အခန်း ၈
Vol. 1 Ch. 8
အခန်း(၈) - ဦးလေးဟု ခေါ်သည်
“ယောက်ဖ ကျွန်တော်တို့ဘယ်သွားကြမှာလဲ”
မြို့တံခါးမှ ထွက်လာပြီးနောက်တွင် သူမသည် ပတ်ဝန်းကျင်မှ လူများအား အကဲခတ်နေလိုက်သည်။ ထိုအချိန်တွင် လင်းမိုဟန်သည် သူ၏ ခြေလှမ်းများအာ ရပ်တန့်လိုက်ကာ ထို သူတောင်းစားလေးအား လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“မင်း အခု မြို့ပြင်ကို ရောက်နေပြီပဲ ငါ့နောက် ဆက်မလိုက်မနေနဲ့တော့”
ဖုန်းကျို့သည် ခတ္တခဏ တုန်လှုပ်သွားခဲ့ကာ သူမသည် ချိုသာသော အပြုံးလေးဖြင့် လျှင်မြန်စွာ ပြောလိုက်သည်။
“ယောက်ဖ ဘာတွေ ပြောနေတာလဲ”
ဒီဦးလေးကြီးက သူမ မြို့တံခါးမှ ထွက်ချင်နေသည်အား အစကတည်းက သိနေခဲ့ခြင်း ဖြစ်ပေမည်။ ထိုအရာသည် သူမတွေးထား သကဲ့သို့ပင် ဖြစ်သည်။ ထိုလူသည် သာမာန်မျိုးရိုး မဟုတ်လောက် သည့်အပြင် သူမ၏ မဖြစ်စလောက် သေးငယ်သော လှည့်ကွက်များ သည်လည်း ထိုသူ အတွက် သိသာလွန်းပေမည်။ သို့သော် သူမ အံ့အားသင့်သည်မှာ ထိုသူသည် သူမ၏ လှည့်စားမှုများအား သိနေခဲ့သော်လည်း ကူညီပေးခဲ့ခြင်း ဖြစ်သည်ကိုသာ ဖြစ်ပေသည်။ ထိုသူသည် ခြေလှမ်ကျဲကြီးများဖြင့် လျှောက်ထွက်သွားသည်အား မြင်သော် ဖုန်းကျို့သည် သူ၏ နောက်သို့ အလျှင်အမြန် လိုက်သွားလိုက်သည်။
“ယောက်...”
သူမသည် ထိုသို့ ခေါ်လိုက်ချိန်တွင် သူမ၏ စကား မဆုံးခင်မှာပင် ကြားဖြတ် အပြောခံလိုက်ရသည်။
“ငါက မင်းယောက်ဖ မဟုတ်ဘူး ငါ့ကို အခုလို ခေါ်နေတာကို ရပ်လိုက်တော့”
လေးနက်သောအသံ သြဇာအပြည့်နှင့် ခက်ထန် အေးစက်နေခဲ့ကာ ယောကျ်ားပီသသော ပြယုဂ် တစ်ခုပင် ဖြစ်၏။
“ကျွန်တော် တကယ်ပဲ လူမှားသွားတာလား ကျွန်တော့် အစ်မ ပြောတာကတော့ ကျွန်တော့် ယောက်ဖက မြင်တာနဲ့ လွယ်လင့်တကူ မှတ်မိနိုင်တဲ့ မုတ်ဆိတ်မွှေး ထူထူ ရှိတယ်တဲ့ “
သူမသည် ထိုသူ၏ ဘေးမှ အနည်းပြေးလိုက်ရင်း ခေါင်းအစ ခြေအဆုံး ကြည့်ကာ သေသေချာချာ အကဲခတ် လိုက်သည်။ ရုတ်တရက် သူမသည် ကျယ်လောင်စွာ ရီမောလျှက် ပြောလိုက်သည်။
“ဟီး ဟီး ဟီး ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် ကျွန်တော် တစ်ကယ်ပဲ လူမှားသွားတာ ထင်တယ် ခင်ဗျားကို သေချာကြည့်လိုက်ရင် ကျွန်တော့် ခဲအိုက ခင်ဗျားထက် နည်းနည်း ပိုငယ်သင့်တာ”
လင်းမိုဟန်သည် သူ၏ ဘေးမှ သူတောင်းစားလေးအား အပြည့်အဝ လစ်လျူရှုထားကာ သူ၏ ခရီးအား ဆက်လက် ထွက်ခွာသွားတာ့သည်။ သူ၏ အမြင်အရတွင် ထို သူတောင်းစားလေးသည် ဉာဏ်ကောင်းသော်လည်း မည်သည့် ကျင့်ကြံမှုမှ မရှိသော်ကြောင့် သူ၏ အာရုံစိုက်မှုနှင့် မတန်ချေ။ ထို့အတွက် သူသည် မြို့ထတွင် သွားနေသော ခြေလှမ်းများထက် အဆအနည်းငယ် ပို၍ မြန်ဆန်သော ခြေလှမ်းများဖြင့် ရှေ့သို့ အရှိန်မြှင့်လိုက်သည်။
သူ၏ ရုတ်တရက် မြန်ဆန်လာသော အရှိန်နှင့် ပတ်သက်၍ ဖုန်းကျို့သည် ရုတ်တရက် စိတ်ဝင်စားသွားကာ သူမဘာသာ တွေးတောနေလိုက်သည်။
(သူ့ခြေလှမ်းကို ကြည့်ရတာ မြေပြင်ေပါ် ညင်ညင်သာသာ နင်းလိုက်သလိုမျိုးပဲ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ မြေကြီးနဲ မထိပဲ လေပါ် ပျံနေသလိုပဲ )
ထိုသူသည် အလျှင်အမြန် ရွေ့လျားသွားသော်လည်း သူမ၏ တိမ်နှင်း ခြေလှမ်းပညာ နှင့် အလွန် ကွဲပြားလှသည်။
“ဦးလေး ဦးလေး ကျွန်တော့်ကို စောင့်ပါအုန်း “
အမှန်တကယ် သူမသည် ထိုသူ၏ နောက်သို့ ကပ်လိုက်ချင်သောကြောင့် မဟုတ်ပေ။ သို့သော် မြို့တံခါးမှ ထွက်လာ ပြီးနောက်တွင် သွားစရာလမ်း တစ်လမ်းသာ ရှိသောကြောင့် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အတွင်းမှ အဆိပ်အား ဖယ်ရှားရန် ဆေးပင်များ ရှာရန် ရှိနေသေးသောကြောင့် သူမသည် ထိုသူ၏ နောက်သို့ လိုက်ကာ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။
ထိုအကြောင်းအရာများအား ပြန်လည် သတိရသွားချိန်တွင် စူရူယွမ်သည် သာမာန် မနာလိုမုန်းတီးမှု တစ်ခုထဲကြောင့် မဖြစ်နိုင်ပေ။ သူမ၏ ခန္ဓာကိုယ် မူလပိုင်ရှင်သည် စုရူယွမ်အေပါ် အလွန် ကောင်းမွန်စွာဖြင့် ဆက်ဆံခဲ့သော်ငြားလည်း စူရူယွမ်သည် သူမ၏ အထောက်အထားအား လုယူခဲ့ရုံသာမက ပြည့်တန်ဆာအိမ်တွင် သူမအား ရောင်းစားခဲ့သည့် အပြင် သူမအား သေသည်အထိ နှိပ်စက် ညှင်းပန်းခဲ့သေးသည်။ ကျစ် ကျစ် ကျစ် ဒီမိန်းမက ကင်းမြှီးကောက် ထက်တောင်မှ အဆိပ်ပြင်းသေးတယ်..........
သို့သော် ဖုန်းချင်ကဲ၏ မူလ မှတ်ဉာဏ်များအရ စုရူယွမ်သည်လည်း သူမကဲ့သို့ နှစ်ဆယ့်တစ်ရာစုမှ ရောက်လာပုံရသည်။ သူမသည် ဆေးပညာလည်း တတ်ကျွမ်းပုံရသည်။ ထိုသို့ မဟုတ်ခဲ့လျှင် သူမနှင့် တစ်ပုံစံတည်း တူညီသော မျက်နှာဖုံး တစ်ခုအား ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
သူမသည် ထိုအကြောင်းအား တွေးလေလေ သူမသည် ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ သူမသည် အစပိုင်းတွင် အဆုံးမရှိလှအောင် ပျင်းစရာကောင်းသည်ဟု တွေးထားသော်ငြားလည်း တစ်ဖြေးဖြေး စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။
ရှေ့သို့ လျှောက်လာရင်း လင်းမိုဟန်သည် ဦးလေးဟု ထပ်ခါထပ်ခါ ခေါ်နေသော အသံအား ကြားလိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းထောင့်သည် တွန့်ခနဲ ဖြစ်သွားခဲ့သည်။ သူသည် မသိစိတ်ဖြင့် သူ၏ မျက်နှာပေါ်မှ မုတ်ဆိတ်မွှေးအား စမ်းလိုက်ကာ သူ၏ နောက်က လူအား မျက်ခြေဖြတ်ရန် အတွက် သူ၏ သွားနေသော အရှိန်အား ထပ်တိုးလိုက်သည်။ သို့သော် လေးနာရီကြာသောအခါ သူသည် ရပ်တန့်လိုက်ကာ သူ၏ ခေါင်းအား နောက်သို့ လှည့်ကာ ကြည့်လိုက်ချိန်တွင် ပိန်ပါးသော ပုံသဏ္ဍန်နှင့် သူတောင်းစားငယ်လေးသည် သူ၏ ခြေလှမ်း ၁၀လှမ်း အကွာမှ နေ၍ လိုက်နေဆဲ ဖြစ်သည်အား မြင်သော် အတော်ပင် တုန်လှုပ်သွားခဲ့သည်။ ကျင့်ကြံမှု တစ်ကြိမ်မှ မလုပ်ဖူးသော သာမာန် လူတစ်ဦးအနေဖြင့် သူ၏ နောက်သို့ မည်သို့ အမှီလိုက်နိုင်နေရပါသနည်း။
ဖုန်းကျို့သည် သူ၏ အနားသို့ အမောတကော ပြေးလာရင်း သူမ၏ ခါးအား ကိုင်းလိုက်ကာ ဒူးနှစ်ဖက်ပေါ် လက်ထောက်လျှက် အသက်ပြင်းပြင်းရှုရင်း ပြောလိုက်လေသည်။
“ဟူး........ ပင်ပန်းလိုက်တာ မောလွန်းလို့ သေတော့မယ် ဦးလေး ဘာလို့ ဒီလောက် မြန်မြန် လမ်းလျှောက်နေရတာလဲ”
လင်းမိုဟန်သည် မျက်ခုံးများ တွန့်ကျုံ့သွားပြီးနောက် ညစ်ပတ်ပေရေနေသော သူတောင်းစားငယ်လေးအား အချိန်အတော်ကြာ အကဲခတ်ပြီးနောက် လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
“ငါ့နောက်က ဆက်မလိုက်တော့နဲ့ ငါက ထောင်ခြောက်ကိုးသွယ် တောအုပ်ကို သွားနေတာ အဲ့နေရာက အရမ်းကို အဆုံးမရှိတဲ့ အန္တရာယ်တွေများတယ် အကယ်လို့ မင်း အထဲကို ဝင်သွားရင်။ သေသွားလိမ့်မယ်”
“ဦးလေး မှားနေပြီ ကျွန်တော် ဦးလေးနောက်ကို မလိုက်ပါဘူး ဒါပေမဲ့ အစထဲက ကျွန်တော်သွားမဲ့ နေရာကလည်း ထောင်ခြောက် ကိုးသွယ် တောအုပ်ကိုပဲ ဒီလိုဆိုလဲ ဦးလေးလဲ အဲ့နေရာကိုသွားမယ်ဆိုရင် ဦးတည်ချက်တူနေမှတော့ တူတူသွားကြမယ်ဆို မကောင်းဘူးလား”