← Chapters

အခန်း ၁၃

Vol. 1 Ch. 13

အခန်း ၁၃

Vol. 1 Ch. 13

အခန်း (၁၃)

သူ၏ ရှေ့မှ ပြုံးစိစိ လုပ်နေသည့် ကောင်မလေးအား စိုက်ကြည့်လိုက်ပြီးနောက် ထိုကောင်မလေးသည် သူမ၏ မျက်လုံးများ အတွင်း အားမာန်အပြည့်နှင့် တက်ကြွနေသည့် ဟန်ဖြင့် သူ့အား ပြန်ကြည့်နေစဉ် သူသည် အစောပိုင်းက သူ၏ လက်များဖြင့် ဆုပ်ကိုင်လိုက်မိသည့် နူးညံ့မှုများနှင့် သူတို့၏ နှုတ်ခမ်းများ ထိတွေ့မိသည့် အခိုက်တန့်များအား ပြန်လည် မြင်ယောင်မိသွားခဲ့သည်။ ထိုအခိုက်တန့်တွင် သူ၏ မျက်နှာသည် မဲမှောင်သွားခဲ့သော်လည်း သူ၏ မျက်နှာတွင် မုတ်ဆိတ်မွှေးများ ဖုံးအုပ်နေသည့်အတွက် သေချာ မမြင်နိုင်ခဲ့ချေ။

ထို အမျိုးသားသည် မည်သည့် စကားမှ ပြောဆိုခြင်း အလျှင်း မရှိပဲ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသော် ဖုန်းကျို့သည် ရုတ်တရက် ခဏတာ အံ့အားသင့်သွားခဲ့သည်။ သူမသည် ခဏတာမျှ စဉ်းစားခဲ့ပြီးနောက် သူမသည် ခြေလှမ်းကျဲကျဲဖြင့် ထို အမျိုးသားနောက်သို့ လိုက်ပါသွားခဲ့သည်။

“ဦးလေး ကျွန်မတို့ တွေ့ဆုံဖို့ ကံကြမ္မာပါတယ်လို့ မထင်မိဘူးလား ထင်တယ် ကြည့်လေ ဒီလောက်ကျယ်တဲ့ တောကြီးထဲမှာ ဒီနေရာမှာ ပြန်တွေ့ကြပြန်ပြီ တွေ့လဲ တွေ့နေပြီ ဆိုမှတော့ ကျွန်မတို့ တူတူ ခရီးသွားတာ မကောင်းဖူးလား”

ထို အမျိုးသားသည် သူမအား လုံးဝ လစ်လျူရှုလျှက် ဆက်လက် လျှောက်လှမ်းနေသည့်တိုင် သူမသည် စိတ်အနှောင့်အယှက် စိုးစဉ်းမျှ ဖြစ်ဟန် မတူပေ။ သူမ တွေးတောနေသည်မှာ သူမ၏ မစို့မပို့သော စွမ်းအားလေးဖြင့် ဤနေရာတွင် ဦးတည်ရာမဲ့ လျှောက်သွားနေမည်ဆိုလျှင် အနည်းငယ် အန္တရာယ် များနိုင်ပေသည်။ သို့သော် အကယ်၍ သူမသာ ထိုသူနှင့် အတူတူရှိနေမည် ဆိုလျှင် သူမအတွက် ပို၍ လုံခြုံပေလိမ့်မည် ဖြစ်သည်။

ထိုအစား သူ သွားတိုင်း သူမ လိုက်ပါခဲ့ကာ သူ ရပ်တန့်လျှင် သူမလည်း ရပ်လိုက်သည်။ သို့သော် သူမ၏ စိတ်အားထက်သန်မှု ကင်းမဲ့သည့် သဏ္ဍာန်နှင့် နှိုင်းယှဉ်ရလျှင် သူမ၏ ရှေ့မှ သွားနေသည့် လင်းမိုဟန် ထံမှ ထုတ်လွှတ်နေသည့် အေးစက်မှုများသည် ပို၍ ပြင်းထန်လာခဲ့သည်။ နောက်ဆုံးတွင် လင်းမိုဟန်သည် သည်းမခံနိုင်တော့ပဲ သူမထံသို့ အေးစက်စက် အကြည့်တစ်ခု ကြည့်ကာ မျက်နှာလွှဲလျှက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်း ငါ့နောက်က ဘာလို့ လိုက်နေတာလဲ”

သူသည် လူတိုင်းနှင့် ရောနှောမနေတတ်ပဲ ခပ်တန်းတန်းနေတတ်ကာ အလွယ်တကူ ချည်းကပ်လို့ရသည့် သူမျိုး မဟုတ်မှန်း သူကိုယ်တိုင်လည်း သိပေသည်။ ဤတစ်လျှောက်လုံး သူ့ကို မြင်လိုက်သည့် အချိန်တိုင်း သူနှင့် သုံးလှမ်းအကွာထက် မပိုဘဲ နေသောသူ မည်သူ ရှိအံ့နည်း။

သူ ထပ်ခါတစ်လဲလဲ မောင်းထုတ်လျှင်တောင် မျက်နှာပြောင်တိုက်ကာ ဆက်လိုက်နေလောက်အောင် အရှက်မရှိသည့် သူဆိုသည်မှာ အလိုက်ကန်းဆိုး မသိသော သူများထဲတွင်ပင် မရှိပေ။ သို့သော် ထိုကောင်မလေးသည် သူ မည်သို့ပင် ခါချနေပါစေအုန်းတော့ ခွာမရသည့် မျက်နှာဖုံးကဲ့သို့ ဖြစ်နေခဲ့သည်။

“ဘာလို့လဲဆိုတော့ ဦးလေးက ဒီနေရာမှာ ကျွန်မသိတဲ့ တစ်ဦးတည်း ဖြစ်နေတာမို့လို့လေ”

သူအား သူမ ကြည့်လိုက်သည့် အကြည့်သည် ‘သိသာနေတာပဲ မလား’ ဆိုသည့် သဘောမျိုးဖြင့် ဖြစ်နေသည့်အပြင် သူမ၏ မျက်လုံးများတွင် နောက်ပြောင် ကျီဆယ်ချင်နေသည့် အရိပ်အယောင်များအား ဖုံးကွယ်ရန် ကြိုးးစားနေခဲ့သည်။ သို့သော် သူမ၏ မျက်နှာတွင် ပေါ်လွင်ခြင်း မရှိစေပဲ လေးလေးနက်နက်ဟန်ဖြင့် ပြောလိုက်သည်။

“ဦးလေး ကျွန်မကို ငွေစလေး ပစ်ပေးလိုက်ချိန်ကတည်းက သေချာသွားခဲ့တာ ဦးလေးက အရမ်း ကြင်နာတတ်တဲ့ လူတစ်ယောက်ဖြစ်မယ်”

လင်းမိုဟန်၏ နဖူးတွင်သွေးကြောစိမ်းများ ကြောက်ခမန်းလိလိ ထောင်ထလာခဲ့ကာ မျက်ခုံးများ ပင့်လိုက်မိသည်။ သူ၏ ပါးလွှာသည့် နှုတ်ခမ်းပါး တစ်စုံသည် မျဉ်းတစ်ကြောင်းကဲ့သို့ ဖြောင့်တန်းသွားခဲ့ကာ သူ၏ စိမ်းကား ရက်စက်ကာ ကြမ်းကြုတ်သည့် အကြည့်စူးစူး တစ်ချက်သည် သူမအပေါ် ခဏလောက် ကျရောက်သွားပြီးနောက် မည်သည့် စကားမှ ထပ်မပြောပဲ ရှေ့ဆက်လျှောက်သွားလိုက်သည်။

သူ ဂရုမစိုက်စွာ ပစ်ပေးလိုက်သည့် ငွေအကြွေစလေး တစ်စသည် သူ့အား ယခုလို ဇွဲကောင်းစွာ ကပ်နေမည့် မျက်နှာဖုံးတစ်ခု ဖြစ်လာစေမည်မှန်း သိခဲ့လျှင် ထိုငွေစလေးသည် သူ့အား မည်မျှပင် အနှောင့်အယှက် ဖြစ်နေပါစေ သူ ပစ်ပေးခဲ့လိမ့်မည် ဖြစ်သည်။ ထို ငွေစလေးအား ပစ်ပေးလိုက်ခြင်းသည် သူ ကြင်နာတတ်၍ မဟုတ်မှန်း ကောင်းကင်ကသာ သိပေလိမ့်မည်။ သို့သော် သူ၏ အိတ်ထဲတွင် ငွေအကြွေစလေး ရှိနေခဲ့ကာ သူ၏ ရှေ့တွင် သူတောင်းစားလေး တစ်ယောက်ကို တွေ့လိုက်သည့် အတွက် သူသည် စဉ်းစားမနေတေ့ာပဲ ပစ်ပေးလိုက်မိခြင်း ဖြစ်သည်။ မည်သူ သိနိုင်မည်နည်း.....

လင်းမိုဟန်၏ နောက်သို့ ဖုန်းကျို့ လိုက်ပါလာရင်း ထိုသူသည် တောအုပ် အတွင်းနက်နက်သို့ ဝင်ရောက်နေခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် သူအား ကြည့်ရင်း သူမ၏ မျင်လုံးတွင် အလင်းတစ်ချက် လက်သွားခဲ့ကာ မေးမြန်းလိုက်သည်။

“ဦးလေး တောနက်ထဲမှာ သားရိုင်းကြီးတွေ ရှိတယ်ဆို အဲ့ဒါ ဟုတ်လား “

သူမသည် မည်သည့် တုန့်ပြန်မှုကိုမှ မမျှော်လင့်ထားသော်လည်း သူ၏ အေးစက်ကာ ဂရုမစိုက်သည့် အသံက သူမ၏ နားအတွင်း ဝင်ရောက်လာခဲ့သည်။

“အဲ့ဒါကို မင်းသိနေရင် မြန်မြန် ထွက်သွားတော့”

“ဦးလေး ကျွန်မ ဦးလေး ဘေးမှာ ကပ်လိုက်ပြီး ဆေးပင်နည်းနည်း ခူးမယ်နော် ကျွန်မ ဦးလေးကို ဘာ အနှောင့်အယှက်မှ မပေးဖူးလို့ ကတိပေးပါတယ်”

သူမသည် အစောပိုင်းတွင် သူမ၏ သွေးခုန်နှုန်းအား စစ်ကြည့်ပြီး ဖြစ်ကာ ခန္ဓာကိုယ်မှ အဆိပ်အများစုသည် သူမ အန်လိုက်သည့် သွေးများနှင့် အတူ ပါသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ယနေ့ညတွင် ဖြေဆေး တစ်ခွက် ထပ်သောက်ရန်သာ လိုအပ်ပြီး သောက်ပြီးသည်နှင့် သူမအခြေအနေ ကောင်းမွန်သွားလိမ့်မည် ဖြစ်သည်။

သူမသည် မူလက သူမ၏ အဆိပ်များ အကုန်အစင် ဖြေပြီးသွားသည်နှင့် ထောင်ခြောက်ကိုးသွယ် တောအုပ်မှ ထွက်ခွာရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့ပေသိ ထိုဦးလေးနှင့် နောက်တစ်ကြိမ် ထပ်မံ၍ တွေ့ဆုံလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။ သူမသည် စိတ်ပြောင်းသွားခဲ့ကာ ဆေးဖက်ဝင် အပင်များ ခူးယူနိုင်ရန် သူ၏ နောက်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် တော အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သော်လည်း ထိုနေရာသည် တောအပြင်ဘက်၏ အတွင်းပိုင်းမျှသာ ဖြစ်သေးသည်။ ယခုအခါ သူမသည် သူနှင့် အတူ တကယ့်တော အတွင်းပိုင်းသို့ လိုက်သွားရမည် ဖြစ်ကာ သူမသည် အကူညီမဲ့စွာဖြင့် စိတ်လှုပ်ရှားနေခဲ့ကာ သူမ၏ နှလုံးသားတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

(အထဲမှာ ဘယ်လို အံ့ဖါယ် ဆေးပင်တွေ ရှိနေမလဲ မသိဘူး နေရာ တစ်နေရာက အန္တရာယ်များလေလေ အစွမ်းထက်တဲ့ ဆေးပင်တွေ ပိုရလေလေ လို့ ပြောကြတယ် မလား) တကယ်လို့ သူမသာ အစွမ်းထက်ဆေးပင် အချို့ကို ရှာနိုင်ခဲ့လျှင် ပို၍ ကောင်းပေမည်။ အကယ်၍ သူမအတွက် ချက်ချင်း အသုံးမဝင်လျှင်တောင်မှ အနည်းဆုံး သူမ အတွက် တန်ဖိုးကြီး တစ်ခု ရနိုင်သည်မှာ သေချာပေသည်။

ထိုအပြင် သူမ၏ ရုပ်ရည်သည် စုရူယွမ်ကြောင့် ယခုလို ပျက်စီးဆိုးရွားလှသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ကာ သူမကိုယ်တိုင်ပင် သူမ၏ ရုပ်ရည်အား မြင်လျှင် ကြောက်မက်ဖွယ်ကောင်းသည်ဟု တွေးမိလေသည်။ သူမသည် သဘာဝအတိုင်း သူမ၏ မျက်နှာအား ကုသရန်နည်းလမ်း တစ်ခုအားရှာဖွေရမည် ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် ယခုမျက်နှာဖြင့်သာ ဆက်လက်နေထိုင်ရန် ဖိအားပေးသည့် အခြေအနေ ဖြစ်လာပါက သူမ၏ နတ်ဆိုးဆန်သည့် ဂုဏ်သတင်းအား စော်ကားလိုက်ခြင်း ဖြစ်ပေမည်။

All Chapters