← Chapters

အခန်း ၄၁

Vol. 3 Ch. 41

အခန်း ၄၁

Vol. 3 Ch. 41

အခန်း (၄၁)

ဉခွံကြီး အက်ကွဲ ပွင့်ဟသွား ပြီးနောက် ထွက်ပေါ်လာခဲ့သည်မှာ ငှက်မီးလျှံလေး တစ်ကောင် မဟုတ်ခဲ့ပေ။ ထိုအစား ခြေလက် လေးဖက်စလုံးအား ဆန့်တန်းထားကာ ဝတ်လစ်စလစ် ဖင်လုံးလုံးလေးအား ထောင်လျက် မြေပြင်ပေါ်တွင် မှောက်ခုံကြီး ပြူးပြဲ မှောက်နေလျှက် ရှိသော ကလေးငယ်လေး တစ်ယောက် ဖြစ်နေခဲ့သည်။

သူ၏ ကိုယ်လုံးလေး တစ်ဝိုက်တွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရောယှက်နေသည့် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းလေးများ ရစ်ဝဲနေလျှက် ရှိကာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

သူသည် ယခုမှ အိပ်ရာနိုးလာသကဲ့သို့ ခေါင်းအား အနည်းငယ် မော့ကြည့် လာပြီးနောက် ရေကြည် တစ်ပေါက်ပမာ ကြည်လင်နေသော မျက်လုံးလေးများအား ဖွင့်လိုက်တော့သည်။ ထို့နောက် သူ နှင့်အလားတူ ဝတ်လစ်စလစ် ဖြစ်နေသော ဖုန်းကျိုအား နားမလည်နိုင်သော ကြောင်တောင်တောင် ဖြစ်နေသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

အတန်ကြာမှသာ ထိုကလေးငယ်ထံမှ တုံ့ပြန်မှု တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ နက်မှောင်နေသော မျက်လုံးအစုံသည် စူးစိုက်ကြည့်နေစဉ် ထိုမျက်လုံးများ အတွင်း၌ ရဲရဲတောက် မီးတောက်မီးလျှံများ တောက်လောင် လာခဲ့သည်။ ထို့နောက် သူသည် ရုတ်တရက် ဝုန်းကနဲ ခုန်ထလိုက်ကာ ဖောင်းအိနေသော ခါးလေးအား လက်တစ်ဖက်ဖြင့် ထောက်လိုက်လေသည်။

အခြား လက်တိုတို တုတ်တုတ်လေး တစ်ဖက်ဖြင့်မူ မြေပြင်ပေါ်ရှိ ဖုန်းကျိုအား လက်ညှိုးငေါက်ငေါက် ထိုးထားလျှက် အလေးအနက် မထားနိုင်လောက်အောင် ဒေါသများ ပြည့်နှက်နေသည့် ကလေးသံလေး ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"မင်း မိန်းမ ငါက ရှေးဟောင်း သန့်စင်တဲ့ မီးဖီးနစ် ကွ မင်း မင်း မင်းကများ ငါ့ရဲ့ နတ်ဘုရားအသွင်ကို လမ်းတောင် ဖြောင့်အောင် မလျှောက်နိုင်တဲ့ သောက်တလွဲ လူသား ကလေးပေါက်စလေး အဖြစ် စိတ်ကူး ယဉ်ရဲတယ်ပေါ့လေ"

[သူ အရွယ် ရောက်လာချိန်တွင် လူသား အသွင်သို့ ပြောင်းလဲနိုင်မည် ဖြစ်သော်လည်း ဥခွံထဲမှ ဖောက်ထွက် လာပြီးပြီးချင်း ချက်ချင်းပင် လူသား ကလေး ပေါက်စ တစ်ယောက် အဖြစ် တန်း၍ ပြောင်းသွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ချေ သူက မီးဖီးနစ်လေးကွ မီးဖီးနစ်လေး]

စာချုပ်၏ သဘော သဘာဝအရ စာချုပ် ပိုင်ရှင် ဖြစ်သူ၏ စိတ်ကူးပုံဖော်မှုသည် သူ မွေးဖွားလာချိန်တွင် သားရဲ အသွင် ဖြစ်မည်လား လူသားအသွင် ဖြစ်မည်လား ဆိုသည့်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေခဲ့သည်။ သို့သော် အကယ်၍ သူသာ လူသား အသွင်ဖြင့် မွေးဖွားလာခဲ့လျှင် သူ၏ မူလ မီးဖီးနစ်အသွင်သို့ ပြောင်းလဲနိုင်ရန် အတွက် အပြည့်အဝ အရွယ်ရောက်လာမည့် အချိန်အထိ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

[သူ အရွယ်ရောက်လာဖို့ အချိန်ဘယ်လောက်တောင် ကြာဦးမလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ် ပြီးတော့ သူ ကြီးပြင်း မလာခင် အချိန်အထိ ဒီ နှာရည်ယိုနေတဲ့ နှပ်ချီးတွဲလောင်း လူသားကလေး ပေါက်စ အသွင်နဲ့ တစ်ချိန်လုံး လျှောက်သွား နေရတော့မှာလား]

သူ တွေးမိလေလေ ဒေါသထွက် လေလေ ဖြစ်ကာ ပို၍ စိတ်ဓာတ် ကျလာရတော့သည်။ သူ ငိုချင်လာသော်လည်း ထိုမိန်းမအား အသိမခံချင်ပေ။ ထို့ကြောင့် သူ တတ်နိုင်သမျှမှာ ဤ အဖြစ်အပျက်များ အားလုံး၏ တရားခံအား စူးစူးရဲရဲ စိုက်ကြည့်နေရန်သာ ရှိတော့သည်။

ဖုန်းကျိုမှာမူ အံ့သြမှင်သက်စွာဖြင့် စကားပင်မဆိုနိုင်အောင် ဆွံ့အလျက်ရှိတော့သည်။

[ဒီဉကြီးထဲကနေ ကလေး တစ်ယောက် တကယ်ကြီး ပေါက်လာခဲ့တာလား]

[တကယ်ပါပဲ သူမ ထိုဥကြီးအား ကောက်ကိုင် လိုက်ချိန်တွင် မီးဖီးနစ်လေး ပေါက်လာလျှင် မည်သို့ပုံစံမျိုး ရှိမည်နည်းဟု တစ်ခါလေးသာ စိတ်ကူးယဉ်ဖူးခြင်း ဖြစ်ပေသည်။ ခဏတာမျှ ချစ်စရာ ကောင်းပြီး ဖောင်းအိနေသော ကလေးလေး တစ်ယောက်အား သူမ မသိစိတ်မှ တွေးလိုက်မိရုံသာ ရှိသေးသည်]

တုံးအအ ကလေးပေါက်စလေးမှာ အသားစိုင်လေးများ ဖောင်းအိနေလျှက် ရှိသော ခါးပေါ်တွင် လက်တစ်ဖက်အား တင်ထားကာ အခြားလက်တစ်ဖက်မှာမူ သူမအား ဒေါသတကြီး လက်ညှိုးထိုးရင်း ရပ်နေသည်ကိုသာ သူမ မြင်တွေ့နေရလေသည်။

ထို့ပြင် သူ၏ ဝတ်လစ်စလစ် ကိုယ်လုံးလေးအားလည်း အပြည့်အဝ ဖော်ပြထားလျှက် ရှိကာ ဆင်နှာမောင်း ပေါက်စလေး မှာလည်း သူမရှေ့တွင် တရမ်းရမ်း ဖြစ်နေလေသည်။ ရုတ်တရက် သူမ၏ လက်များ ယားယံ လာသဖြင့် လက်ညှိုးနှင့် လက်မအား ကွေးလိုက် ပြီးနောက် ထိုဆင်နှာမောင်း ပေါက်စလေးအား 'တောက်' ကနဲ ခေါက်လိုက်တော့သည်။

"အား မင်း မင်း ဘာလုပ်တာလဲ"

ထိုအခါမှ မာနကြီးလှသော မီးဖီးနစ်ပေါက်စလေးမှာ သူကိုယ်တိုင် ဝတ်လစ်စလစ် ဖြစ်နေသည်အား သတိထားမိ သွားလေတော့သည်။ သူ၏ အောက်ပိုင်းအား ရုတ်တရက် အစခံလိုက်ရချိန်တွင် ထိတ်လန့် သွားမှုကြောင့် အရှက်ရခြင်းနှင့် ဒေါသထွက်ခြင်း နှစ်မျိုးစလုံးအား ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် နောက်သို့ ခြေလှမ်း အနည်းငယ် အမြန် ဆုတ်လိုက်ပြီး နောက် သူ၏ တိုတုတ်သော လက်လေးများဖြင့် အလျှင်အမြန် ဖုံးကွယ် ထားလိုက်လေသည်။

"မင်း မင်း အရှက်မရှိတဲ့ မိန်းမ"

သူသည် အရှက်တကွဲဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေရာ သူ၏ မျက်နှာလေးမှာ နီမြန်းသွားခဲ့လေသည်။ သို့သော် သူ၏ ကလေးသံလေးမှာ သူ ရည်ရွယ်ထားသော ဒေါသ၏ ပြင်းထန်မှုအား အမှန်တကယ် ပေါ်လွင်စေခြင်း မရှိချေ။

ထိုအချိန်မှသာ ထိုမိန်းမ ကိုယ်တိုင်မှာလည်း အဝတ်အစား မဲ့နေသည်အား သူ သတိထားမိ သွားပုံရလေသည်။ ချက်ချင်းပင် သူ၏ အရှက်အား ကာကွယ်ထားသော လက်နှစ်ဖက်ထဲမှ တစ်ဖက်အား လွှတ်လိုက်ပြီးနောက် သူ၏ မျက်လုံးများအား ကွယ်ထားလိုက်ကာ တစ်ဖက်သို့ လှည့်သွားတော့သည်။

"မင်း အဝတ်အစားတွေ ဝတ်မထားဘူးပဲ"

ဤတစ်ကြိမ်တွင်မူ သူ၏ နားရွက်လေးများပင် မျက်နှာ နည်းတူ နီရဲလာခဲ့လေသည်။ ဖုန်းကျိုသည် အလွန်အမင်း အပိုလုပ်ကာ တုံ့ပြန်နေသော ကောင်လေးပေါက်စနအား လှမ်းကြည့် လိုက်ပြီးနောက် သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဆက်လက် စနောက်လိုက်လေသည်။

"မင်းရဲ့ ဖင်လုံးလုံးလေးတွေကို အနောက်ကနေ ငါ မြင်နေရတယ်နော်"

"အား မင်းက တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ အရှက်မရှိဘူး အရှက်မရှိဘူး"

သူသည် လုံးဝကို အကူအညီမဲ့ နေသကဲ့သို့ ခံစားနေရသော်လည်း ကျိန်ဆဲရန် အခြားစကားလုံးများအားလည်း မသိချေ။ ထို့ကြောင့် သူလုပ်နိုင်သမျှမှာ 'အရှက်မရှိဘူး' ဆိုသည့် စကားလုံးကိုသာ ထပ်တလဲလဲ ရေရွတ်နေရန်သာ ရှိလေတော့သည်။

ဖုန်းကျို တစ်ယောက် အသည်းယားလာခဲ့ကာ အသံထွက်သည် အထိ ရယ်မောလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ ငုံ့ကြည့်လိုက်လေရာ သူမခန္ဓာကိုယ် အနှံ့အပြားရှိ ဒဏ်ရာများ အားလုံး အပြည့်အဝ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့သည်။

သူမ၏ နက်ရှိုင်းသော မျက်လုံးများတွင် မေးခွန်းထုတ်လိုသည့် အရိပ်အယောင်များ လင်းလက်သွား ပြီးနောက် သူမ၏ အကြည့်အား အနည်းငယ် ပြောင်းလျှက် သူ၏ ဖင်လုံးလုံးလေးများအား ဖုံးကွယ်ရန် လက်အနေအထား ပြောင်းသွားသော မီးဖီးနစ်လေးအား စဉ်းစားဟန်ဖြင့် ကြည့်လိုက်မိသည်။

[ဒီကောင်လေးကြောင့်များလား]

သူမသည် သိုလှောင်အိတ် ထဲမှ အဝတ်စတချို့အား ထုတ်ယူကာ သူမ၏ ရင်ဘတ် တစ်ဝိုက်တွင် လုံခြုံစွာ စည်းနှောင် လိုက်ပြီးနောက် အမျိုးသားဝတ်စုံ တစ်စုံအား ဆွဲထုတ်၍ ဝတ်ဆင်လိုက်တော့သည်။

ခါးပတ်ပတ်ပြီးနောက် သူမသည် လက်တစ်ဖက်အား ပုခက်သဖွယ် ကွေးတန်းလိုက်ပြီးနောက် ဝတ်လစ်စလစ် ကောင်လေးအား ကောက်ချီလိုက်တော့သည်။

"အား ဘာ ဒီမိန်းမ ဘာလုပ်မလို့ စဉ်းစားနေတာလဲ"

ရုတ်တရက် အချီခံလိုက်ရသဖြင့် သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိကာ သူ၏ လက်နှစ်ဖက်စလုံးဖြင့် အောက်ပိုင်းအား ဖုံးကွယ်ထားလျှက် ထိုမိန်းမအား သတိကြီးစွာဖြင့် စိုက်ကြည့်နေတော့သည်။

All Chapters