← Chapters

အခန်း ၄၄၉

Vol. 30 Ch. 449

အခန်း ၄၄၉

Vol. 30 Ch. 449

အခန်း (၄၄၉) သန့်စင်သော ယန် စံအိမ် အပိုင်း (၃)

"ဒါပေမဲ့ ငါက ထျန်းချူမြို့ မှာ မိစ္ဆာ ဂိုဏ်းကြီး (၃) ဂိုဏ်း နဲ့ ဓားချင်းယှဉ်ပြိုင်ခွင့် ရခဲ့တာ အရမ်းကို နည်းပါးလွန်းတယ်လေ"

"နောက်ဆုံးတော့ အခွင့်အရေး တစ်ခု ရလာပြီ... တပ်မှူး တစ်ယောက်ရဲ့ စွမ်းရည် အတိမ်အနက်ကို စမ်းသပ်ကြည့်လို့ ရပြီလို့ ထင်နေတုန်း... မင်းက သူ့ကို ဓားတစ်ချက်တည်း နဲ့ ထိုးသတ်ပစ်လိုက်တာပဲ"

"..."

ဆုမို တစ်ယောက် ခဏတာမျှ စကားပြောမထွက်အောင် ဖြစ်သွားရသည်။

ရွှမ်ကျီတောင်ကြား အတွင်း၌ တပ်မှူး သုံးဦး နှင့် သူတို့၏ ပြိုင်ဘက်များ စောင့်ဆိုင်းနေခဲ့ကြသည် မဟုတ်ပါလော။

ဥပမာအားဖြင့် ယန်ရှောင်ယွင် နှင့် ဝေဇီယီ တို့ နှစ်ဦးစလုံးက တစ်ဦးစီကို စိန်ခေါ်ရန် အလွန်အမင်း ဆန္ဒပြင်းပြနေခဲ့ကြ၏။

သို့ရာတွင် ဆုမို က သူတို့၏ အခွင့်အရေး အားလုံးကို လုယူကာ လူသုံးဦးစလုံးကို ဓားတစ်ချက်တည်းဖြင့် ထိုးဖောက် သတ်ဖြတ်ပစ်လိုက်ပြီး၊ (သေခြင်းတရားကို အာခံသော ဓားချက် ဆယ့်သုံးချက်) သိုင်းပညာကို အလွတ်သဘော လေ့ကျင့်သွားခဲ့ခြင်း ပင်တည်း။

"ဒါပေမဲ့ အလံသုံးခု အမိန့်တော် ရဲ့ တကယ့် စွမ်းရည်အစစ်အမှန် က သူတို့ တစ်ယောက်ချင်းစီရဲ့ သိုင်းပညာ တွေမှာပဲ ရှိနေတာ မဟုတ်ဘူး"

သွမ့်ဆုန် နှင့် အခြားသူများက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောသည်။

"အဲဒါက သူတို့ လက်အောက်ငယ်သား တွေကို ဦးဆောင်ပြီး ချထားတဲ့ ဝင်္ကပါ အစီအရင်တွေမှာ ရှိနေတာ... အဲဒီ အစီအရင် တွေက ချီမေ တောအုပ် ထဲမှာ ထူးဆန်းတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေတယ်... ကွင်းပြင်ကျယ် တွေမှာ ဒါမှမဟုတ် လမ်းကြားလေး တွေမှာဆိုရင် ဒီ အစီအရင် တွေကို ရင်ဆိုင်ဖို့ အလွန်တရာ ခက်ခဲလွန်းတယ်"

"ပြီးတော့ ဒီသုံးယောက်သာ ပေါင်းစည်းသွားမယ် ဆိုရင်... ဘယ်သူမှ ချီမေ တောအုပ် ကို ထိုးဖောက် ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"

"အကယ်၍ တစ်ယောက်ယောက် လိုအပ်နေမယ် ဆိုရင်တော့... ဝင်္ကပါ အစီအရင် ရဲ့ စွမ်းအား က လျော့ကျသွားမှာပေါ့... ဒါပေမဲ့ အဲဒါက သာမန် အတိုင်းအတာ တစ်ခုထက် အများကြီး ပိုလိမ့်မယ်လို့ ငါ ထင်တယ်"

"ရှောင်မို... နောင်တစ်ချိန်မှာ မင်း သူတို့နဲ့ ဆုံတွေ့ခဲ့ရင်... သူတို့ကို ဝင်္ကပါ အစီအရင် ဖွဲ့စည်းဖို့ အခွင့်အရေး လုံးဝ မပေးမိစေနဲ့နော်"

"နားလည်ပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးသွမ့်"

ဆုမို က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးရင်း တည်ကြည်လေးနက် စွာဖြင့် ပြောလိုက်သည်။

သွမ့်ဆုန် က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် လက်ညှိုးထိုးပြကာ ကြေညာလိုက်၏။

"ငါတို့.. သန့်စင်သော ယန် စံအိမ် ကို ရောက်ပြီ"

သန့်စင်သော ယန် စံအိမ် ဆိုသည်မှာ တကယ်တော့ လိုဏ်ဂူ တစ်ခုသာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

တံခါးပေါက် တစ်ခုကို တပ်ဆင်ထားပြီး ဇီယန်ဂိုဏ်း မှ တပည့် နှစ်ဦးက ကင်းစောင့်နေကြသည်။

သေချာသည်ကတော့ ဤအရာက အပေါ်ယံ မြင်တွေ့ရသော အစီအစဉ်မျှသာ ဖြစ်ပေ၏။ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် သူ၏ အပေါ်သို့ ကျရောက်လာသော အကြည့်ပေါင်း ဒါဇင်နှင့်ချီ ရှိနေကြောင်း ဆုမို ခံစားသိရှိလိုက်သည်။

အသက်ရှူသံ များကို အာရုံစိုက် နားထောင်ကြည့်လိုက်ရာ၊ သူ၏ ပတ်လည်တွင် ပုန်းကွယ်နေသော နှလုံးခုန်သံ နှင့် သွေးခုန်နှုန်း ပေါင်းများစွာကို သူ ကြားသိလိုက်ရ၏။

သွမ့်ဆုန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ကင်းစောင့်နေသူ နှစ်ဦးက ချက်ချင်းပင် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ကြသည်။

သွမ့်ဆုန် က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး စံအိမ် ၏ တံခါးဝသို့ ချဉ်းကပ်သွားကာ လက်နှစ်ဖက်ကို ယှက်၍ ဦးညွှတ်လိုက်၏။

"တပည့် သွမ့်ဆုန်... ဇီယန်ဂိုဏ်း ရဲ့ (၃၂) ဆက်မြောက် ဆက်ခံသူ ဆုမို နဲ့ လန်ယွဲ့နန်းတော် က ဝေဇီယီ တို့နဲ့အတူ... ခေါင်းဆောင် ကို လာရောက် ဂါရဝပြု ပါတယ်"

ဆုမို နှင့် ဝေဇီယီ တို့သည် သွမ့်ဆုန် ၏ အနောက်တွင် ရပ်နေကြပြီး ဆုမို က ပြောလိုက်သည်။

"မထိုက်တန်တဲ့ တပည့် ဆုမို... ဆရာအဘိုး ကို လာရောက် ဂါရဝပြု ပါတယ် ဗျာ"

ဝေဇီယီ ကလည်း "လန်ယွဲ့နန်းတော် က တပည့် ဝေဇီယီ... ဇီယန်ခေါင်းဆောင် ကို လာရောက် ဂါရဝပြု ပါတယ် ရှင်" ဟု ဆိုလိုက်၏။

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သန့်စင်သော ယန် စံအိမ် ၏ တံခါးကြီးမှာ ရုတ်တရက် မိုးကြိုးပစ်သံ အလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာကာ ပွင့်ဟလာတော့သည်။

ထို့နောက် အထဲမှနေ၍ ထာအို အငွေ့အသက်များ အပြည့်အဝ ပါဝင်သော တည်ကြည် ခန့်ညားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"လန်ယွဲ့နန်းတော် က ဝေဇီယီ... မင်းက တတိယမြောက် နန်းတော်သခင် ယွင်ကျိုယင်း ရဲ့ တပည့် လား"

"ဟုတ်ပါတယ် ရှင်"

ထိုသို့ အသိအမှတ်ပြု ခံလိုက်ရသဖြင့် ဝေဇီယီ မှာ အနည်းငယ် အံ့အားသင့်သွားပြီး ဝမ်းသာပီတိ ဖြစ်သွားရသည်။

"အင်း... မင်းရဲ့ အသက်ရှူသံ၊ ဟန်ပန် နဲ့ ခြေလှမ်း တွေကို အကဲခတ်ကြည့်ရသလောက်... မိန်းကလေး ယွင် ရဲ့ စစ်မှန်တဲ့ အမွေအနှစ် တွေထဲက (၇၀) ရာခိုင်နှုန်း လောက်ကို မင်း ရရှိထားပြီးပြီပဲ... ကျန်တဲ့ (၃၀) ရာခိုင်နှုန်း ကတော့ ဖုံးကွယ်ထားပြီး ထုတ်မပြသေးတာပေါ့"

"ခေတ်အဆက်ဆက် မှာ ကိုယ်ပိုင် ပါရမီရှင် တွေ ထွက်ပေါ်လာမြဲပဲ... ခေတ်တစ်ခုစီတိုင်းက ရာစုနှစ်ပေါင်းများစွာ ကို လွှမ်းမိုးထားနိုင်ကြတယ်... ကောင်းတယ်... လန်ယွဲ့နန်းတော် မှာ ထိုက်တန်တဲ့ ဆက်ခံသူ တစ်ယောက် ရှိနေပြီပဲ"

အသံအဆုံးတွင် စံအိမ် ၏ တံခါးကြီးမှာ အနည်းငယ် ပွင့်ဟသွားပြီး ပစ္စည်းတစ်ခု လွင့်ထွက်လာကာ ဝေဇီယီ ထံသို့ တိုက်ရိုက် ဦးတည်လာတော့၏။

ဝေဇီယီ က အလိုအလျောက်ပင် ဖမ်းဆုပ်လိုက်ပြီး သူမ၏ လက်ဝါးထဲရှိ ထိုအရာကို ငုံ့ကြည့်လိုက်ရာ အံ့အားသင့် မှင်တက်သွားရသည်။

"ကြယ်ခူးဓား လား"

သူမက တံခါးကြီး ဆီသို့ အလိုအလျောက် မော့ကြည့်လိုက်မိသည်။

ထိုအခါ ဇီယန်ခေါင်းဆောင် ၏ အသံကို နောက်တစ်ကြိမ် ထပ်မံ ကြားလိုက်ရပြန်၏။

"ကြယ်ခူးဓား က လန်ယွဲ့နန်းတော် က ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ ပစ္စည်းပါ... ငါ့လက်ထဲမှာ သိမ်းဆည်းထားတာ အနှစ် (၃၀) ကျော်နေပြီ"

"ဒီနေ့... အဲဒါကို မင်းဆီ ငါ လက်ဆင့်ကမ်း ပေးလိုက်တယ်... မင်း သေချာ တန်ဖိုးထား သိမ်းဆည်းလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ ရှင်"

ဝေဇီယီ က လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ် အရိုအသေပေးလိုက်သည်။

"အင်း..."

အသံက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သန့်စင်သော ယန် စံအိမ် ၏ တံခါးကြီးများ လုံးဝ ပွင့်ဟသွားတော့၏။

"မိုအာ... အထဲဝင်ခဲ့... မင်းရဲ့ ဆရာအဘိုး က... မင်းကို မြင်ချင်နေပြီ"

ဆုမို တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

သက်ပြင်းတိမ်တိမ်လေး တစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် သန့်စင်သော ယန် စံအိမ် အတွင်းသို့ သူ ခြေလှမ်း ဝင်ရောက်သွားတော့သည်။

သူ့အနောက်ရှိ တံခါးကြီးမှာ ချက်ချင်းပင် ဂျုန်းခနဲ ပိတ်သွား၏။ အတွင်း၌ ရေနွေးငွေ့များ အူထွက်နေသော ရေကန်ကြီး တစ်ခုမှလွဲ၍ အခြား ဘာမျှ မရှိချေ။

ဝေ့ဝဲနေသော အဖြူရောင် မြူခိုးများ ကြားတွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများ နှင့် အဘိုးအို တစ်ဦး ထိုင်နေသည်။ သူ၏ နှုတ်ခမ်းများမှာ အရောင်အဆင်း ကင်းမဲ့နေပြီး အားနည်း ချည့်နဲ့နေပုံ ရပေသည်။

သူက မျှော်လင့်ချက်များ အပြည့်အဝ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေ၏။

ဆုမို ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။

သူက ဆုမို ကို သေချာစွာ အကဲခတ် ကြည့်ရှုနေတော့၏။

သူ၏ အကြည့်များက တပည့်တစ်ဦးကို စောင့်ကြည့်နေသော ခေါင်းဆောင် တစ်ယောက်၏ အကြည့်မျိုး မဟုတ်ချေ။

ကြာမြင့်စွာ ကွဲကွာနေခဲ့သော မျိုးဆက် တစ်ဦး အိမ်ပြန်လာသည်ကို ကြည့်နေသည့် အဘိုးအို တစ်ဦး၏ အကြည့်မျိုး သာ ဖြစ်ပေသည်။

သူက ဆုမို ကို အကဲခတ်နေစဉ်၊ ဆုမို ကလည်း သူ့ကို ပြန်လည် အကဲခတ်နေခဲ့သည်။

ထိုလူ တွင် အိုမင်းရင့်ရော်မှု လက္ခဏာများ ပေါ်လွင်နေသော်ငြားလည်း၊ သူ၏ အရွတ်များနှင့် အရိုးများက သန်မာ တောင့်တင်းနေဆဲပင် ဖြစ်၏။

သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်ထားသော အလင်းတန်းများ ရှိနေသော်ငြားလည်း၊ ယခုအခါတွင်မူ ကြင်နာမှု နှင့် နူးညံ့သိမ်မွေ့မှု များသာ ဖြာထွက်နေတော့သည်။

ဤလူကား လက်ရှိ ဇီယန်ခေါင်းဆောင်... လီကျန်းယွမ် ပင် ဖြစ်သည်။

ပြီးတော့ မနေ့ညက ပန်းချီကားထဲမှာ ဆုမို မြင်တွေ့ခဲ့ရသည့် ထာအိုအကြီးအကဲ တစ်ပါးနှင့် တူသော အဘိုးအို ပင်တည်း။

"တပည့် ဆုမို... ဆရာအဘိုး ကို လာရောက် ဂါရဝပြု ပါတယ် ဗျာ"

ဆုမို က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် တရားဝင် ဒူးထောက် ဦးချရန် ဟန်ပြင်လိုက်၏။

သို့သော် လီကျန်းယွမ် က လက်ဖြင့် ဟန့်တားလိုက်ရာ၊ သူ၏ သန့်စင်သော ယန် အတွင်းအားများ ပြန့်ကျဲထွက်လာပြီး ဆုမို ၏ လှုပ်ရှားမှုကို ရပ်တန့်သွားစေခဲ့၏။

သူက သက်ပြင်းတိမ်တိမ်လေး တစ်ချက်သာ မှုတ်ထုတ်လိုက်သည်။

"မင်းအဖေ ဇီယန်ဂိုဏ်း ကနေ ထွက်သွားတုန်းက... သူက သိုင်းလောက ထဲမှာ နစ်မြုပ်ပြီး လွတ်လပ်စွာ နေထိုင်ခွင့် ရမယ့် နေရာတစ်ခုကို ရှာဖွေချင်နေတဲ့ ရဲရင့်တဲ့ လူငယ်လေး တစ်ယောက်ပါ"

"အင်း... အဲဒီအချိန်တုန်းက သူက အခု မင်းရဲ့ အရွယ်ထက်တောင် ပိုပြီး ငယ်ရွယ်နေဦးမယ် ထင်ပါရဲ့"

ဆုမို တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်ကာ နှုတ်ဆိတ်နေမိတော့၏။

"ငါ့ တစ်သက်လုံးမှာ မင်းအဖေ ဆိုတဲ့ တပည့် တစ်ယောက်တည်းပဲ ရှိခဲ့ဖူးတာ"

"ကောင်းကင် နဲ့ မြေကြီး လို ကွာခြားသွားခဲ့ပေမဲ့... သူ့ကို လွမ်းဆွတ် တမ်းတနေရတာနဲ့ပဲ ငါ့ဆံပင်တွေတောင် အမည်း ကနေ အဖြူရောင် ပြောင်းသွားခဲ့ပြီ"

"ကံကောင်းတာက ဆု မိသားစု ရဲ့ မျိုးဆက် က ဆက်လက် တည်ရှိနေသေးတာပဲ"

"အဲဒီအချိန်တုန်းက ငါ မင်းကို ဇီယန်ဂိုဏ်း ကို ခေါ်လာပြီး ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ထားခဲ့တာ"

"ဒါပေမဲ့ ယန်ရီဇီ က မင်းကို အသုံးမကျတဲ့ ကောင်လေး... ဇီယန်ဂိုဏ်း ကို ရောက်လာရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ ပြောခဲ့တယ်"

"ပရမ်းပတာ လောကကြီး ထဲကို ဝင်ပါလာတာက... မင်းရဲ့ အသက်ကို အလဟဿ ဆုံးရှုံးရုံ သက်သက်ပဲ ဖြစ်လိမ့်မယ် တဲ့လေ"

"တကယ်တော့ ငါက အဲဒီ အယူအဆ ကို သဘောမတူခဲ့ပါဘူး"

"ငါ တွေးခဲ့တာက... ဆု မိသားစု က တစ်ဆက်ကို ယောကျ်ားလေး တစ်ယောက်ပဲ မွေးဖွားတဲ့ အစဉ်အလာ ရှိပေမဲ့၊ ယောကျ်ားလေး တိုင်းက ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ လေ"

"မင်းက ဆု မိသားစု ရဲ့ သား တစ်ယောက်ပဲ... ဘယ်လိုလုပ် အသုံးမကျတဲ့ ကောင်လေး ဖြစ်နိုင်မှာလဲ"

"နဂါး တစ်ကောင် က ချောက်နက်ကြီး ထဲမှာ ပုန်းအောင်းနေတယ် ဆိုရင်တောင်... တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ကောင်းကင်ယံ ကို ပျံသန်းနိုင်မယ့် အခွင့်အရေးကို သေချာပေါက် ရရှိလာမှာပဲ"

"ဒါကြောင့် ငါ သူ့ကို အလောင်းအစား လုပ်ခဲ့တယ်"

"မင်းက ချောက်နက်ကြီး ထဲကနေ တက်လာပြီး ကောင်းကင်ယံ ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ် လို့ ငါ လောင်းကြေးထပ် ခဲ့တာ"

"အဲဒီအချိန် ရောက်လာရင်... အကယ်၍ မင်းသာ ဂိုဏ်း ကို ပြန်လာချင်တယ် ဆိုရင် ယန်ရီဇီ က မင်းကို လုံးဝ တားဆီးခွင့် မရှိစေရဘူး လို့ ကတိတောင်းခဲ့တယ်"

"ပထမ နှစ်အနည်းငယ် လောက်ကတော့ အဆင်ပြေနေလိမ့်မယ်လို့ ငါ မျှော်လင့်ထားခဲ့တာ... ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ် လောက်ကစပြီး သူက စာတွေထဲမှာ ငါ့ကို လိမ်ညာနေခဲ့တယ်"

"မင်းက နေ့ဘက်တွေမှာ မိန်းမတွေ နဲ့ ပျော်ပါးပြီး၊ ညဘက်တွေမှာ အရက်သေစာ သောက်စားနေတယ်... သိုင်းပညာ တွေကို စွန့်လွှတ်ထားတာ ကြာပြီလို့ ပြောခဲ့တာ"

"သွမ့်ဆုန် က ဟောက်ရန် ကျောင်းတော် မှာ မင်းကို တွေ့လိုက်ရတဲ့ အချိန်ကျမှပဲ... အဲဒီ လူလိမ် ယန်ရီဇီ က ငါ့ကို ဒီလောက်ထိ လိမ်ညာထားခဲ့တယ် ဆိုတာကို ငါ သဘောပေါက်သွားတော့တာပဲ"

စကားပြောနေစဉ်အတွင်း အဘိုးအို ၏ ခံစားချက်များက ရေကန်ထဲရှိ ရေများကို လှုပ်ခတ်သွားစေသည့်အလား၊ ရေလှိုင်းများ ရုတ်တရက် အဟုန်ပြင်းစွာ ရိုက်ခတ် လာတော့၏။

ဆုမို က ကပျာကယာ ဝင်ပြောလိုက်သည်။

"ဆရာအဘိုး... ဒေါသမထွက်ပါနဲ့... ဦးလေးယန် က... သူ့မှာလည်း အခက်အခဲတွေ ရှိနေလို့ပါ"

"ဟူး... ငါ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ လီကျန်းယွမ် က ချက်ချင်းပင် စိတ်တည်ငြိမ်သွားပြီး ခေါင်းညိတ်ကာ ဆိုသည်။

"သူနဲ့ မင်းအဖေ က သွေးသောက် ညီအစ်ကိုတွေ လေ... ပြီးတော့ သူက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ထက် အမြဲတမ်း ပိုပြီး စိုးရိမ်ပူပန် တတ်တယ်"

"သူ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ နဲ့ အကြံအစည် တွေက သူတို့ရဲ့ သွေးသောက် ညီအစ်ကို သံယောဇဉ် နဲ့ တကယ်ကို ထိုက်တန်ပါတယ်”

All Chapters