← Chapters

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း ၅၇၆

Vol. 39 Ch. 576

အခန်း (၅၇၆) - ပြင်းထန်လှသော ရုပ်သွင်ပြောင်းလဲခြင်းနှင့် စစ်မှန်သော ဒုတိယအဆင့်ပုံစံ

~“စစ်မှန်သော နဂါးအသွင်” ဟူသော စကားလုံးကြောင့် အရပ်မျက်နှာအသီးသီးမှ ပါရမီရှင်များ၏ အာရုံမှာလည်း ဆွဲဆောင်ခံလိုက်ရ၏ ။ လွန်ခဲ့သော (၂) ရက်အတွင်း လုံထျန်းရှင်းသည် သူ၏ ပထမအဆင့် နဂါးအသွင်ပြောင်းလဲခြင်း အတတ်ဖြင့် အဆင့်တူ ကျင့်ကြံသူအားလုံးကို အပြတ်အသတ် နှိမ်နင်းထားနိုင်ခဲ့ခြင်း ဖြစ်သည် ။ လမ်းခရီးတွင် အစွမ်းထက်သော ရန်သူအချို့နှင့် တွေ့ဆုံခဲ့ရသော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော ခံနိုင်ရည်နှင့် ကာကွယ်ရေးစွမ်းအားကို အသုံးချကာ ပြိုင်ဘက်များအား ပင်ပန်းနွမ်းနယ်သွားအောင် လုပ်ဆောင်ပြီး နောက်ဆုံး၌ အောင်ပွဲခံနိုင်ခဲ့သည်ချည်းသာ။

သို့သော်လည်း ယနေ့တွင်မူ သူသည် အလွန်အမင်း သန်မာလှသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရ၏။

ထိုပြိုင်ဘက်မှာ လေဝူတော်ဝင်မိသားစုမှ လာသူဖြစ်ပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့် တန်ခိုးရှင်ဖြစ်သော လေဝူဘိုးဘေးကြီး၏ မျိုးဆက် တစ်ဦးလည်း ဖြစ်သည် ။ သူသည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် လုံထျန်းရှင်းကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့၏။

ထိုအခိုက်အတန့်၌ စင်မြင့်ထက်တွင်မူ ချပ်ဝတ် ဆင်မြန်းထားသော လူငယ်တစ်ဦးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိ၏

သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင် လျှပ်စီးတန်းများစွာ ရစ်ပတ်နေပြီး တဖျတ်ဖျတ် မြည်ဟီးနေသည်မှာ မိုးကြိုးနတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါပြီး ပြိုင်ဘက်ကင်းလှ၏ ။ ထိုသူ၏ အမည်ရင်းကို မည်သူမျှ မသိရှိကြသော်လည်း လူအများက “ရွှေလျှပ်ဘုရင်” ဟူသော အမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြ၏။

သူ၏ ရွှေရောင်နတ်ဘုရားမိုးကြိုး အတတ်မှာ တကယ့်ကို ကြောက်စရာ ကောင်းလှ၏ ။ အရှိန်အဟုန်မှာ လျင်မြန်လှသလို ဖျက်ဆီးနိုင်စွမ်းမှာလည်း ကြီးမားလှသဖြင့် သူ၏ တိုက်ကွက်အောက်တွင် လုံထျန်းရှင်းမှာ အလူးအလဲ ခံနေရရရှာသည်။

အခြားတစ်ဖက်တွင်မူ လုံထျန်းရှင်းသည် စင်မြင့်၏ အစွန်းဖက်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မတ်တတ်ရပ်နေ၏ ။ သူ၏ ခန္ဓာကိုယ်မှ ငွေရောင် အလင်းတန်းများ ဖြာထွက်နေသဖြင့် တကယ့်ကို သန့်ရှင်းမြင့်မြတ်လှသော ပုံစံမျိုး ပေါက်နေ၏ ။ သူသည် ပထမအဆင့် နဂါးအသွင်ပြောင်းလဲခြင်းသို့ ဝင်ရောက်ထားသော်လည်း ရွှေလျှပ်ဘုရင်၏ ရွှေရောင်နတ်ဘုရားမိုးကြိုးများကြောင့် နဂါးကြေးခွံများမှာ ကွာကျနေကာ အသားအရေများမှာလည်း မဲတူးလျက် ကြည့်မကောင်းအောင် ဖြစ်နေရတော့၏။

“ညီလေးလုံတောင်မှ အဖိနှိပ်ခံနေရတာလား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” ဟု ဟိုယွင်ကျဲက ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်စွာ ဆိုလိုက်သည်။

ကျီဇီလင်းက ရှင်းပြသည်မှာ “ညီလေးလုံရဲ့ ပြိုင်ဘက်က လေဝူမင်းဆက်ရဲ့ တော်ဝင်မိသားစုက လာတာလေ... သူ့ကို ရွှေလျှပ်ဘုရင် လို့ ခေါ်ကြတယ်... သူ့ရဲ့ ရွှေရောင်နတ်ဘုရားမိုးကြိုးက ဘာကိုမဆို ဖောက်ထွက်နိုင်စွမ်း ရှိပြီးတော့ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ”

လီကျောက်ကျောက်ကလည်း ခေါင်းညိတ်လိုက်ကာ

“ဟုတ်တယ်... တိုက်ပွဲစကတည်းက မောင်လေးလုံက အဖိနှိပ်ခံနေရတာ... သူ့ကို လုံးဝ မယှဉ်နိုင်ဘူး ဖြစ်နေတယ်”

ကျားယွီလန်ကတော့ တည်ကြည်သော အသံဖြင့်

“သူ့မှာ သန်မာလှတဲ့ ခန္ဓာကိုယ် ခွန်အားသာ မရှိရင် မောင်လေးလုံ တစ်ယောက် ရှုံးနိမ့်သွားတာ ကြာလှပြီ” ဟု ဝင်ရောက်ပြောဆိုလိုက်၏။

“ဟူး... ကျွန်တော် စင်ပေါ်တက်လို့ မရတာကတော့ နှမြောစရာပဲ” ဟု ချောင်ကျားရှီးက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်၏ ။

သူသည် ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် တိကျသော အဆင့်အတန်း ခွဲခြားမှု မရှိပေ။ လူအများ သိထားသည်မှာ သူသည် အလယ်အလတ်အဆင့် စစ်ဗိုလ်ချုပ်အဆင့်တွင် ရှိသည်ဟူ၍သာ ဖြစ်ပြီး ၎င်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် (၄) သို့မဟုတ် (၅) နှင့် ညီမျှခြင်း ရှိမရှိကိုမူ မည်သူမျှ အတိအကျ မပြောနိုင်ကြချေ ။ ထိုသို့သော အခြေအနေမျိုးတွင် သူသည် စင်မြင့်ပေါ်သို့ တက်လှမ်းခွင့် မရှိပါချေ ။ မဟုတ်လျှင် အနိုင်အရှုံးကို မည်သို့ သတ်မှတ်ရမည်ကို မသိနိုင်သောကြောင့် ပါ။

“လုံထျန်းရှင်း... မင်း ငါ့ကို မယှဉ်နိုင်ပါဘူး... အရှုံးပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်”

ရွှေလျှပ်ဘုရင်သည် သူ၏ လက်နှစ်ဖက်တွင် ရွှေရောင်နတ်ဘုရားမိုးကြိုးများကို ကိုင်ဆောင်လျက် သူ၏ အကြည့်များမှာ စူးရှထက်မြက်နေကာ တစ်ဖက်လူအား နားဝင်အောင် ချော့မော့ပြောဆိုလိုက်သည်။

“ငါ့ရဲ့ ဒုတိယအဆင့်ကို ဝင်ပြီးတဲ့အထိ စောင့်လိုက်ပါဦး... အဲဒီအခါကျရင် မင်းကို ငါ သေချာပေါက် အနိုင်ယူပြမယ်”

လုံထျန်းရှင်းမှာ အရှုံးပေးရန် လုံးဝ ဆန္ဒမရှိပေ။ ရွှေလျှပ်ဘုရင်က သူ၏ ခေါင်းကို ခါယမ်းလိုက်ကာ သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော ရွှေရောင်နတ်ဘုရားမိုးကြိုး တစ်ချက်မှာ လုံထျန်းရှင်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး နဂါးကြေးခွံများမှာ ကွာကျသွားကာ လုံထျန်းရှင်းမှာ နောက်သို့ လွင့်ထွက်သွားရတော့သည်။

“ငါ လုံးဝ အရှုံးမပေးဘူး”

လေထဲတွင် လုံထျန်းရှင်းမှာ အရှိန်အဟုန်ဖြင့် အောက်သို့ ကျဆင်းနေသော်လည်း အံကို တင်းတင်းကြိတ်ထားမိ၏ ။ သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်များကို အလျင်အမြန် ဖော်ဆောင်လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားသော သွေးကြောခွန်အားများ အားလုံးကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသော ရွှေရောင်နတ်ဘုရားမိုးကြိုး အချို့ကိုပင် ဝါးမြိုလိုက်ကာ သူ၏ ရုပ်သွင်ပြောင်းလဲခြင်းကို အရှိန်မြှင့်တင်လိုက်တော့၏။

“ဒုတိယအဆင့်... စစ်မှန်သော နဂါးအသွင်”

လုံထျန်းရှင်းက ဟိန်းဟောက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှ ကွာကျသွားသော နဂါးကြေးခွံများမှာ ပြန်လည် ပေါက်ထွက်လာတော့သည် ။ သူ၏ ခန္ဓာကိုယ်မှာလည်း ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့နေရပြီ ဖြစ်သည်။

သူ၏ ခြေလက်အင်္ဂါများမှာ တိုတောင်းသွား၏။သူ၏ နဂါးအမြီးမှာ ပို၍ ရှည်လျားလာ၏။သူ၏ ဦးခေါင်းမှာလည်း ပြောင်းလဲလာကာ နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ပိုမို ဆင်တူလာတော့သည်။ သူ၏ မေးစေ့အောက်မှ ငွေရောင် နဂါးနှုတ်ခမ်းမွေး နှစ်ပင်မှာလည်း ရှည်ထွက်လာကာ ပထမအဆင့် နဂါးလူသား ပုံစံမှ ဒုတိယအဆင့် စစ်မှန်သော နဂါးပုံစံသို့ ကူးပြောင်းသွားခဲ့တော့၏ ။ သို့သော်လည်း ဒါက သူ၏ ပထမဆုံးသော ရုပ်သွင်ပြောင်းလဲခြင်း ဖြစ်သည့်အတွက် လုံးဝ ပြည့်စုံမှုတော့ မရှိသေးပေ။

တစ်ချက်ကြည့်လိုက်လျှင် လုံထျန်းရှင်းသည် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် ရှိနေသည်ဟုသာ ဆိုနိုင်သော်လည်း စစ်မှန်သော ငွေရောင်နဂါးတစ်ကောင်တော့ မဟုတ်သေးပါချေ ။ သူ၏ ခန္ဓာကိုယ် အချိုးအစားမှာ အနည်းငယ် အချိုးမကျဘဲ အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေသေးသည် ။ သို့သော်ငြားလည်း သူ၏ ခွန်အား ၊ ကာကွယ်ရေးစွမ်းအား ၊ အရှိန်နှင့် ဖျက်ဆီးနိုင်စွမ်းတို့မှာမူ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့တော့၏။

“ဒါက စစ်မှန်သော နဂါးအသွင် လား”

လူတိုင်းမှာ လေထဲတွင် ရှိနေသော မီတာ (၃) ခန့် ရှည်လျားသည့် အချိုးမကျလှသော ငွေရောင်နဂါးလေးကို ကြည့်ရင်း မျက်တောင်တခတ်ခတ်ဖြင့် အူကြောင်ကြောင် ဖြစ်နေကြသည်။ သို့သော်လည်း တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာမူ မျက်နှာ ကွက်ခနဲ ပျက်သွားရ၏

“သူ တကယ်ပဲ အောင်မြင်သွားတာလား... အရှိန်အဝါက တကယ့်ကို ပြင်းထန်လိုက်တာ”

ရွှေလျှပ်ဘုရင်က မသိမသာ ရေရွတ်လိုက်ကာ သူ၏ လက်ကို မြှောက်လျက် ရွှေရောင်နတ်ဘုရားမိုးကြိုး နှစ်ချက်ကို ထိုးနှက်လိုက်သည်။

“ငါ့အတွက်တော့ ဒါတွေက ဘာမှ မဟုတ်ဘူး”

လုံထျန်းရှင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော ဆွဲဆန့်ခံရသည့် ဝေဒနာကို ခံစားနေရသဖြင့် တစ်ကိုယ်လုံး ကွဲအက်တော့မည့်အတိုင်းပင် ဖြစ်နေ၏ ။ ထိုနာကျင်မှုများကို အံကြိတ် တောင့်ခံလျက် သူ၏ တဖျတ်ဖျတ် လက်နေသော ငွေရောင်နဂါးလက်သည်းများကို ဝှေ့ယမ်းကာ ရွှေရောင်နတ်ဘုရားမိုးကြိုးများကို ဖမ်းဆုပ်လိုက်တော့သည်။

“ရွှီး…”

လုံထျန်းရှင်းသည် ရွှေရောင်နတ်ဘုရားမိုးကြိုးများကို သူ၏ လက်ဖြင့် အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်တော့၏။ ၎င်းတို့အား ကြီးမားသော ခွန်အားများအဖြစ် ပြောင်းလဲလျက် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သဖြင့် ဒဏ်ရာများမှာလည်း တည်ငြိမ်သွားတော့သည်။

“ငါ့ရဲ့ ရွှေရောင်နတ်ဘုရားမိုးကြိုးကိုတောင် ဝါးမြိုနိုင်တာလား... မကောင်းတော့ဘူး”

ရွှေလျှပ်ဘုရင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့တော့၏ ။ ယခင်က သူသည် လုံထျန်းရှင်းကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ယခုမူ တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို သူ ပြန်လည် ခံစားနေရပြီ ဖြစ်သဖြင့် များစွာ ထိတ်လန့်သွားရခြင်းပင် ။

“ငါ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်”

လုံထျန်းရှင်းသည် သူ၏ ဒုတိယအဆင့် စစ်မှန်သော နဂါးအသွင်မှာ အားနည်းချက်များစွာ ရှိနေပြီး အချိန်အတော်ကြာအောင် ထိန်းထားနိုင်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် တိုက်ပွဲကို ချက်ချင်း အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏ ။ မဟုတ်လျှင် နောက်ထပ် အသက်ရှူအကြိမ် (၂၀) ခန့် ကြာပြီးနောက်တွင် သူ ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ဘဲ မူလပုံစံသို့ အတင်းအကြပ် ပြန်လည် ပြောင်းလဲသွားမည် မဟုတ်ပါလော ။

“ရွှီး…”

လုံထျန်းရှင်းသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ရွှေလျှပ်ဘုရင်၏ ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားကာ သူ၏ ရှေ့လက်သည်းများဖြင့် ပြင်းထန်စွာ ကုတ်ခြစ်လိုက်တော့၏ ။

ရွှေလျှပ်ဘုရင်မှာလည်း မျက်နှာ ကွက်ခနဲ ပျက်သွားကာ သူ၏ ခန္ဓာကိုယ်ကို နောက်သို့ ယိမ်းလျက် ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်ရသည် ။ သို့သော်လည်း လုံထျန်းရှင်း၏ နှုတ်ခမ်းဖျားတွင်မူ သိမ်မွေ့သည့် အပြုံးတစ်ချက် ဖြတ်ပြေးသွား၏။

“မကောင်းတော့ဘူး” ရွှေလျှပ်ဘုရင်မှာ တစ်စုံတစ်ခုကို ရိပ်မိသွားကာ အလျင်အမြန်ပင် အပေါ်သို့ ခုန်တက်၍ ရှောင်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ငွေရောင်နဂါးအမြီးမှာမူ သူ၏ ဆီသို့ ဝှေ့ယမ်းလာခဲ့ပြီ ဖြစ်ရာ သူ၏ ကျောပြင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

“ဖူး”

ရွှေလျှပ်ဘုရင်၏ ချပ်ဝတ်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ကာ သူသည် ပါးစပ်အတွင်းမှ သွေးများ အန်ထုတ်လိုက်ရပြီး စင်မြင့်ထက်၌ သတိလစ် မေ့မြောသွားရရှာတော့သည်။

“ဟူး... ... ... ”

ပရိသတ်များမှာ ထိုမြင်ကွင်းကြောင့် အသက်ရှူဖို့ပင် မေ့လျော့သွားကြရတော့၏ ။

လုံထျန်းရှင်းမှာ နောက်တစ်ကြိမ် အောင်ပွဲခံနိုင်ခဲ့ပြန်ပြီ မဟုတ်ပါလော ။

သို့သော်လည်း နောက်တစ်ခဏတွင်မူ လုံထျန်းရှင်း၏ စစ်မှန်သော နဂါးအသွင်မှာ အက်ကွဲသွားခဲ့ပြီး လူသားပုံစံသို့ တိုက်ရိုက် ပြန်လည် ပြောင်းလဲသွားကာ တစ်ကိုယ်လုံးတွင်လည်း သွေးများ တသွင်သွင် စီးကျလျက် သေခြင်းနှင့် ရှင်ခြင်းကြားသို့ ရောက်ရှိသွားရတော့သည်။

“စီနီယာအစ်ကို လုံ အန္တရာယ် ရှိနေပြီ”

“ဆေးဆရာ... ဆေးဆရာ မြန်မြန်လုပ်ကြဦး”

မြူခိုးဂိုဏ်း၏ တပည့်များမှာ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကြကုန်၏။

“ကျွန်မ လာပါပြီ”

ယန်ရူယွီက ဟင်းလင်းပြင်ကို အသာအယာ နင်းလျက် လုံထျန်းရှင်း၏ ဘေးသို့ ပျံသန်း ဆင်းသက်လိုက်ကာ သူမ၏ လက်များကို လုံထျန်းရှင်း၏ နဖူးနှင့် ရင်ဘတ်ပေါ်သို့ တင်လျက် အသက်ဓာတ် ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ပို့ဆောင်ပေးလိုက်၏ ။

မြင်သာထင်သာစွာပင် လုံထျန်းရှင်း၏ ဒဏ်ရာများမှာ လျင်မြန်စွာ ကျက်သွားတော့၏ ။ ရှီလေ့ကမူ အသက်ဓာတ် အနှစ်သာရရည် ပါဝင်သော ကျောက်စိမ်းပုလင်းလေးကို ထုတ်ယူကာ ရွှေလျှပ်ဘုရင် သေဆုံးမသွားစေရန်အတွက် သူ၏ ပါးစပ်အတွင်းသို့ လောင်းထည့်ပေးလိုက်သည်။

ဟင်းလင်းပြင်ထဲ၌မူ...

“ယွင်ကျဲ... ဒါကို လုံထျန်းရှင်းဆီ အခုချက်ချင်း သွားပေးလိုက်စမ်းပါ”

ဟိုယွင်ကျဲ၏ စိတ်ထဲတွင် ယဲ့ဖုန်း၏ အသံကြီးမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသဖြင့် သူ ခေတ္တမျှ မှင်သက်သွားရသည် ။ ၎င်းနောက်တွင်မူ သူ၏ လက်ထဲ၌ ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ကိုင်ထားမိလျက်သား ဖြစ်နေသည်ကို သတိပြုမိလိုက်၏။

‘ဒါက နဂါးနတ်ဘုရားရဲ့ သွေး ပဲ’

သူသည် ချက်ချင်းပင် သဘောပေါက်သွားကာ အမှတ် (၅) စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး နဂါးနတ်ဘုရား၏ သွေး တစ်ပုလင်းလုံးကို လုံထျန်းရှင်း၏ ပါးစပ်အတွင်းသို့ လောင်းထည့်ပေးလိုက်တော့၏။

“စီနီယာအစ်ကို... ဒါက ဘာကြီးလဲ ဟင်” ဟု ယန်ရုယွီက ဘေးမှနေ၍ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

“ဂိုဏ်းချုပ်ဦးလေးက ဒီနတ်ဘုရားဆေးကို လုံထျန်းရှင်းဆီ ပေးခိုင်းလိုက်တာလေ... ၎င်းကို နဂါးနတ်ဘုရားရဲ့ သွေး လို့ ခေါ်တယ်” ဟု ဟိုယွင်ကျဲက အလျင်အမြန် ရှင်းပြလိုက်၏။

“အား... ... ... ”

နဂါးနတ်ဘုရား၏ သွေးကို သောက်သုံးပြီးနောက်တွင်မူ လုံထျန်းရှင်း၏ နဖူးထက်၌ ငွေရောင် လျှပ်စီးအမှတ်အသား နှစ်ခု ပေါ်ထွက်လာကာ သူ၏ ခန္ဓာကိုယ်မှာလည်း ပူလောင်လာသဖြင့် နာကျင်စွာ အော်ဟစ်နေရရှာတော့သည်။

“ဝူး…ဝူး…”

ပြင်းထန်လှသော နဂါးအရှိန်အဝါများ ပေါက်ကွဲထွက်လာသဖြင့် ဟိုယွင်ကျဲနှင့် ယန်ရုယွီတို့မှာ စင်မြင့်ပေါ်မှ လွင့်ထွက်သွားကြရ၏။

“ဝုန်း... ... ... ”

လုံထျန်းရှင်း၏ ပါးစပ်အတွင်းမှ ထွက်ပေါ်နေသော အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် ကြည်လင်လှသော နဂါးဟိန်းသံကြီးအဖြစ် ပြောင်းလဲသွားသဖြင့် ရှိနေသမျှသော ကျင့်ကြံသူများ အားလုံး၏ အာရုံကို ဖမ်းစားလိုက်တော့သည်။

လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ စတင် ပြောင်းလဲလာခဲ့ပြီး မီတာ (၅) ခန့် ရှည်လျားသော ငွေရောင် စစ်မှန်သော နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

လှပပြေပြစ်သော ကိုယ်ဟန် ။

တောက်ပ စူးရှသော မျက်ဝန်းများ ။

ရှည်လျားပြီး ခိုင်မာလှသော ငွေရောင် နဂါးနှုတ်ခမ်းမွေးများ ။

အထူးသဖြင့် တဖျတ်ဖျတ် လက်နေသော ထိုနဂါးကြေးခွံများမှာ ယခင်ကထက် ပိုမို အသေးစိတ်လှကာ တစ်ခုနှင့်တစ်ခု ထိစပ်နေသည်မှာ တန်ဖိုးကြီးလှသော ကျောက်မျက်ရတနာများအလား ဝင်းလက်နေတော့သည်။

“ဒါ... ဒါကမှ စစ်မှန်တဲ့ ဒုတိယအဆင့် ပုံစံပဲ”

လုံထျန်းရှင်းသည် လေထဲတွင် ဝဲပျံနေရင်း သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေမိ၏ ။

သူသည် ဟိုယွင်ကျဲဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

“စီနီယာအစ်ကို... စီနီယာအစ်ကို ကျွန်တော့်ကို ဘာတွေ တိုက်လိုက်တာလဲ ခင်ဗျာ”

“အဲဒါ ဂိုဏ်းချုပ်ဦးလေးက မင်းကို ပေးခိုင်းလိုက်တဲ့ နဂါးနတ်ဘုရားရဲ့ သွေး လေ” ဟု ဟိုယွင်ကျဲက ဆိုလိုက်၏။

“ဒါ ငါတို့ရဲ့ နဂါးနတ်ဘုရား ဘိုးဘေးကြီးရဲ့ မူလသွေးပေါ့လေ... မထူးဆန်းတော့ပါဘူး... ဒါကြောင့်လည်း မတည်မငြိမ် ဖြစ်နေတဲ့ ဒုတိယအဆင့်ကနေ အခုလိုမျိုး တည်ငြိမ်တဲ့ အနေအထားကို ရောက်သွားတာကိုး”

လုံထျန်းရှင်းက သူ၏ နဂါးလက်သည်းများကို ဆန့်ထုတ်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်၏။

‘ဒါက စစ်မှန်တဲ့ နဂါးအသွင် ပေါ့... ငါ့ရဲ့ ခွန်အားတွေက အဆုံးမရှိ ထွက်ပေါ်နေသလိုပဲ... အကယ်၍ ရွှေလျှပ်ဘုရင်နဲ့သာ နောက်တစ်ခါ ပြန်တိုက်ရမယ်ဆိုရင် သူ့ရဲ့ ရွှေရောင်နတ်ဘုရားမိုးကြိုးကို လျစ်လျူရှုပြီး ငါ အသာလေး အနိုင်ယူနိုင်မှာ အသေအချာပဲ’

--

All Chapters