← Chapters

အခန်း ၁၅

Vol. 1 Ch. 15

အခန်း ၁၅

Vol. 1 Ch. 15

အခန်း (၁၅) - ထူးခြားသည့် စွမ်းရည်များ

ထို မိန်းကလေးသည် အရှက်ရမှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ မျက်နှာ နီရဲသွားမှုသည် ဒေါသထွက်လွန်းသောကြောင့်လား အရှက်ရမှုကြောင်းလား ဆိုသည်မှာ မသဲကွဲပေ။ သူမသည် မည်သည်ကိုမှ မစဉ်းစားနိုင်တော့ပဲ လက်ထဲတွင် ကိုင်ဆောင်ထားသည့် လေးအား မက ကျောနောက်တွင် လွယ်ထားသည့် မြှားတစ်စင်းအား ယူဆောင်လျှက် ဖုန်းကျို့အား ချိန်ရွယ်ကာ ပစ်လွှတ်လိုက်သည်။

“ရွှတ်”

ရက်စက်ပြင်းထန်လှသည့် ထိုမြှားပစ်ချက်တွင် ဆန်းကြယ်ကာ ထူးခြားနက်နဲသည့် အရှိန်အဝါများ ကိန်းအောင်းနေခဲ့ကာ ကရုဏာကင်းမဲ့စွာဖြင့် ဖုန်းကျို့၏ အသက်အား တစ်ချက်တည်းဖြင့် နှုတ်ယူရန် ရည်ရွယ်ကာ နှလုံးတည့်တည့်သို့ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးလက်သကဲ့သို့ အလျှင်အမြန် ပြေးဝင်သွားခဲ့သည်။

မိန်းကလေးနှင့် အတူ ပါလာသည့် အမျိုးသားများသည် နေရာတွင် လှုပ်ရှားမှုမရှိပဲ လုံးဝ ရွေးလျားမှု မရှိကြပေ။ ခေါင်းဆောင် ဖြစ်သူသည်လည်း တမင် လွှတ်ထားပေးသည်ပုံရပေသည်။ နောက်ဆုံးတွင် သူတို့၏ အမြင်တွင် ဖုနး်ကျို့သည် သာမာန် သူတောင်းစားလေးတစ်ဦး ဖြစ်ကာ ကျင့်ကြံမှု လုံးဝ မရှိပဲ ကံကောင်း၍သာ ယခုနေရာထိ ရောက်ရှိလာခြင်း ဖြစ်သည်ဟု တွေးထားကြသည့် အတွက် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးအား ဖယ်ရှားရန် အတွက်မှာမူ သူတို့လို လူမျိုးများအတွက် လက်ကလေး လှုပ်လိုက်ရုံမျှ လွယ်ကူလှသည်။

ဖုန်းကျို့နှင့် ခြေလှမ်း အနည်းငယ်ခန့် အကွာတွင် ရှိနေသည့် လင်းမိုဟန်သည် ယခုအကြိမ်တွင် တိုက်ခိုက်မှုအား တားဆီးရန် မည်သည်ကိုမှ မလုပ်ခဲ့ပေ။ သူသည် ထို သူတောင်းစားလူဆိုးမလေး မည်မျှ စွမ်းဆောင်နိုင်သည်ကို မြင်ချင်သောကြောင့် ဖြစ်သည်။ သူ၏ ထို သူတောင်းစားမလေးအပေါ် လေ့လာမှုများအရ ထို လူဆိုးမလေးသည် ဦးနှောက် မရှိသည့် သူတစ်ဦး မဟုတ်ချေ။ ထို့အစား သူမသည် အလွန် ပါးနပ်ထက်မြတ်ကာ ဉာဏ်ပြေးသူ တစ်ဦးဖြစ်သည့်အပြင် သူမ အတွက် ယုံကြည့်မှုမရှိသည့်အရာကို မည်သည့်အချိန်တွင်မှ လုပ်ဆောင်လိမ့်မည့်သူ တစ်ဦး မဟုတ်ချေ။

တစ်ခုရှိသည်မှာ သူမ၏ ခန္ဓာကိုယ်အတွင်း ဝိဉာဉ်စွမ်းအား ရှီသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပါပဲနှင့် တစ်ပါးသူအား ရန်စရဲသည့် သတ္တိနှင့် ယုံကြည်မှုမျိုး မည်သည့် နေရာမှ ရလာသနည်း။ သူတွေးနေစဉ် အတွင်း သူ၏ အကြည့်များသည် စူးရှသွားခဲ့သည်။

သူမထံသို့ အရှိန်ပြင်းပြင်ဖြင့် လာနေသည့် မြှားအား ကျွမ်းထိုးကာ ရှောင်တိမ်းလိုက်သည်ား သူ မြင်လိုက်ရသည့်အပြင် ထိုမြှားသည် သူမ၏ အောက်မှ ဖြတ်သန်းသွားကာ သူမအား ထိခိုက်မှု တစ်စုံတစ်ရာ တစ်ခုလေးတောင် မဖြစ်စေခဲ့ပေ။

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရချိန်တွင် လင်းမိုဟန်သာမက လူလတ်ပိုင်း လူကြီးနှင့် လူငယ်လေး၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာခဲ့သည်။ ပြိုင်ဘက်တွင် ကျင့်ကြံရေး ဝိဉာဉ် စွမ်းအားများ အရိပ်အယောင်တောင် မရှိခြင်းနှင့်အတူ ပစ်လိုက်သည့် မြှားသည် အရှိန်မည်မျှ မြန်ဆန်သည်အား သိနေသည့်အတွက် ထို သူတောင်းစားလေးသည် ထိုမြှား ပစ်ချက်ကို လုံးဝ မရှောင်နိုင်လောက်ဟု သေချာပေါက် ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတောင်းစားလေးသည် ရှောင်ပြသွားခဲ့သည်။ ထိုသည်မှာ မည်သို့ ဆိုလိုခြင်း ဖြစ်သည်မှာ ဤ သူတောင်းစားလေးသည် အပြင်ပန်း ထုတ်ပြထားသည့် သဏ္ဍာန်လို ရိုးရှင်းမှု မရှိခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

“သေစမ်း”

ထို ကောင်မလေးသည် ဖုန်းကျို့ သူမ၏ မြှားချက်အား ရှောင်နိုင်သည်အား မြင်သော် ဒေါသတကြီး ခြေထောက်ကိုဆောင့်ကာ နောက်ထပ် မြှားတစ်စင်းအား ပစ်ရန် ကျောနောက်တွင် လွယ်ထားသည့် မြှားဘူးထဲမှာ မြှားတစ်စင်းအား ဆွဲယူကာ လေးပေါ်တွင် ထပ်၍ တင်လိုက်ကာ လေးကြိုးအား ဆွဲတင်လိုက်သည်။

သို့သော် သူမသည် ဖုန်းကျို့အား သေချာ ချိန်ရွယ်ကာ ပစ်လိုက်သည့် မြှားများသည် တစ်စင်းမှ ပစ်မှတ်အား မထိခဲ့ပေ။ နောက်ထပ် ကြိုးစားကာ ပစ်ခတ်လိုက်သည့် သူမ၏ ပစ်ချက်များသည် လေကိုသာ ထိမှန်ပြီး မည်သို့မျှ ဖြစ်မလာချိန်တွင် သူမသည် မေးစေ့အား လက်ထောက်ကာ ပြုံးလျှက် ကြည့်နေသည့် သူတောင်းစားလေးအား စိုက်ကြည့်လိုက်သည်။ သူတောင်းစားလေး၏ ပုံစံနှင့် အကြည့်များက ပြောနေသည်မှာ ( နင့် အစွမ်းအစက ဒီလောက်ပဲလား) ဟူ၍ လှောင်ပြောင်နေသလို ဖြစ်နေခဲ့သည်။

သူမသည် ဒေါသအလွန် ထွက်သွားခဲ့ကာ ဝိဉာဉ်လက်နက်ဖြစ်သည့် လေးအား သိမ်းလိုက်ကာ ခါးကြားအတွင်း ထည့်ထားသည် ဓားမြှောင်အား ထုတ်ယူကာ သူတောင်းစားလေးထံသို့ ပြေးဝင်သွားခဲ့သည်။

“မင်း တကယ်ပဲ ဒီလို ဖြစ်စေချင်တာလား ဒီထက် ပိုဆိုးလာရင် ငါ သည်းခံမနေတော့ဘူး”

ပြုံးရွှင်နေသည့် မျက်နှာနှင့် ဖုန်းကျို့၏ အကြည့်များသည် ရုတ်တရက် ထူးဆန်းသွားခဲ့ကာ သူမ၏ မျက်လုံးများသည် ကောင်မေလး၏ ဖွံ့ထားသည့် ရင်အစုံပေါ်သို့ ခဏတာ ဝေ့ဝဲရောက်ရှိသွားခဲ့ပြီး နောက်တွင် ဖုန်းကျို့သည် သူမထံသို့ ထိုးစိုက်လိုက်သည့် ဓားမြှောင်အား ရှောင်ရမည့်အစား ရှေ့သို့ တိုးဝင်သွားလိုက်သည်။

“သူတောင်းစားကောင် နင် သေသင့်တယ်”

လင်းမိုဟန်၏ အကြည့်များသည် လှုပ်ရှားသွားသည့် ဖုန်းကျို့ထံတွင်သာ ရှိနေခဲ့ကာ ခဏအကြာတွင် ဖုန်းကျို့သည် ကောင်မလေး၏ လက်မှ ဓားမြှောင်အား လုယူသိမ်းဆည်းလိုက်သည်ကို မြင်လိုက်ရသည်။ ထိုလုပ်ရပ်ငည် လျှင်မြန်လှသည့်အတွက် သူမ မည်သို့ လုပ်လိုက်သည်ကို သူပင် သေချာ မမြင်လိုက်ရပေ။

နောက်ခဏတာအတွင်း ဓားမြှောင်သည် ဖုန်းကျို့ လက်အတွင်း ရောက်ရှိသွားခဲ့ကာ လျှင်မြန်သည့် ခြေလှမ်း နှင့်အတူ ဖုန်းကျို့သည့် ထို စွဲမက်ဖွယ်ကောင်းသည့် ကောင်မလေး၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့ကာ ဖုန်းကျို့၏ လက်များသည် ထိုကောင်မလေး ဖော်ထုတ်ပြထားသည့် အသားရေများပေါ်တွင် ညင်ညင်သာသာ ပွတ်သပ်ကာ အသားယူနေသည်အား လင်းမိုဟန် ရုတ်တရက် မြင်လိုက်ရချိန်တွင် ပြောစရာစကားလုံးများ ပျောက်ရှသွားလေတော့သည်။

(ဒီ အဝတ်အစား အစုတ်အပြတ်တွေ အောက်မှာ ရှိနေတဲ့လူက တကယ်ကော မိန်းကလေး ဟုတ်ရဲ့လား အရှက်မရှိပဲ တဏှာကြီးတဲ့ လူရမ်းကား တစ်ယောက် ပုန်းနေတာ မဟုတ်ဘူးလား)

“ဝိုး ဝိုး အရမ်း ချောမွေ့နေတာပဲ “

ဖုန်းကျို့သည် တဏှာရမက် ပြင်းထန်သည့် မျက်လုံးများဖြင့် ကျီဆယ်သကဲ့သို့ ပြောဆိုလိုက်သည်။ ထို့အပြင် သူမ၏ လက်တစ်ဖက်သည် ထိုကောင်မလေး၏ ခါးလေးအား ဖက်ကိုင်ထားကာ ကျန်တစ်ဖက်ဖြင့် ဓားမြှောင်အား ပြောင်းပြန်လှန်၍ ကိုင်ထားကာ ဓားမြှောင်ဓားသွားအား ကောင်မလေး၏ ဖြူသွယ်လှည့် လည်တိုင်နားသို့ ကပ်ထားလိုက်သည်။ သူမ၏ ပုံစံသည် ကောင်မလေးအား တမင်တကာ ကျီဆယ်နေသည့် ပုံ ပေါက်ကာ ဖမ်းချုပ်ထားသည့် ကောင်မလေး၏ လည်ပင်းနားသို့ ကပ်ကာ ကောင်မလေး၏ ရနံ့အား ရှုရှိုက်ပြရင်း သာယာမှဒမှာ ယစ်မူးသွားဟန် မျက်နှာပေးအား လုပ်ပြလိုက်သေး၏။

“အနံ့လေးက တကယ်ကို နတ်သမီးလေး တစ်ယောက်လို မွှေးကြိုင်နေတာပဲ”

ထိုအချိန်တွင် ကျောက်တုံးတစ်တုံးလို လစ်လျူရှုကာ တည်ငြိမ်သည့် သက်လတ်ပိုင်း လူကြီး၏ မျက်နှာထားပင် ပြောင်းလဲသွားကာ မျက်နှာ မည်းမှောင်သွားခဲ့သည်။ သူ၏ ဘေးနားတွင် ရပ်နေသည့် လူငယ်လေးသည်လည်း ဒေါသများ ထွက်ပေါ်နေခဲ့ကာ မျက်လုံးများတွင် မီးဝင်းဝင်း တောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အကျီစများအတွင်း လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ အကယ်၍ လုံးကြီးပေါက်လှ ဖြစ်သည့် ထိုကောင်မလေးသာ ရန်သူ၏ လက်တွင်း ဖမ်းချုပ်ခံထားရခြင်း မရှိလျှင် သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်တော့ပဲ ဝင်ရောက် တိုက်ခိုက်မိပေလိမ့်မည် ဖြစ်သည်။

လင်းမိုဟန်သည် အာစေးမိနေခဲ့ကာ ထို မြင်ကွင်းအား ဆက်ကြည့်ရန် မျက်နှာပူ၍ ရှက်လွန်းလှသောကြောင့် ဆက်မကြည့်နိုင်တော့ပဲ မျက်နှာသာ လွှဲထားနိုင်တော့သည်။

All Chapters