← Chapters

အခန်း ၄၃၇

Vol. 30 Ch. 437

အခန်း ၄၃၇

Vol. 30 Ch. 437

အခန်း (၄၃၇) မထိုက်တန်ဘူး အပိုင်း (၃)

သို့သော် ထင်မှတ်မထားဘဲ သူ၏ လက်ချောင်းများမှ ထုတ်လွှတ်လိုက်သော လေဟုန်များက လေဟာနယ်ကိုသာ ဖောက်ထွင်းသွားပြီး အချည်းနှီး ဖြစ်သွားခဲ့သည်။

ပြဿနာ ကြီးကြီးမားမား တက်နေပြီ ဆိုသည်ကို သူ ရုတ်တရက် သဘောပေါက်လိုက်သော်ငြားလည်း၊ နောက်သို့ ပြန်လည် ဆုတ်ခွာရန် အချိန်မရတော့ချေ။

အရိပ်တစ်ခုက လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

အေးစက်စူးရှသော အလင်းတန်း တစ်ခုက ရုတ်ချည်း ထွက်ပေါ်လာတော့သည်။

သူ၏ မျက်နှာပေါ်တွင် သွေးကြောင်း တစ်ကြောင်း ထင်ဟပ်သွား၏။

သို့ရာတွင် ဤအရာက အစမျှသာ ဖြစ်ပေသေးသည်။

ဓားရာများက ကြယ်ပျံများအလား၊ သည်းကြီးမည်းကြီး ရွာသွန်းနေသော မိုးပေါက်များအလား အဟုန်ပြင်းစွာ လွှမ်းခြုံလာတော့သည်။

ကြယ်ကြည့်လသာဆောင် တွင် ရှိနေစဉ်က ဆုမို ဝေဖန်ခဲ့သော 'အတုအယောင် ကိုးခု၊ အမှန်တရား တစ်ခု' ဆိုသည့် သိုင်းကွက်များမှာ ယခုအခါ သူမ၏ ဓားဖျားမှ အစစ်အမှန် တိုက်ကွက်များအဖြစ် အားလုံး ပြောင်းလဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

အဘိုးအို မှာ ဝေဇီယီ ၏ ပုံရိပ်ကိုပင် သေချာစွာ မမြင်တွေ့နိုင်တော့ချေ။

သူ ခံစားသိရှိနိုင်သည်မှာ နေရာတိုင်းတွင် အရိပ်များ ပြည့်နှက်နေသော်ငြားလည်း အစစ်အမှန် ပုံရိပ် တစ်ခုမှ မရှိခြင်းပင် ဖြစ်၏။

တစ်ခဏတာမျှ သူ ပြုလုပ်နိုင်သမျှမှာ ဤ မိန်းမပျိုလေး ၏ ကျွမ်းကျင်ပြောင်မြောက်လှသော ဓားသိုင်း က သူ၏ အသက်ကို တိုက်ရိုက် မနှုတ်ယူသွားနိုင်စေရန် သူ၏ အသက်အန္တရာယ် ရှိသော နေရာများကိုသာ တင်းကျပ်စွာ ကာကွယ်ထားရန် ဖြစ်တော့သည်။

ထို့ကြောင့်ပင် 'ကမ္ဘာပျက် ကြယ်ပျံ' ၏ ဓားရာများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်း ဆယ်ဂဏန်းမက ချန်ထားရစ်ခဲ့သည်။

သွေးများက ဒဏ်ရာများမှတစ်ဆင့် စီးကျလာပြီး မြေပြင်ပေါ်သို့ တောက်... တောက်... ဟူ၍ အဆက်မပြတ် ကျဆင်းနေတော့၏။

ဤအခိုက်အတန့်၌ ဘေးတွင် ရပ်ကြည့်နေသူများ အားလုံးမှာ နောက်သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သော်လည်း၊ အဘိုးအို က ရုတ်တရက် ဒေါသတကြီး လွှတ်ခနဲ အော်ဟစ် လိုက်သည်။

"အသုံးမကျတဲ့ ကောင်မ... မင်းကို ငါ ကြောက်နေမယ်လို့ တကယ်ကြီး ထင်နေတာလား"

သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေကျံနေသော သွေးများမှာ သူ၏ လက်ဝါးစွမ်းအားများကြောင့် ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရပြီး သူ၏ လက်ဝါး နှစ်ဖက်ကြားသို့ စုစည်း ဝင်ရောက်သွားကြသည်။

ထို့နောက် လက်ဝါးစွမ်းအားများ အချင်းချင်း ရိုက်ခတ်သွားသော အသံတစ်သံ ထွက်ပေါ်လာပြီး၊ သူ၏ လက်ဝါးများကို ပွတ်သပ်ကာ အဟုန်ပြင်းစွာ ဝှေ့ယမ်းလိုက်တော့၏။

ဝီ... ဝီ... ဝီ

သွေးစက်များက ပန်းပွင့်များ ရွာကျသည့်အလား လေဟာနယ်ထဲသို့ တိုက်ရိုက် လွင့်စင် ပြန့်ကျဲသွားသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံ တစ်ခုလုံး ပြန့်ကျဲနေသော ဝေဇီယီ ၏ ပုံရိပ်ပေါင်းများစွာမှာ ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစည်း သွားတော့သည်။

ပုံရိပ်များ အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်နှင့် တစ်ပြိုင်နက်၊ သူမက ဟန်ချက်ကို ထိန်းကာ လက်ကို မြှောက်၍ အဟုန်ပြင်းစွာ ထိုးစိုက်လိုက်သည်... ကြယ်ပွင့် ညွှန်ပြခြင်း သိုင်းကွက် ပင်တည်း။

“ဝီ”

ဓားများ လည်ပတ်နေသော အသံက တဝီဝီ မြည်ဟိန်းနေပြီး၊ အဖြူရောင် ဓားချီ အလင်းတန်း တစ်ခုက လေဟာနယ် အလယ်တွင် လျှပ်တစ်ပြက် ဝင်းလက်သွားတော့၏။

ထို့နောက် အသားကို ထိုးဖောက်ဝင်ရောက် သွားသော အသံတစ်သံ ဆက်တိုက် ထွက်ပေါ်လာသည်။

ဓားသွားက ရင်ဘတ်မှ ဝင်ရောက်သွားပြီး ကျောဘက်မှ ပြန်ထွက်လာကာ၊ ပြင်းထန်ကြမ်းကြုတ်လှသော ဓားချီ များက အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာပြီး ပြိုပျက်နေသော ဘုရားကျောင်းဟောင်း ၏ နံရံပေါ်သို့ ရိုက်ခတ်သွားတော့သည်။

ချက်ချင်းပင် နံရံပေါ်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားပြီး၊ ကျန်ရှိနေသော ဓားချီ များက မိုးရေစက်များကြားသို့ အဟုန်ပြင်းစွာ ထိုးဖောက် ပျံသန်းသွားသည်။

သို့သော် ရုတ်တရက် ဝေဇီယီ ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာ ကွက်ခနဲ ပျက် သွားတော့၏။

ခေါင်းကို ငုံ့ကြည့်လိုက်သောအခါ ဓားရှည် မှာ အဘိုးအို ၏ ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားသည်မှာ မှန်သော်ငြားလည်း၊ ထိုသို့ မဝင်ရောက်မီ လက်တစ်ဖက်ကို အရင် ထိုးဖောက်သွားခဲ့ကြောင်း သူမ မြင်တွေ့လိုက်ရသည်။

ထိုလက်က ဤအခိုက်အတန့်၌ ဓားသွားဖြင့် ထိုးဖောက်ခံရသည့် နာကျင်မှုကို လုံးဝ ဂရုမစိုက်ဘဲ၊ ဓားသွားပေါ်မှ ပေါ့ပေါ့ပါးပါးပင် ရုန်းထွက်လိုက်ပြီးနောက်၊ သွေးများ တောက်တောက်ကျနေသော ထိုလက်ဖြင့် ဝေဇီယီ ၏ ဓားရှည် ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

အဘိုးအို ၏ မျက်နှာတစ်ခုလုံး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေတော့၏။

"နေမင်းကြယ်ပျံဓားသိုင်း... ဟုတ်လား... မင်းတို့ လန်ယွဲ့နန်းတော် က လူတွေက တစ်ချိန်တုန်းက အငတ်ဘေးဂိုဏ်းကို မျိုးဖြုတ် သုတ်သင်ခဲ့တယ်လေ"

"အခု မင်းတို့ထဲက တစ်ယောက်ကို စားပစ်ပြီး သူတို့ကို ကူညီပေးလိုက်တာက... သေးငယ်တဲ့ လက်စားချေ မှု တစ်ခုလို့တောင် သတ်မှတ်လို့ ရတယ်"

သူ၏ စကားသံ အဆုံးတွင် အမည်းရောင် အငွေ့တန်း တစ်ခုက ဓားသွား တစ်လျှောက် ဝေဇီယီ ထံသို့ အဟုန်ပြင်းစွာ တိုးဝင်လာခဲ့လေပြီ။

ဝေဇီယီ က အန္တရာယ်ကို အာရုံခံမိသဖြင့် ဓားကို လွှတ်ချရန် ဟန်ပြင်လိုက်သော်လည်း၊ အဘိုးအို က သူမ၏ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ကာ သူမ၏ ပခုံးဆီသို့ လက်ကို လှမ်းဆွဲလိုက်တော့သည်။

အကယ်၍ ဤ လက်သည်း ဖြင့်သာ အဖမ်းခံလိုက်ရပါက၊ ဝေဇီယီ သည် သူ၏ လက်ဆုပ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်ရုံသာမက၊ အလောင်းကောင် ပုံစံပြောင်းလဲသူ၏ အလောင်းကောင် အဆိပ်များပါ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ကူးစက်သွားမည် ဖြစ်သည်။

ထိုနည်းတူစွာပင် သူမက လက်ဖြင့် ကာကွယ်ရန်လည်း မဖြစ်နိုင်ပေ။

အလောင်းကောင် အဆိပ် ဆိုသည်မှာ သေးငယ်သော အမှုန်အမွှားလေး တစ်ခုကိုပင် အထိအတွေ့ ခံ၍ မရနိုင်သော အရာဖြစ်၏။

သို့သော် ဝေဇီယီ သည် ပြတ်သားသော စိတ်ဓာတ်ရှိသူ တစ်ဦး ဖြစ်ရာ၊ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကြားရှိ အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိလာသောအခါ သူမက မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ သူမ၏ အတွေးများက လျှပ်တစ်ပြက် ပြေးလွှားသွားပြီးနောက် လက်ဝါး တစ်ချက်ကို အဟုန်ပြင်းစွာ ရိုက်ထုတ်လိုက်တော့သည်။

လတ်တလော အန္တရာယ်မှ လွတ်မြောက်ရန်အတွက် အဆိုးရွားဆုံး အခြေအနေတွင် သူမ၏ ကိုယ်ပိုင် လက်မောင်းကို ပြန်လည် ဖြတ်တောက် ပစ်လိုက်မည်ဟု သူမ ဆုံးဖြတ်ထားပြီး ဖြစ်၏။

ရုတ်တရက် လေပြင်း တစ်ခု အဟုန်ပြင်းစွာ တိုက်ခတ်လာတော့သည်။

အဘိုးအို က လက်ဖြင့် လူကို လှမ်းဖမ်းရန် ပြင်လိုက်စဉ်မှာပင်၊ ကြောက်မက်ဖွယ် လေပြင်းသံကို ကြားလိုက်ရပြီး မျက်နှာ ကွက်ခနဲ ပျက် သွားသည်။

သို့သော် သူ၏ လက်ကို နောက်သို့ ပြန်လည် မဆုတ်ခွာနိုင်မီမှာပင် ပြင်းထန်သော လေဟုန်က သူ၏ လက်ဖျံကို လာရောက် ရိုက်ခတ်သွားခဲ့လေပြီ။

‘ဂျွတ်’ ခနဲ အသံနှင့်အတူ၊ အလွန်တရာ ပြင်းထန်လှသော ရိုက်ခတ်မှုအောက်တွင် သူ၏ လက်ဖျံမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် လိမ်ကောက် သွားတော့သည်။

ထိုအချိန်ကျမှသာ ဝေဇီယီ က ဆုမို သည် သူမ၏ ဘေးနားတွင် ရှိနေသေးကြောင်းကို ရုတ်တရက် သတိရသွား၏။

ကံဆိုးစွာဖြင့် ယခုအချိန်တွင် ဤစကားကို ပြောရန် နောက်ကျလွန်းနေခဲ့ပြီ ဖြစ်၏။ လက်ဝါးရိုက်ချက် ကို ထုတ်လွှတ်ပြီး ဖြစ်ရာ မည်သို့ အလွယ်တကူ ပြန်လည် ရုပ်သိမ်းနိုင်မည်နည်း။

သူမ အလိုမကျ ဖြစ်နေစဉ်မှာပင် သူမ၏ လည်ပင်း ပတ်လည်တွင် ရုတ်တရက် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး၊ သူမ၏ ဆန္ဒမပါဘဲ ခန္ဓာကိုယ် တစ်ခုလုံးက မူလနေရာမှနေ၍ အနောက်ဘက်သို့ ဆွဲခေါ်ခံလိုက်ရတော့သည်။

ဤ လက်ဝါးရိုက်ချက် က သဘာဝကျကျပင် ပစ်မှတ်ကို လွဲချော်သွားခဲ့သော်ငြားလည်း သူမ၏ လက်မောင်းကိုမူ ကယ်တင်နိုင်ခဲ့သည်။

သို့ဖြစ်သော်ငြားလည်း ဝေဇီယီ က မနေနိုင်တော့ဘဲ ခြေစောင့်နင်းကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"နင်က စောစောကတည်းက လှုပ်ရှားလို့ မရဘူးလား... ပြီးတော့ ငါ့ အင်္ကျီလည်ပင်း ကို ဘာလို့ လာဆွဲနေတာလဲ... နင်က ငါ့ကို လည်ပင်း ညှစ်သတ်ချင်နေတာလား"

"ဒီလောက် အကြောင်းပြချက် မရှိဘဲ ရစ်နေတာကို ကြည့်ရင်... မင်းက တကယ့်ကို စွာတေးလန် ကောင်မလေး တစ်ယောက်ရဲ့ အငွေ့အသက်တွေ အပြည့် ရှိနေတာပဲ"

ဆုမို က ရယ်မောလိုက်သည်။

"ငါ စောစောက မလှုပ်ရှားခဲ့တာက... သခင်မလေး ဝေ မိစ္ဆာ နှိမ်နင်း တာကို သေချာ ကြည့်ချင်နေလို့ပါ"

"ဟွန့်... နင်က ငါ..အရှက်ကွဲတာကို ကြည့်ချင်နေတာ မဟုတ်လား"

ထိုသို့ ပြောဆိုပြီးနောက် ဝေဇီယီ တစ်ယောက် သူမ၏ စကားများအတွက် အနည်းငယ် နောင်တရသွားသည်။ ဤမျှ အဓိပ္ပာယ်မရှိသော စကားများက သူမ၏ နှုတ်ခမ်းဖျားမှ ဘယ်လိုများ ထွက်ကျလာရပါသနည်း။

ဆုမို က ခပ်ဟဟ ရယ်မောလိုက်၏။

"အဲဒီလို မဟုတ်ပါဘူး... ဒီလူက အငတ်ဘေးဂိုဏ်း ရဲ့ အကြွင်းအကျန် တစ်ယောက် မှန်း ငါ မသိခဲ့ဘူးလေ... ဒါကြောင့် သူ့ကို စကားလုံးတွေနဲ့ နည်းနည်းလောက် စမ်းသပ်ကြည့်လိုက်တာ... သူ့ရဲ့ သိုင်းပညာ က မဆိုးဘူး ဆိုပေမဲ့ သူ့ရဲ့ ဉာဏ်က တိမ်လွန်းတယ်... ဒါကြောင့်ပဲ သူ ဘယ်လိုလူလဲ ဆိုတာကို ငါတို့ ချက်ချင်း သိလိုက်ရတာပေါ့"

"လန်ယွဲ့နန်းတော် နဲ့ အငတ်ဘေးဂိုဏ်း ကိစ္စကို ပြောရရင်တော့ တော်တော်လေး နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတယ်... အငြိုးအတေး တချို့တောင် ရှိနေသေးတယ် ဆိုတော့ သခင်မလေး ဝေ ဝင်ပါတာက သဘာဝကျပါတယ်"

"နောက်ဆုံး အနေနဲ့... သခင်မလေး ဝေ ရဲ့ ကမ္ဘာပျက် ကြယ်ပျံ သိုင်းကွက် အသုံးပြုမှု က တကယ့်ကို ပြောင်မြောက်ပြီး ချီးကျူးလောက်စရာ ပါပဲ"

"ကြယ်ပွင့် ညွှန်ပြခြင်း သိုင်းကွက် ကလည်း အရမ်းကို အစွမ်းထက်တယ်... အငတ်ဘေးဂိုဏ်း က လူတွေက.. အလောင်းကောင် ပုံစံပြောင်းလဲသူကို သုံးပြီး ဓားတွေ၊ လှံတွေ ထိုးမဖောက်နိုင်အောင် ကာကွယ်နိုင်တယ် ဆိုတာကို ငါ မြင်ဖူးပါတယ်"

"ဒါပေမဲ့ သူတို့က မင်းရဲ့ ဓားကိုတော့ မခံနိုင်ခဲ့ပါဘူး"

"တစ်ခုပဲ ရှိတယ်... နောက်တစ်ကြိမ် သခင်မလေး ဝေ က ပြိုင်ဘက်ကို သတ်ဖို့ ရည်ရွယ်တယ် ဆိုရင်၊ သူ့ရဲ့ အသက်အန္တရာယ် ရှိတဲ့ နေရာတွေကို တိုက်ရိုက် ဦးတည်သင့်တယ်"

"တန်ကျုံး သွေးကြောကွက် က သေချာပေါက် သေစေနိုင်တဲ့ နေရာ ဆိုပေမဲ့ သခင်မလေး ဝေ ရဲ့ ဓားချီ က သူ့ရဲ့ အပေါ်ယံ လွှာကိုပဲ ထိခိုက်စေခဲ့တာ... တကယ်ကို နည်းနည်းလေး နှမြောစရာ ကောင်းတယ်"

ဆုမို ၏ ဤစကားများကို ကြားလိုက်ရသောအခါ ဝေဇီယီ ၏ ရင်တွင်း၌ အတော်လေး နေလို့ထိုင်လို့ ကောင်းသွားသည်။

သို့သော် သူ၏ နောက်ဆုံး မှတ်ချက်က သူမကို အနည်းငယ် မကျေမနပ် ဖြစ်စေဆဲပင်။

"ငါက သူ့ကို အရှင်လတ်လတ် ဖမ်းချင်လို့ ကြိုးစားနေတာ မဟုတ်ဘူးလား"

"ဒါလည်း ဟုတ်တာပါပဲလေ"

ဆုမို က ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် အဘိုးအို ထံ အကြည့် ပို့လွှတ်လိုက်သည်။

"ခင်ဗျား လက်မြှောက် အရှုံးပေး တော့မလား"

အဘိုးအို က သိုင်းလောက ၏ စည်းမျဉ်းများကို လိုက်နာသောကြောင့် မလှုပ်ရှားဘဲ နေနေခြင်း မဟုတ်ချေ။

အမှန်တကယ်တော့ ဤအခိုက်အတန့်၌ ခေါင်းဆောင်လီ၊ ဟူဆန်းတောက်၊ ဖုဟန်ယွမ် နှင့် အာမခံဌာန မှ သိုင်းပညာရှင် များ အားလုံးက ထိုနေရာကို တင်းကျပ်စွာ ဝန်းရံထားပြီး ဖြစ်သောကြောင့်ပင်။

ရိုင်းစိုင်း ကြမ်းတမ်းလှသော ထို သိုင်းလောကသား များ ပင်လျှင် သူ့ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

ပြင်းထန်စွာ ဒဏ်ရာရရှိနေသော ဤအဘိုးအို က ဤသို့သော အခြေအနေမျိုးအောက်တွင် မည်သို့ လှုပ်ရှားဝံ့မည်နည်း။

ယခု ဆုမို ၏ စကားကို ကြားသောအခါ သူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

"မင်းတို့က လူအင်အား အများစု နဲ့ အနည်းစု ကို အနိုင်ကျင့်ဖို့ ကြံစည်နေတာလား"

"ခင်ဗျားတို့လို မိစ္ဆာ လမ်းစဉ် က လူတွေနဲ့ သိုင်းလောက ရဲ့ စည်းမျဉ်းတွေ အကြောင်း ပြောနေစရာ မလိုဘူး ဆိုပေမဲ့..."

ဆုမို က စကားပြောနေစဉ်မှာပင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါပေမဲ့ ခင်ဗျားက လူအင်အား အများစု နဲ့ ကျုပ်..အနိုင်ကျင့်ရလောက်အောင် မထိုက်တန်ပါဘူး ဗျာ"

အဘိုးအို တစ်ယောက် ချက်ချင်း ဝမ်းသာသွားတော့၏။ ဆုမို က သူ့ကို အထင်သေးနေသည်ဟု တွေးလိုက်မိပြီး၊ သူ၏ အလောင်းကောင် ပုံစံပြောင်းလဲသူ သည် ပေါ့ပေါ့ဆဆ သဘောထား၍ ရသော အရာ မဟုတ်ကြောင်း သိထားသဖြင့် ဤအခြေအနေက သူ့အတွက် သတင်းကောင်း တစ်ရပ် ဖြစ်နေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ လက်ဝါး နှစ်ဖက်မှာ ထိတ်လန့်ဖွယ်ရာ စိမ်းပြာရောင် သို့ ပြောင်းလဲသွားပြီး၊ အဘိုးအို က ရုတ်တရက် လက်ကို မြှောက်ကာ ဆုမို ၏ လက်ဝါးကို ရင်ဆိုင်လိုက်တော့၏။

သို့သော် ထိုအခိုက်အတန့်မှာပင် 'ဘုန်း' ခနဲ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ဓားတွေ၊ လှံတွေ ထိုးမဖောက်နိုင်အောင် မာကျောလှသော ထို အလောင်းကောင် ပုံစံပြောင်းလဲသူ မှာ ဆုမို ၏ လက်ဝါးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့် သတိပေးချက်မျှ မရှိဘဲ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီး သွားကာ လေဟာနယ်ထဲသို့ သွေးများ ပန်းထွက်သွားတော့သည်။

အဘိုးအို ၏ မျက်နှာအမူအရာ မပြောင်းလဲမီမှာပင် ဆုမို က သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး ဖြစ်၏။

သူ၏ အတွင်းအား များက မုန်တိုင်း တစ်ခုအလား အဟုန်ပြင်းစွာ လှိုင်းထလာတော့သည်။

သွေးကြောများ တစ်လျှောက် နက်ရှိုင်းသော နေရာများအထိ အတင်းအကျပ် ထိုးဖောက်ဝင်ရောက် သွားရာ၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် အဘိုးအို ၏ ခန္ဓာကိုယ် တစ်ခုလုံးက သစ်တုံးကြီး တစ်တုံးပမာ တောင့်တင်းသွားပြီး မည်သည့် ကြွက်သားကိုမျှ လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားတော့သည်။

ဆုမို က အဘိုးအို ကို ခဏတာမျှ စိုက်ကြည့်နေပြီးနောက် သူ့အား မည်သည့်စကားမျှ မဆိုဘဲ တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်၏။

"ခင်ဗျားတို့ အားလုံးက ဘယ်လောက်ကြာကြာ ပွဲကြည့်နေကြဦးမှာလဲ”

--

All Chapters