← Chapters

အခန်း ၄၅

Vol. 3 Ch. 45

အခန်း ၄၅

Vol. 3 Ch. 45

အခန်း (၄၅)

တောင်းဆိုချက်များအား နားထောင် ပြီးနောက် အလွန်အကျွံ ဖြစ်နေသည်ဟု မခံစားရသဖြင့် ဖုန်းကျို့မှ ခေါင်းညိတ်လိုက်ကာ ကျယ်ပြန့်သော အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။

"ကျွန်မက စီနီယာ့ကို ဆရာအဖြစ် အသိအမှတ် ပြုရမှာဆိုတော့ စီနီယာက ကျွန်မရဲ့ မရီဒန်တွေထဲက ဆန်းကြယ် စွမ်းအားနဲ့ ဝိညာဉ်လမ်းကြောင်းတွေကို ဖွင့်ပေးရုံလေးပဲလား"

[အကယ်၍ ထိတွေ့ ကိုင်တွယ်နိုင်တဲ့ အကျိုးအမြတ်တွေ မရှိဘူးဆိုရင် ဒီလိုမျိုး ဆရာအဖြစ် အသိအမှတ်ပြုရတာက သူမအတွက် အရမ်းကို နစ်နာလွန်းတယ်]

"ဟား ဟား ဟား အဲ့ဒါအကုန်တော့ ဘယ်ဟုတ်မလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားမှ အသံဩဩကြီးဖြင့် အားပါးတရ ရယ်မောလျှက် ဖုန်းကျိုအား စိုက်ကြည့်နေသော သူ၏အကြည့်များမှာ ထိုကောင်မလေး အပေါ် ပို၍ အထင်ကြီး လေးစားလာပုံ ပေါ်လာခဲ့သည်။

ထိုစကားများအား ကြားပြီးနောက် ဖုန်းကျိုသည် စကားများများစားစား ဆက်မပြောတော့ဘဲ ဒူးထောက် ချလိုက်ကာ ဆရာအဖြစ် အသိအမှတ်ပြုသည့် အနေဖြင့် အရိုအသေပေးလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မရဲ့ ရိုသေ လေးစားရပါသော ဆရာ တပည့် ဖုန်းကျိုရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ"

ထိုစကားများ ပြောဆို အပြီးတွင် သူမမှ ရိုသေလေးစားစွာဖြင့် ဦးချလိုက်လေရာ သူမ၏ နဖူးမှာ မြေပြင်နှင့် 'ဒုတ်' ကနဲ ထိသွားလေတော့သည်။

"ကောင်းတယ် ကောင်းတယ် ကောင်းတယ် ငါ ချူပါးထျန်းရဲ့ အမွေကို ဆက်ခံမယ့် တပည့် တစ်ယောက် နောက်ဆုံးတော့ ရခဲ့ပြီ ဟား ဟား ဟား ဟား"

သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံထွက် ရယ်မော လိုက်ပြီးနောက် ပြောလိုက်သည်။

"ကောင်မလေး ငါ့အရိုးစုရဲ့ ဘယ်ဘက်က တတိယမြောက် အုတ်ခဲကို ဖယ်လိုက်ပါ အဲ့ဒီအနောက်မှာ မင်းရဲ့ဆရာက မင်းကို လက်ဆောင် ပေးချင်တဲ့ အရာတစ်ခုကို တွေ့လိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ဖုန်းကျိုမှ သဘောတူလိုက်ပြီး ပြောသည့် အတိုင်း တတိယမြောက် အုတ်ခဲအား သွားခေါက် ကြည့်လိုက်လေသည်။ အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ အသံမြည်နေသည်အား တွေ့ရသဖြင့် သူမသည် ဓားမြှောင်အား ထုတ်လျှက် အုတ်ခဲအား ကလော် ထုတ်လိုက်လေရာ အနောက်ဘက်တွင် သစ်သား သေတ္တာငယ်လေး တစ်ခုအား တွေ့ရှိလိုက်ရသဖြင့် သူမမှ အလျင်အမြန်ပင် ထုတ်ယူ လိုက်လေတော့သည်။

"ဆရာ ဘာဖြစ်လို့ ဖွင့်လို့မရတာလဲ"

သစ်သား သေတ္တာငယ်လေးမှာ သော့ခတ် ထားပုံ မရသော်လည်း သူမက လုံးဝ ဖွင့်၍မရချေ။

"အဲ့ဒါက မင်းရဲ့ဆရာ ဖြစ်တဲ့ ငါကိုယ်တိုင် ချိပ်ပိတ် ထားခဲ့တာ သာမန်လူတွေက ဖွင့်လို့မရဘူး"

ဟု ချူပါးထျန်းမှ ရယ်မောရင်း ပြောလိုက်လျှက် သူ၏ လက်အား ဝှေ့ယမ်းလိုက်လေရာ သေတ္တာပေါ်တွင် အလင်းတန်း တစ်ခု ပြေးလွှားသွားခဲ့လေသည်။

"ကဲ အခု သေတ္တာထဲက ပစ္စည်းကို ထုတ်ယူလိုက်တော့"

ဖုန်းကျိုမှ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် သေတ္တာအား နောက်တစ်ကြိမ် ဖွင့်ကြည့်ရန် ကြိုးစားလိုက်လေရာ ဤတစ်ကြိမ်တွင်မူ သေတ္တာမှာ အလွယ်တကူ ပွင့်သွားလေတော့သည်။ အတွင်း၌ သာမန် လက်စွပ် တစ်ကွင်းသာ ရှိနေပြီး အတော်လေး အရောင်အဆင်း မှေးမှိန်နေသည်ကို တွေ့ရလေသည်။ ဖုန်းကျိုမှာ အချိန်တိုလေးအတွင်း စကားပင် မပြောနိုင်အောင် ဖြစ်သွားပြီးနောက် မေးလိုက်သည်။

"ဆရာ ဒါက ဆရာပြောနေတဲ့ ရတနာဆိုတာလား"

သူမသည် ထိုလက်စွပ်အား ကောက်ယူကာ စူးစမ်း လေ့လာသည့် မျက်လုံးများဖြင့် ကြည့်ရှု လိုက်သော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ချေ။

"ဟား ဟား သိုလှောင် လက်စွပ် ဆိုတာကိုတောင် မကြားဖူးရအောင် မင်း ဘယ်တွင်းထဲက တွားသွားပြီး ထွက်လာ ခဲ့တာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး"

ချူပါးထျန်းမှ ကူကယ်ရာမဲ့စွာ ရယ်မောရင်း သူ၏ ခေါင်းအား ခါယမ်းလိုက်လေသည်။

"ဒီလက်စွပ်ကို အထင်မသေးနဲ့ ဒါက သာမန် သိုလှောင်လက်စွပ် တစ်ကွင်း မဟုတ်ဘူး ပစ္စည်းတွေကို သိမ်းဆည်းနိုင်တဲ့အပြင် သူ့အထဲမှာ သီးခြား ကမ္ဘာငယ်လေး တစ်ခု ရှိနေပြီး သက်ရှိတွေကိုတောင် ထည့်ထားလို့ရတယ် ဒါ့အပြင် အဲ့ဒီထဲမှာ အစားအစာတွေ ထည့်ထားမယ်ဆိုရင် အချိန်က ရပ်တန့်နေပြီး အစားအစာတွေ ပုပ်သိုးသွားမှာ မဟုတ်ဘူး"

"အဲ့ဒီလောက်တောင် အံ့သြဖို့ ကောင်းတာလား ဆရာက ဘယ်လိုလုပ်ပြီး ဒီလောက် အံ့သြစရာကောင်းတဲ့ ရတနာမျိုးကို ရခဲ့တာလဲ ဒါက 'အပြာရောင် အနားသတ်' ဓား ထက်တောင် ပိုပြီး တန်ဖိုး မဖြတ်နိုင်အောင် ကောင်းနေသင့်တာ မဟုတ်ဘူးလား"

ဤကဲ့သို့သော ပစ္စည်းမျိုး ရှိနေပါလျက်နှင့် လူများသည် မည်သည့် အကြောင်းကြောင့် ထို 'အပြာရောင် အနားသတ်' ဓားအား လိုချင် တပ်မက်နေကြသေးသနည်း။

"ဒီ သိုလှောင်လက်စွပ်ကို ငါ ရခဲ့တာ လုံးဝကို တိုက်ဆိုင်မှု သက်သက်ပါပဲ မင်းရဲ့ဆရာက ဒါကို သိုလှောင် လက်စွပ်မှန်း မသိဘဲ သာမန် ပစ္စည်းတစ်ခုလိုမျိုး သဘောထားခဲ့တာ ဘာပဲဖြစ်ဖြစ် ဒီလိုနေရာမျိုးမှာ သိုလှောင် လက်စွပ်ကို တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ငါ ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး ဒီနေရာကို ရောက်လာခဲ့ ပြီးတဲ့နောက်မှာမှ မင်းရဲ့ဆရာ့ သွေးတစ်စက်က လက်စွပ်ပေါ်ကို လုံးဝ မတော်တဆ ကျသွားခဲ့တာ အဲ့တော့မှ ဒါက သိုလှောင် လက်စွပ်ဆိုတာကို ငါ သိခဲ့ရတာ"

ဤအကြောင်းအား သူ ပြောဆိုနေစဉ် သူ၏ အသံမှာ အတန်ကြာ တုံ့ဆိုင်းသွား ပြီးနောက် ဆက်လက်၍ ပြောလိုက်သည်။

"မင်းရဲ့ဆရာ သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်မှာ လက်စွပ်နဲ့ ငါ့ဝိညာဉ်ကြားက ချိတ်ဆက်ထားတဲ့ ဆက်နွယ်မှုကလည်း ပြတ်တောက်သွားခဲ့ပြီ ဒါကြောင့် လက်စွပ်က မင်းကို ပိုင်ရှင်အဖြစ် အသိအမှတ် ပြုဖို့အတွက်ဆိုရင် မင်းရဲ့ သွေးတစ်စက်ကိုပဲ အစက်ချဖို့ လိုလိမ့်မယ် အဲ့ဒီအခါကျရင် မင်း အထဲကို ဝင်ရောက်နိုင်လိမ့်မယ် အဲ့ဒီအထဲမှာ ငါ စုဆောင်းထားခဲ့သမျှ တစ်သက်စာ ရတနာတွေနဲ့ ကျွမ်းကျင်မှု လမ်းညွှန် စာအုပ်တွေ အားလုံးကို မင်းအတွက် လက်ဆောင်အဖြစ် ငါ ထားရစ်ခဲ့တယ်"

"ကျွန်မကိုယ်တိုင် ဒီလက်စွပ်ထဲကို ဝင်လို့ရတယ်ပေါ့"

သူမ၏ မျက်လုံးများသည် တောက်ပစွာ အရောင် လက်လာခဲ့ပြီး အံ့သြမှင်သက်မှုများ ပြည့်နှက်သွားခဲ့ကာ သူမကိုယ်သူမ တွေးလိုက်မိသည်။

[အဲ့ဒါသာ တကယ်ဆိုရင် နောင်ကျရင် ငါ့ကို လိုက်ဖမ်းလို့ ပြေးစရာလမ်း မရှိတော့တဲ့ အချိန်တိုင်း အဲ့ဒီအထဲမှာ ဝင်ပုန်းနေလို့ မရနိုင်ဘူးလား]

ချူပါးထျန်းသည် သူမ ဘာတွေတွေးနေသည် ဆိုသည်အား မသိခဲ့ပေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုလျှင် ဤကဲ့သို့ အလွန် တန်ဖိုး ကြီးမားလှသော ရတနာအား လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် အတွက်သာ အသုံးပြုမည့် အလွန် သတ္တိကြောင်ပြီး ဂုဏ်သိက္ခာမဲ့လွန်းသော အပြုအမူအား မြင်တွေ့ရသဖြင့် ဒေါသထွက်ကာ နောက်တစ်ကြိမ် ထပ်မံ သေဆုံးသွားမည်မှာ သေချာလှပေသည်။

"သိုလှောင်လက်စွပ်ရဲ့ ပိုင်ရှင်က အထဲကို ဝင်လို့ရပါတယ် ဒါပေမယ့် အဲ့ဒီအထဲမှာ နောက်ထပ် ပိုင်းခြားထားတဲ့ အကာအကွယ် အတားအဆီးတစ်ခု ရှိနေပုံရတယ် အရင်က အဲ့ဒီ နေရာလွတ်ထဲကို ငါ ဝင်သွားခဲ့ချိန်တုန်းက ငါ့ရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပြီ ဖြစ်လို့ ငါ သေချာ မစစ်ဆေးနိုင်ခဲ့ဘူး သက်ရှိတွေကိုတောင် အဲ့ဒီအထဲမှာ သိမ်းဆည်း ထားနိုင်တယ် ဆိုတာကိုလောက်ပဲ ငါ သိခဲ့ရတယ် သူ့မှာ တခြား ဘယ်လို အသုံးဝင်မှုတွေ ရှိနိုင်သေးလဲဆိုတာကိုတော့ နောင်ကျရင် မင်းဘာသာမင်း ဖြည်းဖြည်းချင်း ရှာဖွေရလိမ့်မယ်"

သူသည် စကားပြောနေရင်း ဖုန်းကျိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ဆရာဆီမှာ နောက်ဆုံး ကျန်နေတဲ့ သွေးအဆီအနှစ် နည်းနည်းလေးက ကုန်ဆုံးတော့မယ် ရှေ့ကို တိုးလာခဲ့ တပည့်လေး မင်းရဲ့ဆရာက မင်းအတွက် မရီဒန် လမ်းကြောင်းတွေကို ဖွင့်ပေးခဲ့မယ်"

All Chapters