← Chapters

အခန်း ၁၄

Vol. 1 Ch. 14

အခန်း ၁၄

Vol. 1 Ch. 14

အခန်း (၁၄) – သူတောင်းစားလေး တစ်ယောက်သာ

သူတို့ နှစ်ဦး ရှေ့ဆင့် နောက်ဆင့် လျှောက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် လင်းမိုဟန်၏ သတိပေးချက်ကြောင့် သူမသည် သူ၏ နောက်မှ လိုက်လာသည် ဆိုသော်လည်း ၃လှမ်းအကွာမှ ခပ်ခွာခွာ လိုက်လာခြင်း ဖြစ်သည်။ ထို့အပြင် ထိုဦးလေးကြီးသည် အမျိုးသမီးများနှင့် နီးနီးကပ်ကပ် နေခဲ့ခြင်း မရှိဖူးသည်အား သူမသိပေသည်။ ထိုသို့ မဟုတ်လျှင် မတော်တဆ နမ်းမိချိန်တွင် မည်သို့ သတိလစ်သွားလိမ့်မည်နည်း။

သူမကိုယ်တိုင်သည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သက်တောင့်သက်သာ မရှိလှသော်လည်း တစ်ဖက်လူကြီးသည် အသက်ကြီးသည့်အပြင် နှစ်ဖက်စလုံး အနေ မခက်စေရန် ထပ်မံ မပြောတော့သည်မှာ ပို၍ ကောင်းလှပေမည်။

သို့သော် သူမ၏ စိတ်အား ကြည်လင်လာစေသည့် အချက်တစ်ခုရှိသည်။ ထိုသည်မှာ လင်းမိုဟန်၏ နောက်သို့ လိုက်ကာ တောအတွင်းပိုင်းသို့ ပိုရောက်လေလေ လမ်းတစ်လျှောက်တွင် မှော်ဆေးပင်များ တော်တော်များများအား ခူးဆွတ်နိုင်သည့်အတွက် ဖြစ်သည်။ ထို မှော်ဆေးပင်များတွင် ဝိဉာဉ် စွမ်းအင်များ ပါဝင်နေခဲ့ကာ သာမာန် မှော်ဆေးပင်များသာ ရှိသော်လည်း သူမ၏ စိတ်အား တစ်ဖြေးဖြေး ပေါ့ပါးကြည်လင်လာခဲ့စေသည်။

(အာ ဒီဟာက အနီရောင် ကလိုဗာပန်း မဟုတ်ဘူးလား ပြင်ပဒဏ်ရာတွေကို ကုရင်အကောင်းဆုံးပဲလေ)

ပေါင်းပင်များကြား အရိုင်းဆန်စွာ ပေါက်နေသည့် ဆေးဖက်ဝင် အပင်များအား တွေ့လိုက်ရချိန်တွင်သူမ အလွန် ဝမ်းသာသွားခဲ့ကာ အလျှင်အမြန် ပြေးသွားကာ ဂရုတစိုက် ခူးယူလိုက်သည်။ အနီရောင် ကလိုဗာအန်းသည် နောက်ဆုံးတွင အလွန်ဈေးကောင်းရသည့် ဆေးပင်ဖြစ်ကာ တောအတွင်းပိုင်းတွင်သာ တွေ့နိုင်သည့် ဆေးပငမျိုး ဖြစ်သည်။ တော အစွန်ပိုင်းများတွင် မတွေ့နိုင်ပေ။

မှော်ဆေးပင်များသည် အမှန်တကယ်တွင် သူမ ၂၁ရာစုတွင် သိခဲ့ဖူးသော အဖိုးတန် ဆေးဖက်ဝင် အပင်များနှင့် အတူတူပင် ဖြစ်သည်။ နာမည် ဖြစ်စေ ပုံသဏ္ဍာန် ဖြစ်စေ တူညီနေခဲ့သည်။ ကွဲခြားမှု တစ်ခုသည် ကျင့်ကြံခြင်း ကမ္ဘာမှ လူများသည် စိတ်ဝိဉာဉ် စွမ်းရည်များအား ကျင့်ကြံသည့်အတွက် အပင်များတွင်လည်း စိတ်ဝိဉာဉ်အော်ရာများ ကိန်းအောင်းနေခဲ့သည်။ သည့်အတွက် အာနိသင်များ ပိုင ကောင်းမွန်ကာ ထိရောက်မှု ပိုရှိနေခြင်း ဖြစ်သည်။

“ဝှီး”

ထိုအချိန် ခစစတွင် ကြောက်လန့်ဖွယ် လေတိုးသံ တစ်ခု သူမထံသို့ ဦးတည် ပျံသန်းလာခဲ့သည်။ ဖုန်းကျို့သည် ဆေးပင်အား ဂရုတစိုက် ခူးနေခဲ့သော်လည်း မော့၍ပင် မကြည့်ပဲ အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။ ထိုအချိန်တွင် အနီရောင် ကလိုဗာပန်းသည် သူမ၏ လက်ထဲတွင်း ခူးယူပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဆူညံသံများ ကြားချိန်တွင် ရှေ့မှသွားနေသည့် လင်းမိုဟန်သည် သူ၏ ဦးခေါင်းအား ချက်ချင်း လှည့်ကြည့်လိုက်သည်။ မြှားဦးသည် သူတောင်းစားလေးထံသို့ ဦးတည်လာသည်ကို မြင်သော် သူသည် ချထားသည်လက်အား မြှောက်တင်လိုက်သည်။ သို့သော် သူမသည် ပါးနပ်စွာ ရှောင်တိမ်းလိုက်သည်အား မြင်သော် သူ၏ လက်အား ပြန်ချထားလိုက်ကာ တစ်ဖက်မှ လျှောက်လာသူများအား ကြည့်နေလိုက်သည်။

ဖုန်းကျိုသည် သူမ အစောပိုင်း ထိုင်နေသည့်နေရာတွင် မြှားစိုက်ဝင်နေသည်အား ကြည့်လိုက်သည်။ အကယ်၍ သူမသာ အလျှင်အမြန် မရှောင်တိမ်းနိုင်ခဲ့လျှင် ထိုမြှားသည် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ စိုက်ဝင်သွားပေမည်။

မည်သည့် ရန်ညှိုးရန်စမှ မရှိပါပဲ သေဘေးနှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူမ၏ နှုတ်ခမ်းများတွင် ခြိမ်းခြောက်ကာ အန္တရာယ် ပြုမည့် အရိပ်အယောင်များ မပါရှိသော်လည်း တစ်ဖက်မှ လာနေသည့် သူများအား ကြည့်နေည့် အကြည့်တွင် ရယ်မြူးရိပ် တစ်စွန်းတစ်စပင် မပါရှိပေ။

ထိုအဖွဲ့သည် လူနှစ်ဆယ်လောက်ဖြင့် ဖွဲ့သည်းထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ခေါင်းဆောင်သည် သတ်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်ကာ တည်ငြိမ် ရင့်ကျက်ပုံရသည်။ သူ၏ ဘေးတွင် အသက် နှစ်ဆယ် ဝန်းကျင် လူငယ် တစ်ဦးနှင့် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ကလေးမလေးတစ်ဦး ရှိနေသည်။ သူတို့၏ နောက်တွင် ဆင်တူ ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသားများ ရှိနေခဲ့ကာ ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များကဲ့သို့ ဖြစ်နေကာ ထိုသူများသည် လေ့ကျင့်ရေး ခရီး ထွက်လာသည့် ဂိုဏ်းသားများနှင့် တူညီနေခဲ့သည်။

မည်သည့် လှုပ်ရှားမှုမှ မရှိသည့် ထိုသူများအား စောင့်ကြည့်ရင်း ဖုန်းကျို့၏ မျက်လုံးများသည် မိန်းမငယ်လေးထံသို့ ရောက်ရှိသွားခဲ့သည်။ ထို မိန်းကလေးသည် ပန်းရောင် ပိတ်ကျဲ ရင်စည်းဝတ်စုံအား ဝတ်ဆင်ထားကာ ဆွဲဆောင်မှု ရှီသည့် ရင်ဘတ်အား တစ်ပိုင်းတစ်စအား ဖော်ပြထားခဲ့ကာ သွယ်လျှသည့် ခါးကိုလည်း တင်းကျပ်စွာ စည်းထားကာ ခါးသိမ်းသိမ်းလေးအား ဖော်ပြနေခဲ့သည်ကို သူမတွေ့လိုက်ရသည်။ လက်ထံတွင် ဆန်းကြယ်သော် လေးတစ်လက်အား ကိုင်ဆောင်ထားကာ ကျောဘက်တွင်လည်း မြှားထည့်သည့်အိတ်ကို လွယ်ထားခဲ့သည်။ အစောပိုင်းတွင် ဖုန်းကျို့ထံသို့ ဦးတည်လာသည့် မြှားအား သူမ ပစ်လိုက်ခြင်း ဖြစ်မှန်း ထင်ရှားလှသည်။

“အနီရောင် ကလိုဗာပန်းပင်ကို ထုတ်ပေးစမ်း”

ထို မိန်းကလေး၏ အကြည့်များသည် မာနများဖြင့် ပြည့်နှက်နေခဲ့ကာ ညစ်ပတ်ပေရေနေသည့် ဖုန်းကျို့အား စိုက်ကြည့်လျှက် အထင်သေးသလို ပြောဆိုလိုက်သည်။

“လမ်းထောင့်မှာ ထိုင်တောင်းစားမနေပဲ ဒီထိ လာတဲ့ သေလမ်းရှာနေတဲ့ သူတောင်းစား နင် အသက်မရှင်ချင်တော့ဘူးလား”

ဖုန်းကျို့သည် သူမအား အကဲခတ်နေသည့် အကြည့်အား ဖုံးကွယ်မထားပဲ ထို မိန်းမလေးအား ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးနောက်တွင် ထိုကောင်မလေး ပြောဆိုပုံအား တုပကာ ပြန်ပြောလိုက်သည်။

“မင်းကကော ပြည့်တန်ဆာရုံမှာ အနေပဲ ဒီထိလာပြီး ဘာလို့ မင်းအသားတွေ တကူးတက ထုတ်ပြနေရတာလဲ ဘယ်သူ့ကို မြူဆယ်မလို့လဲ”

ဖုန်းကျို့၏ ပါးစပ်မှ ထိုစကားများ ထွက်လာချိန်တွင် ရှေ့တွင် ရပ်နေသည့် လင်းမိုဟန်၏ နှုတ်ခမ်းထောင့်များပင် တုန်လှုပ်သွားခဲ့ကာ သူ့ဘာသူ တွေးလျှက် ခေါင်းခါလိုက်မိသည်။

(သူက ဘယ်လိုလုပ် မိန်းကလေး ဖြစ်နိုင်မှာတဲ့လဲ ကြည့်ရတာ သေချာပေါက် ရိုင်းစိုင်းတဲ့ လူဆိုးမလေးပဲ နေမယ်)

ထိုမိန်းကလေးဘက်မှ အမျိုးသားများသည် ထိုစကားအား ကြားချိန်တွင် သူတို့၏ အမူအရာများ ခက်ထန်လာခဲ့ပြီဂ ဖုန်းကျို့အား ကြည့်သော အကြည့်များတွင် လူသတ်လိုသည့် အကြည့်များ ထင်ရှားလာခဲ့သည်။ သူတို့၏ ခေါင်းဆောင်နှင့် လူငယ်လေး၏ မျက်နှာထားအမူအရာများသည်သာ မပြောင်းလဲခဲ့သော်လည်း သူတို့၏ အကြည့်များသည် ဖုန်းကျို့အား လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

“နင်က သေလမ်း ရှာနေတာပဲ”

All Chapters