေသည်။ ဖုန်းကျို့သည် ယခုအချိန်တွင် သာမာန် လူတစ်ယောက်သာ ဖြစ်သည်။ သူမသည် မူလပိုင်ရှင်ထားခဲ့သော သေးငယ် နည်းပါးလှသည့် ကျင့်ကြံမှုသည် စူရူယွမ် ခသူပါးစပ်ထဲသို့ အတင်းထည့်ကာ တိုက်ကျွေးလိုက်သော အဆိပ်ကြောင့် လုံး ဝ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် ယခုအချိန်တွင် သာမာန် လူ တစ်ယောက်သာ ဖြစ်ကာ မည်သည့် ကျင့်ကြံခြင်း စွမ်းအား တစ်စုံတစ်ရာမှ မပိုင်ဆိုင်ထားပေ။
ထို့ကြောင့်လည်း ပြောနေစရာပင် မလိုအပ်ပေ။ ကျင့်ကြံသူ တစ်ဦးသည် သူမအား မြင်လိုက်သည်နှင့် သာမာန် လူတစ်ယောက်ဖြစ်မှန်း သိသောကြောင့် အလေးအနက် မထားပဲ သူတို့၏ သတိထားမှုအား လျော့ချပ်စကြပေမည်။
“ယောက်ဖ ကျွန်တောကို မစွန့်ပစ်လိုက်ပါနဲ့.....ဝါးး........ ယောက်ဖကို ရှာဖို့ ကျွန်တော် ဒုက္ခတွေ အများကြီး ရောက်ခဲ့တာပါ.......ယောက်ဖ”
သူမသည် ထလိုက်ကာ နောက်တစ်ကြိမ် ခုန်အုပ်လိုက်ပြန်သည်။ အကြိမ်အနည်းငယ် လဲကျပြီးနောက်တွင် ထို အနက်ရောင်ဝတ်ရုံဖြင့် လူသည် နောက်ဆုံးမှာတော့ သူ၏ ခြေလှမ်းများအား ရပ်တန့်လိုက်တော့သည်။
“ယောက်ဖ”
ထို အခွင့်ရေးအား လက်လွတ်မခံခဲ့ပေ။ ဖုန်းကျို့သည် သူမ၏ လက်များ ခြေထောက်များဖြင့် ထိုသူ၏ ခြေထောက်အား အသားကုန် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်သည်။ ထို့နောက် မျက်ရည်များ ဖွဲ့သီနေခဲ့ကာ ကြောက်ရွံနေဟန် အနည်းငယ် ရောနေသော မျက်ဝန်းအကြည့်များဖြင့် ထိုသူအား မော့ကြည့်လိုက်သည်။
ထို့နောက် သူမသည် ထိုသူ၏ မျက်နှာ သွင်ပြင်အား မြင်လိုက်ရချိန်တွင် သူမ၏ ပါးပ်သည် ရုတ်တရက် တမင်တကာ လုပ်ယူခြင်း ဟုတ်ပါပဲ ဆတ်ခနဲ လှုပ်ရှားသွားတော့သည်။ သူမ ကိုအာလာ ကဲ့သို့ တွယ်ကပ်ထားသော ထိုခြေထောက်သည် မှားယွင်းသော ရွေးချဘ်မှု တစ်ခု ဖြစ်နိုင်လေသည်။