အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) - ဦးလေး ဒီအကောင်တွေက လူစားတတ်တာလား
မိန်းမငယ်လေးသည် အံတင်းတင်း ကြိတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
“နင် ငါ့ကို လွှတ်ပေးရင် နင့်ကို ငါ ဘာမှပြန် မလုပ်ဘူး”
ထိုစကားအား ကြားချိန်တွင် ဖုန်းကျို့သည် လူငယ်လေးအား ရွှေချောင်းများအား ယူဆောင်လာပေးရန် အတွက် အမူအယာ ပြလိုက်လေသည်။ လူငယ်လေးသည် ရှေ့သို့ လျှောက်လာကာ မိန်းမငယ်အား တစ်ချက်ကြည့်လိုက် ပြီးနောက် သူ၏ လက်အတွင်းမှ ရွှေချောင်းများအား ဖုန်းကျို့ထံသို့ ပေးလိုက်သည်။ ဖုန်းကျို့သည် ရွှေချောင်းများအား လက်ခံယူလိုက်ပြီးနောက် ချက်ချင်း သူမ၏ ဝတ်ရုံအတွင်းသို့ ထိုးထည့်လိုက်ကာ ဓားမြှောင်အား ဖယ်ပေးလိုက်ကာ လူငယ်လေးထံသို့ ပစ်ပေးလိုက်သည်။
လူငယ်လေးသည် ဓားမြှောင်အား ဖမ်းရန် အတွက် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမငယ်လေးသည် နောက်သို့ လှည့်ကာ ဖုန်းကျို့အား ခြေထောက်ဖြင့် ကန်လိုက်လေသည်။
“စောက်ကောင်စုတ် လူယုတ်မာ နင်ကများ ငါ့ကို ထိရဲတယ်ပေါ့”
ဖုန်းကျို့သည် သတိလက်လွတ် နေခဲ့ခြင်း မဟုတ်ချေ။ ရွှေချောင်းများ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်း လျှင်မြန်စွာ နောက်သို့ ဆုန်လိုက်သည့် အတွက် မိန်းမငယ်လေး၏ ကန်ချက်သည် အချည်းအနှီး ဖြစ်သွားခဲ့ရသည်။ မိန်းမငယ်လေးသည် ရှေ့တိုးက ထပ်မံ၍ တိုက်ခိုက်ချင်သည့် တိုင်အောင် သက်လတ်ပိုင်း အမျိုးသားကြီး၏ အသံနက်နက်ဖြင့် ပြောဆိုသံ ထွက်ပေါ်လာခဲ့သည်။
“ယင်းရို့ ပြန်လာခဲ့စမ်း”
“ဒုတိယ ဦးလေး “
မိန်းမငယ်လေးသည် ခြေဆောင့်လိုက်လေသည်။ သူမသည် အကိစ္စအား ယခုလို အဆုံးသတ်လိုက်ရန် အတွက် မလိုလားခဲ့ပေ။ သို့သော် သူမသည် သူမ၏ ဒုတိယ ဦးလေးထံမှ သတိပေးသည့် အကြည့်တစ်ချက်နှင့် အစ်ကိုဖြစ်သူမှ အချက်ပြသည့် အကြည့်အား မြင်သော် သူမ၏ နှုတ်ခမ်းအား ကိုက်ကာ လူအုပ်စီသို့ ပြန်လျှောက်သွားလိုက်လေသည်။
တစ်ဖက်တွင် ဖုန်းကျို့သည် သူမ၏ ရင်ဘတ်ထဲမှ ရွှေချောင်း ၆ချောင်းသည် သူမ၏ ရင်ဘတ်အတွင်း ထိုးထည့်ထားသည့်အတွက် တော်တော် လေးလံနေသည်အား သတိထားမိလိုက်ကာ ထိုနေရာတွင်ပင် ဆေးဖက်ဝင် အပင်များအား သိမ်းဆည်းထားသည့် အတွက် ထို ရွှေချောင်းများ ဖြင့် ဖိမိကာ ပျက်စီးသွားမည် ဆိုးသည့်အတွက် ရွှေချောင်းများအား အပြင်သို့ ထုတ်ယူလိုက်တော့သည်။ ထို့နောက် လင်းမိုဟန်အား ပြသရင်း ကြွားလိုက်ကာ ပြောလိုက်သည်။
“ဦးလေး ကျွန်မဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ကြည့်လိုက် နောက်ကျရင် ဦးလေးကို ဝိုင် ဝယ်တိုက်မယ် ဆိုရင်ကော ဘယ်လိုလဲ “
လင်းမိုဟန်သည် သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ ဖုန်းကျို့သည် သူ၏ နောက်မှ အလျှင်အမြန် လိုက်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
“ဟေ့ ဦးလေး ဖြေးဖြေးသွားလို့ မရဘူးလား”
သူတို့ နှစ်ဦး ရှေ့ဆင့် နောက်ဆင့် ထွက်ခွာသွားသည်အား မြင်သော် လူငယ်လေး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အလင်းတစ်ချက် ဖြတ်သန်းသွားခဲ့ကာ သူ၏ ဒုတိယဦးလေးအား မေးမြန်းလိုက်သည်။
“ဒုတိယဦးလေး ဘာလို့ ကျွန်တော်တို့ အဲ့ကောင်စုတ်လေးကို မသတ်ပစ်ရတာလဲ”
“အဲ့ဒီ ဝတ်ရုံနက် ဝတ်ထားတဲ့သူက သာမာန်လူ မဟုတ်ဘူး ငါ တောင်မှ သူရဲ့ ကျင့်ကြံမှု အဆင့်ကို သေချာ အကဲမခတ်နိုင်ဘူး ပြီးတော့ အဲ့ကလေးလေးကလည်း အရမ်း ထူးဆန်းလွန်းတယ် သူ့မှာ ကျင့်ကြံမှု မရှိပေမဲ့လည်း ဒီလို အစွမ်းအစမျိုး ရှိနေတယ် ဆိုတော့ သူကလည်း သာမာန် သူတောင်းစားလေး တစ်ယောက်တော့ မဟုတ်ဘူး”
သူ၏ အသံသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်၍ ပြောလိုက်သည်။
“ငါတို့ ဒီခရီးမှာ ဖြေရှင်းရမဲ့ ဒီဟာထက် ပိုအရေးကြီး ကိစ္စတွေ ရှိသေးတယ် ဒါကြောင့် မလိုအပ်ပဲ ပြသာနာ မရှာကြနဲ့ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ကြ နောက်ထပ် ပြန်မစနဲ့တော့”
“ဟုတ်ကဲ့”
သူတို့၏ စိတ်အတွင်း လက်မခံချင်ကြသည့်တိုင်အောင် သဘောတူရုံမှ လွဲလျှင် တခြားနည်းလမ်း မရှိပါချေ။ နောက်ဆုံးတွင် သူတို့၏ အဓိက တာဝန်နှင့် ယှဉ်လျှင် ထိုကလေး၏ ကိစ္စသည် အရေးမပါလှချေ။
သူမတို့၏ လက်ရှိ လုပ်ဆောင်ရမည့် တာဝန်၏ ရည်ရွယ်ချက်များအား ပြန်လည်၍ သတိရလိုက်သည့်နောက်တွင် သူမ၏ မကျေနပ်မှုများနှင့် ဒေါသများအား ပြန်လည် မြိုသိပ်လိုက်ကာ စိတ်လှုပ်ရှားနေသည့် အသံဖြင့် မေးမြန်းလိုက်သည်။
“ဒုတိယ ဦးလေး ဒီ ထောင်ခြောက်ကိုးသွယ် တော်အုပ်ထဲမှာ တကယ်ပဲ ဒဏ္ဍာရီလာ နတ်သားရဲတွေ တကယ်ပဲ မွေးဖွားလာတာလား”
“အင်း တခြားမိသားစုကြီးတွေလည်း ဒီသတင်းကို ကြားသွားပြီးလောက်ပြီ ဒီ ထောင်ခြောက်ကိုးသွယ် တောအုပ်ထဲကို လာကြလိမ့်မယ်လို့ ဦးလေး ယုံကြည်တယ် ဒါကြောင့် အခွင့်အရေး လက်မလွတ်အောင်လို့ ငါတို့ မြန်မြန် လှုပ်ရှားမှ ဖြစ်မယ် “
သက်လတ်ပိုင်း လူကြီးသည် ခေါင်းငြိမ့်လိုက်ကာ သူသည် ထောင်ခြောက်ကိုးသွယ် တောအုပ် အနက်ပိုင်းသို့ စိုက်ကြည့်လိုက်ကာ သူ၏ အကြည့်များတွင် ခိုင်မာပြတ်သားမှုများ ဖြင့် ပြည့်နှက်နေခဲ့သည်။ ဒုတိယဦးလေး၏ စကားအား ကြားချိန်တွင် လူငယ်လေးသည် ခဏတာ တွေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဟို လူနှစ်ယောက်ကလည်း ဒဏ္ဍာရီလာ နတ်သားရဲတွေကို လာရှာတာ ဖြစ်နိုင်လောက်လား သူတို့ တောနက်ထဲ ဝင်သွားတာ ကျွန်တော် မြင်လိုက်တယ် ကျွန်တော်တို့နဲ့ ရည်ရွယ်ချက် တူနေမှာလားလို့ စဉ်းစားမိလိုက်တာ”
သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများသည် ရုတ်တရက် ဆိုသလို ရက်စက်ကြမ်းကြုတ်စွာ အန္တရာယ်ရှိသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လာခဲ့ကာ သူ၏ အသံနက်နက်ကြီးဖြင့် လေးနက်စွာ ပြောဆိုလိုက်သည်။
“အကယ်လို့ အဲ့လိုသာ ငါတို့လိုချင်တာ တူနေတာသာ မှန်ရင် လမ်းမှာ တစ်ခြား အခွင့်ရေး တစ်ခုရှာပြီး သူတို့ကို သတ်ပစ်လိုက်ကြတာပေါ့”
ထိုသို့ ပြောရင်း သူသည် လူတစ်စုအား ဦးဆောင်လျှက် တောအုပ်၏ အနက်ပိုင်း အတွင်းသို့ ဝင်ရောက်သွားတော့သည်။
ရှေ့နားတွင်မူ ခပ်ဝေးဝေး ရောက်နေသည့် လင်းမိုဟန်၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားခဲ့ကာ သူ၏ နက်ရှိုင်းလှသည့် အကြည့်များသည်လည်း စူးရှအေးစက်လာခဲ့ကာ ပတ်ဝန်းကျင်အား သတိကြီးစွာ လှည့်ပတ် စောင့်ကြည့်နေခဲ့သည်။
ဖုန်းကျို့သည် လင်းမိုဟန် ရပ်တန့်သွားသည်အား မြင်သော် အခွင့်ကောင်းယူကာ သူမ ဝတ်ထားသည့် အပေါ်ဝတ်ရုံအား ချွတ်လိုက်ကာ အလျှင်အမြန်ပင် အထုပ် တစ်ထုပ်ဖြစ်သွားအောင် ဖြစ်ကတတ်ဆန်း လုံးထွေးလိုက်ကာ လမ်း တစ်လျှောက် သူမခူးယူလာသည့် ဆေးပင်များအား သူမ၏ ဝတ်ရုံထဲမှ ထုတ်ကာ ထိုအထုပ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမသည် ရွှေချောင်းများကိုလည်း ဆက်လက် ထုတ်ယူလိုက်ကာ ထိုအထုပ်အတွင်း ထိုးထည့် လိုက်ပြန်သည်။ နောက်ဆုံးတွင်မူ ထို အထုပ်အား သူမ၏ ကိုယ်ပေါ်တွင် လွယ်လျှက် တင်းတင်ကျပ်ကျပ် စည်းနှောင်လိုက်လေသည်။
မည်သို့ပင် ဖြစ်စေကာမူ သူမဝတ်ဆင်ထားသည်မှာ သူတောင်းစားကဲ့သို့ အဝတ်အစုတ်များဖြစ်နေည့် တိုင်အောင် အထပ်ထပ် ဝတ်ဆင်ထားသည့်အတွက် တစ်ထပ် နှစ်ထပ် ချွတ်လိုက်ရုံဖြင့် သိသာမှု မရှိချေ။
သို့သော် သူမသည် အထုပ်အား စည်းနှောင်ကာ ဦးခေါင်းမော့ကြည့်လိုက်ချိန်တွင် သူမ ရုတ်တရက် ထိတ်လန့်သွားမိလေသည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိသည့် သစ်ပင်များကြားတွင် မည်သည့် အကောင်ဟု အမျိုးအမည် မသတ်မှတ်နိုင်သည့် သွားစွယ် ထက်ထက်နှင့် ခန္ဓာကိုယ်များသည် နွားထီးများကဲ့သို့ ကြီးမားလှသည့် သားရဲကောင်ကြီးများသည် သတိကြီးစွာဖြင့် ထွက်ပေါ်လာခဲ့သည်အား သူမ မြင်လိုက်ရချိန်တွင် ဖုန်းကျို့သည့် မျက်လုံးလေး ကလည်ကလည်လုပ်ရင်းဖြင့် လင်းမိုဟန်အား မေးမြန်းလိုက်သည်။
“ဦးလေး ဒီအကောင်တွေက လူစားတတ်တာလားဟင်”