← Chapters

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂ - ငါ့မှာ စွဲလမ်းလွန်ရောဂါရှိတယ်

အဆင့်ခြောက်အထွတ်အထိပ် သက်ရှိရုပ်သေးရုပ်ဆယ်ရုပ်ရှေ့တွင် ပြဿနာရှာရန် သွေးထိုးလှုံ့ဆော်ခဲ့ကြသူများမှာ မူလတန်းကျောင်းသားလေးများအလား ဖြစ်သွားကြသည်။ သူတို့ အစွမ်းကုန်ခုခံချင်ခဲ့သော်လည်း သူတို့၏ခုခံမှုမှာ အလွန်အားနည်းလွန်းလှသဖြင့် သူတို့၏ဘောင်းဘီများ ဆွဲချွတ်ခံရသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေကြရသည်။ ဘောင်းဘီများနှင့်အတူ သူတို့၏ဂုဏ်သိက္ခာများပါ ကျဆင်းသွားရလေပြီ။

"ငါ့ပိုင်နက်ထဲမှာ ငါ့ကို ပုန်ကန်ရဲတယ်ပေါ့လေ။ မင်းတို့တွေက ငါဆိုတဲ့ ကျန်းမုန့်လောင်ကို ရွှံ့နဲ့လုပ်ထားတယ်လို့ ထင်နေကြတာလား"

ကျန်းမုန့်လောင်က ပျော်ပျော်ကြီး ကြည့်နေတော့သည်။

"မင်းတို့ ခုခံလေလေ ငါက ပိုစိတ်လှုပ်ရှားလေလေပဲ ဟားဟားဟား"

ကျန်းမုန့်လောင်လည်း ဖုန်းထုတ်၍ အနီးကပ်ဓာတ်ပုံများကို တဖျပ်ဖျပ်ရိုက်ယူလိုက်သည်။

"မင်းတို့ရဲ့ ခန့်ညားထည်ဝါတဲ့ ကိုယ်နေဟန်ထားကို လူတိုင်းမြင်ရအောင် ခဏနေရင် အွန်လိုင်းပေါ် တင်ပေးမယ်"

"ကျောင်းအုပ်ကြီးက ပိုပြီးတော့ ကောက်ကျစ်ယုတ်မာလာတယ်လို့ မထင်ဘူးလား။ ကမ္ဘာမြေပေါ်မှာတုန်းကတော့ သူ နည်းနည်းထိန်းထားနိုင်သေးတယ်။ အခုတော့ သူ့ကိုယ်သူ လုံးဝလွှတ်ပေးထားလိုက်ပြီပဲ"

"ကြည့်စမ်း ကြည့်စမ်း.. သူက အရှက်မရှိ ဆက်တိုက်ရယ်နေသေးတယ်"

"ရှူး…. တိုးတိုးပြော။ ကျောင်းအုပ်ကြီး ကြားသွားလိမ့်မယ်။ မင်းက မြို့ရိုးပေါ်မှာ တုံးလုံးချိတ်ခံထားချင်တာလား"

"မင်းတို့ ဘာတွေ တိုးတိုးပြောနေကြတာလဲ"

ကျန်းမုန့်လောင်၏ စူးရှရှအကြည့်က သူတို့ထံသို့ ရောက်လာလေသည်။

"အဟမ်း.. အဟမ်း… ဘာမှမဟုတ်ပါဘူး။ ကျောင်းအုပ်ကြီးက ချောလိုက်တာလို့ ပြောနေကြတာပါ"

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျောင်းအုပ်ကြီးရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဘယ်တော့လောက် ဝယ်လို့ရမလဲလို့ တွေးနေတာ"

"မင်းတို့က အမြင်ရှိသားပဲ"

ကျန်းမုန့်လောင်ကလည်း ဆက်ရိုက်နေချေသည်။

"တစ်ခုခုလိုနေသလိုပဲ"

"ဪ သိပြီ"

ကျန်းမုန့်လောင်က သူ့ပေါင်သူရိုက်၍ အမည်မသိအပင်တစ်မျိုးကို ထုတ်ယူလိုက်သည်။

"ဒါတွေကို သူတို့ဖင်ထဲ ထိုးထည့်လိုက်စမ်း"

…..

"အီး.. ကြည့်ရုံနဲ့တင် နာလာပြီ"

"အဲဒါကြီးက မိစ္ဆာနွယ်ပင်နဲ့ တူတယ်နော်။ သူ့ပင်စည်မှာ ဆူးတောင်တွေပါတယ်။ နောက်မှ ပြန်ဆွဲထုတ်ရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်"

"ဆူးတောင်တွေလား။ အဲဒါက ပင်စည်အမြစ်ကြီးကွ။ လှုံ့ဆော်ခံရတာနဲ့ သူ့ပင်စည်အချင်းက ပုံမှန်အရွယ်အစားထက် လေးဆကျော်အထိ ကြီးလာတာ"

….

"ကဲ အခု ကျန်တဲ့လူတွေအားလုံး.. ကာကွယ်စောင့်ရှောက်ခ ပေးချင်လား"

ကျန်းမုန့်လောင်က ကျန်လူများကို ညစ်ကျယ်ကျယ်အပြုံးဖြင့် ပြုံးပြလိုက်လေ၏။

"ဒီမြို့ရိုးကြီးက လူထောင်ဂဏန်းလောက်တော့ ချိတ်ဆွဲထားလို့ရမယ်ထင်တယ်နော်။ မင်းတို့ရော ဘယ်လိုထင်လဲ"

ဥပမာပေးသည့် သဘောတရားကို သူတို့ ကောင်းကောင်း နားလည်သွားကြသည်။ ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကား အလွန်ရှင်းလင်းလှသည်။ ဤသည်မှာ သက်သက်ခြိမ်းခြောက်နေခြင်းသာ။ စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံဆိုသည်မှာ အလွန်များပြားလှသော ပမာဏပင်။ သို့သော် သူတို့တောင့်ခံနိုင်သည့် အတိုင်းအတာအတွင်း၌ ရှိနေသေးသည်။ ကိုယ်တုံးလုံးချွတ်ပြီး မြို့ရိုးပေါ်တွင် အချိတ်ခံထားရသည်ထက်တော့ ပိုကောင်းသည်မဟုတ်လော။

ကျန်လူများလည်း တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိကြသည်။ သူတို့ထဲရှိ လူတော်တော်များများမှာ အကြောက်အလန့်ကင်းပြီး သတ္တိရှိကြသော်ငြား နံရံပေါ်တွင် ကိုယ်တုံးလုံးချိတ်ဆွဲခံရပြီး အနီးကပ်ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် အတင်ခံရမည့်အရေးကို တွေးမိသောအခါ ခိုင်မာလှသော သူတို့၏မာန်မာနများလည်း တစ်စစီကြေမွသွားလေတော့သည်။

"အဟမ်း.. အဟွတ်.. မစ္စတာကျန်းအနေနဲ့ စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံကို ကောက်သင့်တယ်လို့ ကျုပ်ထင်တယ်။ ဒါက သိပ်မများပါဘူး"

"ဟုတ်တယ်။ ကြည့်လိုက်လေ… မစ္စတာကျန်းက ဒီမြို့ရဲ့ကာကွယ်ရေးစနစ်ကို ဖွင့်ဖို့အတွက် စွမ်းအင်သလင်းကျောက်တွေအများကြီး သုံးခဲ့ရမှာပဲ။ သူ့ဘက်က အများကြီးအကုန်ကျခံပြီး ငါတို့ကို ကယ်တင်ပေးနေတာ။ ငါတို့ကလည်း ကျေးဇူးကန်းလို့မဖြစ်ဘူး"

"မင်းတို့ကောင်တွေက အချောင်ကိုလိုချင်ကြတယ်။ ဒီလိုလုပ်ရပ်မျိုးတွေလုပ်ပြီး ညဘက်ရော ကောင်းကောင်းအိပ်ပျော်ကြရဲ့လား။ ငါသာ မင်းတို့နေရာမှာဆိုရင် အိပ်တောင်ပျော်မှာမဟုတ်ဘူး"

အစောပိုင်းကမူ သူတို့သည် အလွန်ပြတ်သားဟန်ရှိသော်ငြား ယခုမူ ဤရတနာမုဆိုးများမှာ သိုးငယ်လေးများပမာ နာခံကျိုးနွံသွားလေသည်။

"မင်းတို့တွေ ဘယ်လိုဖြစ်ကုန်တာလဲ။ မင်းတို့ရဲ့ စိတ်ဓာတ်တွေက ဘယ်ရောက်သွားတာလဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာ သင့်တော်ပါတယ်။ မစ္စတာကျန်း… ခင်ဗျားရဲ့ယွီဟန်ထုံငွေပေးချေမှုQRကုတ်လေး ပေးပါလား။ ကျွန်တော် လွှဲလိုက်ပါ့မယ်"

"ဟွန့်…. မင်းတို့ကောင်တွေ.. ငွေလေးနည်းနည်းအတွက်နဲ့ ကိုယ့်ဝိညာဉ်ကိုယ် ရောင်းစားမလို့လား။ ဘာပဲဖြစ်ဖြစ် ငါလည်း ပေးသင့်တယ်လို့ထင်တယ်"

အခြားရတနာရှာဖွေသူတစ်ယောက်ကလည်း သူ့လက်ပတ်နာရီကို ထုတ်လိုက်လေသည်။

"မစ္စတာကျန်း.. ကျွန်တော့်ရဲ့ယွီဟန်ထန်အကောင့်ထဲမှာ ငွေမရှိဘူးဗျ။ စတားလိုက်အကြွေးဝယ်ကတ်ကို သုံးလို့ရမလား။ အထဲမှာ စကြဝဠာဒင်္ဂါးဘီလီယံရာဂဏန်းလောက် ရှိပါတယ်"

"အဟွတ် အဟွတ်.. ရိုးရိုးသားသားပြောရရင် အဲဒါက ကာကွယ်စောင့်ရှောက်ခ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် စုပေါင်းရန်ပုံငွေပေးလိုက်ရတာပါ။ ပြီးတော့ မစ္စတာကျန်းအနေနဲ့လည်း လူဆိုးတစ်ယောက်လို ဖြစ်နေစရာမလိုပါဘူး"

"နေဦး။ စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံလို့ ငါပြောမိလို့လား"

ကျန်းမုန့်လောင်က ရပ်တန့်ရကောင်းမှန်း မသိပါချေ။ သူ့တွင် မူဝါဒသုံးခုသာ ရှိသည်။ အသေအလဲလုယက်မည်။ အသေအလဲလိမ်လည်လှည့်ဖြားမည်။ အသေအလဲထောင်ချောက်ဆင်မည်ဟူ၍သာ။ စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံဆိုသည်မှာ သူတို့အတွက် အထိနာစေဟန်မတူချေ။

"မစ္စတာကျန်း… လူတစ်ယောက်ကို စကြဝဠာဒင်္ဂါးတစ်ရာဘီလီယံပေးရမယ်လို့ ခင်ဗျားပြောလိုက်တယ်လေ။ အကုန်လုံးလည်း ကြားတယ်"

"စကြဝဠာဒင်္ဂါး တစ်ရာဘီလီယံဆိုတာ ခုနတုန်းက ဈေးနှုန်းလေ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါပေမဲ့ ခုနကတင် လူတစ်ယောက် ငါ့ကို မေးခွန်းထုတ်တုန်းက ဘယ်သူကမှ ငါ့ဘက်က မရပ်တည်ပေးခဲ့ဘူး။ ပြီးတော့ မင်းတို့တွေကလည်း မပေးချင်တဲ့ပုံစံတွေနဲ့။ ဒီတော့ အခု ကာကွယ်စောင့်ရှောက်ခက စကြဝဠာဒင်္ဂါးနှစ်ရာဘီလီယံအထိ တက်သွားပြီ။ မပေးဘူးဆိုရင် အခုချက်ချင်း မြို့ပြင်ကို မောင်းထုတ်ပစ်မယ်"

ရုပ်သေးရုပ်ဆယ်ရုပ်က ရှေ့သို့ တက်လာကြသည်။ ကျန်းမုန့်လောင်က သူတို့၏ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်သလင်းကျောက်အသစ်များကို တပ်ဆင်ပေးထားပြီးဖြစ်၏။ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားဖြင့်ပင် သူတို့သည် နှစ်ပေါင်းများစွာ တိုက်ခိုက်နိုင်ပေသည်။

အဆင့်ငါးအထွတ်အထိပ်သက်ရှိ တစ်သန်းနှစ်သန်းလောက်တော့လား…

ပွင့်ပွင့်လင်းလင်းပြောရလျှင် ရုပ်သေးရုပ်ဆယ်ရုပ်မှာ သူတို့ကို မျက်နှာသာပေးရာကျနေလေပြီ။

"ဒီလိုလုပ်လို့မရဘူးလေ။ ဒါတော့ နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ"

အနည်းငယ်မေးခွန်းထုတ်မိရုံဖြင့် ကာကွယ်စောင့်ရှောက်ခက နှစ်ဆတက်သွားသည်။ မည်သူကများ ဤကဲ့သို့သော ကိစ္စမျိုးကို သည်းခံနိုင်မည်နည်း။ သူတို့၏ပိုက်ဆံများမှာ အပင်ပေါ်က ပေါက်လာခြင်းမဟုတ်ပေ။ အဆင့်ငါးအထွတ်အထိပ်သက်ရှိများမှာ အဆင့်အတန်းမြင့်မားကြသော်လည်း စကြဝဠာဒင်္ဂါးဘီလီယံရာဂဏန်း စုဆောင်းရသည်မှာ မလွယ်ကူလှပေ။

"ဟုတ်တယ်။ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။ ဘာဖြစ်ချင်လဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။

"မပေးချင်ရင်လည်း ထွက်သွားလို့ရတာပဲ။ ငါ မင်းတို့ကို ပြဿနာရှာမှာမဟုတ်ဘူး။ မင်းတို့အတွက် မိုင်ပေါင်းကုဋေကုဋာဆိုတဲ့ သီချင်းကိုတောင် ဆိုပေးဦးမယ်"

"မင်း"

ကျန်းမုန့်လောင်၏ ဆီလျော်မှုမရှိသော တောင်းဆိုမှုများနှင့် ရင်ဆိုင်ရချိန်ဝယ် လူတိုင်း ကူကယ်ရာမဲ့သွားလေသည်။

မြို့ထဲက ထွက်သွားရန်မှာ ပြောရလွယ်သော်ငြား ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အလားတူပင်။

"ဪ စကားမစပ်… မင်းတို့ အခု ထပ်မေးခွန်းထုတ်လိုက်ကြပြန်ပြီဆိုတော့ ငါ ဈေးနှုန်းကို အဆမတန်မြှင့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ စကြဝဠာဒင်္ဂါးလေးရာဘီလီယံဆိုရင် ပိုသင့်တော်လောက်မယ်"

"မင်း…"

တစ်စုံတစ်ယောက်က စကားပြောရန်ပြင်လိုက်သော်ငြား ဘေးနားရှိ လူများက ချက်ချင်းဆွဲတားလိုက်ကြသည်။

"ပြန်ပြောရဲသေးတယ်ပေါ့။ ယုံချင်ယုံမယုံချင်နေ.. နောက်တစ်ခွန်းထပ်ထွက်တာနဲ့ သူက ကာကွယ်စောင့်ရှောက်ခကို ရှစ်ရာဘီလီယံအထိ တင်ပစ်လိမ့်မယ်"

"ဒီငတုံးကတော့.. ဘာလို့ အသာတကြည်မပေးလိုက်တာလဲ။ သူက ရီထျန်းဂိုဏ်းက လူကို ဒေါသသွားဆွလိုက်တော့ အခု သူတို့ကြောင့် တခြားလူတွေအကုန်လုံး နောက်ထပ်သုံးရာဘီလီယံ ထပ်ပေးနေရပြီ"

"အင်း.. အားလုံးလည်း ဒီဈေးနှုန်းကို သဘောတူပုံပဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ကဲ QRကုတ်ဖတ်လိုက်တော့။ တစ်ယောက်ကို စကြဝဠာဒင်္ဂါးလေးရာဘီလီယံပဲ။ ငွေလွှဲတဲ့အခါ မင်းတို့ရဲ့အချက်အလက်တွေကို ချန်ထားခဲ့။ ငါ့ဉာဏ်ရည်တုက တစ်ယောက်ချင်းစီကို အတည်ပြုပေးလိမ့်မယ်"

"လေးစားရပါသော အသုံးပြုသူ… သင့်စကြဝဠာဘဏ်အကောင့်ထဲကို စကြဝဠာဒင်္ဂါးလေးရာဘီလီယံ ဝင်လာပါတယ်"

…….

အသိပေးသံ တစ်သီတစ်တန်း ဆက်တိုက်ဆိုသလို မြည်လာလေသည်။ ကျန်းမုန့်လောင်၏ မျက်နှာကား အပြုံးကြောင့် လင်းလက်သွားလေသည်။ အယောက်နှစ်သန်းဆိုသည်မှာ စကြဝဠာဒင်္ဂါး ကြယ်ရှစ်ရာရှိသည်ဖြစ်ရာ သူ့ကုန်ကျစရိတ်များကို ကာမိရုံသာမက အမြတ်အစွန်းအမြောက်အများပင် ရလိုက်သေးသည်။

လူတိုင်းကတော့ စကြဝဠာဒင်္ဂါးလေးရာဘီလီယံကို ငွေသားချည်းသက်သက် မပေးနိုင်ကြပေ။ ကျန်းမုန့်လောင်ကလည်း ထိုမျှအထိ လက်ပေါက်ကပ်သူမဟုတ်ချေ။ ငွေသားပင်ဖြစ်စေ၊ စွမ်းအင်သလင်းကျောက်ပင်ဖြစ်စေ၊ အဖိုးတန်ဆေးဝါးများပင်ဖြစ်စေ၊ ဒြပ်သတ္တုပစ္စည်းများပင်ဖြစ်စေ သို့မဟုတ် အခြားပုံသေပိုင်ဆိုင်မှုများပင်ဖြစ်စေ ကျန်းမုန့်လောင် အကုန်လက်ခံခဲ့သည်။

ကာကွယ်စောင့်ရှောက်ခ ပြေစာတစ်ခုရတိုင်း ကျန်းမုန့်လောင်၏ ဦးခေါင်းပေါ်ရှိ ကံကြမ္မာမီးတောက်က ပိုမိုတောက်ပစွာ လောင်ကျွမ်းနေပြီး ခဏအကြာမှာပင် လိမ္မော်ရောင်အဖြစ် ပြောင်းလဲကာ နောက်ဆုံးတွင် အနီရောင် ပြောင်းသွားခဲ့သည်။

ကာကွယ်စောင့်ရှောက်ခ ပေးဆောင်ခဲ့ရသူများထဲရှိ အများစု၏ ဦးခေါင်းများမှာ အစိမ်းရောင် ပြောင်းသွားကြပြီး အချို့မှာမူ ယခင်က ရရှိထားသော အကျိုးအမြတ်တချို့ကြောင့် အဝါရောင်အဖြစ် သီသီလေးထိန်းထားနိုင်ခဲ့ကြသည်။

"ခေါင်းပေါ်မှာ အဝါရောင်သမ်းနေသေးတဲ့လူတွေ ဒီကိုလာခဲ့"

ကျန်းမုန့်လောင်က သူတို့ကို အော်ခေါ်လိုက်၏။

ရတနာရှာဖွေသူထောင်ဂဏန်းကလည်း ကျန်းမုန့်လောင်ထံသို့ စိုးရိမ်တကြီး ချဉ်းကပ်လာသည်။

"မစ္စတာကျန်း… ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ခ ပေးပြီးပြီလေ။ ဘာများပြောစရာရှိသေးလို့လဲ"

"ထွေထွေထူးထူးမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ငါက ကုံရာသီဖွားလေ။ စွဲလမ်းလွန်တဲ့ရောဂါရှိတယ်။ လူတိုင်းရဲ့ခေါင်းက စိမ်းနေပြီ။ မင်းတို့ပဲ ဝါနေသေးတာဆိုတော့ ငါ မျက်စိနောက်လို့"

***********************

All Chapters