အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) အဖွဲ့ကို ဦးဆောင်ရန် မည်သူက ပိုသင့်တော်သနည်း
"မင်း လုပ်ရဲလား…”
"မင်းတို့သာ ငါတို့ရဲ့ ခြေသန်းတွေကို ဖြတ်ပစ်မယ်ဆိုရင် ဗိုလ်ချုပ်ရှန့်ကို တိုင်ကြားမှာပဲ..."
နောက်ကျမှ ရောက်လာသော နယ်ခြားစောင့်တပ်သား ဆယ်ယောက်မှာ ကျောက်လင်၏ စကားကြောင့် ထိတ်လန့်သွားကြပြီး သူတို့ကိုယ်သူတို့ သတ္တိရှိကြောင်း ဟန်ဆောင်ကာ အော်ဟစ်လိုက်ကြသော်လည်း အမှန်တကယ်တွင်မူ ကြောက်ရွံ့နေကြသည်။
"ရှုံ့တာကျွမ်း... သူတို့ရဲ့ ခြေသန်းတွေကို ဖြတ်ပစ်လိုက်..."
ကျောက်လင်သည် သူတို့၏ ခြိမ်းခြောက်စကားများကို အနည်းငယ်မျှ မမှုဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
ရှုံ့တာကျွမ်းမှာ ထိုလူဆယ်ယောက်၏ စည်းကမ်းမဲ့သော အပြုအမူများကို ကြည့်ရသည်မှာ ကြာပြီဖြစ်၍ ချက်ချင်းပင် ကွင်းတပ်ဓားကို ဆွဲထုတ်ကာ ရက်စက်သော အပြုံးဖြင့် လျှောက်သွားလိုက်၏။
"မင်းတို့ ဘာလုပ်မလို့လဲ"
“အနားမလာနဲ့”
"မင်းသာ ငါ့ခြေသန်းကို ဖြတ်ရဲရင် ငါ မင်းကို သတ်ပစ်မယ်..."
ရှုံ့တာကျွမ်းက တကယ်ပင် လုပ်တော့မည်ကို မြင်လိုက်ရသောအခါမှ ထိုလူဆယ်ယောက်မှာ အမှန်တကယ်ပင် ကြောက်ရွံ့သွားကြသည်။
ရှုံ့တာကျွမ်းသည် ကျောက်လင်၏ အမိန့်ကို မည်သို့မျှ တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်နာ၏။ သူသည် လူဆယ်ယောက်၏ ခြေသန်းကို ဖြတ်ရန် အမိန့်ရထားသည်ဖြစ်ရာ ချက်ချင်းပင် လက်တွေ့လုပ်ဆောင်လိုက်သည်။
နယ်ခြားစောင့်တပ်သားများမှာ အနီးသို့ စုရုံးလာကြသည်။
ရှုံ့တာကျွမ်းသည် ထိုလူဆယ်ယောက်၏ ဖိနပ်များကို ချွတ်လိုက်ပြီး ခြေထောက်ကို တစ်ဖက်တည်းဖြင့် ဖိနင်းကာ ကွင်းတပ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
တစ်ခုပြီးတစ်ခု... ခြေသန်းများ ပြတ်ထွက်သွား၏။
"အား..."
နောက်ကျမှ ရောက်လာသော နယ်ခြားစောင့်တပ်သား ဆယ်ယောက်မှာ ကျောက်လင်သည် တကယ်ပင် သူတို့၏ ခြေသန်းကို ဖြတ်ပစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ယခုမူ သူတို့မှာ နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေကြပြီး နောင်တရစွာဖြင့် ငိုကြွေးနေကြသည်။
ကြည့်နေသော နယ်ခြားစောင့်တပ်သားများမှာလည်း ကျောက်လင် ပြောသည့်အတိုင်း တကယ်လုပ်ဆောင်လိုက်သည်ကို မြင်ရသောအခါ ပို၍ပင် ကြောက်လန့်သွားကြသည်။ သူတို့မှာ ကျောက်လင်ကို ပို၍ ရိုသေလေးစားသွားကြပြီး နောက်တစ်ကြိမ်တွင် မည်သည့်အခါမျှ အမိန့်ကို ဖီဆန်တော့မည် မဟုတ်ပေ။
ထိုလူဆယ်ယောက်၏ ခြေသန်းများ ပြတ်သွားသည်ကို မြင်ပြီးနောက် ကျောက်လင်သည် သူတို့၏ ကြိုးများကို ဖြေပေးရန် အမိန့်ပေးလိုက်ပြီး လူခေါင်းခွံ ကျောက်တုံးကြီးဆီသို့ လျှောက်သွားလိုက်သည်။
ယွမ်ကော်ကော်မှာ ကျောက်တုံးအောက်တွင် ပျင်းရိစွာ ထိုင်နေသည်။
"အစ်ကိုယွမ်... ကျွန်တော် အစ်ကို့ကို လျှို့ဝှက်ထားတဲ့ အရာတစ်ခုရှိတယ်..."
"တကယ်တော့ ကျွန်တော် ဂိုဒေါင်ထဲမှာ ရတနာတွေ ရှာနေတုန်းက ဒီဆေးလုံးပါတဲ့ ကျောက်စိမ်းပုလင်းကို တွေ့ခဲ့တာ... အစ်ကို ဒါကို သိလားတော့ မသိဘူး..."
ကျောက်လင်သည် အိတ်ထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ယွမ်ကော်ကော်ကို ပေးလိုက်သည်။
၎င်းမှာ ကျောက်လင် တစ္ဆေမျက်နှာချောက် ဂိုဒေါင်မှရရှိခဲ့သော ပုလင်းဖြစ်သည်။ သူသည် တောထဲတွင် အမဲလိုက်နေရင်း စနစ်၏ စကင်ဖတ်စစ်ဆေးမှုဖြင့် ၎င်းမှာ စတုတ္ထအဆင့် ဝိညာဉ်ဆေးလုံးဖြစ်သည့် ရွှေအနှစ်သာရဆေးလုံးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်သည်။
ဤဆေးလုံးမှာ ရွှေခန္ဓာနယ်ပယ်ရှိ ကျွမ်းကျင်သူများအတွက် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူ ဖြစ်စေသည်။
ကျောက်လင်၏ ကျင့်စဉ်အဆင့် တိုးတက်မှုများမှာ စနစ်၏ မြှင့်တင်ပေးမှုကြောင့်သာ ဖြစ်သဖြင့် ဤဆေးလုံးများ မလိုပေ။
ယွမ်ကော်ကော်မှာမူ ကွဲပြားသည်။ သူသည် ရွှေခန္ဓာနယ်ပယ် နောက်ဆုံးအဆင့်တွင်ရှိနေပြီး ဤဆေးလုံးကို သောက်သုံးပါက ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ကျောက်လင်သည် ယွမ်ကော်ကော်အပေါ် အမြင်ကောင်းရှိသည်။
ပထမဆုံးအနေဖြင့် တပ်စခန်းတွင် ယွမ်ကော်ကော်သည် စစ်ထူယန့်လုံ၏ တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည်။
ဝံပုလွေတောင်ထွတ်တွင်လည်း ယွမ်ကော်ကော်သည် ကျောက်လင်အတွက် ကျောက်နံရံမှ သစ်သားတံခါးကို ဖျက်ဆီးပေးကာ ကူညီခဲ့သေးသည်။
ယခုတစ်ခါတွင်လည်း တစ္ဆေမျက်နှာချောက်အထိ လိုက်ပါလာပြီး ဂိုဏ်းခေါင်းဆောင်ကို အဓိက ထိန်းချုပ်ပေးခဲ့သဖြင့် ကျောက်လင်မှာ ဓားပြအားလုံးကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။ ဤ ရွှေအနှစ်သာရဆေးလုံးမှာ ယွမ်ကော်ကော်နှင့် သင့်တော်သဖြင့် ကျောက်လင်အနေဖြင့် ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်သည်။
ကျောက်လင်၏ စကားကို ကြားသောအခါ ယွမ်ကော်ကော်မှာ စိတ်ဝင်တစားဖြင့် ပုလင်းကို ဖွင့်ကြည့်လိုက်သည်။
"ဟင်..."
"ရွှေအနှစ်သာရဆေးလုံး”
"ဒါ တကယ်ပဲ ရွှေအနှစ်သာရဆေးလုံးပါလား”
ယွမ်ကော်ကော်မှာ အတွင်းမှ ဆေးလုံးကို မြင်လိုက်ရသောအခါ ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး ကျောက်လင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
"ကျောက်လင်... ကျေးဇူးတင်ပါတယ်။"
"ဒီရွှေအနှစ်သာရဆေးလုံးက တကယ်ကိုပဲ ငါ့အတွက် အသုံးဝင်တယ်..."
"အားနာမနေတော့ဘူး... ဒီဆေးလုံးကိုပဲ လက်ခံလိုက်မယ်..."
"နောက်တစ်ခါ ကျောက်လင်အကူအညီလိုရင် ဘယ်အချိန်မဆိုပြောလိုက်... ချက်ချင်း လာခဲ့မယ်..."
ယွမ်ကော်ကော်မှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ကျောက်လင်ကို နမ်းလုနီးပါး ဖြစ်သွားသည်။
ကျောက်လင်မှာ ချက်ချင်း ရှောင်လိုက်သည်။
"အစ်ကိုယွမ်... ဒီဆေးလုံးက အစ်ကို့ကို အကူအညီဖြစ်မယ်ဆိုရင် အခုပဲ သောက်လိုက်ပါတော့လား..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွမ်ကော်ကော်မှာ မှန်ကန်သည်ဟု ယူဆကာ ကျောက်တုံးကြီးအောက်တွင် ချက်ချင်းထိုင်၍ ရွှေအနှစ်သာရဆေးလုံးကို သောက်သုံးလိုက်တော့၏။
ယွမ်ကော်ကော်၏ ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေရန် ကျောက်လင်မှာ မြေအိုးဆယ်လုံးရှိရာသို့ ထွက်သွားလိုက်သည်။
နယ်ခြားစောင့်တပ်သားများမှာ အလွန်ပင် ဆာလောင်နေပုံရသည်။
တောဆိတ်နှစ်ဆယ်ကျော်ကို အခွံခွာပြီးနောက် အသားများကို ရေနွေးဖျော၍ အနံ့ဆိုးများ ပျောက်သွားအောင် ပြုလုပ်ထားကြသည်။
နယ်ခြားစောင့်တပ်သားများမှာ အသားဟင်းကို စနစ်တကျ ချက်ပြုတ်နေသည်ကို မြင်ရသဖြင့် ကျောက်လင်မှာ အလုပ်မရှိတော့ဘဲ သစ်ပင်ကြီးတစ်ပင်အောက်တွင် လှဲအိပ်လိုက်၏။
နယ်ခြားစောင့်တပ်သားအားလုံး၏ ပူးပေါင်းမှုကြောင့် အသားဟင်းမှာ ဟင်းသီးဟင်းရွက်များနှင့် ရောနှော၍ မွှေးကြိုင်နေပြီဖြစ်သည်။
"အသားဟင်း ရပြီဟေ့"
နယ်ခြားစောင့်တပ်သားများက အော်ဟစ်လိုက်ကြသည်။
ကျောက်လင်သည် အိပ်စက်ရာမှ နိုးထလာပြီး ပြုံးကာ မြေအိုးတစ်လုံးဆီသို့ သွား၍ သစ်သားခွက်ထဲသို့ အသားများထည့်ကာ အားရပါးရ စားသောက်လိုက်သည်။
နယ်ခြားစောင့်တပ်သားများအားလုံးမှာလည်း ပျော်ရွှင်စွာဖြင့် စားသောက်နေကြ၏။
လူတိုင်း အသားဟင်း စားသောက်နေစဉ် ဝေးလံသော တောင်လမ်းတွင် အရိပ်အယောင်များ ပေါ်လာပြီး တပ်ဖွဲ့တစ်ခု ချီတက်လာသည်ကို မြင်လိုက်ရသည်။
ကျောက်လင်၏ လင်းယုန်မျက်လုံးဖြင့် ကြည့်လိုက်ရာ ကျောက်ဟယ်ရွှမ်းသည် စစ်သားတစ်စုကို ခေါ်ဆောင်လာပြီး ချီလင်အကယ်ဒမီမှ နည်းပြများနှင့် ကျောင်းသားများမှာလည်း မပျော်မရွှင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကျောက်ဟယ်ရွှမ်းတို့အဖွဲ့ သွေးကင်းမြီးကောက်တောင်တန်းသို့ သွားရောက်သော်လည်း ဘာမျှမရခဲ့ကြောင်း ကျောက်လင် ချက်ချင်း နားလည်လိုက်သည်။
တကယ်တော့ ကျောက်ဟယ်ရွှမ်းတို့အဖွဲ့ သွေးကင်းမြီးကောက်တောင်တန်းသို့သွားရန် ဆုံးဖြတ်စဉ်ကပင် ဤအခြေအနေကို ခန့်မှန်းပြီး ဖြစ်ပေမည်။
အမှန်စင်စစ် မနေ့ညနေကပင် ကျောက်လင်သည် သွေးကင်းမြီးကောက်တောင်တန်းသို့ သွားရောက်ခဲ့ပြီး စစ်ထူယန့်လုံ၏ ဓားပြစခန်း သုံးခုကို နှိမ်နင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့နောက် ဓားပြအားလုံး ထွက်ပြေးသွားကြပြီး ဂိုဒေါင်အတွင်းမှ ရတနာအားလုံးကိုလည်း ကျောက်လင်က ယူဆောင်လာခဲ့သည်။
ကျောက်ဟယ်ရွှမ်းတို့အဖွဲ့ ယနေ့ သွေးကင်းမြီးကောက်တောင်တန်းသို့ သွားရောက်သော်လည်း ဘာရနိုင်တော့မည်နည်း။ အချိန်ကုန် လူပန်းသာ ဖြစ်ပေသည်။
အသားဟင်း စားသောက်နေသော နယ်ခြားစောင့်တပ်သားများသည် ကျောက်ဟယ်ရွှမ်းတို့အဖွဲ့ ရောက်လာသည်ကို မြင်ရသောအခါ စိုးရိမ်သွားကြသည်။
"ညီအစ်ကိုတို့... မြန်မြန်စားကြ..."
"သူတို့လာပြီး အသားဟင်းတွေကို လုမစားစေရဘူး... မြန်မြန် စားပစ်ကြ..."
နယ်ခြားစောင့်တပ်သားများမှာ နားလည်မှု ရှိကြသည်။ ကျောက်ဟယ်ရွှမ်း လာ၍ အသားဟင်းများကို ခွဲဝေပေးရန် အမိန့်ပေးပါက တစ်ကိုက်မျှပင် စားရတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့မှာ ကျောက်ဟယ်ရွှမ်း မရောက်မီ အသားဟင်းအားလုံးကို အမြန်ဆုံး စားသောက်လိုက်ကြသည်။
ကျောက်လင်မှာ သူတို့၏ အပြုအမူကို နားလည်သဖြင့် မတားဆီးတော့ဘဲ ထိုင်ကြည့်နေလိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ ကျောက်ဟယ်ရွှမ်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် မြေအိုးထဲမှ အသားဟင်းများမှာ ကုန်ဆုံးသွားပြီဖြစ်ပြီး အရည်နှင့် အရိုးအပိုင်းအစများသာ ကျန်ရှိတော့သည်။
"မင်းတို့... မင်းတို့ တကယ်ပဲ အသားဟင်းတွေ အများကြီး စားနေရတာပဲ”
ကျောက်ဟယ်ရွှမ်းသည် မြင်းပေါ်မှ ဆင်းလာပြီး မြေအိုးဆယ်လုံးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
ယနေ့ ကျောက်ဟယ်ရွှမ်းတို့အဖွဲ့ သွေးကင်းမြီးကောက်တောင်တန်းသို့ သွားစဉ် တောထဲတွင် ကင်းမြီးကောက်အဆိပ်သင့်ခဲ့ကြသည်။ ထို့နောက် သွေးကင်းမြီးကောက်တောင်တန်းမှ စခန်းသို့ ရောက်သောအခါ ဆန်တစ်စေ့မျှ မကျန်တော့သည်ကို တွေ့ခဲ့ရသည်။
ထိုလူစုမှာ တစ်နေ့လုံး ပင်ပန်းရုံသာမက ဆာလောင်နေကြသည်။ စစ်သားတစ်ရာ့ရှစ်ဆယ်မှာလည်း ပင်ပန်းနွမ်းနယ်နေကြပြီး တိုင်တန်းနေကြ၏။
"အသားဟင်း"
"ဒီနယ်ခြားစောင့်တပ်သားတွေက တကယ်ပဲ အသားဟင်း စားနေကြတာပဲ..."
နယ်ခြားစောင့်တပ်သားများ၏ စားသောက်မှုမှာ အဘယ်ကြောင့် ဤမျှ ကြွယ်ဝနေရသနည်း။
စစ်သားများသည် မြေအိုးဆယ်လုံးထဲမှ အခြေအနေကို မြင်လိုက်ရသောအခါ မနာလို ဖြစ်သွားကြသည်။
စစ်သားများမှာ ကျောက်ဟယ်ရွှမ်းကို မကျေမနပ်ဖြင့် ကြည့်လိုက်ကြသည်။ ကျောက်ဟယ်ရွှမ်းနောက်သို့ လိုက်ပါလာသည့် နှစ်ရက်အတွင်း ဘာမျှမရခဲ့ဘဲ ဆာလောင်မွတ်သိပ်စွာ ခရီးသွားခဲ့ရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေကြသည်။
ဤစစ်သားများမှာ ကျောက်ဟယ်ရွှမ်းအပေါ် အကြီးအကျယ် မကျေမနပ် ဖြစ်နေကြသည်မှာ အသေအချာပင်။