အခန်း ၁၁
Vol. 1 Ch. 11
အခန်း (၁၁) - ဦးလေးကြီး နှင့် နောက်တစ်ကြိမ် ပြန်တွေ့ခြင်း
လင်းမိုဟန်၏ ထွင်းဖောက်မြင်နိုင်သော် ကျောက်နက် တစ်လုံးကဲ့သို့ မျက်လုံး တစ်စုံထဲတွင် အံ့အားသင့်သော အရိပ်အယောင်များသည် တိုတောင်းလှသော အချိန်အတွင်း ဖြတ်သန်းသွားခဲ့သည်။ ဤကဲ့သို့ နေရာမျိုးတွင် ထိုသူတောင်းစားလေးအား ထပ်မံ၍ တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ ထင်ထားသည်မှာ သူတောင်းစားလေးသည် ထောင်ခြောက် ကိုးသွယ် တောအုပ်အတွင်း ပထမဆုံး အန္တရာယ် မလွဲမသေ ကြုံလာချိန်တွင် ထွက်ပြေးသွားလိမ့်မည် ဟုသာ သံသယကင်းစွာဖြင့် ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တောနက်နက် အတွင်းသို့ ဤမျှလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခိမ့်မည်ဟု သူ မတွေးထားခဲ့ဖူးပေ။
သူသည် ထိုသူတောင်းစားလေးအား နေ့လည်ခင်း အချိန်မှာပင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထို သူတောင်းစားငယ်လေးသည် ခါးကိုင်းကာ မြေကြီးထဲမှ ဆေးပင်များအား တူးယူနေခဲ့သည်။ ထိုဆေးပင်များသည် သူ့အတွက် အသုံးမဝင်ဟု ထင်ထားခဲ့သော်ငြားလည်း ထိုအစား သူတောင်းစားငယ်လေးသည် တစ်ပင်ခြင်း တူးယူနေခဲ့ကာ ထို လူငယ်လေးသည် တောနက်အတွင်း အပူပင်ကြောင့်ကြမဲ့ကာ အေးအေးလူလူ ပုံစံဖြင့် ရှိနေခဲ့ကာ သူ၏ ပတ်ဝန်းကျင်၌ ရှိသော အန္တရာယ်များအား သတိမမူမိသကဲ့သို့ ရှိနေခဲ့သည်။
သူ၏ အေးစက်ကာ လစ်လျူရှုတတ်သော စရိုက်အရ သူသည် ထိုသူတောင်းစားလေးအား မည်သည့် စိတ်ဝင်စားမှုမှ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် အကြောင်းပြချက် မယ်မယ်ရရ မရှိပါပဲ သူ ထွက်မသွားခဲ့ချေ။ ထိုအစား သူသည် လျို့ဝှက်စွာဖြင့် အဝေးတစ်နေရာမှ နေ၍ သူတောင်းစားငယ်လေးသည် သစ်သားတုံး တစ်ခုအား အပေါက်ငယ်လေး အဖြစ်ထွင်းကာ သစ်ကိုင်းခြောက်တစ်ခုအား ရှာလျှက် ထို ထွင်းထားသော သစ်သားတုံး အတွင်းသို့ ထည့်ကာ လက်ဖဝါးနှစ်ဖက်ဖြင့် လှည့်ကာ အပြင်အထန် ပွတ်တိုက်နေသည်အား တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူတောင်းစားငယ်လေး မည်သည်ကို လုပ်နေသည်ကို သူမသိခဲ့ချေ။ နှစ်နာရီခန့် ဆက်တိုက် ပွတ်တိုက်နေသည်အား ကြည့်ပြီးသည့်နောက်တွင် ထိုသစ်သားတုံးအတွင်းမှ မီးခိုးငွေ့ မျှင်မျှင်လေး ထွက်လာသည်အား မြင်လိုက်ရသည့် အချိန်တွင် သူသည် လုံးဝ အံ့အားတုန်လှုပ်သွားခဲ့သည်။
သစ်သားတုံး နှစ်ခုဖြင့် မီးမွှေးနိုင်ခဲ့သည်။ သူသည် ယခင်က ဤ ထူးဆန်းသော နည်းလမ်းအား သုံးကာ မီးမွှေးခြင်းအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူသိထားသည်မှာ လူများသည် မီးမွှေးရန် အတွက် မီးတောက်လောင်နေသည့် မီးခဲတုံး သို့မဟုတ် မီးခတ်ကျောက်များကိုသာ သုံးထားခြင်း ဖြစ်သည်။ အဆိုးဆုံး အခြေအနေတွင် လူများသည် လက်နက် နှစ်ခုအား မီးပွားထွက်စေရန် ပွတ်တိုက်ကြသည်ဟု သူကြားခဲ့ဖူးသော်လည်း သူတောင်းစားလေး ပြုလုပ်သွားသည့် နည်းလမ်းမျိုးသည် သူ၏ တစ်သက်စာတွင် ပထမဆုံးအကြိမ် မြင်ဖူးကြားဖူးခြင်း ဖြစ်ပေသည်။
သို့သော် ထိုအချက်များက သူတောင်းစားငယ်လေးသည် ပတ်ဝန်းကျင်မှ အန္တရာယ်များအား သတိမမူပဲ နေခြင်း မဟုတ်ဟု သူ့အား ပြောပြနေခြင်း ဖြစ်သည်။ ထို လူငယ်လေးသည် ကျွမ်းကျင်စွာ အရေခွံခွာထားသည့် မြွေအား ကင်စားပြီးနောက် မီးအား ငြှိမ်းသတ်ရန် သတိရသေးသည်။ ထို့နောက် တစ်ညတာ အိပ်စက်အနားယူရန် အတွက် သစ်ပင်မြင့် တစ်ပင်ပေါ်သို့ လျှင်မြန်စွာ တက်သွားခဲ့သည်။ ထို သူတောင်းစားငယ်လေးသည် သတိမူတတ်သော စိတ်နှလုံး မရှိပဲ ထိုကလေး၏ ကျယ်လောင်သည့် ဟောက်သံအား သူ၏ နေရာထိအော် ကြားနေရသည်။
အကယ်၍ လင်းမိုဟန်သာ ဖုန်းကျို၏ စိတ်အတွင်း ထိုအချိန်တွင် မည်သည်ကို တွေးနေသည် ဆိုသည်အား သိခဲ့လျှင် သူ့တွင် တူညီသော အတွေးများ ရှိနေလိမ့်မည် မဟုတ်ချေ။
အစပိုင်းတွင် ဖုန်းကျို့သည် သူမ၏ ပတ်ဝန်းကျင်တွင် မည်သည့် အငွေ့အသက်မှ မခံစားမိသည့် အတွက် တစ်စုံတစ်ယောက်မှ သူမအား စောင့်ကြည့်နေသည်ကို သတိမထားမိခဲ့ပေ။ သို့သော် သူမ သစ်ပင်ေပါ်သို့ တက်ကာ အိပ်ရန် မျက်လုံးများ မှိတ်လိုက်ချိန်တွင် ရုတ်တရုတ် သူမအား စူးစမ်း အကဲဖြတ်နေသည့် မျက်ဝန်းတစ်စုံအား ခံစားလိုက်မိသည်။ ထို့ကြောင့် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသယောင် ဟန်ဆောင်ကာ ဟောက်သံ အကျယ်ကြီးအား ထုတ်လွတ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင်တော့ ထို မျက်ဝန်းတစ်စုံသည် သူမအား မည်သည့် အချိန်တွင် စတင်၍ ကြည့်ခဲ့သနည်း သူမအား စောင့်ကြည့်နေသည်အား အဘယ်ကြောင့် သူမ သတိမထားမိခဲ့သနည်း စသဖြင့် တွေးတောနေခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ခြားတစ်ဖက်တွင် သူ့ကိုယ်သူ မဖော်ထုတ်ပြလျှင် သို့မဟုတ် သူမအား ခြိမ်းခြောက်သည် ဟု မခံစားရလျှင် သူမသည် အမှောင်အတွင်း ဖုန်းကွယ်နေသည့် သူအား မဖော်ထုတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ၏ သတိထားမှုအား တိတ်တဆိတ် မြှင့်တင်ထားလိုက်သည်။ အဆုံးမှာတော့ ဒီလောကမှ လူများသည် ကျင့်ကြံခြင်း လမ်းစဉ်အား လျှောက်လှမ်းကာ မသေမျိုး ဖြစ်ရန် ကျင့်ကြံနေကြခြင်း ဖြစ်သည့် အတွက် သူမသည် သူတို့အား သာမာန်လူများကဲ့သို့ သတိမထားပဲ ပေါ့ပေါ့ဆဆ မနေသင့်ပေ။ ထိုသို့ မဟုတ်လျှင် အစကတည်းက သူမကိုယ်သူမ ဆိုးရွားလှသည့် အခွင့်မသာမှုများကို ဖြစ်စေလိမ့်မည်။
နောက်တစ်နေ့ မိုးသောက်ချိန် ရောက်သော အခါ ဖုန်းကျို့သည် ငှက်ကလေးများ၏ အော်မြည်သံကြား နိုးထလာခဲ့သည်။ ထို့နောက် သူမသည် အိပ်ချင်မူးတူးဖြင့် လက်တစ်ဖက်အား ဆန့်တန်းကာ သမ်းဝေလျှက် သူမ၏ ကျောအား လှပတင့်တယ်စွာ ကွေးညွတ်လျှက် အကြောဆန့်လိုက်သည်။ သို့သော် ထိုကဲ့သို့ အပြည့်အဝ အကြောဆန့်လိုက်ခြင်းသည် သူမ၏ ဟန်ချက်အား ပျက်သွားစေသောကြောင့် ရုတ်တရက် သူမသည် သစ်ပင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
“အား”
“ဝုန်း”
သူမသည်ကျယ်လောင်စွာ အောဟစ်လိုက်ကာ မြေပြင်ပေါ်သို့ ကျယ်လောင်သည့် အသံနှင့် အတူ ပြုကျသွားခဲ့ပြီးမြေပြင်ပေါ်တွင် ှရိနေသည့် မြက်ပင်ရှည်များကြား ပြုတ်ကျသွားသည်။
“အမလေး သေမလို နာတာပဲဟ “
သူမသ်ည မတ်တပ်ရပ်ကာ သူမ၏ တင်ပါးအား ပွတ်သပ်လိုက်ကာ ခန္ဓာကိုယ်အား လှည့်ပတ်ကြည့်ပြီးမှ သက်ပြင်းချလိုက်သည်။
“ကံကောင်းလို့ ဘာမှ ကျိုးမသွားလို့”
အဝေး တစ်နေရာတွင် ထူထဲလှသည့် သစ်ရွက်များသည် လင်းမိုဟန်၏ ပုံရိပ်အား တစ်တက်တစ်ပျက် ဖုန်းကွယ်နေခဲ့ကာ သူ၏ စူးရှပြင်းထန် လှသည့် အကြည့်များသည် အဝေးတစ်နေရာမှ ပုံရိပ်အား ခဏတာ ကြည့်လိုက်ပြီးနောက် အလျှင်အမြန် အကြည့်လွှဲလိုက်သည်။
သူတောင်းစားလေး နိုးထလာသည့် အချိန်မှ စတင်၍ သူ၏ မျက်လုံးများ ပွင့်လာခဲ့ခြင်း ဖြစ်သည်။ သူသည် သူတောင်းစားလေး သစ်ပင် အမြင့်ကြီး ပေါ်တွင် သမ်းဝေကာ အပျင်းဆန့်လိုက်ပြီး ပြုတ်ကျလာသည့် အချိန်ထိ မြင်လိုက်ရသည်။ သစ်ပင်အောက်ရှိ မြေပြင်သည် နူးညံ့သော မြေပြင်ဖြစ်နေကာ ထို အပေါ်တွင် မြက်ရိုင်းများ ပြည့်နှက်နေသည့်အတွက် ထိုကဲ့သို့ ပြုတ်ကျခြင်းဖြင့် ထိခိုက်နိုင်စရာ မရှီသည်ကို သူသိသောကြောင့် သူသည် မကူညီလိုသော အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ကာ ထို့အတူ ထို လူငယ်လေးအား ထူပေးရန်လည်း စိတ်မဝင်စားခဲ့ပေ။
သူတောင်းစားငယ်လေးသည် သူ၏ တင်ပါးအား ပွတ်သပ် ပြီးနောက်တွင် အရွယ်စား တူညီကာ သင့်တင့်သော ကျောက်တုံး နှစ်တုံးအား ရှာကာ ထိုင်ချလိုက်ပြီး သူ၏ အိပ်ကပ်ထဲမှ ဆေးပင်များအား ထုတ်ကာ ချေမွလိုက်ပြီး သူ၏ ပါးစပ် အတွင်းသို့ ထိုးထည့်လိုက်သည်။ လင်းမိုဟန်သည် အကူညီမဲ့စွာဖြင့် သူ့ကိုသူ မထိန်းနိုင်ပဲ ထိုသူတောင်းစားငယ်လေးအား စိုက်ကြည့်ကာ မျက်ခုံးများအား မြှင့်တင်လျှက် မျက်မှောင်ကျုတ်ကာ တွေးလိုက်မိသည်။
(ဒီ သူတောင်းစားလေးကတော့ ညကလေးတင် မြွေသားကင်စားထားသေးတယ် ဒါတောင် ဒီလောက် မြန်မြန် ဆာနေပြီလား ဆာလောင်လွန်းလို့ ဆေးမြစ်တွေကို စားဖို့ လိုအပ်တာလား)
( ဘယ်လောက်ပဲ ဆာလောင်နေပါစေအုန်းတော့ သူ ဒီလို ဆေးမြစ်တွေကို ရသလို စားလို့ မရဘူးမလား ဆေးမြစ်တွေကို ဒီလို စည်းမဲ့ကမ်းမဲ့ စားနေတာက သူ့ကို ပြသာနာ အကြီးကြီး ဖြစ်စေမယ်ဆိုတာ သူမသိဘူးလား)
သူ ယခုလို တွေးနေစဉ်ဝယ် သူတောင်းစားလေးသည် ရုတ်တရက် အော့အန်ကာ မြေပြင်ပေါ် လဲကျမသွားခင် သွေးမည်း တစ်လုပ် အန်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။