← Chapters

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း (၅၈၂) - တုန်းချန်၏ အသွင်ပြောင်းလဲခြင်းနှင့် နက်နဲလှသော အခြေခံအုတ်မြစ်များ

~“တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလိုက်တာ”

ယဲ့ဖုန်းသည် သူ၏ မေးစေ့ကို အသာအယာ ပွတ်သပ်ရင်း ရေရွတ်လိုက်၏။ ထိုအခိုက်အတန့်၌ သူသည် လက်ချောင်းလေးများကို လှုပ်ရှားကာ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် တုန်းချန်၏ ဆံပင်တစ်ပင်ကို လှမ်း၍ ယူလိုက်တော့၏။ ၎င်းနောက်တွင်မူ သူ၏ ‘ထိုးထွင်းသိမြင်သော မျက်လုံး’ ကို အသုံးပြုကာ ဆန်းစစ်လိုက်၏။

ခေတ္တမျှ ကြာပြီးနောက်တွင်မူ ယဲ့ဖုန်း၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားရတော့၏။ သူသည် အရာအားလုံးကို ထွင်းဖောက် သိမြင်သွားခဲ့တော့သည်။

“ဘုရားရေ... ... ... ”

“တုန်းချန်က အရင်က တုန်းချန် မဟုတ်တော့တာ အမှန်ပဲကိုး”

“ဒီလူရဲ့ ဝိညာဉ်က တုန်းချန်ရဲ့ ဝိညာဉ်၊ တုန်းချန်ရဲ့ ဘိုးဘေးဖြစ်တဲ့ တုန်းတုန်းချန်ရဲ့ ဝိညာဉ်အကြွင်းအကျန်၊ ပြီးတော့ မိစ္ဆာဘုရင် ဟူယွမ်ရဲ့ ဝိညာဉ်တို့နဲ့ ပေါင်းစပ်သွားတာပဲ... ဝိညာဉ်သုံးခု တစ်သားတည်း ဖြစ်နေတဲ့ ထူးခြားတဲ့ အခြေအနေမျိုးကို ရောက်နေတာကိုး”

“သူတို့တွေက လုံးဝ အသစ်စက်စက် ကိုယ်ပိုင် စရိုက်လက္ခဏာ တစ်ခုကို ဖန်တီးလိုက်ကြတာပဲ... အရင်ကထက် ပိုပြီး ပြတ်သားတယ်၊ ရက်စက်တယ်၊ ပြီးတော့ ပိုလည်း သန်မာလာတယ်လေ”

“ဒါတင်မကသေးဘူး... သူက မှော်ပညာနဲ့ ခန္ဓာကိုယ်ကို ပူးတွဲကျင့်ကြံတဲ့ လမ်းစဉ်ကိုလည်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီပဲ... အဆင့်တူ ကျင့်ကြံသူတွေကြားမှာတော့ သူက ပြိုင်ဘက်ကင်းသလောက် ရှိနေပြီပေါ့”

ယဲ့ဖုန်းသည် ထိုအချက်အလက်များ အားလုံးကို သူ၏ မျက်လုံးဖြင့် အတပ်သိ မြင်တွေ့နေရသည်။

“ကျွန်တော့်နာမည်က တုန်းချန် မဟုတ်ဘူးဗျ... ကျွန်တော့်ကို ‘တုန်းယွမ်တုန်း’ လို့ ခေါ်တယ်လေ”

ထိုအခိုက်အတန့်၌ တုန်းယွမ်တုန်းက အေးစက်လှသော အသံဖြင့် ဆိုလိုက်၏။

ဝိညာဉ်များ ပေါင်းစပ်သွားပြီးနောက် သူ၏ ခွန်အားမှာ များစွာ တိုးတက်လာခဲ့သလို၊ သူ၏ စရိုက်လက္ခဏာမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့တော့သည်။ သူ၏ ကိုယ်ပိုင် အမှတ်သညာမှာလည်း အရင်နှင့် မတူတော့သည်မှာ အမှန်ပင်။

တုန်းယွမ်တုန်းသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်၌ ပိုက်လျက် စင်မြင့်ထက်တွင် မာန်ပါပါ ရပ်နေ၏။ သူ၏ မျက်နှာမှာ အေးစက်နေကာ အနည်းငယ်မျှပင် မတုန်လှုပ်နေပေ။

‘ဒီလူက... တုန်းယွမ်တုန်း ပေါ့လေ...’

ယဲ့ဖုန်းသည် သူ၏ နားထင်ကို အသာအယာ ပွတ်သပ်လိုက်မိ၏။ သူ တွက်ချက်ရန် အသုံးပြုခဲ့သော တုန်းယွမ်တုန်း၏ ဆံပင်မှာ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်ရာ ဆက်လက် တွက်ချက်ရန် မဖြစ်နိုင်တော့ပေ။ သို့ဖြစ်သော်ငြားလည်း ယဲ့ဖုန်းသည် ဝေးကွာသော အရပ်မှ တုန်းယွမ်တုန်းကို စိုက်ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံ စွမ်းအားများကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည့် အခါတွင်မူ...

“ဟေ”

ဤတစ်ကြိမ်တွင်မူ ယဲ့ဖုန်းမှာ ယခင်ကထက် ပိုမို အံ့အားသင့်သွားရပြန်၏။ တုန်းယွမ်တုန်းသည် ‘ထျန်းကျီ စံအိမ်’ ဟု ခေါ်ဝေါ်သော ဆန်းကြယ်လှသည့် မြေအောက် အင်အားစု တစ်ခုမှ လာခြင်းဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။ ထိုအင်အားစု၏ အရှင်သခင်မှာမူ အတိတ်ကာလက သူ၏ လက်တွင်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သော ယပ်တောင်ကိုင် သခင်လေး ပင် ဖြစ်သည်။

“ဪ... ဒီလိုကိုး”

ယဲ့ဖုန်းက ဆက်လက်၍ တွက်ချက်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။

“ငါ အခုမှ နားလည်သွားပြီ”

“ယပ်တောင်ကိုင် သခင်လေး လွတ်သွားပြီးတဲ့ နောက်မှာ ၊ သူက ထျန်းကျီ စံအိမ်ကို တည်ထောင်သူ ‘ကျူးယုံဖု’ နဲ့ မတော်တဆ တွေ့ဆုံခဲ့တာပဲ... ကျူးယုံဖု... ဒီနာမည်က နားထဲမှာ တစ်မျိုးကြီးပဲ... တော်တော်လေးလည်း ရင်းနှီးနေသလိုပဲနော်”

ယဲ့ဖုန်း အနေဖြင့် အပေါ်ယံမျှသာ မြင်တွေ့လိုက်ရခြင်း ဖြစ်သဖြင့် များစွာသော အချက်အလက်များကိုတော့ မသိနိုင်သေးပေ။ ကျူးယုံဖု ၏ စစ်မှန်သော ကိုယ်ပိုင် အမှတ်သညာနှင့် ၊ ကျူးယုံဖု ၏ ဘေးတွင် ရှိနေသော ရှောင်ဖန်ကူ တို့အကြောင်းကိုလည်း သူ မသိရှိသေးပါချေ။

သို့သော်ငြားလည်း ယဲ့ဖုန်း အနေဖြင့် များစွာသော အကျိုးကျေးဇူးများကိုတော့ ရရှိခဲ့တော့၏။ သူသည် နောင်တွင် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကြိုတင် ကာကွယ်ရန်အတွက် ‘ထျန်းကျီ စံအိမ်’ ကို အခုချက်ချင်းပင် အမြစ်ဖြတ် သုတ်သင်ပစ်ရမလားဟု တွေးတောနေမိ၏။

“ထားလိုက်ပါတော့လေ”

“ထျန်းကျီ စံအိမ် အညတရလေး တစ်ခုကို ငါကိုယ်တိုင် လှုပ်ရှားလိုက်ရင်တော့ အလွယ်တကူပဲ ပြီးသွားမှာပေါ့... ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် ငါ့ရဲ့ တပည့်တွေအတွက် သူတို့ကိုယ်သူတို့ ထက်မြက်အောင် သွေးပေးမယ့် ကျောက်သား တစ်ခု ဆုံးရှုံးသွားလိမ့်မယ်”

“ယပ်တောင်ကိုင် သခင်လေးက ဝိညာဉ်ပင်လယ်အဆင့်မှာပဲ ရှိသေးတာဆိုတော့ တော်တော်လေး အားနည်းပါသေးတယ်”

“တစ်ဖက်မှာလည်း ငါ့ရဲ့ မြူခိုးဂိုဏ်းက လီကျောက်ခွန်ဟာ ငါ အဆင့်မြှင့်တင်ပေးထားတဲ့ ရှေ့ဖြစ်ဟောမျိုးနွယ်စုရဲ့ တွက်ချက်ခြင်း အတတ်ကို သင်ယူထားတာဆိုတော့... ထျန်းကျီ စံအိမ်ကို နောင်မှာ သူတို့အတွက် လေ့ကျင့်ခန်း တစ်ခုအဖြစ် ထားပေးလိုက်တာက ပိုပြီး ကောင်းမွန်လိမ့်မယ်”

“တကယ့်ကို ကောင်းလှပေစွ”

ထိုသို့ တွေးတောလိုက်မိသည့်အခါ ယဲ့ဖုန်း၏ နှုတ်ခမ်းလွှာလေးများမှာ အနည်းငယ် တွန့်ကွေးသွားရ၏။ အတိတ်ကာလက ယပ်တောင်ကိုင် သခင်လေးသည် သူ့အား ဆန့်ကျင်ရန် အချည်းနှီး ကြိုးစားခဲ့ဖူးသည် မဟုတ်ပါလော။

ယခုမူ ယဲ့ဖုန်းသည် ထိုယပ်တောင်ကိုင် သခင်လေးအား သိစေချင်သည်မှာ... သူသည် ယဲ့ဖုန်းအား မယှဉ်နိုင်ရုံတင်မကဘဲ ၊ မြူခိုးဂိုဏ်း၏ ဒုတိယမျိုးဆက် တပည့်တစ်ဦးကိုပင် မမှီနိုင်တော့ကြောင်းကိုပင်။ ဒါက ‘လူကို သတ်စရာ မလိုဘဲ စိတ်ကို ချိုးနှိမ်ခြင်း’ ပင် ဖြစ်တော့သည်။

‘မင်းကို ငါ အလွယ်တကူ ချေမှုန်းနိုင်ပေမဲ့ ငါ မလုပ်ဘူး... ငါ့ရဲ့ တပည့်တွေကိုပဲ မင်းကို နှိမ်နင်းခိုင်းမယ်’

‘အဲဒီအခါကျမှ မင်း ဘယ်လောက်အထိ မျှော်လင့်ချက် ကင်းမဲ့သွားမလဲဆိုတာ ငါ သိချင်မိသေးတယ်’

---

အမှတ် (၇) စင်မြင့်ထက်၌မူ...

တုန်းယွမ်တုန်းသည် မိမိ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီဖြစ်ကြောင်း လုံးဝ မသိရှိရှာပါချေ။ သူသည် လက်နှစ်ဖက်ကို ပိုက်လျက် ပတ်ဝန်းကျင်ကို အေးစက်စွာ လှည့်ပတ်ကြည့်နေ၏။

“မင်းတို့ အားလုံးက တော်တော်လေးကို အားနည်းတာပဲ။ ကြယ်လေးပွင့် အဆင့်ရှိတဲ့ နိုင်ငံကြီး နှစ်ခုမှာ ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သတ္တမအလွှာ (၇) မှာ ရှိနေပြီးတော့ ၊ ငါနဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား”

“မင်းက တော်တော်လေးကို မောက်မာတာပဲနော်”

လေဝူမင်းဆက် ဘက်မှ ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သတ္တမအလွှာရှိ ပါရမီရှင် တစ်ဦးသည် စင်မြင့်ပေါ်သို့ ချက်ချင်း တက်လှမ်းလာတော့၏။

“အမြွှာဓားသွား... ကမ္ဘာမြေကို ဆွဲဖြဲခြင်း”

ထိုလူသည် စင်ပေါ်သို့ ရောက်သည်နှင့် သူ၏ ဓားနှစ်လက်ကို ဆွဲထုတ်လိုက်ကာ တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်လျက် ပိုင်းချလိုက်ရာ ၊ အလွန် တုန်လှုပ်စရာ ကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

“ဝှစ်….”

ကောင်းကင်ယံကြီးပင်လျှင် ဆွဲဖြဲခံလိုက်ရသလား ထင်မှတ်ရကာ ၊ ကတ်ကြေးပုံသဏ္ဌာန်ရှိသော အရှိန်အဝါကြီး တစ်ခုမှာ ကမ္ဘာပျက်တော့မည့်အလား တိုးဝင်လာတော့၏။

“အားနည်းလွန်းတယ်”

တုန်းယွမ်တုန်းက ခေါင်းကို ခါယမ်းလိုက်ကာ အကြည့်လွှဲလိုက်သည်။ သူသည် တစ်ဖက်လူကို ကြည့်ရန်ပင် စိတ်မဝင်စားတော့ဘဲ အမှတ်မထင် လက်သီးတစ်လုံးကိုသာ ထိုးသွင်းလိုက်တော့၏။

“မင်းကို ကြည့်စရာတောင် မလိုပါဘူး... မင်း ငါ့နားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး”

နောက်တစ်ခဏတွင်မူ...

“ဝုန်း”

သူ၏ ဖျက်ဆီး၍ မရနိုင်သော လက်သီးချက်က ပြိုင်ဘက် ထုတ်လွှတ်လိုက်သော ကတ်ကြေးပုံသဏ္ဌာန် အရှိန်အဝါများကို အမှုန့်ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်ရုံတင်မကဘဲ ၊ ထိုစွမ်းအားများကို ပြန်လည် ဝေ့ဝဲသွားစေကာ ထိုပါရမီရှင်၏ ရင်ဘတ်ကို တည့်တည့် ဆောင့်မိသွားစေတော့သည်။ ထိုလူမှာလည်း သွေးများ ဝေါ့ခနဲ အန်ချလိုက်ရကာ နောက်သို့ လွင့်ထွက်သွားရှာတော့သည်။

“အား... ... ... ”

ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော ထိုပါရမီရှင်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ကာ အသက်ရှူရုံမျှသာ တတ်နိုင်တော့၏။

“ငါ ပြောသားပဲ... မင်းတို့က အားနည်းလွန်းပါတယ်ဆိုမှ”

တုန်းယွမ်တုန်းက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မောက်မာလှသော အပြုအမူကြောင့် အခြားသော ပါရမီရှင်များမှာလည်း မကျေမနပ် ဖြစ်သွားကြကာ ၊ တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်သို့ တက်လှမ်းကြတော့၏။

သို့သော်ငြားလည်း ချွင်းချက် မရှိပါချေ။

ထိုပါရမီရှင်များမှာ မည်မျှပင် အစွမ်းထက်စေဦးတော့ ၊ တုန်းယွမ်တုန်း၏ လက်သီးတစ်ချက်ကိုပင် မတောင့်ခံနိုင်ကြသည်မှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည်။

“တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ”

ဟင်းလင်းပြင်ထဲတွင် ရပ်နေသော တတိယမင်းသားမှာ မျက်မှောင်ကြုတ်လိုက်မိ၏။

ဝိညာဉ်ပင်လယ်အဆင့်နှင့် သက်ဆိုင်သော စင်မြင့် ငါးခုအနက် ၊ ယခုအခါ အမှတ် (၁၀) စင်မြင့် တစ်ခုတည်းမှာသာ လျန်ဝမ်ဖန် ရှိနေတော့သည်။ သူမသည် သူမ၏ အစ်မဖြစ်သူ လျန်ဝမ်ယွီကို နောက်ဆုံးတွင် အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း ကျန်ရှိနေသော စင်မြင့်လေးခုမှာမူ ဟာလာဟင်းလင်း ဖြစ်နေကာ တိတ်ဆိတ် ငြိမ်သက်နေတော့၏။ တတိယမင်းသားသည်လည်း စင်ပေါ်သို့ တက်မည့်သူ မရှိသဖြင့် ကိုယ်တိုင် လှုပ်ရှားရန် စိတ်မဝင်စားတော့ဘဲ ၊ လေထဲတွင် ရပ်လျက် တုန်းယွမ်တုန်း၏ တိုက်ပွဲများကိုသာ စောင့်ကြည့်နေမိတော့သည်။

သူသည် တုန်းယွမ်တုန်း အနေဖြင့် ပါရမီရှင်ပေါင်း ဆယ်ဦးကျော်ကို အပြတ်အသတ် နှိမ်နင်းထားသည်ကို မြင်တွေ့ခဲ့ရပြီးပြီပင်။

အဆင့်တူ ကျင့်ကြံသူများကြားမှာတော့ ထိုလူသည် ပြိုင်ဘက်ကင်း နေသည်မှာ အမှန်ပင်။ မိုယင်၊ ဟိုယွင်ကျဲနှင့် ကျန်းပိုင်ကော တို့ပင်လျှင် တုန်းယွမ်တုန်းကို ကြည့်ရင်း ပြင်းထန်လှသော ဖိအားများကို ခံစားနေကြရ၏။

‘ခန္ဓာကိုယ်က တကယ်ကို သန်မာတာပဲ... အဆင့်တူသာ တိုက်ရမယ် ဆိုရင်တော့ ၊ ငါလည်း စင်ပေါ်တက်ပြီးတော့ သူ့ရဲ့ ခွန်အားတွေကို စမ်းသပ်ကြည့်ချင်မိတယ်’

လူအုပ်ကြီးကြားတွင် ရပ်နေသော ချောင်ကျားရှီးမှာမူ မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူသည် ဤပြိုင်ပွဲတွင် စင်ပေါ်သို့ တက်လှမ်းခြင်း မပြုဘဲ လီကျောက်ကျောက်တို့နှင့်အတူ ရပ်ကာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပါသည်။

“မောင်လေးချောင်... နင်ကော နိုင်မယ် ထင်လား” လီကျောက်ကျောက်က မေးမြန်းလိုက်၏။

“အဆင့်တူသာ တိုက်ရမယ် ဆိုရင်တော့... တိုက်ကြည့်မှပဲ သိမှာပါဗျာ” ဟု ချောင်ကျားရှီးက ပြန်လည် တုံ့ပြန်လိုက်၏။

“ဟုတ်ပါရဲ့” လီကျောက်ကျောက်က ခေါင်းညိတ်လိုက်မိ၏။

တုန်းယွမ်တုန်း အနေဖြင့် ပါရမီရှင် အမြောက်အမြားကို အနိုင်ယူလိုက်ပြီးနောက်တွင်မူ ၊ အခြားသော ကျင့်ကြံသူများမှာလည်း စိတ်ပျက်အားငယ် သွားကြရရှာကာ ထပ်မံ၍ စင်ပေါ်သို့ တက်ရန် မဝံ့ရဲကြတော့ပါချေ။ ထို့ကြောင့် အမှတ် (၇) စင်မြင့်၏ အောင်နိုင်သူမှာ တုန်းယွမ်တုန်း ဖြစ်လာတော့မည်မှာ သေချာလှ၏။

အခြားသော စင်မြင့်များတွင်လည်း တိုက်ပွဲများမှာ တဖြည်းဖြည်း နိဂုံးချုပ်လာနေခဲ့ကာ ၊ နေမင်းကြီးသည်လည်း အနောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့တော့သည်။

“လူကြီးမင်းတို့ ခင်ဗျာ... အချိန်စေ့ပါပြီ”

စင်မြင့်တိုက်ပွဲများကို ကြီးကြပ်နေသော ဝမ်လင်သည် ကောင်းကင်ယံသို့ ပျံတက်လိုက်ကာ သူ၏ အာဏာပါလှသော အသံဖြင့် ကြေညာလိုက်၏။

“ (၃) ရက်တိုင်တိုင် ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက်မှာတော့... နိုင်ငံတကာ ပါရမီရှင်များ စင်မြင့်တိုက်ပွဲဟာ တရားဝင် ပြီးဆုံးသွားခဲ့ပါပြီ။ စင်မြင့်ထက်မှာ နောက်ဆုံးအထိ ကျန်ရစ်နေတဲ့ သူတွေဟာ အောင်နိုင်သူများ ဖြစ်ကြပြီး ၊ သတ်မှတ်ထားတဲ့ ဆုလာဘ်များ အားလုံးကို ရရှိကြမှာ ဖြစ်ပါတယ်”

စကားအဆုံး၌၊ဝမ်လင်က သူ၏ ဝတ်ရုံလက်ကြီးကို ဝှေ့ယမ်းလိုက်ရာ ၊ အလင်းလုံးပေါင်း ဆယ်လုံးမှာ အောက်သို့ ကျဆင်းလာခဲ့တော့၏။ တုန်းယွမ်တုန်းသည် သူ၏ ရှေ့ရှိ အလင်းလုံးကို ကြည့်လိုက်သည်။

၎င်းအတွင်း၌ ‘အံ့ဩဖွယ်ရာ အသွင်ပြောင်း ဝိညာဉ်ဆေးလုံး’ တစ်ပုဒ်၊ ‘သက်တမ်းတိုး ဝိညာဉ်ဆေးလုံး’ တစ်ပုဒ်၊ ‘နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့’ တစ်ခုနှင့် ‘အဆင့်မြင့် ဝိညာဉ်ဓား’ တစ်လက်တို့ ပါဝင်နေ၏။

“ဆုလာဘ်တွေကတော့ မဆိုးပါဘူး”

တုန်းယွမ်တုန်းက ပြုံးလိုက်ရင်း ၊ ရှိနေသမျှသော ပါရမီရှင်များကို မထီမဲ့မြင် တစ်ချက် ကြည့်လိုက်ပြီးနောက် ၊ သူ၏ အကြည့်များမှာ မြူခိုးတောင်ထိပ် ရှိရာ အရပ်ဆီသို့ အမှတ်မထင် ရောက်ရှိသွားတော့သည်။ ယဲ့ဖုန်းနှင့် အကြည့်ချင်း ဆုံသွားခဲ့သည့် ထိုတစ်ခဏမှာပင် တုန်းယွမ်တုန်းသည် သူ၏ ဦးရေပြားများ မူးနောက်သလို ခံစားလိုက်ရသဖြင့် ထိုနေရာမှ အသည်းအသန်ပင် ထွက်ခွာသွားခဲ့တော့၏။

အဆင့်တူ ကျင့်ကြံသူများကြားမှာတော့ သူသည် မောက်မာနိုင်စေဦးတော့ ၊ ယဲ့ဖုန်းနှင့် ရင်ဆိုင်ရသည့် အခါမှာမူ သူ၏ ရင်ထဲတွင် တုန်လှုပ်မှုများကို ခံစားနေရဆဲပင် ဖြစ်သည်။

အထူးသဖြင့် ယဲ့ဖုန်း၏ နောက်ကွယ်တွင် ရှိနေသော မြူခိုးသခင်လေး အကြောင်းကို တွေးမိသည့်အခါ တုန်းယွမ်တုန်း၏ နှလုံးသားထဲတွင် အကြောက်တရားများ ကိန်းအောင်းနေမိတော့သည်။

‘မြူခိုးဂိုဏ်းက အခြေခံ အုတ်မြစ်တွေက တကယ်ကို နက်နဲလွန်းလှတာပဲ... သူတို့ကို မရန်စတာက ပိုပြီး ကောင်းလိမ့်မယ်။ ငါ အခုချက်ချင်း နန်းတော်သခင်ဆီကို ပြန်သွားပြီးတော့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းတွေကို သတင်းပို့ရမယ်’

တုန်းယွမ်တုန်းက တွေးတောရင်း သူ၏ ခြေလှမ်းများကို မြှင့်တင်လိုက်တော့၏။

သို့သော်လည်း သူ မသိရှိခဲ့သည်မှာ... သူ ဆုလာဘ်များကို ရယူလိုက်သည့် ထိုတစ်ခဏမှာပင် သူ၏ သိစိတ် အာရုံအတွင်း၌ ခြေရာခံ အမှတ်အသားတစ်ခုမှာ စိမ့်ဝင်သွားခဲ့ပြီ ဖြစ်ကြောင်းပင် ဖြစ်သည်။

စင်မြင့်တိုက်ပွဲများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော သတင်းများမှာလည်း အရပ်ရပ်သို့ ကျော်ကြားသွားခဲ့တော့၏။

တစ်ရက်အကြာတွင်မူ...

လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်နှင့် လေဝူမင်းဆက် တို့၏ လမ်းမများ၊ လမ်းကြားများ တစ်လျှောက်တွင် နိုင်ငံနှစ်ခုကြားရှိ ပါရမီရှင်များ၏ တိုက်ပွဲအကြောင်းမှာ ပြောမကုန်နိုင်အောင် ဖြစ်နေတော့သည်။ ရေခဲမိစ္ဆာ ပေါ်ထွက်လာခြင်းနှင့် ၎င်းအား မြူခိုးသခင်လေးက ခြေထောက်တစ်ဖက်တည်းဖြင့် နင်းချကာ နှိမ်နင်းခဲ့ခြင်း အကြောင်းမှာမူ လူပြောအများဆုံးသော ကိစ္စပင် ဖြစ်သည်။

“မြူခိုးဂိုဏ်း ဆိုတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... သူတို့ရဲ့ နောက်ကွယ်မှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ မြူခိုးသခင်လေး တစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ”

“ကျွန်တော် ပြောချင်တာကတော့ မြူခိုးဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်တွေက ဘယ်လောက်အထိ နက်နဲနေသလဲ ဆိုတာပါပဲ”

အင်အားစု အသီးသီးမှ လူများမှာ တအံ့တဩ ဆွေးနွေးနေကြတော့၏။

ဤအချိန်တွင် တုန်းယွမ်တုန်းမှာမူ ထျန်းကျီ စံအိမ်ဆီသို့ ပြန်လည် ရောက်ရှိနေခဲ့တော့သည်။

“နန်းတော်သခင်... ဒါတွေကတော့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေပါပဲ” သူသည် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အသေးစိတ် ရှင်းလင်းတင်ပြလိုက်၏။

“မင်း... မင်း ဘာပြောလိုက်တာလဲ။ မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ (၂) ရှိတဲ့ ဘိုးဘေးကြီး တစ်ယောက် ရှိနေတယ် ဟုတ်လား”

ယပ်တောင်ကိုင် သခင်လေး၏ မျက်နှာမှာ အံ့ဩမှုကြောင့် ဖြူဖျော့သွားခဲ့ကာ သူ၏ လက်ထဲမှ ယပ်တောင်လေးမှာလည်း မြေပြင်ပေါ်သို့ ဝုန်းခနဲ လွှတ်ကျသွားရရှာတော့သည်။

--

All Chapters