← Chapters

အခန်း ၃၇

Vol. 3 Ch. 37

အခန်း ၃၇

Vol. 3 Ch. 37

အခန်း - ၃၇

"ဒီဂျူနီယာက မုရုံယီရွှမ် ဖြစ်ပါတယ်"

သူ၏အသံသည် နူးညံ့ပြီး စကားပြော ဆိုရာတွင်လည်း အလောတကြီးမရှိဘဲ တည်ငြိမ်နေလေသည်။

"သြော် သူရိယတေဇနိုင်ငံက တတိယမင်းသားကိုး မင်းရဲ့ ဟန်ပန်အမူအရာက ဒီလောက်တောင် ထူးခြား ပြောင်မြောက်နေတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ"

လူလတ်ပိုင်း အမျိုးသားသည် ခေါင်းညိတ် လိုက်ပြီးနောက် သူ၏ဘေးနားရှိ အခြားလူ အနည်းငယ်အား ကြည့်ကာ ရယ်မောလျက် ပြောလိုက်လေသည်။

"မိတ်ဆွေတို့ အထွတ်အမြတ် သားရဲက အခုလေးတင်မှ ဆင်းသက် လာတာဆိုတော့ ထောင်ခြောက် ကိုးသွယ်တောအုပ် ထဲမှာပဲ ရှိနေလောက်သေးတယ်လို့ ကျွန်တော် ယုံကြည်တယ် ကဲ ဘယ်သူအရင် ရမလဲဆိုတာကို ကိုယ့်အားထုတ်မှု နဲ့ ကိုယ် ယှဉ်ပြိုင်ကြတာပေါ့"

၎င်းနောက် သူသည် ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကာ ပတ်ဝန်းကျင်အား ရှာဖွေရန် အတွက် သူ၏ ဓားပျံအား စီးနင်းလျှက် ထွက်ခွာ သွားလေတော့သည်။

အခြားသူများသည် ထိုလူ ထွက်ခွာသွားသည်အား မြင်သောအခါ နောက်ကျ ကျန်ရစ်မည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်အား ပိုက်စိတ်တိုက် ရှာဖွေရန် ချက်ချင်းဆိုသလို ထွက်ခွာသွားကြကုန်သည်။ မြေပြင်ပေါ်ရှိ လူများသည် ထိုအုပ်စု ထွက်ခွာသွားသည်ကို မြင်သောအခါ အားလုံးပင် သတိမထားမိလိုက်ဘဲ သက်ပြင်းချ လိုက်မိကုန်ကြတေ့ာသည်။

မသေမျိုး ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့် တစ်ပြိုင်နက်တည်း ပေါ်လာခြင်း ဖြစ်သည်။ ယခင်တွင် သူတို့ အားလုံးသည် ထိုမသေမျိုး ကျင့်ကြံသူများ အကြောင်းအား ကြားသာ ကြားဖူးခဲ့ကြခြင်း ဖြစ်ကာ တစ်ကြိမ် တစ်ခါမျှ တွေ့ဆုံခွင့် မရခဲ့ကြချေ။ ယနေ့ ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံလိုက်ရချိန်တွင် သူတို့၏ အသက်များ လွင့်စင်လုမတတ် ထိတ်လန့်သွားခဲ့ကြလေသည်။

သိမ်မွေ့ကာ ကျက်သရေရှိစွာဖြင့် ဓားပျံများအား စီးနင်း ထွက်ခွာသွားကြသော မသေမျိုး ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်အား ကြည့်ရင်း ဖုန်းချင်ကဲ၏ မျက်လုံးများတွင် လိုလား တောင့်တမှုများ ပြည့်နှက်နေခဲ့သည်။

သူမသည် ဘေးနားရှိ မုရုံယီရွှမ်ဘက်သို့ ခေါင်းလှည့်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်လေသည်။

"အစ်ကိုတော် မုရုံ ညီမတို့ အခွင့်အရေးရရင် မသေမျိုးဂိုဏ်း တစ်ခုခုမှာ ဝင်ရောက်ပြီး မသေမျိုးကျင့်စဉ်တွေကို အတူတူ သွားပြီး လေ့လာကြရအောင်နော်"

"ကောင်းပါပြီ"

မုရုံယီရွှမ်သည် နူးညံ့သော အသံဖြင့် တုံ့ပြန်လိုက်ကာ သူ၏ ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု သဲ့သဲ့လေး ပေါ်လာခဲ့သည်။ သူ သဘောတူ ခေါင်းညိတ်လိုက်သည်အား မြင်သောအခါ သူမ၏ ရင်ထဲတွင် ဝမ်းသာပီတိဖြစ်သွားခဲ့ပြီး ချွဲနွဲ့သောအသံဖြင့် မေးလိုက်သည်။

"အစ်ကိုတော် မုရုံ ညီမတို့ အထွတ်အမြတ်သားရဲကို ဆက်ရှာကြဦးမှာလား"

"ဟို မသေမျိုး ကျင့်ကြံသူတွေ ဒီမှာရှိနေသရွေ့ ကိုယ်တို့မှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး ကိုယ်တို့ ရှာတွေ့ခဲ့ရင်တောင် အဲဒီလူတွေဆီက အန္တရာယ်ကို ကိုယ့်ဘာသာ ဖိတ်ခေါ်သလိုပဲ ဖြစ်နေလိမ့်မယ်"

"ဒါဆို ညီမတို့ အခု ပြန်ကြတော့မလား"

ထိုစကားအား ကြားသောအခါ မုရုံယီရွှမ်သည် သူမကို မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်တော့သည်။

"ညီမ အရင်ပြန်နှင့်ပါ ကိုယ်ရံတော် ဖုန်း ကို ညီမကို လိုက်ပို့ပေးဖို့ ကိုယ် ပြောလိုက်မယ် ကိုယ်က ထောင်ခြောက် ကိုးသွယ်တောအုပ်ရဲ့ အနက်ရှိုင်းဆုံး နေရာက တောင်ကြားလမ်းဆီ သွားပြီး အဖိုးကြီးချင် အတွက် ရေတွင်းအသည်းနှလုံး နေရာက ရွှံ့နည်းနည်း သွားယူပေးရဦးမယ်"

"ညီမလည်း အစ်ကိုနဲ့ လိုက်ခဲ့မယ်လေ"

သူမသည် မုရုံယီရွှမ်၏ အင်္ကျီလက်စအား ဆုပ်ကိုင် လှုပ်ယမ်းလိုက်ပြီးနောက် တိုးညင်းသောအသံဖြင့် ပြောလိုက်လေသည်။

"အစ်ကိုတော် မုရုံ ညီမ အခုလောက် မြန်မြန် မပြန်ချင်သေးဘူး အစ်ကိုနဲ့ အတူတူ နေချင်သေးတယ်"

"ထောင်ခြောက် ကိုးသွယ် တောအုပ်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေက ဒီအနီးအနားက နေရာတွေနဲ့ မတူဘူး မီတာ တစ်ရာလောက် ပိုနက် သွားတာနဲ့အမျှ မတူညီတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ် အထူးသဖြင့် တောင်ကြားလမ်းက ရေတွင်းအသည်းနှလုံး နေရာဆိုရင် ပိုဆိုးတယ် အဲဒီနေရာကို စောင့်ရှောက်နေတဲ့ တတိယအဆင့် အဆင့်မြင့် သားရဲတွေ ရှိနေလို့ လူသွားလူလာ အရမ်းနည်းတယ်လို့ ကြားဖူးတယ် လိမ္မာပါတယ် အိမ်ကို အရင်ပြန်နှင့်နော် ကိုယ် ပြန်ရောက်ရင် ညီမဆီ လာခဲ့မယ်"

မုရုံယီရွှမ်၏ စကားအား ကြားသောအခါ ဖုန်းချင်ကဲသည် သူ့အား လိုက်ပါ ခွင့်ပြုမည် မဟုတ်ကြောင်း သိလိုက်သဖြင့် ခေါင်းညိတ်ကာ ပြောလိုက်ရတော့သည်။

"ဟုတ်ကဲ့ပါ ညီမ အိမ်ကို အရင်ပြန်နှင့်မယ် အစ်ကို ပြန်ရောက်ရင် ညီမဆီ လာဖို့ မမေ့နဲ့နော်"

"ကိုယ် လာခဲ့ပါ့မယ်"

သူသည် အနည်းငယ် ပြုံးလိုက်ပြီးနောက် သူမအား တစ်ချက် ထပ်ကြည့် လိုက်ပြီးကာ သူနှင့်အတူ ခေါ်လာသော အဖွဲ့ထဲမှ လူဆယ်ယောက်အား ရွေးချယ်ကာ ညွှန်ကြားလ ိုက်လေတော့သည်။

"မင်းတို့အားလုံး သခင်မလေး ဖုန်းချင်ကဲကို သူမရဲ့ စံအိမ်ကို ဘေးကင်းအောင် လိုက်ပို့ပေးကြ လမ်းမှာ တစ်ခုခု မှားယွင်းသွားခဲ့ရင် မင်းတို့အားလုံးကို ငါ တာဝန်ယူခိုင်းမယ်"

"ဟုတ်ကဲ့ပါ"

လူဆယ်ယောက်သည် ရိုသေ လေးစားစွာ ပြန်ဖြေလိုက်ကြပြီး ကိုယ်ရံတော် ဖုန်း၏ နောက်တွင် သွားရပ်လိုက်ကြလေသည်။ ထိုစကားများအား ကြားပြီးနောက် ဖုန်းချင်ကဲသည် ရင်ထဲတွင် ကြည်နူးသွားသကဲ့သို့ ခံစားလိုက်ရကာ မုရုံယီရွှမ်အား တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နှုတ်ဆက် စကား ပြောလျှက် ကိုယ်ရံတော် ဖုန်းနှင့် သူ၏လူများမှ သူမအား အိမ်သို့ လိုက်ပို့ ခွင့်ပြုလိုက် လေတော့သည်။

ဖုန်းချင်ကဲ အတော်ဝေးဝေးသို့ ရောက်သွားသည်အား မြင်ပြီးမှသာလျှက် မုရုံယီရွှမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် မှေးမှိန်သွားခဲ့ကာ သူ၏ နက်ရှိုင်း တည်ငြိမ်သော အကြည့်များသည် အဝေးမှ ပုံရိပ်များအား စိုက်ကြည့်နေခဲ့သည်။ ၎င်းနောက် သူသည် မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက် ပြီးနောက် သူ၏ မျက်လုံးများထဲရှိ နက်ရှိုင်းသော အတွေးများနှင့် တောက်ပမှုများအား ဖုံးကွယ်ထား လိုက်တော့သည်။

အခြားတစ်ဖက်တွင်မူ သူမနောက်ဘက်မှ ဆူညံသံများအား ကြားလိုက်ရသောအခါ ဖုန်းကျိုသည် အားကုန် ခုန်ချလိုက်ပြီးနောက် ကုန်းဆင်းအတိုင်း လိမ့်ဆင်းသွားခဲ့တော့သည်။ ထို့နောက် အလျင်အမြန် ပြန်ထလိုက်ပြီးနောက် လက်တစ်ဖက်မှ ရွှေရောင်ဥကြီးအား ပွေ့ပိုက်ထားလျက် ကျောအား ရွှံ့နံရံနှင့် ကပ်ထားလိုက်ကာ အခြားသူများ မတွေ့သွားစေရန် ရှေ့ရှိ ပေါင်းပင်များ နောက်တွင် အစွမ်းကုန် ပုန်းကွယ်နေလိုက်တော့သည်။

နှလုံးခုန်သံ အနည်းငယ်စာမျှ အချိန်ကြာ ပြီးနောက် မသေမျိုး ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်ယံမှ ပျံသန်းရေး မှော်ရတနာတစ်ခုအား စီးနင်းကာ ရုတ်တရက် ဖြတ်ပျံသွားခဲ့လေသည်။ သူ၏မျက်လုံးများသည် အောက်ဘက် တောအုပ် အတွင်း၌ မသင်္ကာစရာ လူရိပ်လူယောင် သို့မဟုတ် လှုပ်ရှားမှုများ ရှိမရှိ စူးစမ်းရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ဖုန်းကျိုသည် နံရံအား ကျောဖြင့် တင်းကျပ်စွာ ကပ်ထားပြီး အသက်အောင့်ထားလိုက်ကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲပါချေ။ ကောင်းကင်မှ ပျံသန်းသွားသော လူရိပ်သည် တဖြည်းဖြည်း ဝေးကွာသွားကာ ပျောက်ကွယ်သွားမှသာလျှင် သူမ သက်ပြင်းချနိုင်လေတော့သည်။

"ဟူး သီသီလေးလွတ်သွားတာ ဒီဥက ငါ့ကို တကယ် ဒုက္ခပေးတာပဲ"

သူမသည် ရွှေရောင်ဥကြီးအား စိုက်ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်မိကာ ဤဥကို မည်သို့ ဖြေရှင်းရမည်နည်းဟု တွေးတောနေမိတော့သည်။

All Chapters