အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) ဘယ်သူ မလာတာလဲ
လင်းရှို့ရှို့က စားပွဲပေါ်ရှိ ရှုပ်ပွနေသော ပန်းကန်လုံးများနှင့် တူများကို လျင်မြန်သွက်လက်စွာ ရှင်းလင်းသိမ်းဆည်းလိုက်သည်။
ရွှီချင်းချင်းမှာ အရက်အနည်းငယ် သောက်ထားသောကြောင့် ပုံမှန်ထက် များစွာ ပို၍ ရဲတင်းနေလေသည်။
သူမ၏ ကြီးမားပြီး အရည်လဲ့နေသော မျက်လုံးလေးများက ချန်ရှင်းအပေါ်သို့ စိုက်ကျနေကာ ယိမ်းယိုင်ခြင်းမရှိသော ချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်နှံ့နေ၏။
ဖြူဝင်းနေသော သူမ၏ ပါးပြင်လေးများထက်တွင် ဆွဲဆောင်မှုရှိသော ပန်းသွေးရောင်များ သန်းနေပြီး မီးရောင်အောက်၌ နူးညံ့ကာ ညို့ယူဖမ်းစားနိုင်လွန်းလှသဖြင့် မည်သူမဆို အသည်းယားစွာ ကိုက်ချင်စိတ်ပေါက်သွားစေနိုင်သည်။
စားပွဲကို ရှင်းလင်းသိမ်းဆည်းပြီးနောက် လင်းရှို့ရှို့က ဇလုံကို သယ်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
သူမက အချိန်တစ်လျှောက်လုံး ခေါင်းကို ငုံ့ထားပြီး သူမ၏ ခြေလှမ်းများက အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေသော်လည်း နီရဲနေသော သူမ၏ နားရွက်လေးများက သူမ၏ အတွင်းစိတ်ထဲမှ ဂနာမငြိမ်ဖြစ်မှုများကို ဖော်ပြနေလေသည်။
သူမက အနည်းငယ် လှမ်းသော ကုလားထိုင်တစ်လုံးဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး သူမ၏ အင်္ကျီစကို လက်နှစ်ဖက်ဖြင့် စိုးရိမ်တကြီး လိမ်ကျစ်နေရာ နူးညံ့သိမ်မွေ့သော်လည်း အလွန်တရာ ဆွဲဆောင်မှုရှိသော အငွေ့အသက်လေးတစ်ခု ထွက်ပေါ်နေတော့၏။
တစ်ဦးက စိတ်အားထက်သန်ကာ ပူလောင်ပြင်းပြနေပြီး အခြားတစ်ဦးမှာမူ နူးညံ့ကြင်နာတတ်ကာ ကိုယ်ပိုင်ဆွဲဆောင်မှု အသီးသီး ရှိနေကြသော သူ၏ အရှေ့မှ အမျိုးသမီးနှစ်ဦးကိုကြည့်ရင်း ချန်ရှင်း၏ ရင်ထဲ၌ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော ကျေနပ်မှုများ ပြည့်လျှံလာသည်ဟု ခံစားလိုက်ရလေသည်။
သူက မတ်တပ်ရပ်လိုက်ပြီး ရွှီချင်းချင်း၏ အနီးသို့ လျှောက်သွားလိုက်သည်။
ရွှီချင်းချင်း၏ နှလုံးသားလေးက တစ်ချက် ခုန်သွားတော့၏။ သူမက စိုးရိမ်တကြီး မော့ကြည့်လိုက်ရာ သူမ၏ အပေါ်သို့ မိုးမကျလာသော အမျိုးသား၏ မြင့်မားသည့် ပုံရိပ်ကြီးကို မြင်လိုက်ရသည်။ သူ့ထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် အရက်နံ့နှင့် ယောက်ျားပီသသော အနံ့တို့ကို ရှူရှိုက်မိလိုက်သောအခါ သူမ တစ်ကိုယ်လုံး ပျော့ခွေသွားသည်ဟု ခံစားလိုက်ရလေသည်။
နောက်တစ်စက္ကန့်တွင်တော့ ချန်ရှင်းက ကိုယ်ကိုကိုင်းလိုက်ပြီး သူ၏ လက်မောင်းများက သူမ၏ ဒူးခေါင်းအောက်နှင့် ကျောပြင်ဆီသို့ ဝင်ရောက်သွားကာ သူမကို သူ၏ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်တော့သည်။
"အာ့.."
ရွှီချင်းချင်းထံမှ တိုတောင်းပြီး ချိုသာသော အော်ဟစ်သံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် သူမက လက်များကို အလိုအလျောက် ဆန့်ထုတ်ကာ သူ၏ လည်ပင်းကို တင်းကျပ်စွာ သိုင်းဖက်လိုက်ပြီး သူ၏ တောင့်တင်းခိုင်မာသော ရင်ဘတ်ထဲသို့ သူမ၏ မျက်နှာလေးကို ဖုံးဝှက်ထားလိုက်ရာ အပြင်သို့ပင် ထွက်မကြည့်ရဲတော့ချေ။
ချန်ရှင်းက သူ၏ ရင်ခွင်ထဲရှိ နူးညံ့ပျော့ပျောင်းကာ မွှေးပျံ့နေသော အမျိုးသမီးလေးကို ပွေ့ချီထားရင်း သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်နေလေသည်။
သူက လှည့်လိုက်ပြီး ခေါင်းငုံ့ထားသော လင်းရှို့ရှို့၏ အနီးမှ ခြေလှမ်းကျဲကြီးများဖြင့် ဖြတ်သန်းသွားလေသည်။
လင်းရှို့ရှို့၏ ခန္ဓာကိုယ်လေးမှာ သတိပြုမိရန် ခဲယဉ်းလောက်အောင်ပင် တုန်ရီသွားခဲ့၏။
သူမက ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ ရင်းနှီးနွေးထွေးနေသော ပုံရိပ်နှစ်ခုက အိပ်ခန်းတံခါးပေါက်ဆီသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။
ခြံဝင်းလေးမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
တသွင်သွင် စီးဆင်းနေသော ရေသံနှင့် ရှင်းလင်းစွာ ကြားနေရသော သူမ၏ ကိုယ်ပိုင် နှလုံးခုန်သံတို့ကိုသာ ကြားနေရလေသည်။
သူမက ခေါင်းကို ငုံ့လိုက်ပြီး ဖြူရော်နေအောင် လိမ်ကျစ်ထားမိသော သူမ၏ လက်ဆစ်များကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက အနည်းငယ် ပူနွေးလာသော်လည်း ထိုခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်ထားလိုက်တော့၏။
သူမက မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ တိတ်တဆိတ် ဝင်သွားကာ ရေနွေးအိုး တည်လိုက်ပြီး သန့်ရှင်းရေး လုပ်ရန် ပြင်ဆင်လိုက်လေသည်။
[ဒင်... စွမ်းအင် +၉၀၀...]
နောက်တစ်နေ့ အရုဏ်တက်ချိန်၌...
ကြက်မွေးမြူရေးခြံကို စစ်ဆေးပြီးနောက် ချန်ရှင်းသည် လန်းဆန်းတက်ကြွစွာဖြင့် ခြံဝင်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ယမန်ညက အားဖြည့်မှုများကြောင့် သူသည် လန်းဆန်းတက်ကြွနေပြီး အလွန်တရာ ကောင်းမွန်သော စိတ်အခြေအနေသို့ ရောက်ရှိနေလေသည်။
သူက သီချင်းလေး တစ်အေးအေး ညည်းကာ လန်းဆန်းသွားစေရန် ရေချိုးလိုက်၏။
ထိုစဉ် အိပ်ခန်းတံခါးက ပွင့်လာလေသည်။
ရွှီချင်းချင်းက အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားပြီး ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထား၏။
သူမ၏ လှပသော မျက်နှာလေးမှာ သွေးထွက်မတတ် နီရဲနေပြီး သူမ၏ မျက်လုံးလေးများက ဟိုဒီဝေ့လည်နေကာ သူ၏ အကြည့်များကို ပြန်လည် မဆုံတွေ့ရဲချေ။
ချန်ရှင်းက သူ၏ ဆံပင်များကို သုတ်နေရင်း ရှက်ရွံ့ကာ ကြောက်ရွံ့နေသော သူမ၏ ပုံစံလေးကို ကြည့်ပြီး ရယ်ချင်သွားသော်လည်း သူ၏ ရင်ထဲ၌ ဆန္ဒများကြောင့် အသည်းယားလာရလေသည်။
"ဘာဖြစ်လို့လဲ... မနက်စောစောစီးစီး သူခိုးတစ်ယောက်လို လုပ်နေပါလား..."
သူက ရယ်မောလျက် နောက်ပြောင်လိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှီချင်းချင်းမှာ ပို၍ပင် မျက်နှာနီရဲသွားတော့၏။ သူမက ချန်ရှင်း၏ အနီးသို့ လျှောက်သွားကာ သူမ၏ ပန်းနုရောင် နှုတ်ခမ်းလေးများကို ကိုက်ထားပြီး သူ၏ အင်္ကျီကို ဆွဲရန် သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်လိုက်သည်။
"ဟင်..."
ချန်ရှင်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး ထိုအခါမှသာ သူမသည် ရှက်ရွံ့နေရုံသာမက စိုးရိမ်ထိတ်လန့်ကာ ဂနာမငြိမ် ဖြစ်နေပုံရကြောင်းကိုပါ သူ သတိထားမိလိုက်လေသည်။
ရွှီချင်းချင်းက ဘာမှမပြောဘဲ ခြံဝင်း၏ ထောင့်တစ်နေရာဆီသို့သာ သူ့ကို ဆွဲခေါ်သွားပြီး ဧည့်ခန်းဆောင် အဝင်ဝ၌ တံမြက်စည်း လှဲနေသော လင်းရှို့ရှို့နှင့် ဝေးရာသို့ ရောက်အောင် သေချာ ဂရုစိုက်ပြီးနောက်မှ ရပ်တန့်လိုက်တော့၏။
သူမ၏ လျှို့ဝှက်ဆန်းကြဲသော ဟန်ပန်ကြောင့် ချန်ရှင်း၏ သိချင်စိတ်များက လုံးဝကို ဆူပွက်လာတော့သည်။
"ဘာဖြစ်လို့လဲ ချင်းချင်း..."
ရွှီချင်းချင်းက သူ့ကို လျင်မြန်စွာ တစ်ချက် ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် ခြေဖျားထောက်ကာ ချန်ရှင်း၏ နားနားကပ်၍ တိုးတိတ်စွာ ပြောလိုက်သည်။
"ဒီ... ဒီလ... ဓမ္မတာ မလာသေးဘူး..."
ထိုစကားလုံးများကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ချန်ရှင်း၏ မျက်နှာပေါ်ရှိ အပြုံးက လုံးဝ အေးခဲသွားတော့၏။
သူ၏ စိတ်အာရုံများ ဗလာကျင်းသွားလေသည်။
*အဲ့ဒါက... မလာဘူး ဟုတ်လား...ဘာ မလာတာလဲ…*
စက္ကန့်အနည်းငယ် အကြာတွင် ရွှီချင်းချင်း ပြောလိုက်သည့် စကားကို သူ နားလည်သွားတော့သည်။
*သူမ ဓမ္မတာ မလာဘူးတဲ့လေ…*
သူက ရုတ်တရက် ခေါင်းငုံ့လိုက်ရာ သူ၏ အကြည့်များက ရွှီချင်းချင်း၏ ပြန့်ပြူးနေသော ဝမ်းဗိုက်လေးပေါ်သို့ စိုက်ကျသွားလေသည်။
သူ၏ အကြည့်များက ချက်ချင်းပင် မယုံနိုင်လောက်အောင် ပြင်းပြလာတော့၏။
သူ၏ စိတ်ထဲ၌ အတွေးတစ်ခုက ရူးသွပ်စွာ တောက်လောင်လာလေသည်။
*ငါ.. အဖေတစ်ယောက် ဖြစ်လာတော့မှာလား…*
*ငါ ချန်ရှင်းက ဒီ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ငါ့ကိုယ်ပိုင် ကလေးလေးတစ်ယောက် ရလာတော့မှာလား…*
ဤအသိတရားက သူ ငွေမည်မျှရှာနိုင်ခဲ့သည် သို့မဟုတ် မည်သည့် အကြံပေးမျိုး ဖြစ်လာခဲ့သည်ထက်မဆို သူ့ကို ပို၍ တုန်လှုပ်သွားစေခဲ့လေသည်။
ဤသည်က သွေးချင်းဆက်နွယ်မှုတစ်ခု ဖြစ်ပြီး ဤစိမ်းသက်သော နယ်မြေ၌ အမှန်တကယ် အခြေချနေထိုင်နိုင်ရန် သူ့ကို ခွင့်ပြုပေးမည့် အရာတစ်ခုပင် ဖြစ်၏။
ရွှီချင်းချင်းမှာ သူ၏ ပူလောင်နေသော အကြည့်အောက်တွင် အလွန်တရာ ဂနာမငြိမ် ဖြစ်လာပြီး သူမ၏ မျက်နှာလေးမှာ မီးဟုန်းဟုန်း တောက်လောင်တော့မည့်အလား နီရဲလာတော့သည်။
သူမက လက်ချောင်းများကို စိုးရိမ်တကြီး လိမ်ကျစ်နေရင်း ပြောလိုက်သည်။
"ဟို... ဟိုလေ... သေချာတော့ မသိဘူး... ရိုးရိုးလေးပဲ... လဝက်ကျော် နောက်ကျနေတာ..."
ချန်ရှင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ရင်ထဲ၌ ထန်ပြင်းနေသော မုန်တိုင်းကြီးကို ဖိနှိပ်ထားရန် ခက်ခဲစွာ ကြိုးစားလိုက်ရလေသည်။
သူက လက်ဆန့်ထုတ်ကာ ရွှီချင်းချင်း၏ သွယ်လျသော ပခုံးလေးများကို ဆုပ်ကိုင်လိုက်ပြီး မိမိကိုယ်ကိုယ် တည်ငြိမ်စေရန် အတင်းအကျပ် ကြိုးစားလိုက်သည်။
ယင်းက သူ့ကိုယ်သူပင် သတိမပြုမိလိုက်လောက်အောင် ယခင်က တစ်ခါမျှ မကြုံဖူးသော ယုယကြင်နာမှုနှင့် သတိထားမှုတို့ ပါဝင်နေလေသည်။
"ဒီမှာ ရပ်မနေနဲ့... အမြန်ဆုံး ကုတင်ပေါ် ပြန်သွား..."
"ဟင်..."
ရွှီချင်းချင်းမှာ မှင်သက်သွားလေသည်။
"ဟင်တွေ ဟာတွေ လုပ်မနေနဲ့... အခုကစပြီး မင်း ဘာမှလုပ်စရာ မလိုတော့ဘူး... ကုတင်ပေါ်မှာလှဲပြီး အနားယူနေ..."
ချန်ရှင်း တစ်ချိန်လုံး ထိန်းသိမ်းထားခဲ့သော တည်ငြိမ်အေးဆေးသည့် ဟန်ပန်မှာ အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
"ငါ... ငါ အဲ့ဒီလောက်ကြီးလည်း နုနယ်တာ မဟုတ်ပါဘူး..."
ရွှီချင်းချင်းမှာ သူ၏ အလွန်အမင်း စိုးရိမ်နေသော ဟန်ပန်ကြောင့် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသော်လည်း သူမ၏ ရင်ထဲ၌ ချိုမြိန်မှုတို့ ပြည့်နှံ့နေတော့၏။
ချန်ရှင်းက သူမ၏ ကန့်ကွက်မှုများကို လျစ်လျူရှုလိုက်ပြီး သူမကို အိမ်ထဲသို့ အတင်းအကျပ် နီးပါး တွဲပို့ကာ ပျော့ပျောင်းသော ကုတင်ပေါ်သို့ ဖိချလိုက်လေသည်။
"မင်း လှဲနေနော်... ငါ ခရိုင်မြို့ပေါ်ကို သွားပြီး ပစ္စည်းတချို့ ဝယ်လိုက်ဦးမယ်..."
သူက ထိုသို့ပြောပြီး လှည့်ထွက်သွားရာ သူ၏ ခြေလှမ်းများက ကမန်းကတန်းဖြစ်နေ၏။
ရွှီချင်းချင်းက အထိတ်တလန့် ထွက်ပြေးလုမတတ် ဖြစ်နေသော သူ၏ ထွက်ခွာသွားသည့် ပုံရိပ်ကို လိုက်ကြည့်နေလေသည်။ သူမက ရှက်ရွံ့မှုနှင့် ရယ်ချင်စိတ် နှစ်မျိုးစလုံးကို ခံစားနေရပြီး သူမ၏ ရင်ထဲရှိ မသေချာမရေရာမှုကြောင့် ဖြစ်ပေါ်လာသော တင်းမာမှုများမှာ အတော်လေး လွင့်စင်သွားတော့၏။