← Chapters

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း ၅၇၁

Vol. 39 Ch. 571

အခန်း (၅၇၁)- ဟူဖေးဖေး၏ တိုက်ပွဲမြေပြင်အား ရှင်းလင်းခြင်းနှင့် နက်ရှိုင်းသော ပင်လယ်အောက်မှ တပိုင်း ဧကရာဇ်

~“အစောင့်အရှောက် ဟူဖေးဖေးတောင်မှ မယှဉ်နိုင်ဘူးဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲဟယ်”

လင်းယွီယန်၏ လှပသော မျက်နှာလေးမှာ ထိတ်လန့်တုန်လှုပ်မှုတွေကြောင့် ဖြူဖျော့နေတော့၏။ သူမသည် ယွင်ဟွာဂိုဏ်းရဲ့ အစစ်အမှန် တပည့်တစ်ဦး ဖြစ်သည့်အလျောက် ဟူဖေးဖေး၏ အစွမ်းအစများအကြောင်းကို ခဏခဏ ကြားဖူးနားဝ ရှိခဲ့သည်။

မြူခိုးဂိုဏ်းမှာဆိုလျှင် ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် မလှုပ်ရှားဘူး ဆိုပါက ဟူဖေးဖေးသည် အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်ပါလော။ သို့ဖြစ်သော်ငြားလည်း ယခုမူ သူမပင်လျှင် အရေးနိမ့်သွားရတော့၏။ အခြေအနေတွေကတော့ တကယ့်ကို ဆိုးရွားလာနေပြီ ဖြစ်သည်။

“ဒီမြေခွေးနတ်သမီးတောင်မှ မယှဉ်နိုင်ဘူးဆိုရင်တော့ ငါတို့အားလုံး သွားပြီပေါ့... ဂတ်.. ဂတ်.. ဂတ်...”

ရွှေရောင်ငန်းဝကြီးကတော့ တစ်ကိုယ်လုံး သိမ့်သိမ့်ခါသွားအောင် တုန်လှုပ်ရင်း အသည်းအသန် အော်ဟစ်နေ၏။ ဟိုယွင်ကျဲနှင့် လုံယွမ်ချင်းတို့၏ မျက်နှာတွေကလည်း တကယ့်ကို ကြည့်မကောင်းအောင် ပျက်ယွင်းနေကြပြီ ဖြစ်သည်။

'ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၅) ရာခိုင်နှုန်း'

ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရပြီး ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင် (၁၀) ရာခိုင်နှုန်း လျော့ကျသွားသည်ကို သတိပြုမိလိုက်၏။ ဒါဟာ စတုတ္ထ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်တော့မည့် နိမိတ်လက္ခဏာပင် ဖြစ်တော့သည်။

“စတုတ္ထ တိုက်ခိုက်ရေးပုံစံ... ကိုးမြီး ကောင်းကင်မြေခွေး... အသက်ဝင်စမ်း”

ဟူဖေးဖေးက နူးညံ့လှပသော်လည်း မာန်ပါလှသော အသံလေးဖြင့် ကြွေးကြော်လိုက်သည်။ သူမ၏ နောက်ကျောဘက်ရှိ မြေခွေးအမြီး (၅) ချောင်းမှာ ချက်ချင်းပင် (၉) ချောင်းအဖြစ် ပြောင်းလဲသွားကာ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာလည်း မျက်တောင်တစ်ခတ်အတွင်း အဆပေါင်းများစွာ မြင့်တက်သွားတော့၏။ သူမသည် တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ တရားဝင် ခြေလှမ်းလှမ်းလိုက်ပြီ ဖြစ်ရာ ကောင်းကင်နှင့် မြေပြင်ကို အမြစ်ပြတ် သုတ်သင်နိုင်မည့် ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။

“ဒါ... ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲလေ”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်ကတော့ ဟူဖေးဖေးကို စိမ်းစိမ်းကြည့်ကာ မှင်သက်နေတော့၏။ သူ၏ နဖူးအလယ်ရှိ ရွှေရောင် ဝိညာဉ်အာရုံနှလုံးသားမှာလည်း ကြောက်လန့်နေသည့်နှယ် အနည်းငယ် ကျုံ့ဝင်သွားကာ အခြားသော နတ်ဘုရားမျိုးနွယ်စုဝင်များမှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

“တုန်ခါမှုလှိုင်း ဒီရေတိုက်ကွက်”

ဟူဖေးဖေးက လက်တစ်ဖက်ဖြင့် ပေါက်ကွဲစေသော တုတ်ကြီးကို ကိုင်ဆောင်လျက် ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်မှနေ၍ အဆုံးအစမရှိသော ပန်းရောင် လှိုင်းတံပိုးများမှာ လည်ပတ်နေသည့် ဓားသွားများ အသခ်ျေအလား ထွက်ပေါ်လာပြီး နတ်ဘုရား မျိုးနွယ်စု ခေါင်းဆောင်ဆီသို့ တရကြမ်း တိုက်ခိုက်လိုက်တော့၏။

တစ်ဖက်လူကလည်း ဝိညာဉ်အာရုံနှလုံးသားကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ထူထဲလှသော ရွှေရောင်ဒိုင်းလွှားပေါင်း များစွာကို အလျင်အမြန် စုစည်းကာ ခုခံလိုက်သည်။

သို့သော်လည်း ပန်းရောင်လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည့် တစ်ခဏ၌မူ...

ရွှေရောင်ဒိုင်းလွှားကြီးများမှာ နေပူထဲရှိ နှင်းပွင့်များအလား အရည်ပျော်သွားကြကာ မည်သို့မျှ အသုံးမဝင်တော့ပေ။

“ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်ရတာလဲဟေ”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်သည် မိမိ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထောက်ကုန်သည်ကို ကြည့်ရင်း နှုတ်ခမ်းများ လှုပ်ရွလျက် မယုံနိုင်အောင် ဖြစ်နေရတော့၏။

သူသည် ဝိညာဉ်အာရုံနှလုံးသား၏ စွမ်းအားများကိုပင် အစွမ်းကုန် ပေါက်ကွဲထုတ်သုံးထားလေပြီ။

ယခုကဲ့သို့သော အခြေအနေမျိုး၌ သူသည် တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲခြင်း အဆင့်နှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရမည် မဟုတ်ပါလော။

သို့သော်ငြားလည်း ယခုမူ သူသည် ဟူဖေးဖေး၏ လက်အောက်မှာ အလဲလဲအကွဲကွဲ ရှုံးနိမ့်သွားရတော့၏။

“ငါ... ငါ လုံးဝ လက်မခံနိုင်ဘူး... အား...”

နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၏ စကားပင် မဆုံးသေးမီမှာပင် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပြိုကွဲသွားခဲ့ကာ ပြာပုံတစ်ခုနှင့် ရွှေရောင် စွမ်းအင်မျှင်တန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

“ဟူး...”

ဟူဖေးဖေးက အသက်ကို ပြင်းပြင်းရှူလိုက်၏။ ရွှေရောင်စွမ်းအင်များမှာ သူမဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာကြကာ သူမ၏ ဝါးမြိုသန့်စင်ခြင်းကို ခံလိုက်ရပြီးနောက် အဖိုးတန်လှသော အဆင့်မြှင့်တင်ရေး စွမ်းအင်များ ဖြစ်လာကြတော့သည်။

'ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၁၅) ရာခိုင်နှုန်း'

“အင်း... တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရဲ့ ခွန်အားကို ထုတ်သုံးနိုင်တဲ့ မူလနတ်ဘုရားအဆင့် အထွတ်အထိပ် တစ်ယောက်ကတောင် စွမ်းအင် (၁၀) ရာခိုင်နှုန်းပဲ ပေးနိုင်တာလား”

ယဲ့ဖုန်းကတော့ နည်းလွန်းသည်ဟု ခံစားလိုက်ရ၏။

ဒီတိုက်ပွဲကတော့ အရင်းရဖို့တောင် မလွယ်လှပါလား။ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါပဲလေ။

“မင်းသမီးလေး... နတ်ဘုရားမျိုးနွယ်စုတွေကို ဆက်ပြီးတော့ နှိမ်နင်းလိုက်စမ်းပါ... မင်း ဝါးမြိုချင်တဲ့သူမှန်သမျှကို စိတ်ကြိုက်သာ ကိုင်တွယ်လိုက်တော့”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ရေ”

ဟူဖေးဖေး၏ မျက်လုံးလေးများမှာ ဝင်းလက်သွားသည်။ ဖျတ်လက်စွာပင်၊ သူမ၏ ပန်းရောင်နှုတ်ခမ်းလွှာလေးကို လျှာဖြင့် သပ်လိုက်ပြီးနောက် ပေါက်ကွဲစေသော တုတ်ကြီးကို ထမ်းလျက် တိုက်ပွဲအတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်လိုက်ပေတော့သည်။

“မြန်မြန်ပြေးကြစမ်း”

ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာလည်း အသည်းအသန် လှည့်၍ ထွက်ပြေးကြတော့၏။ သို့သော်လည်း ဟူဖေးဖေးက သူမ၏ တုတ်ကြီးဖြင့် ရိုက်ချလိုက်သည့် တစ်ခဏ၌မူ မူလနတ်ဘုရားအဆင့် (၇) ရှိသော ဒုတိယခေါင်းဆောင် အများအပြားမှာ နေရာမှာတင် ပြိုကွဲသွားကြကာ ရွှေရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြရတော့သည်။

'ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၂၀) ရာခိုင်နှုန်း'

စွမ်းအင် (၅) ရာခိုင်နှုန်း ထပ်တိုးလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ယဲ့ဖုန်းသည် ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူသည် ခေါင်းကို လှည့်ကာ ဝဲကတော့လမ်းကြောင်းမှတစ်ဆင့် နတ်ဘုရားကျွန်းပေါ်ရှိ ဟိုယွင်ကျဲ၊ လုံယွမ်ချင်းနှင့် အခြားသူများကို အကြည့်ပို့လွှတ်လိုက်သည်။

“ငါတို့... ငါတို့ တကယ်ပဲ နိုင်သွားပြီလားဟေ”

လူအုပ်ကြီးမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြရင်း ကောင်းကင်ယံထက်၌ နတ်ဘုရားတိုက်ကြီးကို အမြစ်ပြတ် သုတ်သင်နေသော ဟူဖေးဖေးကို ရိုသေလေးစားသော မျက်လုံးများဖြင့် ငေးကြည့်နေကြတော့၏။

“မင်းတို့ ဒီမှာပဲ ခေတ္တ စောင့်နေကြဦး... ငါ ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိသေးလို့”

ယဲ့ဖုန်းက မှာကြားလိုက်ပြီးနောက် ဟူဖေးဖေး၏ နောက်သို့ ဒရောသောပါး လိုက်ပါသွားတော့၏။ တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားမျိုးနွယ်စု၏ အသေးစား ကမ္ဘာငယ်တစ်ခုလုံးကိုလည်း စူးစမ်းကြည့်နေမိသည်။

ဤကမ္ဘာသည် မိုင်ပေါင်း သန်းနှင့်ချီ၍ ကျယ်ပြန့်ကာ အရပ်မျက်နှာ အားလုံးတွင် ပင်လယ်ရေများ ဖုံးလွှမ်းနေပြီး အစွန်းဖက်များတွင်မူ မိုင်ပေါင်း (၁၀၀) ခန့် ကျယ်ဝန်းကာ မိုင်ပေါင်း (၁,၀၀၀) ခန့် မြင့်မားလှသော အတားအဆီး နံရံကြီးများဖြင့် ပိတ်ဆို့ထား၏။

ထိုအတားအဆီး နံရံကြီးများ၏ အထက်မှာမူ စက်လုံးခြမ်းပုံသဏ္ဌာန် ဒိုင်းလွှားကြီး တစ်ခု ရှိနေသည်။ ၎င်းက လေထု၏ အစွန်းအဖျားအလား ဤကမ္ဘာအတွင်းရှိ လေ၊ ရေငွေ့၊ ဝိညာဉ်ချီများနှင့်... ဒေသခံ သက်ရှိများကိုပါ တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထား၏။

“လူဖန်တီး နေမင်းလေးတွေက အရှေ့က ထွက်ပြီး အနောက်မှာ ဝင်နေတာပဲ... နေ့ရော ညပါ ဘယ်တော့မှ မမှိန်သွားဘူးပေါ့”

ယဲ့ဖုန်းက တကိုယ်တည်း ပြောဆိုလိုက်မိ၏။

အထက်ကောင်းကင်ယံထက်၌ အချင်း မိုင်ပေါင်း (၁၀၀) ခန့်ရှိသော နေမင်းငယ်တစ်စင်း ချိတ်ဆွဲထားလေသည်။ ထိုအရာက ဝိညာဉ်စွမ်းအင်များကို လောင်ကျွမ်းစေခြင်းဖြင့် ဖြစ်တည်လာခြင်းဖြစ်ကာ၊ ၎င်း၏အတွင်း၌ အဆင့်နိမ့် ဝိညာဉ်ရတနာအဆင့်ရှိ နေနန်းတော်ငယ်တစ်ခု ကိန်းဝပ်နေ၏။

ဝမ်းနည်းဖွယ်ရာအဖြစ် ထိုနေရာ၌ မည်သူမျှ ရှိမနေပေ။ နေနန်းတော်အပြင် လနန်းတော်ဟူ၍လည်း ရှိသေး၏။ ထိုနန်းတော်များက အဆင့်နိမ့် ဝိညာဉ်ရတနာများ ဖြစ်သော်ငြား၊ အလျင်စလို တည်ဆောက်ထားသည့်နှယ် ကြမ်းတမ်းလွန်းလှသည်။

နတ်ဘုရားကမ္ဘာ၏ ဗဟိုချက်၌မူ မိုင်ပေါင်း (၃၀၀,၀၀၀) ကျယ်ဝန်းသော နတ်ဘုရားတိုက်ကြီး တည်ရှိနေလေ၏။

ထိုတိုက်ကြီးထက်၌ မရေမတွက်နိုင်သော မျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည်။ သို့ဖြစ်သော်ငြား နတ်ဘုရားမျိုးနွယ်စု အစစ်အမှန်က လူဦးရေ (၁၀၀,၀၀၀) ထက် မပိုပေ။ ၎င်းတို့က တိုက်ကြီး၏ အလယ်ဗဟိုရှိ မဟာဝိညာဉ်

သွေးကြောအနီး၌ အခြေချကြကာ၊ ဤကမ္ဘာလောက၏ အရှင်သခင်များအဖြစ် ဟန်ရေးပြ စိုးမိုးထားကြ၏။

အခြားသော မျိုးနွယ်စုများကမူ ဘေးပတ်ဝန်းကျင်ရှိ မြို့ရွာများ၌သာ ခိုကပ်နေထိုင်ကြရလေသည်။

ထိုအထဲ၌ လူသားမျိုးနွယ်စုများလည်း အမြောက်အမြား ပါဝင်နေ၏။ သို့သော်ငြား ၎င်းတို့၏ လူနေမှုဘဝများက တကယ့်ကို စိတ်ပျက်ဖွယ် ကောင်းလှတော့၏။

နတ်ဘုရားတိုက်ကြီးထက်၌ လူသားမျိုးနွယ် သန်း (၁,၀၀၀) ကျော် ရှိနေသော်ငြား၊ အများစုက သာမန်လူများသာ ဖြစ်ကြပြီး ကျင့်ကြံသူ အရေအတွက်က (၁) သန်း ကျော်ခန့်သာ ရှိလေသည်။ ထိုအထဲမှ အဆင့်အမြင့်ဆုံးသော ကျင့်ကြံသူကပင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ်၌သာ ရှိနေသေးတော့၏။

“ကြည့်ရတာ သူတို့ကို နတ်ဘုရားမျိုးနွယ်စုတွေက မွေးမြူထားတာ ဖြစ်ရမယ်”

ယဲ့ဖုန်းက မိမိဘာသာ တီးတိုး ပြောဆိုလိုက်မိ၏။

ရေပေါ်ဖြူမြို့တော် တိုးချဲ့ရမည့် လိုအပ်နေသော လူဦးရေ ပမာဏကို တွေးမိရင်း သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြုံးလိုက်မိသည်။

နတ်ဘုရားတိုက်ကြီးပေါ်မှာ လူသား တစ်ဘီလီယံတောင် ရှိနေတာဆိုတော့ ဒါဟာ အရင်းအမြစ် ပြဿနာကို ဖြေရှင်းပေးလိုက်တာ မဟုတ်ပါလား။

‘နတ်ဘုရားတိုက်ကြီးကို အရန် အရင်းအမြစ် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ပြီး... ဒီက လူသားကျင့်ကြံသူတွေ အဆင့်တစ်ခု ရောက်လာတဲ့အခါမှာ ရေပေါ်ဖြူမြို့တော်ဆီကို လွှဲပြောင်းပေးပြီး ‘တစ်ကျော့ပြန် လူလားမြောက်ခြင်း’ တွေကို ဖန်တီးပေးလိုက်ရင် ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်မလဲ’

ယဲ့ဖုန်းက တကိုယ်တည်း ပြောဆိုလိုက်၏။

ထိုအခိုက်အတန့်၌ ဟူဖေးဖေးသည် နတ်ဘုရားမျိုးနွယ်စု၏ အခြေစိုက်စခန်းအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားမျိုးနွယ်စုဝင် တစ်ဦးတစ်ယောက်မျှ သူမ၏ ပေါက်ကွဲစေသော တုတ်ချက်များအောက်မှ မလွတ်မြောက်နိုင်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားကြရတော့၏။

ယဲ့ဖုန်းသည်လည်း သူမကို မတားဆီးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမျိုးနွယ်စုများသည် နေ့တိုင်း ရှန်ကျိုးတိုက်ကြီးကို ကျူးကျော်ပြီး လူသားမျိုးနွယ်စုများကို ကျွန်ပြုရန်သာ ကြံစည်နေကြလေရာ သည်လို မျိုးနွယ်စုကို ချန်ထားရန် အကြောင်းမရှိသည် မဟုတ်ပါလော။

'ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၃၅) ရာခိုင်နှုန်း'

နတ်ဘုရားမျိုးနွယ်စု၏ အခြေစိုက်စခန်းမှာ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသည့်အခါ ဟူဖေးဖေး၏ အဆင့်မြှင့်တင်ရေး စွမ်းအင်မှာလည်း (၃၅) ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး တိုးတက်သွားခဲ့တော့၏။ ဤတိုးတက်မှု အရှိန်အဟုန်မှာ တော်တော်လေးကို မြန်ဆန်လှသည်။

နတ်ဘုရားတိုက်ကြီးပေါ်၌မူ...

အင်အားကြီး မျိုးနွယ်စုများ အားလုံးသည် နတ်ဘုရားမျိုးနွယ်စုများ အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်ဟူသော သတင်းကြောင့် ထိတ်လန့်တုန်လှုပ် သွားကြရတော့၏။

လှံရှည်ကြီး တစ်စင်းကို ကိုင်ဆောင်ထားသူနှင့် တုတ်ကြီး တစ်ချောင်းကို ထမ်းထားသူ။

အစွမ်းထက် ပုဂ္ဂိုလ်များမှာ ကောင်းကင်ယံ မြင့်မားသော နေရာသို့ မော့ကြည့်လိုက်ကြရာ ထိုကြောက်စရာကောင်းလှသော လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသဖြင့် ကြက်သီးမွှေးညှင်း ထအောင်

ကြောက်ရွံ့သွားကြရတော့သည်။

“သူတို့က ငါတို့ လူသားမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးတွေများလားဟေ”

မိုင်ပေါင်း များစွာ ဝေးကွာသော အရပ်ရှိ လူသားများ အခြေချ နေထိုင်ရာ ဒေသမှာတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိသည့် လူသားကျင့်ကြံသူ အနည်းငယ်ဟာ သူတို့၏ ဝိညာဉ်မျက်လုံးတွေကို အသုံးပြုပြီး ကောင်းကင်က ယဲ့ဖုန်းကို မော့ကြည့်ရင်း စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေကြတော့သည်။

“ဝေးကွာလှတဲ့ အရပ်က မိတ်ဆွေ... မင်းက ဘာကြောင့် ငါတို့ရဲ့ နတ်ဘုရားမျိုးနွယ်စုတွေကို အမြစ်ပြတ် သုတ်သင်ရတာလဲ”

ထိုအခိုက်အတန့်၌ နတ်ဘုရားကမ္ဘာ၏ ပင်လယ်ရေအောက် နက်ရှိုင်းလှသေ နေရာကနေ အနည်းငယ် အက်ကွဲ လှိုက်မောနေသည့် အသံကြီး တစ်ခု ထွက်ပေါ်လာ၏။

“ဝူး”

ပင်လယ်ရေအောက် မိုင်ပေါင်း သောင်းနှင့်ချီသော နေရာမှနေ၍ စွမ်းအားကြီး အရိပ်မည်းကြီးတစ်ခုမှာ ရေပြင်ကို ခွဲပြီး ထွက်ပေါ်လာကာ ကောင်းကင်ယံထက်၌ ယဲ့ဖုန်းကို အဝေးမှနေ၍ ထိပ်တိုက် ရင်ဆိုင်လိုက်ပေတော့သည်။

ဒါက နဂါးနက်ကြီး တစ်ကောင်ပင် ဖြစ်သည်။ ၎င်းသည် ပေပေါင်း တစ်သောင်းခန့် ရှည်လျားကာ နဖူးထက်မှာတော့ နက်မှောင်သော နဂါးဂျိုနှစ်ချောင်း ရှိနေပြီး နဂါးကြေးခွံများမှာလည်း ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျော၏။ တောင်ကြီးတစ်လုံးပမာ ခိုင်မာလှသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့၏။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာမူ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားသည်။

ယဲ့ဖုန်းက သူ၏ ထိုးထွင်းသိမြင်သော မျက်လုံးကို အလျင်အမြန် အသက်သွင်းလိုက်၏။

အမည် - နဂါးနက် တပိုင်း ဧကရာဇ် (အော့ချွမ်း)

အဆင့် - တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် (အဆင့်တက်ရန် ကြိုးစားနေဆဲ)

မှတ်ချက် - ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းလှသော အရပ်မှ နဂါးမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သော်လည်း သွေးမျိုးဆက် မသန့်စင်မှုကြောင့် နဂါးမျိုးနွယ်စုများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသူ။

သူသည် နတ်ဘုရားကမ္ဘာ၏ ပင်လယ်ရေအောက် နက်ရှိုင်းသော နေရာတွင် အောင်းနေခဲ့ကာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ တက်လှမ်းပြီး နဂါးအသွင် ပြောင်းလဲခြင်းကို ပြည့်စုံအောင် လုပ်ဆောင်ရန် ကြိုးစားနေသူ ဖြစ်သည်။

“နဂါးနက် တပိုင်း ဧကရာဇ်... အော့ချွမ်း ပါလား”

ယဲ့ဖုန်းက မိမိဘာသာ တီးတိုး ပြောဆိုလိုက်၏။

အော့ချွမ်း၏ အကြည့်များမှာ စူးရှသွားကာ လေးနက်သော အသံဖြင့် မှာကြားလိုက်သည်။

“မင်းက ဘယ်သူလဲဟေ”

“ငါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ... ဟောကိန်းထုတ် အတတ်မှာတော့ အတော်လေး ကျွမ်းကျင်တာပေါ့။ မင်းက သွေးမျိုးဆက် မသန့်စင်လို့ နဂါးမျိုးနွယ်စုတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးတော့... ဒေါသတကြီးနဲ့ နဂါးမျိုးနွယ်စုကနေ ထွက်လာခဲ့ကာ မင်းကိုယ်မင်း သက်သေပြဖို့အတွက် တစ်ကိုယ်တည်း စွန့်စားနေတာကိုလည်း ငါ သိတာပေါ့”

ယဲ့ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ပြောဆိုလိုက်၏။

အော့ချွမ်း၏ မျက်လုံးများမှာလည်း အဆက်မပြတ် တဖျတ်ဖျတ် လက်နေတော့၏။

ယဲ့ဖုန်း ပြောလိုက်သမျှ အရာအားလုံးသည် သူ၏ ဘဝဖြစ်စဉ်များနှင့် အတိအကျ တိုက်ဆိုင်နေသည် မဟုတ်ပါလား။

‘ကြည့်ရတာ ကျင့်ကြံခြင်း အစွမ်းမရှိပုံ ရသော ဒီလူသားလူငယ်ဟာ သူ ပြောသလိုပင် တကယ့်ကို တွက်ချက်ခြင်း အတတ်မှာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမည်။

“မင်းက ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် တစ်ယောက်များလားဟေ”

အော့ချွမ်းက မသိမသာနှင့် ယဲ့ဖုန်းရဲ့ ဦးခေါင်းကို အကြည့်ပို့လွှတ်လိုက်မိ၏။

သူ့မျက်နှာတွင်… ယဲ့ဖုန်း၏ သန်စွမ်းနက်မှောင်လှသော ဆံပင်များမှာ တကယ့်ဆံပင်များလား သို့မဟုတ် ဝတ်ဆင်ထားသော ဆံပင်တုများလားဆိုသည်ကို သံသယ ဖြစ်နေဟန် ရိပ်ခနဲ ထင်သွားသည်။

ထိုစကားအား ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားတော့၏။

“ဒီ ဂိုဏ်းချုပ်ကတော့ သေချာပေါက် သန့်စင်တဲ့ လူသားမျိုးနွယ်စုဝင် တစ်ယောက်ပါပဲ။ ငါက ဘယ်လိုလုပ်ပြီး ရှေ့ဖြစ်ဟော မျိုးနွယ်စုဝင် ဖြစ်ရမှာလဲ... ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့ သူတို့တွေဟာ... ငါ့ရဲ့ ရန်သူတွေပဲလေ”

ယဲ့ဖုန်းက ခပ်မာမာ မျက်နှာထားဖြင့် ပြန်လည် တုံ့ပြန်လိုက်တော့သည်။

--

All Chapters