← Chapters

အခန်း ၃၈

Vol. 3 Ch. 38

အခန်း ၃၈

Vol. 3 Ch. 38

အခန်း - ၃၈

သူမသည် လက်လှမ်း၍ ဥအား ခေါက်ကြည့် လိုက်လေရာ သူမ ခေါက်လိုက်သည့် တိုးညင်းသော အသံမှလွဲ၍ အခြား မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။

ဥအား ဖုံးကွယ်ထားနိုင်မည် မဟုတ်ဘဲ တစ်စုံတစ်ယောက် နှင့် တွေ့ဆုံလိုက်သည်နှင့် သူမအား သေချာပေါက် ရှာတွေ့သွားမည်ဟု သူမ စိတ်ထဲတွင် တွေးတောနေမိလေသည်။ လေထဲတွင် ပျံသန်းနေသော ထိုလူများသည် ဤဥအား ရှာဖွေနေကြဆဲဖြစ်ကာ အလွယ်တကူ ထွက်ခွာသွားမည့်ပုံ မပေါ်ချေ။

အကယ်၍ သူမသည် ဤဥအား သယ်ဆောင်ပြီး ကွမ်ရှီးလင်အား သွားရှာမည်ဆိုလျှင် ထိုနေရာသို့ ဘေးကင်းစွာ ရောက်ရှိနိုင်မည် မရောက်ရှိနိုင်မည် ဆိုသည်အား မစဉ်းစားနှင့်အုန်းတော့ သူမသည် ထိုသူ နှင့်အတူရှိနေပါက သူ့ကိုပါ ပြောပြ၍ မရနိုင်သော အန္တရာယ်များဆီသို့ ဆွဲသွင်းသလို ဖြစ်သွားပေလိမ့်မည်။

"ဘယ်လိုလုပ်ရမလဲ ဒီဒုက္ခပေးမယ့် ဟာကြီးနဲ့တော့ ခက်ပြီ"

စာချုပ် ချုပ်ဆိုရမည့် နည်းလမ်းအား စိတ်ထဲမှ ပြန်လည် စဉ်းစားမိလိုက်ချိန်တွင် သူမ၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။ ထို့နောက် သူမ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် လက်ချောင်းအား ကိုက်ဖောက်၍ ဥခွံပေါ်သို့ သွေးတစ်စက် ချလိုက်တော့သည်။ သို့သော် မည်သို့ကြောင့်မှန်း မသိပါချေ။ ထိုသွေးစက်သည် ဥခွံထဲသို့ စိမ့်ဝင်မသွားဘဲ ဘေးဘက်သို့ လိမ့်ဆင်းသွားလေသည်။ သူမသည် ဥအား စူးစိုက်ကြည့်လျှက် ရေရွတ် လိုက်မိသည်။

"သားရဲတွေ မမွေးဖွားလာခင်မှာ သွေးတစ်စက် ချလိုက်ရင် ကိုယ်နဲ့ စာချုပ် ချုပ်ဆိုနိုင်တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား အဲဒါက လိမ်ဆင်ကြီးလား"

သူမသည် လက်မလျှော့သေးဘဲ နောက်ထပ် သွေးနှစ်စက်အား ညှစ်ချလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိသေးချေ။ နောက်ဆုံးတွင် သူမ လက်လျှော့လိုက်ရုံမှ လွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

"ဟင် အဲဒါ ဘာအသံလဲ"

သူမသည် နားစွင့်လျှက် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်လေရာ တိုးညင်းသော ဆူညံသံသည် မြေကြီး အောက်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း နောက်ဆုံး၌ တွေ့ရှိသွားတော့သည်။

ထင်ထားသည့်အတိုင်းပင် မြေပြင်အား ငုံ့ကြည့်လိုက်သောအခါ မြေအောက်မှ တစ်စုံတစ်ရာသည် ထိုးဖောက်လာသည့် အလား မြေကြီးများ ပင့်တက် လာသော နေရာတစ်ခုအား တွေ့လိုက်ရလေသည်။

"မြေကြွက်လား မဖြစ်နိုင်တာ ဒီလောက်ကြီးတဲ့ မြေကြွက်မှ မရှိတာ"

သူမသည် ရွှေရောင်ဥကြီးအား ရင်ဘတ် ရှိ အင်္ကျီထဲသို့ ထိုးထည့်လိုက်ပြီးနောက် တုန်ခါနေသော မြေပြင် ပေါ်မှ ခုန်ထွက်မည် အပြုတွင် သူမ၏ ခေါင်းပြူ ထွက်လာချိန်၌ မလှမ်းမကမ်းမှ သူမရှိရာသို့ ဓားပျံစီးကာ လာနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးအား ချက်ချင်း မြင်လိုက်ရသဖြင့် အလိုအလျောက် နောက်ဆုတ်လိုက်မိသည်။ သို့သော် ထိုနောက်သို့ ဆုတ်လိုက်သော ခြေတစ်လှမ်းသည် ဖောင်းပွနေသော မြေကြီးပေါ်သို့ နင်းမိသွားပြီးနောက် သူမ တစ်ကိုယ်လုံး ဟန်ချက်ပျက်ကာ မြေကြီးအောက်ရှိ တွင်းထဲသို့ ကျွံကျသွားတော့သည်။

"အားးးး"

သူမသည် လန့်ဖြန့်ကာ အော်ဟစ်လိုက်ပြီးနောက် အရာအားလုံးသည် ရုတ်တရက် အမှောင်ကျ သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် မတ်စောက်သော လျှောစောက် အတိုင်း လိမ့်ဆင်းသွားခဲ့ကာ ဖြစ်ပျက်သွားသမျှသည် အလွန်လျှင်မြန် လွန်းလှသောကြောင့် သူမ မည်သို့မျှ တုန့်ပြန်ချိန် မရလိုက်ပါချေ။

ထိုအချိန် အပေါ်ဘက်တွင်မူ ဖုန်းကျို လိမ့်ဆင်းသွား ပြီးနောက် မြေကြွက် နှစ်ကောင်သည် မြေကြီးထဲမှ ခေါင်းပြူ ထွက်လာကြကာ ဘယ်ညာအား ဝေ့ကြည့်ကာ စူးရှသော အသံများဖြင့် အကြိမ်အနည်းငယ် အော်မြည်လိုက်ကြသည်။ မကြာမီတွင် ၎င်းတို့သည် မြေပြင်၌ ပွင့်နေသော တွင်းပေါက်အား ဖုံးအုပ်ရန်အတွက် တစ်ဖန်ပြန်၍ မြေတူးကြလေတော့သည်။

ဓားပျံအား စီးနင်းလျက် အသံထွက် ပေါ်လာရာ နေရာသို့ ရှာဖွေရန် လာနေသော လူလတ်ပိုင်း အမျိုးသားသည် ပတ်ဝန်းကျင်အနှံ့ ကြည့်ရှု လိုက်သော်လည်း မည်သည့်လူ မည်သည့် အငွေ့အသက်ကိုမျှ မခံစားမိသဖြင့် သူ၏ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုးသွားခဲ့လေသည်။

"ငါ နားကြား မှားသွားတာလား"

သူသည် သူ၏ အသိစိတ်အာရုံအား ဖြန့်ကျက်ကာ ထိုနယ်မြေ တစ်ခုလုံးအား အကြိမ်အနည်းငယ် ဖြန့်ကြက် ရှာဖွေကြည့် လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရသောအခါ နောက်ဆုံးတွင် ဓားပျံ စီးလျက် ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။

"အားးးး"

မြေအောက်တွင်မူ ဖုန်းကျို၏ ထိတ်လန့်တကြား အော်ဟစ်သံသည် ဥမင်လိုဏ်ခေါင်းထဲတွင် ပဲ့တင် ထပ်နေပြီး သူမ၏ ခန္ဓာကိုယ်သည် ဆက်လက် လိမ့်ဆင်းနေဆဲ ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး အမှောင် အတိကျနေပြီး မည်သည့်အရာကိုမျှ သူမ မမြင်ရချေ။ လိုဏ်ခေါင်းသည် ဘယ်ညာ ကွေ့ကောက်နေသည်ကိုသာ သူမ သိနေခဲ့ကာ အောက်ခြေအထိ လိမ့်ဆင်းသွားတော့သည်။ တားဆီး၍ မရအောင် လိမ့်ဆင်းနေစဉ် လမ်းခုလတ်၌ သူမ၏ ခြေထောက်သည် အသားစိုင်ကဲ့သို့ အရာ တစ်ခုနှင့် ဆောင့်ကန် မိသွားသလို ခံစားလိုက်ရကာ စူးရှစွာ အော်မြည်သံ တစ်ခု နှင့်အတူ ထိုပျော့အိအိ နူးညံ့သော အသားလုံးကြီးသည်လည်း သူမနှင့်အတူ လိမ့်ဆင်းသွားတော့သည်။

"ဘန်းး"

"အ့ အားး"

အရူးအမူး လျှောကျလာသော အရှိန်ကြောင့် သူမ၏ ခန္ဓာကိုယ်သည် ရှေ့သို့ မှောက်လျက် ကျသွားခဲ့ကာ နာကျင်စွာ အော်ဟစ် ငြီးတွား လိုက်မိတော့သည်။ သို့သော် သူမသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခြင်း မဟုတ်ပေ။ သူမသည် လျှောစောက် အတိုင်း လိမ့်ဆင်းလာစဉ် သူမ၏ ရှေ့တွင်ရှိနေသော ထိုပျော့အိအိ နူးညံ့သော အသားလုံးကြီးပေါ်သို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။

"အ့ အ့ တကယ် နာတာပဲ"

ထိုမျှပြင်းထန်သော အရှိန်ဖြင့် လျှောကျ လာခဲ့သောကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင် နာကျင်နေပြီး ကိုယ်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများမှာ တွေးကြည့်၍ပင် မရနိုင်ချေ။ သို့တိုင်အောင် မှေးမှိန်သော အမှောင်ထုထဲတွင် မွဲခြောက်ခြောက် အစိမ်းရောင် တောက်ပလျက် သူမအား ဝိုင်းဝန်း စူးစိုက် ကြည့်နေကြသော မရေမတွက်နိုင်သည့် မျက်လုံးအစုံတို့အား မြင်လိုက်ရသောအခါ သူမ အမြန် ခုန်ထလိုက်မိတော့သည်။

"ကျွိ ကျွိ"

"ကျွိ ကျွိ ကျွိ ကျွိ"

[ကြွက်တွေလား]

သူမသည် ကြက်သီးမွေးညင်းများ ထသွားတေ့ာသည်။ အသံများအား နားထောင် ကြည့်ရသည်မှာ ကြွက်များနှင့် တူလှပေသည်။ သို့သော် အမှောင်ထုထဲတွင် ၎င်းတို့၏ ပုံသဏ္ဍာန်သည် သာမန် ကိုက်ဖြတ် တတ်သည့် ကြွက် အမျိုးအစားနှင့် မတူကြောင်းကို သူမ ဝေဝါးစွာ မြင်တွေ့နိုင်ပြီး ထိုအချိန်၌ ၎င်းတို့သည် သူမအား ဆက်လက် ဝန်းရံလာနေဆဲ ဖြစ်သည်။

သူမ ရောက်နေသော တွင်းကြီးသည် လူတစ်ယောက် ဝင်ဆံ့နိုင်လောက်အောင် ကြီးမားနေကြောင်းအား သတိပြုမိသွား သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများသည် ရှေ့ရှိ ကြွက်ကဲ့သို့ အကောင်များ အားလုံးကို မြင်လိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားတော့သည်။

"မြေကြွက်တွေပဲ"

သူမသည် ရင်ဘတ်ရှိ အင်္ကျီထဲမှ ရွှေရောင်ဥကြီး မပျက်စီး မကွဲအက် သွားစေရန် အတွက် လက်တစ်ဖက်ဖြင့် စမ်းသပ် ကြည့်လိုက်ပြီး အခြားလက်တစ်ဖက်ကိုမူ ပေါင်ပေါ်သို့ နှိမ့်ချကာ ပေါင်ဘေးတွင် ချည်နှောင်ထားသော ဓားမြှောင်အား ဆုပ်ကိုင်လိုက်တော့သည်။

All Chapters