← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉) ဤကြက်ကို နိုင်ငံခြားသားများထံ ရောင်းချနိုင်သည်

ချန်ရှင်းသည် အံ့သြမှင်သက်ကာ ဝေခွဲမရဖြစ်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်လေသည်။

သူက ရောင်းချရန်အသင့်ဖြစ်နေသော ကြက်များရှိရာဇုန်သို့ လမ်းလျှောက်ဝင်သွားပြီး ကြက်များကို တစ်ချက် ဝေ့ကြည့်ကာ အဝဆုံးနှင့် အသန်မာဆုံး ကြက်တစ်ကောင်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်၏။

ထိုကြက်ဝတုတိကြီးက သူ၏ လက်ထဲတွင် တဖျပ်ဖျပ် ရုန်းကန်နေပြီး တုတ်ခိုင်သော ခြေသည်းများဖြင့် အရိုင်းဆန်သော ခွန်အားများ ပြည့်ဝစွာဖြင့် ကန်ကျောက်နေလေသည်။

ထိုခွန်အားနှင့် တက်ကြွနေမှုကပင် ဈေးကွက်ထဲရှိ နွမ်းလျပြီး တောင်ပံတွဲကျနေသော ကြက်များကို အပြတ်အသတ် အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်သည်။

"ချိန်ခွင်..."

ချန်ရှင်းက ကြက်ကို ကိုင်ထားရင်း လှမ်းခေါ်လိုက်သည်။

"လာပြီ..."

အနီးနားတွင် စောင့်ဆိုင်းနေသော ချန်အယ်တန့်က ထိုစကားကို ကြားသည်နှင့် အသစ်စက်စက် ချိန်ခွင်တစ်ခုကို ကိုင်ဆောင်လျက် ချက်ချင်း ပြေးလာခဲ့လေသည်။

ချန်ရှင်းက ကြက်၏ ခြေထောက်ရှိ ကြိုးကွင်းကို ချိန်ခွင်ချိတ်တွင် ကျွမ်းကျင်စွာ ချိတ်ဆွဲလိုက်ပြီးနောက် လက်လွှတ်လိုက်၏။

မျက်လုံးများ အားလုံးက သေးသွယ်သော ချိန်ခွင်တံပေါ်သို့ ချက်ချင်း စူးစိုက်ကျရောက်သွားတော့သည်။

ချန်အယ်တန့်က ချိန်ခွင်တံကို ငြိမ်အောင်ထိန်းထားပြီး အခြားလက်တစ်ဖက်က အလေးတုံးကို ကိုင်ကာ အပြင်ဘက်သို့ ဂရုတစိုက် ရွှေ့လိုက်သည်။

ချိန်ခွင်တံ၏ တစ်ဖက်စွန်းတွင် ကြက်ဝတုတ်ကြီးက မကျေမနပ်ဖြင့် လှုပ်ရမ်းနေဆဲဖြစ်ပြီး အခြားတစ်ဖက်ရှိ ချိန်ခွင်တံ၏ အမြီးပိုင်းကမူ အထက်သို့ မြင့်မားစွာ ထောင်တက်နေလေသည်။

လူအုပ်ကြီး၏ အသက်ရှူသံများကြားတွင် အလေးတုံးလေးက ချိန်ခွင်တံ၏ အဆုံးအထိ လျှောဆင်းသွားတော့၏။

"သုံးပေါင်ခွဲတောင်ဟေ့..."

တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ တိုးတိတ်စွာ အာမေဍိတ်သံ ထွက်ပေါ်လာသည်။

သို့သော် အလေးတုံးက ရပ်တန့်မသွားခဲ့ချေ။

ယင်းက ချိန်ခွင်တံ၏ အစွန်ဆုံးအထိ နီးပါး ရောက်သွားချိန်၌သာ ထောင်တက်နေသော ချိန်ခွင်တံ အစွန်းက နောက်ဆုံးတွင် ချိန်ခွင်နှင့် တစ်တန်းတည်းဖြစ်ကာ တည်ငြိမ်စွာ ကျဆင်းလာတော့သည်။

ချန်အယ်တန့်၏ လက်များက အနည်းငယ် တုန်ယင်နေပြီး အိပ်မက်မက်နေသည့် လေသံမျိုးဖြင့် စကားလုံးများကို ထုတ်ဖော်လိုက်သည်။

"လေး... လေးပေါင်နဲ့ နှစ်အောင်စ..."

"ဘုရားရေ..."

လူအုပ်ကြီးထဲမှ မွေးမြူရေးဌာန အငြိမ်းစား အရာရှိမှာ မိမိကိုယ်ကိုယ် ထပ်မံ မထိန်းချုပ်နိုင်တော့ဘဲ ထူးဆန်းသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

သူက အရှေ့သို့ ပြေးထွက်သွားကာ ချိန်ခွင်ကို လုယူလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ထပ်မံ စစ်ဆေးကြည့်လိုက်၏။

မှန်ပေသည်။ ပမာဏ တိတိကျကျပင်။ လေးပေါင်နှင့် နှစ်အောင်စ ဖြစ်၏။

သူက ခေါင်းမော့ကြည့်လိုက်ရာ တွန့်လိပ်နေသော သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှံ့နေပြီး အသံများပင် တုန်ယင်နေတော့သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးဟူ... ဒီ... ဒီကြက်က ကျွန်တော်တို့ ပြည်နယ် မျိုးကြက်မွေးမြူရေးခြံက တင်သွင်းထားတဲ့ နိုင်ငံခြားမျိုးစိတ်တွေနဲ့ အသက်တူ ကြက်တွေထက် အနည်းဆုံး ပေါင်ဝက်လောက် ပိုလေးနေတယ်..."

ဤစကားက ထိုနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေလေသည်။

ပြည်နယ် မျိုးကြက်မွေးမြူရေးခြံဆိုသည်က မည်ကဲ့သို့သော နေရာမျိုးနည်း။ ယင်းက ပြည်နယ်တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးသော စိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာ ဗဟိုဌာနကြီးပင်ဖြစ်၏။

သူတို့မွေးမြူထားသော ကြက်များမှာ ပြည်နယ်တစ်ခုလုံးအတွက် စံသတ်မှတ်ချက်ပင် ဖြစ်နေလေပြီ။

သို့သော် အကြံပေးချန် မွေးမြူထားသော ကြက်များက ထိုစံသတ်မှတ်ချက်ထက်ပင် ပေါင်ဝက်ခန့် ပိုမို လေးလံနေသည်တကား။

ဤသည်က ဘာကိုဆိုလိုသနည်း။ ဤသည်မှာ ချန်ရှင်း၏ မွေးမြူရေး နည်းပညာက ပြည်နယ်တစ်ခုလုံး၏ အဆင့်အတန်းကိုပင် ကျော်လွန်နေပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။

ထိုအခိုက်အတန့်တွင် ဟူဖုန်း၏ အသက်ရှူသံများက အလွန်တရာ မြန်ဆန်လာတော့၏။

ပုံမှန်အားဖြင့် တည်ကြည်လေးနက်တတ်သော သူ၏ လေးထောင့်စပ်စပ် မျက်နှာကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တွန့်လိမ်သွားပြီး အံ့အားသင့်မှု၊ ဝမ်းမြောက်မှု၊ မယုံကြည်နိုင်မှုနှင့် အခြားသော ခံစားချက်များစွာ ရောယှက်နေလေသည်။

နောက်တစ်စက္ကန့်တွင်တော့ သူက သူ၏ ပေါင်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

"ကောင်းတယ်... ကောင်လေး သိပ်တော်တယ်..."

ဟူဖုန်းက လှည့်ကာ ချန်ရှင်း၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် စကားများပင် ဗလုံးဗထွေးဖြစ်ကာ အားရပါးရ လှုပ်ရမ်းလိုက်သည်။

"မင်းက ချင်းရှန်းခရိုင်အတွက် နောက်ထပ် ကြီးမားတဲ့ ကျေးဇူးတစ်ခုကို ပြုလိုက်ပြန်ပြီပဲ... ကြီးမားလှတဲ့ အောင်မြင်မှုကြီးပဲ..."

ဤကြက်အသုတ်နှင့်ဆိုလျှင် သူသည် မြို့တော် သို့မဟုတ် ပြည်နယ်ရှိ အစည်းအဝေးများသို့ သွားရောက်သောအခါ ခါးကို မတ်မတ်ထားကာ ဂုဏ်ယူဝင့်ကြွားနိုင်ပေလိမ့်မည်။

ဤသည်က ကြက်ကောင်ရေ ထောင်ဂဏန်းအကြောင်း သက်သက်မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်၏။ ဤသည်မှာ ချင်းရှန်းခရိုင်တစ်ခုလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ကာ ကြီးပွားတိုးတက်လာရေးအတွက် မျှော်လင့်ချက်ပင် ဖြစ်လေသည်။

ကြက်မွေးမြူရေးခြံ တစ်ခုလုံး ပျော်ရွှင်မှုများထဲ၌ နစ်မြုပ်နေချိန်မှာပင် တည်ငြိမ်သော အသံတစ်သံက ဆူညံပွက်လောရိုက်မှုကို ဖြတ်တောက်သွားလေသည်။

"ခရိုင်အုပ်ချုပ်ရေးမှူးဟူ... ကျွန်တော် တစ်ချက်လောက် ကြည့်လို့ ရမလား..."

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကောင်းမင်သည် သူတို့၏ အရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအခါမှသာ ပြည်နယ်မှလာသော ဤဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို မေ့နေခဲ့ကြောင်း ဟူဖုန်း သတိထားမိသွားပြီး ချန်ရှင်းကို ကပျာကယာ လွှတ်ပေးလိုက်ကာ သူ့အား ဝင်လာရန် လက်ဟန်ပြလိုက်လေသည်။

ကောင်းမင်က ခေါင်းညိတ်လိုက်ပြီး ချန်ရှင်း၏ လက်ထဲမှ တဖျပ်ဖျပ် ရုန်းကန်နေဆဲဖြစ်သော ကြက်ဝတုတ်ကြီးကို လွှဲယူလိုက်သည်။

သူက ကြက်၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်၏ လက်ချောင်းများဖြင့် ကြက်၏ ကျယ်ပြန့်တောင့်တင်းသော ရင်အုပ်နှင့် ဝဝတုတ်တုတ် ပေါင်တံများကို စည်းချက်ကျကျ ဖိနှိပ်နယ်နယ် စမ်းသပ်လိုက်၏။

သူ၏ လက်ချောင်းများ လှုပ်ရှားသွားသည်နှင့်အမျှ မျက်မှန်နောက်ကွယ်ရှိ သူ၏ မျက်လုံးများက ပို၍ပို၍ အရောင်လက်လာတော့သည်။

တစ်ခဏအကြာတွင် သူက ခေါင်းမော့ကာ ဟူဖုန်းအား ကြည့်လိုက်ပြီး ထိန်းချုပ်ရန် ခက်ခဲသော သုံးသပ်ချက်တစ်ခုကို ပေးလိုက်လေသည်။

"ခရိုင်အုပ်ချုပ်ရေးမှူးဟူ... ဂုဏ်ယူပါတယ်..."

သူက လေးနက်စွာ ပြောလိုက်သည်။

"ဒီကြက်အသုတ်က အရွယ်အစား၊ ရုပ်ထွက် ဒါမှမဟုတ် စောစောက ကျွန်တော် စစ်ဆေးခဲ့တဲ့ အသားရဲ့ ကျစ်လျစ်မှုနဲ့ အရိုးအဆစ် ဖွဲ့စည်းပုံတွေကအစ ထိပ်တန်း စံသတ်မှတ်ချက်တွေနဲ့ အားလုံး ကိုက်ညီနေတယ်... ကျွန်တော်တို့ ပြည်နယ်ရဲ့ ပြည်ပပို့ကုန် လိုအပ်ချက်တွေနဲ့ အပြည့်အဝ ကိုက်ညီတယ်ဗျာ..."

ထိုသို့ ပြောပြီးနောက် သူက ဆွံ့အမှင်သက်နေပြီဖြစ်သော ဟူဖုန်းကို လျစ်လျူရှုလိုက်ကာ ချန်ရှင်းဘက်သို့ လှည့်လိုက်ပြီး သူ၏ ညာဘက်လက်ကို ကမ်းပေးလိုက်လေသည်။

"ရဲဘော်ချန်... မင်္ဂလာပါ... ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ... ကျွန်တော်က ပြည်နယ် နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီရဲ့ ကြက်ဘဲဝယ်ယူရေးဌာန ညွှန်ကြားရေးမှူး ကောင်းမင်ပါ..."

တောက်ပရှင်းလင်းသော ထိုအသံက လူတိုင်း၏ စိတ်ထဲ၌ အစွမ်းထက်စွာ ပဲ့တင်ထပ်သွားတော့၏။

ကြက်မွေးမြူရေးခြံ တစ်ခုလုံးမှာ ချက်ချင်းပင် သေမတတ် တိတ်ဆိတ်သွားလေသည်။

ကြည့်ရှုနေကြသော ရွာသားများအားလုံးမှာ မှင်သက်ဆွံ့အသွားကြပြီး သူတို့၏ ပါးစပ်များ ပွင့်ဟကာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

"ဝယ်ယူရေးဌာန ညွှန်ကြားရေးမှူး" ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူတို့ နားမလည်ကြသော်လည်း "ပြည်နယ်" နှင့် "နိုင်ငံခြားကုန်သွယ်ရေး" ဟူသော စကားလုံးများကိုတော့ သူတို့ နားလည်ကြပေသည်။

ဤစကားလုံးများကို ပေါင်းစပ်လိုက်သောအခါ မည်သည့် အဓိပ္ပာယ်သက်ရောက်သွားသည်ကို မည်သူ့ထက်မဆို သူတို့ ပို၍ သိရှိကြလေသည်။

ယင်းက သတင်းစာများနှင့် ရေဒီယိုများတွင် နေ့စဉ် ဖော်ပြလေ့ရှိသော နိုင်ငံတော်အတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးမည့် အလွန်ကြီးကျယ်ခမ်းနားသော ကိစ္စရပ်ကြီးတစ်ခုပင်ဖြစ်၏။

ကောင်းမင်က တည်ငြိမ်သော အမူအရာဖြင့် ရှိနေသည့် ချန်ရှင်းကို ကြည့်ကာ ရိုးသားပြီး စိတ်အားထက်သန်သော လေသံဖြင့် ပြောလိုက်သည်။

“ရဲဘော်ချန်ရှင်း... ပြည်နယ် နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီကိုယ်စား ချင်းရွှေရွာ ကြက်မွေးမြူရေးခြံရဲ့ အနာဂတ် ထွက်ကုန်တွေ အားလုံးကို ပြည်ပတင်ပို့ပြီး နိုင်ငံခြားငွေ ရှာဖွေနိုင်ဖို့အတွက် ကြိုတင်မှာယူချင်ပါတယ်..."

အရင်က လူအုပ်ကြီးမှာ အံ့အားသင့်ရုံ သက်သက်သာ ဖြစ်ခဲ့ပါက ယခုအခါတွင်မူ တကယ်ကို ဆူညံပွက်လောရိုက်သွားတော့၏။

"ဟင်... နိုင်ငံခြားငွေ ရှာဖွေတာ... အဲ့ဒါက ဘာကြီးလဲ..."

"သောက်ရူးကောင်... နိုင်ငံခြားငွေ ရှာတယ်ဆိုတာက နိုင်ငံခြားသားတွေဆီ ရောင်းပြီး သူတို့ဆီက ပိုက်ဆံပြန်ယူတာကို ပြောတာကွ..."

ကျောင်းပညာရေး နှစ်အနည်းငယ် သင်ယူဖူးသော လူငယ်တစ်ဦးက အော်ဟစ်လိုက်သည်ာ

"ရောင်း... နိုင်ငံခြားသားတွေဆီ ရောင်းတာလား..."

"ငါတို့ရွာက မွေးထားတဲ့ ကြက်တွေကို နိုင်ငံခြားကို ရောင်းလို့ရတယ်ပေါ့..."

"ဘုရားရေ... ကောင်းကင်ဘုံသို့ တက်လှမ်းတော့မှာပဲ..."

ရွာသားများမှာ လုံးဝကို အသိစိတ် လွတ်သွားကြလေပြီ။

ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်မှုက သူတို့၏ အတွေးများ အားလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်မှ အဆင့်မြင့် အရာရှိကြီးများ ဝန်းရံထားသည့်တိုင် လူအုပ်ကြီး၏ အလယ်ဗဟို၌ တည်ငြိမ်အေးဆေးစွာ ရပ်နေသော ချန်ရှင်းအား သူတို့ ကြည့်လိုက်ကြရာ သူတို့၏ အကြည့်များက သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးအား ကြည့်ရှုနေကြသကဲ့သို့ပင်။

လူအုပ်ကြီး၏ ထောင့်တစ်နေရာတွင်မူ ဝမ်ကွေ့ရှန်း၏ ဦးနှောက်မှာ ဆယ်စက္ကန့်ခန့် လုံးဝ ဗလာကျင်းသွားတော့၏။

နောက်ဆုံးတွင်တော့ ကောင်းမင်၏ စကားများကို သူမ နားလည်သွားပြီးနောက်…

"အား..."

သူမ၏ လည်ချောင်းထဲမှ စူးရှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကြားတွင် သူမက လူအုပ်ကြီးထဲမှ ပြေးထွက်လာကာ မှင်သက်နေဆဲဖြစ်သော ရွှီဖူကွေ့အား တင်းကျပ်စွာ ဆွဲကိုင်လိုက်ပြီး သူမ၏ ခွန်အားရှိသမျှ အသုံးပြုကာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အော်ဟစ်လိုက်သည်။

"ရှင်တို့ မြင်ကြရဲ့လား... ရှင်တို့ အားလုံး မြင်ကြရဲ့လား... အဲ့ဒါ ငါ့ရဲ့မတ်... ငါ့ရဲ့ ကိုယ်ပိုင်မတ်ကြီး..."

သူမက အော်ဟစ်နေရင်း ရွှီဖူကွေ့အား အရူးအမူး လှုပ်ရမ်းနေကာ သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများနှင့် ရူးသွပ်မှုတို့ ပြည့်နှံ့နေလေသည်။

"ငါတို့ မိသားစုမှာ စည်းစိမ်လာဘ်လာဘတွေ ယူဆောင်လာပေးတဲ့ ကံကောင်းခြင်း ကြယ်ပွင့်ကြီး ရှိနေပြီဟေ့..."

ရွှီဖူကွေ့မှာ အလှုပ်ခံရလွန်းသဖြင့် ခေါင်းမူးသွားပြီး သူ၏ ရိုးသားသော မျက်နှာကြီးမှာ ချက်ချင်းပင် ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားတော့၏။

သူ့ပတ်ဝန်းကျင်မှ အကြည့်များတွင် မနာလိုအားကျမှုများ ပြည့်နှံ့နေသော်လည်း အများစုကတော့ သူ့အား အရူးတစ်ယောက်ကဲ့သို့ ကြည့်နေကြလေသည်။

သူ၏ မျက်နှာပေါ်တွင် ပူနွေးလာသည်ဟု ခံစားလိုက်ရပြီး ဂုဏ်ယူမှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်နေကာ မြေကြီးထဲသို့သာ ဝင်ပုန်းချင်နေတော့သည်။

"မင်း... မင်း လွှတ်စမ်း... မရှက်ဘူးလား..."

ရွှီဖူကွေ့က စိုးရိမ်မှု၊ ဒေါသထွက်မှုတို့ဖြင့် တိုးတိတ်စွာ အော်ဟစ်လိုက်သည်။

"ဘာရှက်စရာရှိလို့လဲ... ငါ့မတ်က ဒီလောက် အရည်အချင်းရှိနေတာ... ငါက မရီးတစ်ယောက်အနေနဲ့ နည်းနည်းလောက် ဂုဏ်ယူလိုက်တော့ ဘာဖြစ်သွားမှာလဲ..."

ဝမ်ကွေ့ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပြီး သူမ၏ အသံကို ပို၍ပင် ကျယ်လောင်စွာ မြှင့်လိုက်သည်။

ရွှီဖူကွေ့မှာ လုံးဝကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။ သူမက ဆက်ပြီး ရူးသွပ်တော့မည်ကို မြင်သောအခါ သူက အံကိုကြိတ်လိုက်ပြီး အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ကြမ်းတမ်းသော လက်ဖြင့် သူမ၏ ပါးစပ်ကို ကပျာကယာ တင်းကျပ်စွာ ပိတ်အုပ်လိုက်လေသည်။ ထို့နောက် ဤလူရွှင်တော်မကြီးကို လူအုပ်ကြီး၏ အနောက်ဘက်သို့ ဆွဲခေါ်သွားတော့သည်။

All Chapters