← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း (၂၄၄) ယုံကြည်မည်မဟုတ်သော ချွေ့မိသားစုဘိုးဘေး

ယွင်ဟွားသည် သူမ၏ အဘိုးဖြစ်သူအား ရုတ်တရက် ကြည့်လိုက်ရာ သူမ၏ ငိုကြွေးသံများမှာ ရုတ်ချည်း ရပ်တန့်သွားလေသည်။

“ပန်းကလေး... နင်... နင့်ရဲ့ အဘိုးက တကယ့်ကို ရက်စက်တာပဲ…”

သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ မျက်လုံးများကို ပြူးကျယ်ထားလေသည်။ အဘိုးကြီးယွင်သည် ဤအဘိုးအိုလေးအကြောင်း ပြောသည့်အခါတိုင်း အဘယ်ကြောင့် အမြဲတမ်း ကြောက်ရွံ့နေခဲ့ရသည်မှာ မဆန်းတော့ပေ။

တရားသူကြီးစုတ်တံ၏ မျက်လုံးများမှာ အရောင်လက်သွား၏။

“တကယ့်ကို ရက်စက်တဲ့လူပဲ... ငရဲပြည်မှာ လှည့်လည်သွားလာနေတဲ့သရဲတွေထက်တောင် ပိုပြီး ရက်စက်သေးတယ်…”

“ဟွားဟွား... ပေပေ့က နင့်အဘိုးရဲ့ ခြေရာကို နင်းပြီး ကိုယ်ပိုင် ဘိုးဘေးခန်းမကို မီးရှို့ပစ်ရဲချင်တယ်... အဲ့တာက တကယ့်ကို အံ့ဩစရာကောင်းတာပဲ... ငါလည်း ယမမင်းရဲ့ ခန်းမကို သွားပြီး မီးရှို့ပစ်လိုက်ဦးမယ်..”

ယွင်ဟွားသည် အလွန်အမင်း စိတ်လှုပ်ရှားနေသော တရားသူကြီးစုတ်တံကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။

“ယွင်မိသားစုမှာ တစ်ခုရှိတယ်... သွားလေ... ငါ နင့်ကို တားမှာမဟုတ်ဘူး..”

တရားသူကြီးစုတ်တံမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။

ချွေ့ဟုန်ယွမ်သည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ မြေးမလေး၏ အံ့အားသင့်နေသော မျက်နှာထားကို ကြည့်ကာ အလွန်အမင်း ပျော်ရွှင်နေလေသည်။

*ဟန်ဆောင်နေလိုက်...ငါက နင့်ကို မကိုင်တွယ်နိုင်ဘူးလို့... နင် လုပ်သမျှက ကုန်းတိုက်တာပဲလေ... ငါက နင့်ကိုတောင် ခြိမ်းခြောက်နိုင်သေးတယ်…*

သူတို့၏ ဘိုးဘေးများက ခါးသီးစွာ ညည်းညူလိုက်ကြလေသည်။

*သူတို့က ဘာဖြစ်လို့ ခုလို မိဘစကားနားမထောင်တဲ့ မျိုးဆက်နှစ်ယောက်နဲ့များ လာဆုံတွေ့ရတာလဲ…*

"ဖျတ်" ဟူသော အသံနှင့်အတူ…

ပူဇော်ပွဲစားပွဲပေါ်ရှိ ဖယောင်းတိုင်များအားလုံး ငြိမ်းသွားလေသည်။

ကမ္ပည်းပြားများအားလုံးသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ စုစည်းသွားကြ၏။

နောက်တစ်စက္ကန့်တွင်...

ဘိုးဘေးခန်းမ၏ ပင်မတံခါးကြီးမှာ ရုတ်တရက် ပိတ်ကျသွားလေသည်။

ကမ္ပည်းပြားသည်လည်း လေထဲသို့ မြောက်တက်သွားလေသည်။

ယွင်ဟွား…

သူမသည် ယွင်မိသားစု ဘိုးဘေးများ၏ ထူးဆန်းသော လုပ်ရပ်များကို အသားကျနေပြီဖြစ်သော်လည်း ဤမြင်ကွင်းက ချွေ့ဟုန်ယွမ်အား လန့်ဖြန့်သွားစေလေသည်။

“ပန်းကလေး... နင် ဒုက္ခရောက်တော့မယ့်ပုံပဲ..”

သေခြင်းရှင်ခြင်းစာအုပ်က ဤမြင်ကွင်းကို အလွန် ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားလိုက်ရလေသည်။

ယွင်ဟွား၏ မျက်လုံးသူငယ်အိမ်များ တုန်ခါသွားပြီး သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

ဤအရာက လွန်လွန်းနေပြီ…

"ဘုရားရေ..."

"နာတယ်... အရမ်းနာတာပဲ..."

ချွေ့ဟုန်ယွမ်သည် သူ၏ ခေါင်းကို ကိုင်ကာ ဘိုးဘေးခန်းမထဲတွင် ခုန်ပေါက်နေလေသည်။ ယွင်ဟွားသည်လည်း ထိုနည်းတူပင်ဖြစ်ကာ အဘိုးနှင့်မြေးနှစ်ဦးတို့သည် ကမ္ပည်းပြားများ၏ လိုက်လံရိုက်နှက်မှုကြောင့် တစ်ယောက်နောက်တစ်ယောက် ပြေးလွှားနေကြလေသည်။

"ဒါက မတရားဘူး…မြေးက ဘိုးဘေးတို့ကို မခြိမ်းခြောက်ခဲ့ဘူးလေ..."

ယွင်ဟွားသည် နဖူးကို အရိုက်ခံလိုက်ရသဖြင့် နာကျင်စွာ ရှုံ့မဲ့သွားပြီး အော်ဟစ်လိုက်လေသည်။

“မြေးမှ အဆက်အသွယ်တွေ ရှိတယ်… မြေးမှာ အဆက်အသွယ်တွေ ရှိတယ်... ဘိုးဘေးတို့အတွက် အမြဲတမ်းနေရာတစ်ခု ရအောင် လုပ်ပေးနိုင်တယ်..."

ချွေ့မိသားစု၏ ဘိုးဘေးကမ္ပည်းပြားများသည် မကြားသည့်အလား ကျယ်လောင်သော အသံကြီးများနှင့်အတူ ဆက်လက်၍ ရိုက်နှက်နေကြလေသည်။

ဤသည်က ဘယ်လို အဖွဲ့အစည်းပုံစံမျိုးလဲ…

ထိုအရာက အသိစိတ်မရှိသော သူဌေးတစ်ဦးအတွက် ကျွဲနွားများကဲ့သို့ အလုပ်လုပ်ပေးနေရခြင်းပင် ဖြစ်သည်။ သူတို့တွင် အနားယူချိန်ဟူ၍ လုံးဝမရှိဘဲ မျက်နှာချင်းဆိုင်ရှိ ယွင်မိသားစုကဲ့သို့ပင် သေဆုံးပြီးနောက်၌ပင် ပြင်းထန်သော အလုပ်ကြမ်းများကို လုပ်ဆောင်နေရဆဲဖြစ်သည်။

သူတို့က အရူးတွေမှ မဟုတ်တာ…

တရားသူကြီးစုတ်တံကို ကိုင်ဆောင်ထားသော သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွားတို့ထံမှ ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်လေသည်။

ချွေ့မိသားစု၏ ဘိုးဘေးများသည် ယွင်မိသားစု၏ ဘိုးဘေးများထက်ပင် ပို၍ ရက်စက်ကြလေသည်။ အဘိုးအိုနှင့် မျက်နှာတွင် ပန်းပွင့်ပုံရှိသော အမျိုးသမီးတို့သည် ရန်မစသင့်သူများ ဖြစ်နေသည်မှာ မဆန်းတော့ပေ။

"ရပ်... ကျွန်တော့်ကို ဆက်မရိုက်ပါနဲ့တော့... ကျွန်တော် မှားသွားပါတယ်..."

ချွေ့ဟုန်ယွမ်၏ မျက်နှာမှာ ညိုမည်းစွဲနေသော ဒဏ်ရာများနှင့် ခရမ်းရောင်အကွက်များဖြင့် ဖုံးလွှမ်းနေလေသည်။ ယခင်က သူနှင့် သူ၏ သမီးဖြစ်သူတို့သည် မကြာခဏ လာရောက်တိုင်တန်းကာ ခြိမ်းခြောက်လေ့ရှိသော်လည်း မည်သည့်အရာမျှ မဖြစ်ခဲ့ပေ။

ယခု ဘာဖြစ်သွားပြီလဲဆိုတာ ကြည့်လိုက်စမ်း... သူ တကယ်ကို သင်ခန်းစာ ရသွားခဲ့ပြီ ဖြစ်သည်။

"ဝါး... မြေး ဘိုးဘေးတို့ကို ထပ်မတိုင်တော့ပါဘူး..."

ယွင်ဟွားက ငိုလိုက်လေသည်။ သူမ တကယ့်ကို နာကျင်နေပြီ ဖြစ်၏။ သူတို့အားလုံးမှာ ဘိုးဘေးများ ဖြစ်ကြသော်လည်း မည်သူကမျှ ယွင်မိသားစု၏ ဘိုးဘေးများလောက် ချစ်စရာမကောင်းကြပေ။

ပို၍ပင် ဒေါသထွက်စရာကောင်းသည်မှာ သူမ ပြန်လည်မခုခံနိုင်ခြင်းဖြစ်ပြီး ဤသည်က သူမအား အလွန်အမင်း စိတ်ပျက်စေလေသည်။

ချွေ့မိသားစု၏ ဘိုးဘေးများသည် ပင်ပန်းသွားကြသဖြင့် လေထဲတွင် ခေတ္တမျှ အနားယူလိုက်ကြလေသည်။

ထို့နောက်…

ယွင်ဟွားနှင့် ချွေ့ဟုန်ယွမ်တို့က အစွမ်းထက်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက သူတို့အား ချွေ့မိသားစု ဘိုးဘေးခန်းမထဲမှ ချက်ချင်း လွှင့်ပစ်လိုက်လေသည်။

“ဝုန်း..."

ဘိုးဘေးခန်းမ၏ တံခါးမှာ ထပ်မံ၍ တင်းကျပ်စွာ ပိတ်သွားလေသည်။

အိမ်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့သည် ၎င်းတို့အား ဝန်းရံထားသော ဘိုးဘေးများကို ကြည့်ကာ ချက်ချင်းပင် နောက်သို့ ဆုတ်သွားကြလေသည်။

“ငါ့ဘာသာ ထွက်သွားပါ့မယ်... အခုချက်ချင်းပဲ..”

သေခြင်းရှင်ခြင်းစာအုပ်သည်လည်း ၎င်းတို့ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် မကျေနပ်ချက်များကို ခံစားလိုက်ရသည်။ ၎င်းတို့သည် လုံးဝ သူရဲဘောကြောင်သွားကြလေသည်။

“ပေပေ့... လိမ့်သွား... နင်လည်း လိမ့်သွားလိုက်တော့... နင်တို့ ဟွားဟွားကို ရိုက်ပြီးပြီဆိုတော့ ငါ့ကို ထပ်ရိုက်လို့မရတော့ဘူးနော်.. ဝါး…”

၄င်းသည် ချွေ့မိသားစု ဘိုးဘေးခန်းမဆီသို့ ဘယ်သောအခါမှ ထပ်မံ၍ လာတော့မည် မဟုတ်ပေ။

ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ…

ဘိုးဘေးခန်းမမှ ထွက်ပေါ်လာသော သရဲတစ္ဆေများ ငိုကြွေးသံကဲ့သို့သော အသံများကို ကြားလိုက်ရသဖြင့် ချွေ့မိသားစုဝင်များမှာ ထိတ်လန့်တကြား အပြေးအလွှား ရောက်လာကြလေသည်။

ချွေ့မိသားစု၏ သခင်မကြီးဖြစ်သော ကျန်းလင်းရှူသည် ခြံဝင်းတံခါးဝသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် သူမ၏ မြေးမလေးနှင့် ခင်ပွန်းဖြစ်သူတို့မှာ အိမ်ထဲမှ လွင့်ထွက်လာပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားသည်ကို မြင်လိုက်ရလေသည်။

“ရှင်တို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်နေတာလဲ…”

အဘိုးနှင့်မြေး နှစ်ဦးတို့၏ သနားစရာကောင်းသော အခြေအနေက သူမအား တကယ်ပင် လန့်ဖြန့်သွားစေလေသည်။

*သူတို့နှစ်ယောက် ရန်ဖြစ်ထားကြတာများလား…*

သူမ၏ ဩဇာကြီးမားသော ကျောထောက်နောက်ခံ ရောက်လာပြီဖြစ်ကြောင်း မြင်သောအခါ ယွင်ဟွားသည် ကျန်းလင်းရှူ၏ ရင်ခွင်ထဲသို့ ရုတ်တရက် ခုန်ဝင်သွားလေသည်။

သူမက ငိုကြွေးကာ ပြောလိုက်၏။

“အဘွား... အဘိုးက လူဆိုးကြီးပဲ... သူက ချွေ့မိသားစုရဲ့ ဘိုးဘေးတွေကို ခြိမ်းခြောက်ခဲ့တယ်... သူတို့ရဲ့ ကမ္ပည်းပြားတွေကို ခုတ်ထစ်ပြီး မီးရှို့ပစ်မယ်လို့ ပြောခဲ့တာ..."

"သမီးက အဘိုးကြောင့် အပြစ်ပါသွားပြီး ဘိုးဘေးတွေရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်... သမီး အရမ်း သနားဖို့ကောင်းနေပြီ..."

လူတိုင်း…

ချွေ့ရှီယန်သည် တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ကြည့်ကာ စုတ်သပ်လိုက်ပြီး ဘာမျှမတွေးဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ သူ အကြိမ်အနည်းငယ် ကြိုးစားကြည့်ခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင် တံခါးမှာ ပွင့်မလာခဲ့ပေ။

"အဖေ... ကျွန်တော်တို့ အတူတူ စမ်းကြည့်ကြမလား..."

အသက်ဆယ့်သုံးနှစ်အရွယ် ချွေ့ကျင်းရှင်းသည် ပြုံးလျက် ရှေ့သို့ လှမ်းလာလေသည်။ သေဆုံးသွားသော သူ၏ ဘိုးဘေးများက လူများကို မည်သို့ ရိုက်နှက်သည်ကို သူ ကြည့်ရှုလိုပေသည်။ သူတစ်ယောက်တည်းသာ ဤအတွေးမျိုးရှိနေခြင်း မဟုတ်ဘဲ ချွေ့ရှီယန်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သားအဖနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ဘိုးဘေးခန်းမ၏ တံခါးမှာ ရုတ်တရက် ပွင့်လာကာ မရေမတွက်နိုင်သော ပူဇော်ဖွယ်ရာများနှင့် ပန်းကန်ပြားများက သူတို့ထံသို့ ပြုတ်ကျလာလေသည်။

"ဘုရားရေ..."

“အောင်မလေးဗျ..."

သားအဖနှစ်ဦးစလုံး ဒဏ်ရာရသွားကြပြီး သခင်မချွေ့ဖြစ်သော ကျင်းမုလန်က သူတို့အား စူးရဲစွာ ကြည့်လိုက်လေသည်။

သူမတွင် သားနှစ်ယောက်သာရှိပြီး သမီးမရှိသဖြင့် ယွင်ဟွားအား အလွန်အမင်း ချစ်ခင်မြတ်နိုးလေသည်။

"လာပါ... အဒေါ်က သမီးကို ဆေးအရင်သွားလူးပေးမယ်... ပြီးရင် သမီးအတွက် ကျန်းနန် အစားအစာတချို့ကို အဒေါ်ကိုယ်တိုင် ချက်ကျွေးမယ်နော်..."

ကျင်းမုလန်သည် သူမ၏ ယောက္ခမ၏ ရင်ခွင်ထဲမှ ယွင်ဟွားအား အေးအေးဆေးဆေးပင် ဆွဲယူလိုက်လေသည်။ သူမ၏ နဖူးပေါ်ရှိ ညိုမည်းနေသော ဒဏ်ရာက တကယ်ကို ရင်ကွဲနာကျစရာပင်။

“အဒေါ်... အဒေါ်ရဲ့ လက်ရာကို သမီး အရမ်းကြိုက်တာပဲ..."

ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းများကို လျက်လိုက်လေသည်။ သူမ၏ အဒေါ်သည် ကျန်းနန်မှဖြစ်ပြီး သူမ၏ ဟင်းချက်စွမ်းရည်မှာ အပြစ်ပြောစရာ မရှိပေ။

သူမ အဒေါ်၏ မိသားစုမှာ ပညာတတ် မိသားစုဖြစ်သည်။ သူမ၏ ဦးလေးသည် သူ၏ ပညာသင်ခရီးစဉ်အတွင်း သူမနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မြင်မြင်ချင်း ချစ်ကြိုက်သွားကြပြီး လက်ထပ်ခဲ့ကြခြင်း ဖြစ်လေသည်။

ကျန်းလင်းရှူ…

ဤချွေးမက သူမ၏ မြေးမလေးကို ထပ်မံ၍ လုယူသွားပြန်လေပြီ။

"မိန်းမ... မင်းရဲ့ ယောကျာ်းကို နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘူးလား..."

"အမေ... အဲ့ဒါ မတရားဘူး... ညီမလေး ရောက်လာတာနဲ့ ဘာလို့ ဟင်းချက်ကျွေးရတာလဲ..."

ချွေ့ကျင်းရှင်းသည် သူမ၏ အနောက်သို့ လိုက်သွားလေသည်။ သူ၏ မိခင်မှာ မျက်နှာလိုက်တတ်ပြီး မျက်နှာသာပေးလွန်းသည်အထိပင် ဖြစ်သည်။ ပုံမှန်အားဖြင့် သူက မိခင်ဖြစ်သူအား ဟင်းချက်ပေးရန် တောင်းဆိုသည့်အခါ ဟင်းချက်သည့်အခိုးအငွေ့များက သူမကို ပိုမို အိုမင်းရင့်ရော်စေမည်ဟု အကြောင်းပြချက်ပေးကာ ဖြေရှင်းတတ်လေသည်။

ဂရုစိုက်မခံရဘဲ ကျန်ရစ်ခဲ့သော ချွေ့ဟုန်ယွမ်…

ညစာစားပွဲတွင်..

ယွင်ဟွားသည် မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာဖြင့် စားသောက်နေပြီး ကျင်းမုလန်၏ လက်မောင်းကို ဖက်တွယ်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေလေသည်။

"အဒေါ်... ဟွားအာ ကျန်းနန်က မုန့်တွေကို ထပ်စားချင်သေးတယ်..."

"ကောင်းပါပြီ... အဒေါ် လုပ်ပေးပါ့မယ်..."

ကျင်းမုလန်သည် သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ပုတ်လိုက်ပြီး သူမ၏ အလွန်အမင်း ချစ်ခင်မြတ်နိုးမှုကို ပြသလိုက်လေသည်။ သူမ၏ အသံသာ မပါဝင်ခဲ့ပါက သူမ၏ ဖခင်မှာ ပြဿနာတက်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ချွေ့ကျင်းရှင်းသည် မကျေမနပ်ဖြင့် သူ၏ တူများကို ကိုက်ထားလေသည်။

*သူမက ယောကျာ်းလေးတွေထက် မိန်းကလေးတွေကို ပိုပြီး မျက်နှာသာပေးနေတယ်... သူက တကယ်ရော သူမရဲ့ သားအရင်း ဟုတ်ရဲ့လား…*

"အကြီးဆုံးသခင်လေး ပြန်ရောက်လာပြီ... အကြီးဆုံးသခင်လေး ပြန်ရောက်လာပြီ..."

ဤအချိန်တွင် အစေခံတစ်ဦးက လာရောက်သတင်းပို့ရာ ချွေ့မိသားစုဝင်များမှာ အလွန်အမင်း ဝမ်းသာသွားကြပြီး အခန်းထဲမှ အလျင်စလို ထွက်သွားကြလေသည်။

ဝက်သားနီနှပ် ပန်းကန်ပြားကို ကိုင်ဆောင်ထားသော ယွင်ဟွားမှာ တဖြည်းဖြည်း နောက်မှ လိုက်သွားလေသည်။

သူမ၏ အစ်ကိုဝမ်းကွဲဖြစ်သော ချွေ့ကျင်းချူ။

သူသည်လည်း ဤနှစ် နွေဦး အင်ပါယာစာမေးပွဲတွင် ပါဝင်ဖြေဆိုမည် ဖြစ်သည်။ သူသည် သူမ၏ အစ်ကိုအကြီးဆုံးထက် အသက်ခြောက်လခန့် ငယ်ရွယ်ပြီး အခြားနေရာတွင် ပညာသင်ကြားနေသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်လေသည်။

ယဉ်ကျေးဟန်ရသော်လည်း တကယ်တမ်းတွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ထိုကောင်သည် ယခင်က သူမအား တကယ်ပင် ဒုက္ခပေးလေ့ရှိပြီး သူမအား ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရုံသာမက ပြစ်ဒဏ်အနေဖြင့် စာလုံးများကိုပါ ရေးခိုင်းလေ့ရှိသည်။

“ဟွန့်…”

“ပန်းကလေး... ငါတို့ မကြောက်ဘူး... အရင်က ငါတို့မှာ ဘာတိုက်ခိုက်ရေးစွမ်းအားမှ မရှိခဲ့ပေမယ့် အခုတော့ သူ့ကို မကြောက်တော့ဘူး…”

သေခြင်းရှင်ခြင်းစာအုပ်က လက်ပိုက်ကာ ပြောလိုက်လေသည်။

ပန်းကလေးသည် ငယ်စဉ်ကတည်းက အလွန်အမင်း ဖြားယောင်းရ လွယ်ကူခဲ့လေသည်။

ဤအသုံးမကျသော ဝမ်းကွဲအစ်ကိုတွင် ငွေမရှိပေ။ သူက အိမ်စာများကို ကူညီလုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ငွေကိုယူပြီးနောက် ကတိဖျက်ခဲ့လေသည်။ ပန်းကလေးသည် အဘိုးကြီး၏ ပြစ်ဒဏ်က နှစ်ဆဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူ့အကြောင်းကို တိုင်ပြောရန် အလွန် ကြောက်ရွံ့နေခဲ့သည်။

ပို၍ပင် ဒေါသထွက်စရာကောင်းသည်မှာ တစ်နှစ်တွင် အဘိုးကြီးသည် အဘွားဖြစ်သူအတွက် မွေးနေ့လက်ဆောင်အဖြစ် သစ်ခွပန်းတစ်ပင်ကို လျှို့ဝှက်စွာ စိုက်ပျိုးထားခဲ့ပြီး သူက လောဘတကြီးဖြင့် ပန်းအနည်းငယ်ကို ခူးယူခဲ့လေသည်။

ရလဒ်အနေဖြင့် သူက ရှောင်ဟွားဟွားအား မိန်းကလေးငယ်၏ ဆံပင်တွင် ပန်းပန်ထားပါက အလွန်လှပကြောင်း ပြောဆိုကာ ဖြားယောင်းခဲ့လေသည်။

ပန်းကလေးသည် သူမကိုယ်တိုင်က ပန်းတစ်ပွင့်ဖြစ်သည့်အားလျော်စွာ ပန်းများကို အလွန် နှစ်သက်လေသည်။ ထို့ကြောင့် အဘိုးကြီးက ပန်းများကို လာယူမည့်အချိန် သူ၏ မျက်စိရှေ့မှာပင် သူမက ပန်းများအားလုံးကို ဆွဲနှုတ်ပစ်လိုက်လေသည်။

ချက်ချင်းပင်။

၎င်း၏ ပန်းကလေး၏ တင်ပါးမှာလည်း ပန်းပွင့်သွားခဲ့လေသည်။

သို့သော်လည်း သူသည်လည်း မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ပေ။

All Chapters