← Chapters

အခန်း ၉၄၉

Vol. 64 Ch. 949

အခန်း ၉၄၉

Vol. 64 Ch. 949

အခန်း ၉၄၉ - ဒါပေမဲ့ ငါ ဆေးလုံးသောက်လိုက်လို့လည်း ရတာပဲ

စကြဝဠာသိုင်းပညာရှင်အဖွဲ့ချုပ်၏ ထိပ်သီးစာရင်းဝင် ပါရမီရှင်၁၂ဦးမှာ မြေပြင်ပေါ်တွင် ခွေးသေများအလား လဲကျနေကြသည်။ သူတို့ထဲရှိ တစ်ဦးချင်းစီမှာ မိမိတို့၏ သက်ဆိုင်ရာ စကြဝဠာအင်ပါယာများတွင် တစ်လောကလုံးက အသိအမှတ်ပြုထားရသည့် ပါရမီရှင်များ ဖြစ်ကြပြီး မိမိတို့၏ အဆင့်ငါးအထွတ်အထိပ် သက်ရှိ မျိုးရိုးဗီဇအဆင့်ဖြင့် သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်ကိုပင် ခုခံနိုင်စွမ်းရှိကြသူများပင်။

ဤကဲ့သို့သော ပုဂ္ဂိုလ်များအတွက် အဆင့် ခြောက်သက်ရှိများအဖြစ်သို့ တက်လှမ်းနိုင်ရန်မှာ သေချာသလောက်ရှိနေပြီး လူပေါင်း ထောင်သောင်းချီ၏ ကြည်ညိုလေးစားမှုကို ခံရမည့် ကံကြမ္မာမျိုးလည်း ပိုင်ဆိုင်ထားသည်။

ဤကဲ့သို့သော လူ၁၂ယောက် ပူးပေါင်းပါက ပိုမိုအားနည်းသော အဆင့်ခြောက် အလယ်အလတ်အဆင့် သက်ရှိအချို့ပင်လျှင် သူတို့ကို စိန်ခေါ်ရန် မလွယ်ကူနိုင်သော်လည်း ယခုအခါတွင်မူ သူတို့သည် အဆင့်ငါးအခြေခံအဆင့် သက်ရှိတစ်ယောက်တည်း၏ လက်ချက်ဖြင့် ချက်ချင်း အရေးနိမ့်သွားခဲ့ရလေပြီ။

"လက်နှစ်ဖက်လုံးကနေ ဒီလောက် ပြင်းအားမြင့်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တာ။ ဒီလို ထူးဆန်းတဲ့ သိုင်းပညာလျှို့ဝှက်နည်းစနစ်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး.. သူ့ခန္ဓာကိုယ်က စက်မှုပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေများ လုပ်ထားတာလား"

"မဟုတ်ဘူး။ သူက လူသားအစစ်ပဲ.. အဲ့ဒီစွမ်းအားက ၁၀၀ရာခိုင်နှုန်းအပြည့် စကြဝဠာ အရင်းအမြစ်စွမ်းအင်ပဲ"

"ငါ့စွမ်းအင်တိုင်းထွာစက်အရဆိုရင် အဲ့ဒီတိုက်ခိုက်မှုရဲ့ ဗဟိုချက်ဒေသမှာ ပေါက်ကွဲသွားတဲ့ စွမ်းအင်က အဆင့်​ခြောက်သက်ရှိတစ်ကောင်ရဲ့ စံနှုန်းထက်တောင် ကျော်လွန်နေတယ်"

"ဟူး... ရီထျန်းဂိုဏ်းထဲမှာ ဘယ်လိုမိစ္ဆာကောင်တွေ ရှိနေတာလဲ"

မယုံကြည်နိုင်စရာကောင်းသော ဤအခင်းအကျင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် လူတိုင်း၏ စိတ်ထဲတွင် အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုလူ၁၂ယောက်မှာ သူတို့အတွက် လက်လှမ်းမမီလောက်အောင် မြင့်မားလွန်းလှသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ သေလုမတတ် အရိုက်ခံထားရလေပြီ။ သို့ဖြစ်ရာ သူတို့အနေနှင့် ဤမြို့တော်ကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမုန့်လောင်နှင့် မည်သို့ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။

"သူတို့အားလုံး သေသွားကြပြီလား"

ကျန်းမုန့်လောင်က သူ့ဦးခေါင်းထက်တွင် ကံကြမ္မာမီးလျှံများ ပိုမိုစုစည်းလာကြောင်း ခံစားလိုက်ရသဖြင့် ထိုလူများ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်သည်။ သူတို့၏ ရုပ်အလောင်းများသည် မှေးမှိန်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကွယ်ပျောက်သွားခဲ့သည်ဖြစ်ရာ သူတို့၏ သိုလှောင်ရေးပစ္စည်းများသာ ကျန်ရစ်ခဲ့သည်။

"နှမြောစရာပဲ.."

ကျန်းမုန့်လောင်က နှမြောတသဖြစ်နေဟန်ဖြင့် ခေါင်းခါယမ်းပြီး ဆက်ပြောလာ၏။

"ထိပ်သီးစာရင်းထဲက လူဆိုရင် သေချာပေါက် ကံကြမ္မာမီးလျှံအနီရောင် ရရမှာ မဟုတ်ဘူးလား.. ငါသာ သူတို့ကို မွေးမြူထားနိုင်ရင် နောင်ကျရင် ငါ့အတွက် အချိန်တွေအများကြီး သက်သာသွားမှာ.. တကယ်နှမြောစရာပဲ"

ကျန်းမုန့်လောင်၏ စကားများကို ကြားလိုက်ရသောအခါ ကျန်လူများမှာ ကြက်သီးမွေးညင်းထသွားကြသည်။ သူသည် ထိပ်သီးစာရင်းဝင်ပုဂ္ဂိုလ်များကို ကံကြမ္မာမီးလျှံများ ရရှိရန်အတွက် ကိရိယာတန်ဆာပလာများအဖြစ် အသုံးပြုချင်နေခြင်းမှာ တကယ်လူမဆန်သော စိတ်ကူးပင်။

"ငါတို့ ဘာလုပ်ကြမလဲ။ ဒီမြို့ကို ဒီအတိုင်းပဲ လက်လွှတ်လိုက်ရတော့မှာလား"

ကျန်းမုန့်လောင်က မြို့ဝင်ပေါက်တွင် တစ်ယောက်တည်း မတ်တတ်ရပ်နေပြီး မည်သူမှမယှဉ်နိုင်သော အနေအထားကို ပြသနေပေသည်။

"မလုပ်နဲ့ဦး။ သူက သန်မာပေမဲ့ ငါတို့မှာ အခွင့်အရေး ရှိနေသေးတယ်။ ဒီလောက် ပြင်းထန်တဲ့ သိုင်းပညာလျှို့ဝှက်နည်းစနစ်မှာ သေချာပေါက် ဘေးထွက်ဆိုးကျိုးတွေတော့ ရှိရမယ်။ သူ အခုဆိုရင် စွမ်းအင်ကုန်ခမ်းနေလောက်ပြီ။ ငါတို့အားလုံး အတူတူဝိုင်းတိုက်ရင် သူ့ကို သေချာပေါက်ဖြိုလှဲနိုင်မှာ"

ဂေးလ်က သူ့ဘေးနားရှိ အပေါင်းအဖော်များနှင့် တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်သည်။

"ဟိုဘက်မှာ ဘယ်သူတွေ တိုးတိုးတိတ်တိတ် ပြောနေတာလဲ။ ငါ အကုန်ကြားတယ်နော်။ မင်းတို့က ငါ့ကို စွမ်းအင်ကုန်ခမ်းနေပြီလို့ ပြောနေတာမလား"

ကျန်းမုန့်လောင်၏ အကြားအာရုံမှာ အလွန် ထက်မြက်လှသဖြင့် မည်သည့်လှုပ်ရှားမှုကမှ သူ့နားထဲမှ လွတ်မြောက်သွားခြင်း မရှိပေ။

"မှန်တယ်"

တစ်ဖက်လူက သူတို့၏စကားကို ကြားသွားသဖြင့် ဂေးလ်လည်း ဟန်ဆောင်မနေတော့ဘဲ ပြောလိုက်သည်။

"မင်း အခု အဲ့ဒီအကွက်ကို နောက်တစ်ခါ ထပ်သုံးနိုင်မှာ မဟုတ်တော့ဘူးမလား"

"မင်းပြောတာ မှန်တယ်"

ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်၏။

"ဒါပေမဲ့ ငါ ဆေးလုံးသောက်လိုက်လည်း ရတာပဲ"

"ဟမ့်... ပြန်လည်ကောင်းမွန်ဖို့ ဆေးကိုပဲ အားကိုးနေရတာပေါ့။ မင်းရဲ့ ခံနိုင်ရည်နဲ့ အရင်းအမြစ်စွမ်းအင်တွေ ပြန်ပြည့်ဝမလာခင်အထိ ငါတို့ရဲ့တိုက်ခိုက်မှုအောက်မှာ တောင့်ခံနိုင်ပါ့မလား"

"မင်းတို့ရဲ့ အမှိုက်ဆေးလုံးတွေကို ငါ့ဆေးလုံးတွေနဲ့ လာမနှိုင်းနဲ့"

ကျန်းမုန့်လောင်လည်း ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ သာမန်ကာလျှံကာ ပစ်ထည့်လိုက်သည်။

ချက်ချင်းပင် ကျန်းမုန့်လောင်၏ အရှိန်အဝါများမှာ ဧရာမတွင်းနက်ကြီးတစ်ခုနှယ် ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်အားလုံးကို သူ့ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ အနည်းငယ် လျော့နည်းသွားသော ခံနိုင်ရည်စွမ်းအားများကို ချက်ချင်း ပြန်လည် ဖြည့်တင်းလိုက်သည်။

"ဒါ... ဒါ လုံးဝမဖြစ်နိုင်ဘူး"

ဤရတနာရှာဖွေသူများလည်း ပြန်လည်ကျန်းမာစေမည့် ဆေးဝါးများကို ဆောင်ထားကြသော်လည်း သက်ရှိအဆင့် မြင့်မားလေလေ စွမ်းအင်သုံးစွဲမှု သို့မဟုတ် ဒဏ်ရာရပြီးနောက် ပြန်လည်ကောင်းမွန်ရန် အချိန် ပိုလိုအပ်လေလေပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူတို့ မြို့တော်၏ ကာကွယ်ရေးစနစ်ကို တိုက်ခိုက်စဉ်က အလှည့်ကျစနစ်ကို အသုံးပြုခဲ့ကြရသည်။ ပုံမှန်အားဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများမှာ သူတို့၏ ခံနိုင်ရည်စွမ်းအားကို အပြည့်အဝပြန်လည်ရရှိရန်အတွက် အနည်းဆုံး စကြဝဠာနာရီတစ်နာရီ သို့မဟုတ် နှစ်နာရီခန့် အချိန်ယူရလေ့ရှိသည်။

သို့သော်လည်း ကျန်းမုန့်လောင်မှာမူ စက္ကန့်အနည်းငယ်သာ အချိန်ယူခဲ့ရ၏။

သူ့ခွန်အားက သူတို့ထက် သာလွန်နေပြီး ခံနိုင်ရည်စွမ်းအားမှာလည်း အကန့်အသတ်မရှိ ဖြစ်နေလေရာ သူတို့အနေနှင့် သူ့ကို ဘယ်လို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့မည်နည်း။ သူတို့၏ ဦးခေါင်းများဖြင့်လော။

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ တစ်ဖန် ပြန်လည်ပြည့်နှက်လာသည်ကို ခံစားလိုက်ရချိန်တွင် သူတို့ခမျာ လေလျှော့ထားသော ပူဖောင်းများနှယ် ဖြစ်သွားကြရသည်။ အကယ်၍ သူတို့သာ ကျန်းမုန့်လောင်ကို မျက်ကန်းတစ္ဆေမကြောက်သလို ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ကံကောင်းလျှင်ပင် ရှိနေသော လူပေါင်း သောင်းဂဏန်းထဲမှ အနည်းဆုံး ထက်ဝက်ခန့်မှာ အသတ်ခံရပေလိမ့်မည်။

ကျန်းမုန့်လောင် သတ်ဖြတ်မည့်သူများထဲတွင် မိမိတို့ မပါဝင်နိုင်ဟု မည်သူမှ လောင်းကြေးမထပ်ဝံ့ကြပေ။

"ထပ်တိုက်ချင်ကြသေးလား"

ကျန်းမုန့်လောင်က လက်ညှိုးတစ်ချောင်းဖြင့် သူတို့ကို လှမ်း၍ အချက်ပြလိုက်သည်။

"ဒီမြို့က မစ္စတာကျန်းအပိုင်ပါပဲ"

"သွားကြစို့"

မြို့တော်အတွင်းရှိ ရတနာများမှာ အမှန်တကယ် အဖိုးတန်လှသော်လည်း ထိုအရာများအတွက်ကြောင့် ရတနာသိုလှောင်ရုံအတွင်း ဆက်လက်ရှာဖွေနိုင်မည့် အခွင့်အရေးကို စွန့်လွှတ်ရန် အကြောင်းမရှိပေ။

"ဒီအနီးအနားမှာ သားရဲမျိုးစိတ်ခွဲတွေရဲ့ အသိုက်တွေအများကြီးရှိတယ်.. သားရဲတွေကို သတ်ရင် ရတနာတချို့ရနိုင်တယ်လို့ ကြားဖူးတယ်"

"တကယ်လား"

"ဘယ်လ်ရုပြောတာ ငါအခုလေးတင် ကြားလိုက်တယ်။ သူ့ရဲ့ အဆင့်ခြောက်သိုင်းလက်နက်က သားရဲမျိုးစိတ်ခွဲတစ်ခုကို အနိုင်တိုက်နိုင်ခဲ့လို့ ရခဲ့တာတဲ့"

"မှန်တယ်။ ငါတို့ တခြားနေရာမှာပဲ ကံစမ်းကြည့်ကြစို့"

ထိုသို့ဖြင့် လူပေါင်းသောင်းဂဏန်းမှာ နေရာအရပ်ရပ်သို့ လူစုခွဲ၍ ထွက်ခွာသွားကြတော့သည်။

"အနည်းဆုံးတော့ သူတို့ ကိုယ့်အတိုင်းအတာကိုယ် သိကြသားပဲ"

ကျန်းမုန့်လောင်သည် သူ့တိုက်ပွဲဝင်ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ထိပ်သီးစာရင်းဝင် ပါရမီရှင်များမှာ ဤရတနာရှာဖွေမှုအတွက် ကြီးမားလှသော အရင်းအမြစ်များကို ရရှိထားကြသည်မှာ ထင်ရှားလှသည်။ ပစ္စည်းအများစုမှာ ကျန်းမုန့်လောင်အတွက် စိတ်ဝင်စားစရာ မကောင်းသော်လည်း စကြဝဠာဒင်္ဂါးသန်းပေါင်းများစွာ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော တောင်လိုပုံနေသည့် စွမ်းအင်ကျောက်တုံးများမှာမူ မှတ်မှတ်ရရ ဖြစ်လောက်ပေသည်။

"ကောတန်... ဒီမြို့ကို ထိန်းချုပ်ဖို့ ကူညီပေးဦး"

"နားလည်ပါပြီ"

အခြားသူများအတွက်မူ ဇူဒါမျိုးနွယ်စု၏ မြို့တော်ကို ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်သလို ထင်ရပေလိမ့်မည်။ ဇူဒါမျိုးနွယ်စုသည် သမိုင်းတစ်လျှောက်တွင် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်ခဲ့သည်။ မရေတွက်နိုင်သော ခေတ်ကာလများ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း သူတို့၏ စနစ်များကို သာမန်လူတစ်ဦး ဖောက်ထွင်းရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း ကောတန်အတွက်မူ ထိုစနစ်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု မဟုတ်ခဲ့ပေ။ သုံးမိနစ်ခန့် ကြာပြီးနောက် သူသည် အပြည့်အဝ ထိန်းချုပ်ခွင့်အာဏာကို ရရှိသွားသည်။

"ကျောင်းအုပ်ကြီး... မြို့တော်ကို ထိန်းချုပ်ပြီးပါပြီ"

ကောတန်က အစီရင်ခံလိုက်သည်။

"ဝိုး... ဒီမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ.. ထိန်းချုပ်ရုပ်သေးတွေအပြင် စွမ်းအင်ကျောက်တုံးတွေနဲ့ အဆင့်မြင့် ကုန်ကြမ်းပစ္စည်းတွေ အများကြီး ရှိနေတာပဲ။ တချို့ပစ္စည်းတွေဆိုရင် လက်ရှိ စကြဝဠာမျိုးနွယ်စုမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရနိုင်ဘူး"

"ငါ့ကို ကာကွယ်ရေးစနစ် အရင်ဖွင့်ပေး"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်၏။

"ငါ ရတနာတွေကို စာရင်းတွက်နေတုန်း ဘယ်သူမှ လာနှောင့်ယှက်တာကို မလိုချင်ဘူး"

"သိပါပြီ"

စွမ်းအင်ကျောက်တုံး အမြောက်အမြားကို အသုံးပြုလိုက်ပြီးနောက် မြို့တော်တစ်ခုလုံးမှာ ဖောက်ထွင်း၍မရနိုင်လောက်အောင် ခိုင်မာသွားပြန်သည်။

"ဟားဟားဟား... ငါတော့ ပွပေါက်တိုးပြီ!"

ကျန်းမုန့်လောင်သည် ဂိုဒေါင်အတွင်းရှိ စွမ်းအင်ကျောက်တုံးများကို ပျော်ရွှင်စွာ စာရင်းစစ်လိုက်လေရာ အားလုံးမှာ အဆင့်ငါးရှိပြီး ကြယ်စင်ဗဟိုချက်ဟုခေါ်သော သတ္တုရိုင်းတစ်မျိုးမှာမူ ထိုအဆင့်ထက်ပင် ကျော်လွန်နေ၏။ ထိုသတ္တု၏ စွမ်းအင်မှာ အဆင့်ငါး စွမ်းအင်ကျောက်တုံးပေါင်း သောင်းဂဏန်း ပေါင်းစပ်ထားသည်နှင့် ညီမျှလေ၏။

"ကျောင်းအုပ်ကြီး... စွမ်းအင်ကျောက်တုံးတွေချည်းတင် စကြဝဠာဒင်္ဂါး ကြယ်သန်းပေါင်းများစွာ တန်ဖိုးရှိပါတယ်"

"အင်အားအကြီးဆုံး မျိုးနွယ်စုရဲ့ ချမ်းသာကြွယ်ဝမှုပဲ။ တကယ့်ကို ရွှေပုံပေါ် ထိုင်နေရသလိုပါလား"

ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း မေးလိုက်ပြန်သည်။

"ရုပ်သေးတပ်ကရော ဘယ်မှာလဲ"

"မြို့တော်ရဲ့ မြေအောက်ဂိုဒေါင်ထဲမှာပါ။ ဓာတ်လှေကားနဲ့ ဆင်းသွားရုံပါပဲ"

ကျန်းမုန့်လောင်လည်း ဓာတ်လှေကားအတိုင်း မြေအောက်ထပ်သို့ ဆင်းသွားလိုက်သည်။

"ဒေါင်... ဒေါင်... ဒေါင်"

မီးလုံးအားလုံး ချက်ချင်း လင်းထိန်သွားခဲ့သည်။

"ဒီနေရာက ဂိုဒေါင်ဟုတ်လို့လား.. ဒါက လက်နက်စက်ရုံကြီးပဲ ဖြစ်ရမယ်"

ကျန်းမုန့်လောင်ခမျာ မှင်တက်လျက် စိုက်ကြည့်နေမိသည်။ သူသည် တစ်ချိန်က စကြဝဠာကို အုပ်စိုးခဲ့ဖူးသော အင်အားကြီးမားလှသည့် မျိုးနွယ်စုတစ်ခု သူ့ရှေ့မှောက်တွင် ပြန်လည်နိုးထလာသည်ကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။

သွေးဆာနေသော တပ်မတော်ကြီးတစ်ခုအလား အရိပ်စစ်သည် တစ်သိန်းခန့်မှာ သူ့ရှေ့တွင် သေသပ်စွာ တန်းစီနေကြလေ၏။

"ကျောင်းအုပ်ကြီး... ဒီရုပ်သေးတွေကို ဇူဒါစစ်ယာဉ်တန်းရဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတာပါ.. အပြင်က ရာဂဏန်းလောက်ပဲရှိတဲ့ ကောင်တွေက ပုံစံတူနမူနာတွေပဲ ဖြစ်လိမ့်မယ်။ ဒီထဲက ကောင်တွေနဲ့ယှဉ်ရင် ကွာခြားချက်က ကြီးမားပါတယ်"

"ဪ..."

ကျန်းမုန့်လောင်မှာ အရိပ်စစ်သည်များ၏ စွမ်းအားကို မြင်တွေ့ခဲ့ပြီးဖြစ်၏။ သူတို့၏ ခွန်အားနှင့် အရှိန်အဟုန်မှာ အဆင့်ခြောက်သက်ရှိတစ်ယောက်နှင့် ညီမျှပေသည်။

"သူတို့က ဘာတွေလုပ်နိုင်လို့လဲ"

"ရရှိထားတဲ့ အချက်အလက်တွေအရ အရိပ်စစ်သည်လို့ အမည်ရတဲ့ ဒီရုပ်သေးတွေကို အဆင့်ငါးစွမ်းအင်ကျောက်တုံးတွေနဲ့ စွမ်းအင်ပေးရင် အဆင့်ခြောက်အထွတ်အထိပ်သက်ရှိရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်မှာပါ။ တကယ်လို့ ကြယ်စင်ဗဟိုချက်နဲ့ စွမ်းအင်ပေးမယ်ဆိုရင်တော့ အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိရဲ့ စွမ်းရည်ကို ရရှိမှာ ဖြစ်ပါတယ်.. အထူးထုတ်လုပ်ထားတဲ့ အကောင်ရေတစ်သောင်းကတော့ သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုက တခြားကောင်တွေထက် ဆယ်ဆပိုများပြီး အဆင့်ရှစ်သက်ရှိရဲ့ စွမ်းအားအထိ ရရှိနိုင်ပါတယ်"

ကျန်းမုန့်လောင်လည်း သူ့ပေါင်သူ ရိုက်ရင်း ပြောလိုက်သည်။

"ငါတော့ ရတနာသိုက်ကြီးနဲ့ တိုးတာပဲ။ ဘယ်သူကများ ဒါကို ယှဉ်နိုင်တော့မှာလဲ"

********************

All Chapters