← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) ခွေးတောင်မှ လုပ်မည်မဟုတ်သော်လည်း မိမိ၏ အစ်ကိုဝမ်းကွဲကမူ လုပ်လိမ့်မည်

ငရဲလကျောက်သည် နေရာလွတ်အတွင်းသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်သွားလေ၏။

အကယ်၍... အကယ်၍များ ၎င်းသာ မမှားယွင်းခဲ့ပါလျှင်…

၎င်းသည် ပန်းကလေးနှင့် အခြားသူများကို ပြန်လည်ဝင်စားစေရန် ခေါ်ဆောင်သွားစဉ် စွမ်းအင်များ ကုန်ခမ်းသွားခဲ့ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချိန်တွင် အတားအဆီးကို ပိတ်ရန် မေ့လျော့သွားခဲ့ခြင်းကြောင့် တစ်စုံတစ်ခုက ဟာကွက်ကိုရှာတွေ့ကာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ရမည်။

ငရဲလကျောက်က တစ်စုံတစ်ခုကို ထပ်မံ၍ ခံစားလိုက်ရပြန်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုအခါတွင် ပိတ်သွားခဲ့ပြီဖြစ်သည်။

စနစ်က ကျိုးမင်ရှီး၏ နားထဲတွင် ပွစိပွစိ ပြောဆိုနေဆဲဖြစ်ရာ သူ့အား ချက်ချင်းပင် ဒေါသထွက်စေခဲ့၏။

“ပါးစပ်ပိတ်ထားစမ်း... မဟုတ်ရင် မင်းကို သေတဲ့အထိ တိုက်ခိုက်ပစ်မယ်...”

သူက ခြိမ်းခြောက်လိုက်ပြီး

“ငါ့မှာသာ စွမ်းဆောင်နိုင်စွမ်းရှိရင် မင်းလို ကျိန်စာသင့်နေတဲ့အရာကို အစောကြီးကတည်းက သတ်ပစ်ခဲ့ပြီးပြီ...”

“သတိပေးတယ်... သတိပေးတယ်... လက်ခံသူအနေနဲ့ ဆက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်... ကိုယ့်ကမ္ဘာကို မပြန်ချင်တော့ဘူးလား...”

“ချွေ့ကျင်းချူရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ကံကြမ္မာကို စုပ်ယူဖို့ အချိန်ဆွဲမနေဖို့ လက်ခံသူကို အကြံပြုလိုတယ်...”

“မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ဒီစနစ်က မသိဘူးလို့ တကယ်ထင်နေတာလား... လွန်ခဲ့တဲ့ တစ်နှစ်လုံး မင်းက ဆင်ခြေအမျိုးမျိုးပေးပြီး သူ့ကို ခဏတာပဲ ဆက်သွယ်ခဲ့လို့ ငါ့အတွက် ကံကြမ္မာအနည်းငယ်ကိုသာ စုပ်ယူနိုင်ခဲ့တယ်... သူ့ကို နောက်ထပ် တစ်နှစ်လောက် အသက်ရှင်ခွင့်ပေးပြီး မသေခင် သူ့မိသားစုကို တွေ့ခွင့်ပေးခဲ့တာကပဲ ဒီစနစ်အနေနဲ့ ပေးနိုင်တဲ့ အမြင့်ဆုံး သက်ညှာမှုပဲ...”

အစကတည်းကသာ စွမ်းအင်ပြတ်လပ်မနေခဲ့လျှင် ဤကျိန်စာသင့်နေသောအရာနှင့် ချိတ်ဆက်မိသွားမည် မဟုတ်ပေ။

၎င်းသည် သူ့အား ကြားခံအဖြစ် အသုံးပြု၍သာ ကံကြမ္မာကို စုပ်ယူနိုင်၏။ သို့မဟုတ်ပါက ချွေ့ကျင်းချူ၏ ခေါင်းပေါ်သို့ အစောကြီးကတည်းက ပျံသန်းသွားကာ ကိုယ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်လိမ့်မည်။

ထို့အပြင် ၎င်းသည် နောက်တစ်ဦးထံမှ ကံကြမ္မာကို မစုပ်ယူမီ လူတစ်ဦးတည်းထံမှသာ စုပ်ယူနိုင်လေသည်။

လမ်းတစ်လျှောက်လုံးတွင် ၎င်းသည် အန္တရာယ်အမျိုးမျိုးကို ဖန်တီးခဲ့သော်လည်း ထိုလူယုတ်မာက သူ့အား အမြဲတမ်း လွတ်မြောက်အောင် ကူညီပေးခဲ့သည်။

အထူးသဖြင့် ယခုအချိန်တွင် ဖြစ်သည်။

ဤမိန်းကလေးထံမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများကို မြင်တွေ့ရချိန်တွင် ၎င်းသည် အချိန်ထပ်မံဖြုန်းတီးလိုခြင်း မရှိတော့ပေ။

“လက်ခံသူ... ဒီစနစ်က ဒီအမိန့်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အမိန့်ပေးတယ်... မဟုတ်ရင် လျှပ်စစ်ရှော့တိုက်ပြီး အပြစ်ပေးခံရလိမ့်မယ်...”

ကျိုးမင်ရှီး၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူသည် အလွန်ဒေါသထွက်နေသဖြင့် ၎င်းကို ချက်ချင်းပင် ကိုက်သတ်ပစ်ချင်စိတ် ပေါက်သွားလေ၏။

“ငါက ၂၁ ရာစုရဲ့ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပဲ... တိရစ္ဆာန်လေးတစ်ကောင်ကိုတောင် အန္တရာယ်မပေးနိုင်တဲ့သူက လူ့အသက်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ...”

“မဖြစ်နိုင်ဘူး... မင်းရဲရင် ငါ့ကို လျှပ်စစ်ရှော့တိုက်လိုက်စမ်း... မဟုတ်ရင်လည်း တခြားလူကိုသာ ရှာလိုက်... ငါ မင်းဆီကနေ ပိုက်ဆံနည်းနည်းညှစ်ယူရင် ယူလိုက်မယ်...”

ဤကျိန်စာသင့်နေသော စနစ်သည် ၎င်း၏ အသက်ကို ရှည်စေရန် သူ့အပေါ် မှီခိုနေရကြောင်းကို သူ မသိဟု မထင်လိုက်နှင့်။ ၎င်းက သူ့ကို တကယ်တမ်း သတ်ပစ်နိုင်မည် မဟုတ်ပေ။

“ပန်းကလေး... ဒီကျိုးမင်ရှီး အတုအယောင်က တကယ်ကို လိပ်ပြာသန့်တဲ့စိတ်ရှိနေပြီး နင့်ရဲ့ အစ်ကိုဝမ်းကွဲကို တိတ်တဆိတ် ကူညီပေးနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... မဟုတ်ရင် သူက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စနစ်ရဲ့ ကန်ကျောက်တာကို ခံရပြီး သေနေလောက်ပြီ...”

ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်၏။

“ဟင်... ဒါဆို ပေပေ့က ဆီပူအိုးထဲ ထည့်ကြော်လို့ မရတော့ဘူးပေါ့...”

တရားသူကြီးပေပေ့သည် ဆီပူအိုးကို မလိုလားစွာဖြင့် ပြန်ထားလိုက်ရသည်။ ၎င်း၏ ဆီကြော်မုန့်များ ပျောက်ကွယ်သွားလေပြီ။

ယွင်ဟွား၏ ဒေါသမှာ တစ်ဝက်ခန့် လျော့ကျသွားပြီး ထိုစနစ်ဆိုသည့်အရာကို မည်သို့ ဖမ်းဆီးရမည်ကို စတင်စဉ်းစားနေလေ၏။

လူတိုင်း အံ့ဩသွားကြလေသည်။

တကယ့်တရားခံမှာ ထိုကျိန်စာသင့်နေသော စနစ်ဖြစ်နေပြီး ကျိုးမင်ရှီးသည် သူ၏ သား သို့မဟုတ် မြေးကိုပင် ကူညီပေးခဲ့သေးကြောင်း ပေါ်လွင်သွားလေ၏။

“ထပ်ပြီး သတိပေးတယ်... လက်ခံသူအနေနဲ့ စနစ်ရဲ့ တောင်းဆိုချက်တွေကို မလိုက်နာဘူးဆိုရင် အပြစ်ပေးခံရလိမ့်မယ်...”

စနစ်သည် ၎င်း၏ စွမ်းအားများကို တိတ်တဆိတ် စုဆောင်းနေပြီး ဤစကားနားမထောင်သော ခွေးအား နက်နက်ရှိုင်းရှိုင်း သင်ခန်းစာပေးရန် စီစဉ်နေလေသည်။

“မင်းအဘိုးကို သွားသတိပေးနေလိုက်...”

ကျိုးမင်ရှီး စကားမဆုံးမီမှာပင် သူ၏ မျက်လုံးများ လန်တက်သွားကာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး ကုလားထိုင်ပေါ်တွင် ပြင်းထန်စွာ တက်ဆတ်လာလေသည်။

လူတိုင်း လန့်ဖျပ်သွားကြ၏။

“ဝိုး... ပန်းကလေး... ကျိုးမင်ရှီးက နင့်အစ်ကိုဝမ်းကွဲရဲ့ နောက်ဆုံးကျန်နေတဲ့ ကံကြမ္မာကို စုပ်ယူဖို့ သရဲစနစ်ကို ကူညီပေးမယ့်အစား လျှပ်စစ်ရှော့တိုက် အပြစ်ပေးခံဖို့ကိုပဲ ရွေးချယ်လိုက်တယ်... သူက တာဝန်ယူမှုအပြည့် ရှိတာပဲ...”

ရှင်ခြင်းသေခြင်းစာအုပ်သည် သူ့ထံသို့ ပျံသန်းသွားပြီး ၎င်းတို့သည် သူ့အတွက် တစ်စက္ကန့်ခန့် ဝမ်းနည်းပူဆွေးပေးလိုက်ကြသည်။

၎င်းကို ကြားသောအခါ ကျင်းမုလန်က အစေခံများကို လှမ်းခေါ်လိုက်ပြီး “မြန်မြန်... မိသားစုသမားတော်ကို သွားခေါ်ချေ...”

“မ... မ... မလိုပါဘူး... ပြဿနာရှိရုံပါ...”

ကျိုးမင်ရှီးသည် ဝက်ရူးပြန်ရောဂါ ထနေသည့်အလား ကုလားထိုင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ လျှောကျသွားရင်း တုန်ယင်သောအသံကို ပြုလုပ်လိုက်လေ၏။

“လက်ခံသူ... အခု ချက်ချင်း စိတ်ပြောင်းပြီး သဘောတူလိုက်ရင်တောင်မှ အပြစ်ပေးခံရဦးမှာပဲ...”

စက်၏ ကျောချမ်းဖွယ်အသံက ထပ်မံထွက်ပေါ်လာသော်လည်း ကျိုးမင်ရှီးသည် အဆုံးတိုင်အောင် ခုခံရန် တင်းခံထားဆဲပင်။

“မင်း... လူယုတ်မာ... မင်းကို သေတဲ့အထိ ကျိန်ဆဲပစ်မယ်... ဘိုးဘေးတွေ... ဘိုးဘေးတွေကိုပါ...”

သူ ဆက်၍ ကျိန်ဆဲနေဆဲဖြစ်သည်ကို မြင်သောအခါ စနစ်က လျှပ်စစ်စီးကြောင်းကို တိုးမြှင့်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင်။

ကျိုးမင်ရှီးသည် သူ၏ ဝိညာဉ် ဆုတ်ဖြဲခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ အကြိမ်အနည်းငယ် တက်ဆတ်သွားပြီးနောက် သူသည် လုံးဝ သတိလစ်သွားလေ၏။

ကျိုးမင်ရှီးအား အစေခံများက သယ်ဆောင်သွားကြလေသည်။

ယွင်ဟွားသည် သူမ၏ အံသွားများကို ပွတ်တိုက်လိုက်၏။ စနစ်၏ အသေးစိတ် အချက်အလက်များကို နားမလည်သေးသဖြင့် သူမသည် အဆောတလျင် လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။ သူမသည် အနည်းငယ် ဖြူရော်နေသော မျက်နှာဖြင့် ချွေ့ကျင်းချူကို မော့ကြည့်ကာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“အစ်ကိုဝမ်းကွဲ... ညီမလေးက ကံကြမ္မာဟောတတ်တယ်...”

ယွင်ဟွားက အနီးသို့ တိုးကပ်သွားရာ သူမ၏ အပြုံးက လူတစ်ယောက်၏ ကျောရိုးကို စိမ့်တက်သွားစေသည်။

လူတိုင်း…

ချွေ့ကျင်းချူသည် မကောင်းသော ခံစားချက်တစ်ခု ရရှိသွား၏။ အတိတ်က ဤမိန်းကလေး ဤကဲ့သို့ မျက်နှာထားမျိုး ပြသသည့်အခါတိုင်း တစ်စုံတစ်ယောက် ဒုက္ခရောက်တော့မည်ဟု အဓိပ္ပာယ်ရလေသည်။

“မ... ညီမလေးကို ဒုက္ခပေးစရာ မလိုပါဘူး...”

ချွေ့ကျင်းချူ ထွက်ခွာရန် ကြိုးစားသောအခါ ယွင်ဟွားက သူ့အား နောက်သို့ ဆွဲချလိုက်သည်။ သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်မှုကြောင့် ခုန်ထသွားလေ၏။

“ညီမလေး... မင်းအစ်ကို အခု ဒဏ်ရာရထားတယ်...”

သူက ယွင်ဟွားအား နာကြည်းမှုအပြည့်ရှိသော မျက်နှာဖြင့် ကြည့်လိုက်သည်။

“အစ်ကိုဝမ်းကွဲ... အစ်ကို့ရဲ့ ချစ်စရာ ညီမလေးက အစ်ကို ကြီးမားတဲ့ ကံဆိုးမှုကြီးတစ်ခုနဲ့ ကြုံတွေ့ရတော့မယ်လို့ ဟောကိန်းထုတ်ထားတယ်... အဲ့ကံဆိုးမှုကို ဖယ်ရှားဖို့ ညီမလေး ကူညီပေးနိုင်တယ်... လုပ်ပေးရမလား...”

ယွင်ဟွားက သူ့ကို အပြစ်ကင်းစင်စွာဖြင့် ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာလေးမှာ အလွန်ပင် ရိုးသားဖြူစင်နေလေသည်။

ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွားအား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်၏။

“ပန်းကလေး... ငါတို့နှစ်ယောက်လုံး ကြိုးစားကြည့်ပြီးပြီ မဟုတ်ဘူးလား... နင့်ရဲ့ ယင်စွမ်းအင်က အမည်းရောင်စွမ်းအင်ကို မဖမ်းဆုပ်နိုင်သလို ဖယ်ရှားလို့လည်း မရဘူး... အဲ့ဟာက စနစ်ရဲ့ အမှတ်အသား ပြုလုပ်ခံထားရတယ်...”

“ငါ့မှာ ကုသိုလ်စွမ်းအားတွေ ရှိတယ်... အစ်ကိုဝမ်းကွဲကို ကံဆိုးမှုတွေကနေ ကယ်တင်ပေးနိုင်တယ်...”

ရှင်ခြင်းသေခြင်းစာအုပ်က ဒေါသတကြီးဖြင့် နှုတ်ခမ်းဆူလိုက်ပြီး

“ရှောင်ရှူးရှူး သဘောမတူဘူး...”

“ပေပေ့လည်း သဘောမတူဘူး...”

ယွင်ဟွားသည် မတတ်သာဘဲ ကလေးငယ်နှစ်ဦးကို ချော့မော့လိုက်ရ၏။

“အသည်းအသက်လေးတို့... သူတို့က ငါ့မိသားစုဆိုတာ နင်တို့ သိပါတယ်... ဟွားဟွားက သူတို့ကို အရမ်းတန်ဖိုးထားတယ်...”

ချွေ့ကျင်းချူသည် အလွန်ပင် စိတ်လှုပ်ရှားသွားလေသည်။ သူ၏ ညီမလေးသည် အလွန်ပင် တွေးခေါ်မြော်မြင်တတ်ပေသည်။

“ညီမလေး... မင်းရှိနေတာက တကယ့်ကို အစ်ကို့ရဲ့ ကောင်းချီးမင်္ဂလာပါပဲ...”

“အစ်ကိုဝမ်းကွဲ... အစ်ကိုက ညီမလေးအတွက် ရေနွေးကြမ်းနဲ့ ရေကို လာချပေးရမယ်... ပခုံးနဲ့ ကျောကို နှိပ်နယ်ပေးရမယ်... ပြီးတော့ ညီမလေးအတွက် အကတောင် ကပေးရနိုင်တယ်...”

ယွင်ဟွားက ပြုံးဖြီးဖြီးဖြင့် သွားရှစ်ချောင်းပေါ်အောင် ရယ်ပြရင်း မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ကံကောင်းခြင်းတွေပါပဲ...”

ချွေ့ကျင်းချူက နောက်ဆုံး စကားလုံးနှစ်လုံးကို အလေးပေး၍ ပြောလိုက်၏။

“အစ်ကိုဝမ်းကွဲကြီး... စကားတစ်ခွန်းပဲ... လက်ခံလား လက်မခံဘူးလား...”

ယွင်ဟွားသည် သူ၏ အဖြေကို စောင့်ဆိုင်းနေလေသည်။

လူတိုင်းသည် နှုတ်ခမ်းကိုစူကာ အချို့က အကြောင်းမဲ့ စကားစမြည်ပြောနေကြပြီး အချို့ကမူ ကောင်းကင်ကို မော့ကြည့်နေကြသည်။

ချွေ့ကျင်းချူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ လှည့်၍ ထွက်ခွာသွားလေ၏။

သူ ကံဆိုးတော့ရော ဘာဖြစ်သနည်း။ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း သူ ကံဆိုးမှုများကို လုံလုံလောက်လောက် ကြုံတွေ့ခဲ့ရပြီးပြီ မဟုတ်ပါလား။

သို့သော် မည်သူသိမည်နည်း…

သူ၏ ဘယ်ခြေထောက်ဖြင့် တံခါးခုံကို ကျော်ဖြတ်ကာ နင်းလိုက်သည်နှင့် တစ်ပြိုင်နက် ညာခြေထောက် ခလုတ်တိုက်မိပြီး ဘုန်း ဟူသောအသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

နှာခေါင်းမှ သွေးများ ချက်ချင်း စီးကျလာလေ၏။

လူတိုင်း…

“အိုး.. ငါ့အစ်ကိုဝမ်းကွဲ ဒုက္ခရောက်ပြန်ပြီ...”

ယွင်ဟွားက ခေါင်းခါလိုက်သည်။ သူမစကားကို နားမထောင်ခြင်းမှာ သူ၏ ကိုယ်ပိုင်အမှားပင် ဖြစ်၏။

ချွေ့ကျင်းချူသည် ကြမ်းပြင်ပေါ်တွင် အချိန်အတော်ကြာ လဲလျောင်းနေလေသည်။

နောက်တစ်စက္ကန့်တွင်။

သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏ အဝတ်အစားများကို ကျော့ရှင်းစွာ ဖုန်ခါလိုက်ကာ လှည့်၍ ယွင်ဟွားကို ဖော်လံဖားသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

“လုပ်မယ်...”

“ခွေးတောင်မှ လုပ်မှာမဟုတ်ပေမယ့် အစ်ကိုဝမ်းကွဲကြီးက လုပ်မယ်...”

“ရေနွေးကြမ်းနဲ့ ရေကို လာချပေးတာရယ်... ဘေးကနေ အကနည်းနည်း ကပေးတာလောက်ပဲ မဟုတ်လား... အစ်ကိုဝမ်းကွဲကြီးက ညီမလေးကို ဂရုစိုက်ရတာ တကယ်သဘောကျပါတယ်...”

သူ၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လူတိုင်း မှင်သက်သွားကြလေသည်။

ညဉ့်နက်နေလေပြီ။

လူတိုင်း အိပ်ပျော်နေချိန်တွင် ယွင်ဟွားသည် တံခါးကို တိတ်တဆိတ် ဖွင့်ကာ ဧည့်ခန်းဆောင်ဆီသို့ ပြေးသွားလေ၏။

“သွားကြစို့... မိန်းကလေး... လှုပ်ရှားကြစို့...”

ချွေ့ရှီယန်က တိုးညှင်းစွာ လှမ်းခေါ်လိုက်သည်။

“ငါတို့ ညတစ်ညလုံးနီးပါး တောင်ကုန်းတုနောက်မှာ ဆောင့်ကြောင့်ထိုင်စောင့်နေရတာ တန်ပါတယ်...”

ယွင်ဟွားသည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာကာ လက်ထဲတွင် ဖယောင်းတိုင်ကို ကိုင်ဆောင်လျက် သူ၏ ကုတင်ရှေ့တွင် ခြိမ်းခြောက်နေသော ဟန်ပန်ဖြင့် ရပ်နေလေသည်။

ကျိုးမင်ရှီးသည် မူးဝေစွာဖြင့် နိုးလာ၏။

“အား...”

ယွင်ဟွားက သူ၏ ပါးစပ်ကို ရုတ်တရက် အုပ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာဖြင့် “အင်ပါယာကျောက်စိမ်းအရက်...” ဟု ပြောလိုက်လေသည်။

All Chapters