အခန်း ၉
Vol. 1 Ch. 9
အခန်း(၉) - ထောင်ခြောက်ကိုးသွယ် တောအုပ်ဆီသို့
လင်းမိုဟန်သည် သူ၏ နောက်မှ သူအား လစ်လျူရှုကာ ခြေလှမ်းကျဲကျဲဖြင့် ဆက်လက် လျှောက်သွားလိုက်သည်။ သူ၏ စိတ်ထဲတွင် ထို သူတောင်းစားလေးသည် အမှန်တကယ် ချမ်းသာသော အိမ်မှ လျို့ဝှက်စွာ ပြေးလာသော လူချမ်းသာ သခင်ငယ်လေး တစ်ဦး ဖြစ်သည်ဟု တွေးထင်နေမိသည်။
ထို သူတောင်းစားငယ်လေးသည် သူ၏ ခြေထောက်အား ဖက်တွယ်ထားချိန်မှ စ၍ သူတောင်းစားတစ်ယောက်၏ နှိမ့်ချတတ်သော သဘောထားအား မခံစားမိပေ။ ထို့အပြင် လူရည်လည်ကာ ဉာဏ်ထက်ပြီး စူးရှကာ ပါးနပ်သော မျက်ဝန်းတစ်စုံရှိကာ သူတောင်းစား တစ်ယောက်၏ ပုံသဏ္ဍာန်မျိုး မရှိပေ။
ထောင်ခြောက်ကိုးသွယ် တောအုပ်သို့ သွားမည်အား ကြားလိုက်ပြီးနောက် ထို သခင်လေးသည် အပျော်ရှာရန် ထိုနေရာသို့ သွားခြင်းဖြစ်ကြောင်း ပို၍ သေချာသွားခဲ့သည်။
အကယ်၍ ထိုကောင်လေးသည် ထောင်ခြောက်ကိုးသွယ် တောအုပ်အတွင်းသို့ သူ၏ နောက်သို့ မျက်စိစုံမှိတ်လျှက် လိုက်လာခဲ့မည် ဆိုလျှင် အကယ်၍ တောအတွင်း၌ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် ထို သခင်ငယ်လေးအား ကယ်တင်ရန် အတွက် အလုပ်ရှုပ်ခံလိမ့်မည် မဟုတ်ပေ။
ဖုန်းကျို့သည် သူမ၏ ရှေ့မှ ဦးလေးကြီးသည် သူမအား လျစ်လျူရှုနေသည်အား မြင်သော် သူမသည် မည်သည့်စကားမှ ထပ်မံ ပြောဆိုခြင်း မရှိတော့ပဲ ထိုဦးလေးကြီး၏ ခြေလှမ်း အနည်းငယ် ခွာ၍ နောက်မှ ပြေးလိုက်သွားတော့သည်။ သို့သော် တစ်စုံတစ်ယောက်သည်သာ နီးနီးကပ်ကပ်ဖြင့် သေချာကြည့်ခဲ့မည်ဆိုလျှင် သူမ၏ ခြေလှမ်းများသည် အနညး်ငယ် ထူးခြားသည်အား သတိပြုမိပေလိမ့်မည်။ သူမ၏ ရှေ့မှ သွားနေသော လင်းမိုဟန်ထက် သူမ၏ အရှိန်သည်လည်း နှေးကွေးမနေခဲ့ပါပေ။
သူတို့ နှစ်ဦးသည် ရှေ့တစ်ယောက် နောက်တစ်ယောက် ဆက်လက်သွားနေကြသည်။ ရှေ့မှ ဦးဆောင်ကာ သွားနေသည့် လင်းမိုဟန်သည် အနည်းငယ်မှ အနားယူခြင်း မရှိသလို သူ၏ နောက်မှ လိုက်လာသော ဖုန်းကျို့သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ အချိန်ကုန်ဆုံးလာပြီ ဖြစ်သောကြောင့် သူမ၏ ခန္ဓာကိုယ် အတွင်းမှ အဆိပ်များအား ဖယ်ရှားရန် အတွက် လိုအပ်သော ဆေးဖက်ဝင် အပင်များအား ရှာဖွေရန် ထောင်ခြောက်ကိုးသွယ် တောအုပ်အတွင်းသို့ ရောက်ရှိရန် လိုအပ်လေသည်။ ထိုသို့ မဟုတ်လျှင် သူမ၏ ဘဝသည် အဓိပ္ပာယ်မဲ့စွာဖြင့် ဤလောကတွင် အဆုံးသတ်သွားပေလိမ့်မည် ဖြစ်သည်။
သို့သော်ငြားလည်း နောက်ဆုံးတွင် မူလကိုယ် ပိုင်ရှင်သည် ချမ်းသာသော မိသားစုမှ သခင်မလေး ဖြစ်သောကြောင့် တစ်နေ့နှင့် တစ်ညလုံး မည်သည်ကိုမှ မစားမသောက် ထားပဲ ပြေးလွှားနေရသောကြောင့် သူမ၏ ခန္ဓာကိုယ်သည် ၎င်း၏ နောက်ဆုံး အကန့်အသတ်အား ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခြေလှမ်းများသည် တစ်ဖြေးဖြေး ကိုက်ခဲ နှေးကွေးလာခဲ့ကာ သူမ၏ ရှေ့မှ လင်းမိုဟန်၏ ပုံရိပ်သည်လည်း သူမနှင် တဖြေးဖြေး ဝေးကွာသထက် ဝေးကွာလာခဲ့တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် နောက်တစ်နေ မိုးသောက်ချိန်တွင် ထောင်ခြောက်ကိုးသွယ် တောအုပ် အစွန်အဖျားသို့ ရောက်အောင်လာနိုင်ခဲ့လေသည်။ သူမ ရောက်ရှိချိန်တွင် ထိုဦးလေးကြီး၏ အရိပ်အယောင်အား မတွေ့ရတော့ပေ။
“ဟူး.... မောလိုက်တာ”
သူမသည် မြေပြင်ပေါ်သို့ အမောတကော အသက်ရှုရင်း ထိုင်ချလိုက်တော့သည်။ ချွေးများသည် ချောင်းငယ်တစ်ခု အသွင်ကဲ့သို့ အဆက်မပြတ် စီးကျနေခဲ့ကာ ဗိုက်သည်လည်း အလွန်အမင်း ဆာလောင်နေခဲ့သည်။ သူမသည် ခေါင်းအနည်းငယ် မူးဝေနေခဲ့ကာ အော့အန်ချင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
မနေ့ကတည်းက စ၍ အခုအချိန်ထိ သူမသည် သစ်သီးရောင်းနေသော နေရာမှ ခိုးယူလာခဲ့သော ပန်းသီး တစ်လုံးတည်းသာ စားသောက်ရသေးသည့်အပြင် ထိုအသီးမှာလည်း အစာကြေသွားသည်မှာ အရည်တောင် မကျန်ခဲ့တော့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူမ၏ အစာအိမ်မှာ ဘာမှ မရှိတော့ပဲ ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်ကာ ယခုလို အချိန်တွင် အရသာရှိသော ကြက်ပေါင် တစ်ချောင်းအား အငမ်းမရ စားသောက်ချင်စိတ် ပေါ်နေခဲ့သည်။ ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ကာ ထောင်ခြောက်ကိုးသွယ် တောအုပ်အား စိုက်ကြည့်လျှက် သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
“ဟီး ဟီး ထောင်ခြောက်ကိုးသွယ် တောအုပ်ထဲမှ တောရိုင်းသား နည်းနည်းတော့ ငါ ဖမ်းမိလောက်မှာပါ”
တွေးလိုက်ရုံဖြင့် သူမသည် တံတွေးမြိုချလိုက်ပြီး ချက်ချင်း တောအုပ်အတွင်းသို့ ခြေလှမ်းကာ တိုးဝင်သွားလိုက်တော့သည်။ သစ်ပင်များ ထူထပ်ပေါများလှကာ သဘာဝ ပေါက်ပင်များသည်လည်း အလျှံပယ် ပေါများလှပေသည်။ သူမ၏ ခေါင်းပေါ်မှ နေရောင်ခြည်သည်လည်း တစ်ဝက် တစ်ပျက်သာ ကျရောက်နိုင်ပြီး မြေကြီး၏ စိုထိုင်းသော ရနံ့များ နှင့် မြက်ပင်များ၏ ရနံ့များသည် လေပြေလေညှင်းနှင့် အတူ သယ်ဆောင်လာကာ သူမ၏ နှာခေါင်းအတွင်းသို့ တိုးဝင် လွင့်ပျံလာခဲ့သည်။
ဖုန်းကျို့သည် သစ်ပင် တစ်ပင်မှ ချိုးယူလာခဲ့သော အကိုင်းတစ်ခုအား ကိုင်ဆောင်ထားခဲ့ကာ ဘယ်ညာ လွှဲယမ်းလျှက် လမ်းလျှောက်နေခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် တစ်ဖက်တွင် သူမ လျှောက်လှမ်းနေသာ လမ်းကြောင်းပေါ်တွင် ရှိနေသော ပေါင်းပင် မြက်ပင်များအား ဖယ်ရှားနေသကဲ့သို့ မြက်ပင်များအကြား ခိုပုန်းနေနိုင်သော အဆပ်ရှိသည့် မြွေများအား မောင်းထုတ်နိုင်သည်။
သူမ၏ ခရီးဆက်ကာ လုပ်ဆောင်ပုံ နှေးကွေးနေသည်မှာ သူမသည် ပေါင်းပင်များ အကြား ဖုန်းကွယ်နေသော ဆေးဖက်ဝင် အပင်များအား မျက်လုံးဖြင့် ဂရုတစိုက် ရှာဖွေနေခဲ့သောကြောင့် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ် အတွင်းမှ အဆိပ်အား လေ့လာခဲ့ပြီး ဖြစ်သောကြောင့် တစ်ခြားသူများအတွက် ခက်ခဲနိုင်သော်လည်း ဆေးပညာနှင့် အဆိပ်ပညာအား မြင့်မားသော စွမ်းဆောင်ရည်ရှိသော သူမကဲ့သို့ သူတစ်ဦး အတွက်မူ လွယ်ကူလှပေသည်။ မှန်ပေသည်။ ပထမဦးဆုံး အနေဖြင့် သူမ လိုအပ်သော ဆေးပင်များ ရှာတွေ့ရန် လိုအပ်နေသေးသည်။ အကယ်၍ လိုအပ်သော ဆေးပင်များ မရခဲ့လျှင် သူမသည် ဆေးနတ်သမီး တစ်ဦး ဖြစ်နေလျှင်တောင်မှ သူမ၏ ခန္ဓာကိုယ်မှ အဆိပ်များအား မည်သို့မှ အဆိပ်ဖြေနိုင်လိ့မ်မည် မဟုတ်ပေ။
တောအုပ် အစွန်အဖျားတွင် ရှိနေသေးသောကြောင့် ဖြစ်နိုင်ပေမည်။ တစ်ချို့သော ဆေးဖက်ဝင် အပင်များအား ရှာတွေ့သော်လည်း ထိုဆေးပင်များသည် ပုံမှန် အသုံးများသည့် ဆေးပင်များ ဖြစ်နေခဲ့သည်။ သူမ တံတွေး မြိုချမတတ် စားသောက်ချင်နေသော တောရိုင်းသားများ အတွက်မှာမူ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့သည်။ သူမသည် တစ်နာရီကျော် လမ်းလျှောက်လာပြီး နောက်တွင် စား၍ရသော တိရိစ္ဆာန် တစ်ကောင်တစ်လေ၏ အရိပ်ယောင်ကိုမှ မမြင်တွေ့ခဲ့ရပေ။ သို့သော် သစ်ပင်များတွင် နားနေသော ဖွတ်ပုတက် တော်တော်များများကိုသာ မြင်ခဲ့ရသည်။
ဆာလောင်မှုသည် သူမအား ချိနဲ့စေသည်။ ပေါင်းပင်များ အကြားတွင် ချဉ်စော်ကားသီးကဲ့သို့ အပင် အချို့အား မြင်လိုက်ရသည်။ ထို့နောက် သူမသည်ထိုအပင်များအား တစ်စည်းစာခန့် ဆွဲနှုတ်လိုက်ကာ လမ်းလျှောက်ရင်း ဝါးလာခဲ့သည်။ ထိုအပင်၏ ပင်စည်သည် ချဉ်ကာ ပန်းပွင့်များသည် သင်းပျံ့သော မွှေးရနံ့များ ရှိလေသည်။ ထိုအပင်များသည် များများစားစား မရှိသော်လည်း ဗိုက်ဟောင်းလောင်း ဖြစ်နေသည့် သူမ၏ အစာအိမ်ထက်တော့ သာပေသေးသည်။
“ဟမ် ဒီနေရာမှာ သစ်မြစ် ဘယ်ရီသီးကို ငါ တစ်ကယ်ရှာတွေ့ပြီ”
သစ်ပင် ပင်စည်တွင် ထိုဆေးပင် ပေါက်နေသည်အား မြင်သော် သူမသည် ဝမ်းသာအားရ ပြေးသွားလိုက်သည်။ ထိုဆေးပင်သည် အဆိပ်ဖြေရန်အတွက် သူမ၏ ခရီးစဉ်တွင် ရှာဖွေရန် လိုအပ်သည့် စာရင်းထဲမှ ဆေးပင်တစ်ခု ဖြစ်သည်။