← Chapters

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ၉၅၁ - အဲ့ဒီပွဲစားက သိပ်သိသာလွန်းနေတယ်

"ငါ သိသားပဲ။ ကျောာင်းအုပ်ကြီးက တကယ့်ကို အမြတ်ကြီးစားသမား။ သူက လူတစ်ယောက်ကို အလကား ကယ်တင်ပေးမယ့်လူစားမျိုး လုံးဝမဟုတ်ဘူး"

"ဟုတ်ပါ့။ သူက ကယ်တင်ရှင်ကြီးလို ဟန်ဆောင်နေပြီးတော့ ကာကွယ်စောင့်ရှောက်ခ မယူချင်ယောင်ဆောင်နေသေးတယ်"

"သူတော်ကောင်းလို ဟန်ဆောင်နေပြီးတော့ တကယ့်တကယ်ကျ မိစ္ဆာလို ပြုမူနေတာ။ မယုံနိုင်စရာပဲ။ ဒါနဲ့ နေပါဦး... ဘာလို့ မင်းတို့ကျတော့ မူဆာရှီနဲ့ ကိုဂျီရိုဖြစ်ပြီး ငါကတော့ မြူအော့ဖြစ်နေရတာလဲ"

"ဘယ်သူက မင်းကို ဂိမ်းဆော့တုန်းက ရှုံးခိုင်းလို့လဲ.. အခုမှ ငါ့ကို လာအပြစ်တင်နေတာလား"

လူအုပ်ကြီးထဲတွင် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားသုံးယောက်မှာ အချင်းချင်း ရန်ဖြစ်ငြင်းခုံနေကြသည်။ ထူးဆန်းသည်မှာ ပတ်ဝန်းကျင်ရှိ လူများသည် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ထိုသုံးယောက်နှင့် အကွာအဝေးတစ်ခုကို တမင်တကာခွာထားကြသည်မှာ ထိုသုံးယောက်သည် ကြောက်မက်ဖွယ် သားရဲကြီးများအလားပင်။

"ဘာဖြစ်လို့လဲ.. ဘာလို့ သူတို့နားမှာ ဘယ်သူမှ မရှိကြတာလဲ"

"ငတုံးရဲ့... သူတို့ရဲ့ဝတ်ရုံတွေကို မမြင်ဘူးလား။ 'ရီထျန်းဂိုဏ်း'ဆိုတဲ့ စာလုံးတွေကို မတွေ့ဘူးလား"

"ငါ အဲ့ဒီသုံးယောက်ကို သိတယ်။ သူတို့က ရီထျန်းဂိုဏ်းရဲ့ ဒုံးကျည်ဂိုဏ်းသုံးယောက်တွဲပဲ.. ကီလိုမီတာသန်းပေါင်းများစွာအတွင်းမှာ သူတို့ကို မသိတဲ့လူမရှိဘူး"

"သူတို့ ဘာလုပ်ခဲ့လို့လဲ"

"ငါပြောပြရင် မင်း လန့်သေသွားလိမ့်မယ်.. သူတို့သုံးယောက် ပူးပေါင်းပြီး အဆင့်ခြောက်အလယ်အလတ် စကြဝဠာသားရဲတစ်ကောင်ကို အနိုင်ယူခဲ့ကြတာ။ အဲ့ဒီသားရဲဆီကနေ အီရော့ခ်သလင်းကျောက်တစ်ခု ထွက်လာခဲ့တယ်လေ"

"အီရော့ခ်သလင်းကျောက် ဟုတ်လား.. အဆင့်ခြောက်သက်ရှိတစ်ကောင်က သူ့ရဲ့ အသက်စွမ်းအားကို လောင်ကျွမ်းစေတဲ့အခါ ဖြစ်ပေါ်လာတဲ့ စွမ်းအင်သလင်းကျောက်ကို ပြောတာလား"

"အမှန်ပဲ။ အဲ့ဒီအရာပေါ့.. အီရော့ခ်သလင်းကျောက်တစ်ခုက အဆင့်ငါး အထွတ်အထိပ် သက်ရှိကနေ အဆင့်ခြောက်သက်ရှိအဖြစ် တက်လှမ်းနိုင်မယ့် အောင်မြင်မှုနှုန်းကို အဆမတန် မြင့်တက်စေနိုင်တယ်လို့ ပြောကြတယ်။ သူ့ရဲ့ အာနိသင်က စွမ်းအင်ဆေးလုံးတစ်လုံးနဲ့ ညီမျှတယ်"

"သူငယ်ချင်းရာ... စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က အဆင့်လေးသက်ရှိ သုံးယောက် ပူးပေါင်းပြီး အဆင့်ခြောက်သက်ရှိတစ်ကောင်ကို ဖြိုလဲခဲ့တာ မဟုတ်ဘူးလား"

"ဒါတင်မကသေးဘူး။ ပိုပြီး မယုံနိုင်စရာကောင်းတဲ့အချက် ရှိသေးတယ်"

ရတနာရှာဖွေသူတစ်ဦးက ဝင်ပြောလာသည်။

"ဆံပင်ပြာနဲ့တစ်ယောက်ကို မြင်လား.. သူက အဲ့ဒီသုံးယောက်တွဲထဲက ကိုဂျီရိုပဲ.. သူက ဓားနှစ်လက်တည်းနဲ့တင် အဆင့်ငါးအထွတ်အထိပ် သက်ရှိနှစ်ရာကျော်ကို တစ်ကွက်တည်းနဲ့ မလှုပ်နိုင်အောင် လုပ်ခဲ့တာ"

"ပြီးတော့ ဆံပင်နီနဲ့တစ်ယောက်က မူဆာရှီတဲ့။ သူက ဧရာမဓားကြီးကို သာမန်လိုပဲ ဝှေ့ယမ်းနိုင်တယ်.. မင်း မီတာလေးရာရှည်တဲ့ ဓားကြီးကို မြင်ဖူးလား။ အရင်ဆုံး ၃၉၉မီတာအကွာအဝေးကို ပြေးရင်တောင် မင်း လွတ်မှာ မဟုတ်ဘူး"

"ဒါဆို ကျန်တဲ့တစ်ယောက်ကရော"

"ကျန်တဲ့တစ်ယောက်ရဲ့ နာမည်က အရမ်းထူးဆန်းတယ်။ သူ့ကို မြူအော့လို့ ခေါ်ပေမဲ့ သူက အဲ့ဒီသုံးယောက်ထဲမှာ အန္တရာယ်အရှိဆုံးပဲ.. သူက ညမှောင်မှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အရာတစ်ခုလိုပဲ။ မင်းရဲ့လည်ပင်း ဒါမှမဟုတ် မင်းရဲ့ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်နိုင်တဲ့ လက်သည်းတွေနဲ့ ရုတ်တရက် ပေါ်လာတတ်တယ်"

"သူတို့ခေါင်းပေါ်က 'ကံကြမ္မာမီးလျှံ'ကို ကြည့်လိုက်ဦး။ လိမ္မော်ရောင် ပြောင်းတော့မယ်။ သူတို့က လူပေါင်းသောင်းဂဏန်းရဲ့ ကံကြမ္မာကို လုယူထားတာ သေချာတယ်။ မင်းဆိုရင်ရော သူတို့နဲ့ ဝေးဝေးမခွာဘဲ နေမှာလား"

"ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ပရမ်းပတာ ဖြစ်နေရတာလဲ။ သူတို့ ဘာတွေပြောနေကြတာလဲ"

"ကာကွယ်စောင့်ရှောက်ခအကြောင်း ထင်တယ်။ အဲ့ဒီကျန်းမုန့်လောင်က ငါတို့ကို ကာကွယ်ပေးဖို့က သူ့တာဝန်မဟုတ်ဘူးလို့ ပြောပြီး ကာကွယ်စောင့်ရှောက်ခ တောင်းနေတာ"

"ဘာ... ကာကွယ်စောင့်ရှောက်ခ ဟုတ်လား။ ဘာအဓိပ္ပာယ်မရှိတဲ့ စကားလဲ။ ဒီမြို့က သူ့မြို့မှ မဟုတ်တာ။ သူက အရင်ဆုံး တွေ့သွားလို့ ကံကောင်းသွားရုံသက်သက်ပဲကို"

"တိုးတိုးပြော"

အကြောင်းသိထားသူတစ်ဦးက ချက်ချင်း သတိပေးလိုက်သည်။

"မင်း စကားကိုဆင်ခြင်ပြော.. ဒီမြို့က တကယ် သူ့မြို့ဖြစ်သွားပြီ။ သူက လူပေါင်း သိန်းဂဏန်းရဲ့ လက်ထဲကနေ ဒီမြို့ကို လုယူခဲ့တာတဲ့။ အဲ့ဒီအထဲမှာ ထိပ်သီးစာရင်းဝင် ပါရမီရှင် ဒါဇင်ဝက်လောက်တောင် ပါသေးတယ်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ မင်း သိရဲ့လား"

"ငါလည်း မြင်လိုက်တယ်။ သူက တစ်ကွက်တည်းနဲ့တင် ထိပ်သီးစာရင်းဝင်ပါရမီရှင် ၁၁ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ချေမှုန်းပစ်လိုက်တာ.. ကြည့်လိုက်ဦး။ သူတို့ရဲ့ ရုပ်အလောင်းတွေက အပြင်မှာ.. ဪ... သူတို့ အခုဆိုရင် အပြင်ကို အပို့ခံလိုက်ရလောက်ပြီ ထင်တယ်"

"တကယ်ကြီးလား.. သူက ဘယ်လောက်တောင် သန်မာလို့လဲ"

"သူ့ရဲ့ဝတ်ရုံနောက်ကျောက စာလုံးကို ကြည့်လိုက်ဦးလေ။ သူက ရီထျန်းဂိုဏ်းရဲ့ ပထမမျိုးဆက်ပဲ။ ဂိုဏ်းတည်ထောင်သူ အရှင်သခင်ကွ"

"မစ္စတာကျန်း... ခင်ဗျားရဲ့ကာကွယ်စောင့်ရှောက်ခနဲ့ ပတ်သက်ပြီးတော့..."

"ပြဿနာရှိလို့လား"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါ မင်းတို့ကို အကာအကွယ် ပေးထားတာပဲ။ မင်းတို့က ငါ့ကို ကာကွယ်စောင့်ရှောက်ခ ပေးရတာ တရားမျှတပါတယ်.. ငါက ဓားပြ မဟုတ်ပါဘူး။ ငါ ယူသင့်ယူထိုက်တာကိုပဲ ယူမှာပါ။ တစ်ပြားမှ ပိုမယူဘူး.. စိတ်လှုပ်ရှားမနေကြပါနဲ့။ ငါတောင်းတဲ့ ကာကွယ်စောင့်ရှောက်ခက အများကြီးမဟုတ်ပါဘူး"

ကျန်းမုန့်လောင်၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ အနည်းငယ် ပြေလျော့သွားကြသည်။

အကယ်၍ သူတို့ မြို့ထဲတွင် မပုန်းခိုနိုင်ပါက သားရဲဒီရေလှိုင်းထံတွင် အဖမ်းခံရရန်မှာ အနှေးနှင့်အမြန်သာ။ ထိုအခါ သူတို့သည် ဘာမှမရဘဲ အပြင်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်၏။ ဤသည်မှာ ရှက်ဖို့ကောင်းသလို ကံဆိုးမိုးမှောင်ကျခြင်းလည်း ဖြစ်ပေလိမ့်မည်။

သူတို့ တွန့်ဆုတ်နေမိသည့် တစ်ခုတည်းသော အချက်မှာ ဤရတနာရှာဖွေရေးကမ္ဘာအတွင်း၌ မမြင်ရသော မျက်လုံးတစ်လုံးက သူတို့ကို အမြဲစောင့်ကြည့်နေသလို ခံစားရပြီး အရာရာတိုင်းက သူတို့၏ ကံကြမ္မာမီးလျှံကို သက်ရောက်မှု ရှိနိုင်ခြင်းကြောင့်ပင်။ ဤကာကွယ်စောင့်ရှောက်ခကို ပေးဆောင်ခြင်းမှာ သူတို့၏ ကံကြမ္မာအချို့ကို ကျန်းမုန့်လောင်က လုယူသွားမည်ဟူသော သဘောပင် ဖြစ်လေသည်။

"ထားလိုက်ပါတော့"

သင့်တင့်သော တန်ဖိုးတစ်ခုကို ပေးဆောင်ပြီး ဤမြို့တော်၏ အကာအကွယ်ကို ရယူခြင်းအတွက် သူတို့အနေနှင့် လက်မခံနိုင်စရာ အကြောင်းမရှိပေ။ သူတို့၏ ကံကြမ္မာမီးလျှံကို ပြန်လည်ရယူရန် နောင်တွင် အခွင့်အရေးများစွာ ရှိနေသေးသဖြင့် ဤကိစ္စအတွက်နှင့် ရန်သူ ဖြစ်မခံလိုကြပေ။

"မစ္စတာကျန်း... ခင်ဗျားရဲ့ ကာကွယ်စောင့်ရှောက်ခက ဘယ်လောက်လဲ"

ဂေးလ်က မေးလိုက်လေ၏။

"ငါတို့ရီထျန်းဂိုဏ်းရဲ့ စံနှုန်းအရဆိုရင် တစ်ယောက်ကို စကြဝဠာဒင်္ဂါး တစ်ဆယ်ဘီလီယံပဲ။ ဘယ်သူ့ကိုမှ မလိမ်ဘူး"

"တစ်ယောက်ကို စကြဝဠာဒင်္ဂါး တစ်ဆယ်ဘီလီယံ ဟုတ်လား.. ငါတို့ဆီမှာ အဲ့ဒီလိုစံနှုန်း ရှိလို့လား"

ကျောင်းသားသုံးဦးတွဲမှာ တိုးတိုးတိတ်တိတ် ပြောနေကြသည်။

"မသိဘူး။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဘယ်သူက ဘယ်လောက်ကောက်ခဲ့လဲ"

"ငါ မှတ်မိသလောက်ဆိုရင် တစ်ယောက်ကို စကြဝဠာဒင်္ဂါးဆယ်သန်းပဲ"

"ဖြစ်ရလေ... ကျောင်းအုပ်ကြီးကတော့ တကယ့်ကို ကျောင်းအုပ်ကြီးပါပဲ။ ငါတို့ထက် သန်မာရုံတင်မကဘူး။ ပိုပြီးတော့လည်း ကောက်ကျစ်သေးတယ်။ ဈေးနှုန်းကို အဆပေါင်းတစ်ထောင်တောင် မြှင့်လိုက်တာ"

"မစ္စတာကျန်း... ဒီကာကွယ်စောင့်ရှောက်ခက နည်းနည်း များလွန်းမနေဘူးလား။ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား"

သူတို့ မပေးချင်၍ မဟုတ်ပေ။ စကြဝဠာဒင်္ဂါး တစ်ဆယ်ဘီလီယံ ဆိုသည်မှာ အဆင့်ငါးသက်ရှိတစ်ယောက်အတွက် များပြားလှသော ပမာဏဖြစ်ပြီး သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်တွင်ပင် လက်ငင်းငွေသားအနေနှင့် စကြဝဠာဒင်္ဂါးထရီလီယံ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းမျှသာ ရှိတတ်သောကြောင့်ပင်။

"ပေးဖို့ အဆင်သင့်ပါပဲ"

ဆံပင်ပြာနှင့် လူငယ်က ရှေ့သို့ ထွက်လာသည်။

"အားလုံးပဲ... မစ္စတာကျန်းက ငါတို့ကို ကယ်တင်ဖို့ ဒီလောက်တောင် သဘောထားကြီးခဲ့တာ.. ဒါက သူ့တာဝန်မို့လို့လား။ မဟုတ်ဘူးလေ။ ဒါက မေတ္တာတရားပဲ။ ကြီးမားတဲ့ သူ့မေတ္တာတရားအတွက် ဆုလာဘ်နည်းနည်းလောက်ပေးရတာ ဘာမှားလို့လဲ။ ဒီပိုက်ဆံကို ငါ အရင်ပေးလိုက်မယ်"

"ငတုံး"

"တောက်... မင်းက ဘာလို့ ငါ့ကို လာဆဲနေတာလဲ"

"မင်း ပွဲစားလုပ်တာက သိပ်သိသာလွန်းမနေဘူးလား"

"အဲ့ဒီလောက်တောင် သိသာလို့လား"

"ဒါပေါ့... မင်းက ရီထျန်းဂိုဏ်းရဲ့ ဝတ်ရုံကို ဝတ်ထားတုန်းပဲလေ.. ဘယ်လောက်အထိ သိသာလဲဆိုတာ မင်းကိုယ်တိုင် မသိဘူးလား.. မင်းရဲ့ခေါင်းကို တံခါးနဲ့ တိုက်မိထားလို့လား"

"ငါ ထင်တာတော့ သူက တံခါးကို ခေါင်းနဲ့ ပြေးဆောင့်ထားတာထင်တယ်"

"အဟမ်း... အဟမ်း... အဟမ်း"

"ကျန်းမုန့်လောင်... မင်းကို တံခါးဖွင့်ပြီး ငါတို့ကို အထဲပေးဝင်ဖို့ ငါတို့က တောင်းပန်ခဲ့တာ မဟုတ်ဘူး။ မင်းကိုယ်တိုင်က လိုလိုလားလား လုပ်ခဲ့တာပဲ။ ငါတို့က ဘာလို့ မင်းကို ကာကွယ်စောင့်ရှောက်ခ ပေးရမှာလဲ"

"ဟုတ်တယ်။ တခြားလူတွေကသာ မင်းကို ကြောက်ချင်ကြောက်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ကတော့ မင်းကို ‌မကြောက်ဘူးကွ.. မင်း တစ်ယောက်တည်းနဲ့ လူပေါင်းနှစ်သန်းဆီကနေ ကာကွယ်စောင့်ရှောက်ခ ကောက်နိုင်မယ်လို့ ထင်နေတာလား။ ဒါက စိတ်ကူးယဉ်လွန်းရာမကျဘူးလား"

"သူခြိမ်းခြောက်တာကို မကြောက်ကြနဲ့။ သူ ငါတို့ကို ဘာမှလုပ်လို့မရဘူး.. ငါတို့မှာ လူဒီလောက်အများကြီး ရှိတာ။ တစ်ယောက် တစ်ချက်စီ တံတွေးနဲ့ထွေးရင်တောင် သူ မြုပ်သွားမှာ"

"ဘာလဲ.. အခု လူတွေများလာတော့ မင်းတို့ကိုယ်မင်းတို့ တစ်ခုခုဖြစ်နေပြီလို့ ထင်နေတာလား"

ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်သည်။

"ငါက မင်းတို့ကို ကာကွယ်ပေးထားတာဖြစ်လို့.. မင်းတို့ ငါ့ကို ကာကွယ်စောင့်ရှောက်ခ ပေးကိုပေးရမယ်.. မဟုတ်ရင် အခုချက်ချင်း ထွက်သွားကြ"

လူတိုင်း မြို့ပြင်သို့ လှည့်ကြည့်လိုက်ကြသောအခါ မြို့တော်တစ်ခုလုံးကို မရေတွက်နိုင်သော ကြောက်မက်ဖွယ် သားရဲကြီးများက ဝိုင်းရံထားကြောင်း တွေ့လိုက်ရသည်။ အကယ်၍ သူတို့ မြို့ပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်မည်ဆိုပါက တစ်စက္ကန့်ပင် မပြည့်ခင်မှာပင် အပိုင်းပိုင်း ဆုတ်ဖြဲခံရပေလိမ့်မည်။

"မဟုတ်ဘူး။ မင်း ဒီလိုလုပ်လို့မရဘူး"

"စိတ်မကောင်းပါဘူး.. ဒါပေမဲ့ တကယ့်အမှန်တရားကတော့ ငါ လုပ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ငါ့မြို့၊ ငါ့နယ်မြေ၊ ငါ့စည်းမျဉ်း ဖြစ်နေလို့ပဲ"

ကျန်းမုန့်လောင်က ရယ်မောရင်း ညွှန်ကြားလိုက်၏။

"စောစောက ဆန္ဒပြဖို့ ဦးဆောင်ခဲ့တဲ့ကောင်တွေကို တစ်ယောက်ယောက် သွားဖမ်းစမ်း"

"ဟုတ်ကဲ့... ကျောင်းအုပ်ကြီး"

ကျန်းမုန့်လောင်၏ အမိန့်ကြောင့် ဤလူသုံးယောက်မှာ ရှေ့သို့ လှမ်းထွက်ရန် ပြင်လိုက်ကြ၏။

"မင်းတို့ကို ပြောတာမဟုတ်ဘူး"

ကျန်းမုန့်လောင်က မျက်လုံးပြူးလျက် ပြောလိုက်‌လေသည်။

"မင်းတို့သုံးယောက်က အေးအေးဆေးဆေး တစ်နေရာမှာပဲ သွားနေကြစမ်း။ ငါ လက်စွမ်းပြနေတုန်း လာရှုပ်မနေနဲ့"

"အာ... ကျွန်တော်တို့ကိုပြောတာ မဟုတ်ဘူးလား"

"ဒါဆို ကျောင်းအုပ်ကြီးက ဘယ်သူ့ကိုအမိန့်ပေးနေတာလဲ"

သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ကလွဲ၍ ဤနေရာတွင် အခြားထူးရှယ်နတ်ဘုရားကျောင်းတော်သားများ မရှိကြချေ။

"ဘုန်း..."

ကျယ်လောင်လှသော အသံကြီးတစ်ခုနှင့်အတူ ကျန်းမုန့်လောင်၏ ရှေ့မှောက်တွင် အရိပ်စစ်သည်ဆယ်ယောက် ပေါ်ပေါက်လာခဲ့သည်။ သူတို့က နက်မှောင်သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လက်နက်များကို ကိုင်ဆောင်ထားကြသည်။

"အရိပ်စစ်သည်တွေ... သူတို့က အရိပ်စစ်သည်တွေမဟုတ်လား"

"သူက အရိပ်စစ်သည်တွေကို တကယ်ထိန်းချုပ်နိုင်တာလား။ သူတို့ကို လက်ရှိနည်းပညာတွေနဲ့ ထိန်းချုပ်လို့မရဘူးလို့ ပြောကြတာမဟုတ်ဘူးလား။ သူ ထိန်းချုပ်စနစ်ကို ရှာတွေ့သွားတာလား"

"မဟုတ်ဘူး။ ဒီအရိပ်စစ်သည်ဆယ်ယောက်က စောစောက အပြင်မှာရှိတဲ့ ၁၀၈ယောက်နဲ့ မတူဘူး။ သူတို့ရဲ့ သက်ရှိစွမ်းအင်က..... အဆင့်ခြောက်အထွတ်အထိပ်လား"

"ဒါ လုံးဝမဖြစ်နိုင်ဘူး"

ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာအမူအရာများမှာ လုံးဝ အေးခဲသွားလေတော့သည်။

"သူတို့ရဲ့ဘောင်းဘီတွေကို ချွတ်ပြီး မြို့ရိုးပေါ်မှာ တွဲလောင်းချိတ်ထားလိုက်စမ်း"

*************************

All Chapters