← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) လူလိမ်ကြီးနှင့် အရိုက်ခံရသော စနစ်

"တစ်ရွာတည်းသား... မေ့လိုက်ပါ... ငါ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး..."

"ငါ သဘောတူတယ်..."

စနစ်သည် ယွင်ဟွားအား လောဘတကြီး စိုက်ကြည့်နေ၏။ အခြားလက်ခံသူတစ်ဦး ပြောင်းလဲရသည်မှာ ကောင်းမွန်လှပေသည်။ သူမသည် သူ၏ ကံကြမ္မာများကို ခိုးယူရန်ပင် ကူညီပေးမည်ဖြစ်ပြီး သူမခန္ဓာကိုယ်ပေါ်ရှိ ကုသိုလ်စွမ်းအားများကိုလည်း သူ လက်လွှတ်မည် မဟုတ်ပေ။

“ခွေးကောင်... မင်းက သဘောတူတယ်ပေါ့... ငါ သဘောမတူဘူး…”

ကျိုးမင်ရှီးသည် ထပ်မံ၍ အံ့အားသင့်သွားကာ ခေါင်းစောင်းသွားပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာလေသည်။

စနစ်သည် ဤခွေးကောင်အား အသေလုနီးပါး သတ်ပစ်ချင်နေပေသည်။

၎င်း၏ ပရိုဂရမ်အရ လက်ခံသူအသစ်ထံသို့ မပြောင်းလဲမီ နှစ်ဖက်စလုံးက ချိတ်ဆက်မှုဖြတ်တောက်ရန် သဘောတူဖို့ လိုအပ်ပေသည်။ ယခင်က သူသည် ချိတ်ဆက်မှုဖြတ်တောက်လိုသော်လည်း ထိုသူက သဘောမတူခဲ့ပေ။

ယခု သူက သဘောတူလိုက်ချိန်တွင် ထိုသူက နောက်ဆုတ်သွားပြန်လေသည်။

“မင်း သဘောမတူမချင်း စနစ်က မင်းကို ဆက်ပြီး ဓာတ်လိုက်နေဦးမှာပဲ..”

ယွင်ဟွားသည် ထိုကောင်လေး၏ မိုက်မဲမှုကို တွေးမိကာ သက်ပြင်းချလိုက်လေသည်။

"တစ်ရွာတည်းသား... ငါပြောတာကို နားထောင်ပါ... ငါတို့မိသားစုရဲ့ ရန်သူက အာဏာအရှိဆုံး နေရာမှာရှိနေတာ... သူက လက်ရှိ ဧကရာဇ်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သလို လူတွေကိုလည်း မျက်တောင်မခတ်ဘဲ သတ်ဖြတ်တတ်တယ်..."

"သူက သစ္စာဖောက် အမတ်တွေရဲ့ စကားကို နားယောင်ပြီး နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးဆိုတဲ့ လူလိမ်ကို ယုံကြည်နေတာ... ငါ့အဖေ ပြောတာ ကြားဖူးတယ်... တစ်နန်းတော်လုံးကို အဲ့လူလိမ်က ထိန်းချုပ်ထားတယ်လို့ ဆိုတယ်... အကယ်၍ သူက တစ်ယောက်ယောက်ကို အကျင့်ပျက်အရာရှိလို့ ပြောလိုက်ရင် ဧကရာဇ်က ချက်ချင်း သတ်ပစ်လိမ့်မယ်..."

"တစ်နန်းတော်လုံးမှာရှိတဲ့ အရာရှိတစ်ဝက်လောက်က အသတ်ခံရပြီးပြီ..."

ကျိုးမင်ရှီးသည် သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော လျှပ်စစ်လှိုင်းများကို ကြိတ်မှိတ်ခံစားရင်း ရင်ထဲတွင် တုန်လှုပ်သွားလေသည်။

“ဘုရားရေ... အဲ့သူက သမိုင်းမှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့ အာဏာရှင် မဟုတ်ဘူးလား..."

ယွင်ဟွား၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးနေဟန် ပေါ်လာ၏။

"အဲ့တာတင်မကသေးဘူး... အိမ်ရှေ့စံကလည်း လူကောင်းမဟုတ်ဘူး... သူက အုပ်စုဖွဲ့ပြီး တိတ်တဆိတ် မကောင်းမှုတွေ လုပ်နေတာ... တုံလင်နိုင်ငံတစ်ခုလုံးက အကြီးအကျယ် ပျက်စီးနေပြီ..."

"ပြီးတော့ လက်ရှိ ဝန်ကြီးချုပ်ကလည်း အတွင်းကနေ ဆွေးမြည့်နေပြီ... သူနဲ့ အဲ့လူလိမ်က တစ်နန်းတော်လုံးကို ထိန်းချုပ်ထားကြတာ... သူတို့က ပုန်ကန်ဖို့ ကြံစည်နေကြပြီး နဂါးပလ္လင်ကိုတောင် ပြင်ဆင်ထားကြတယ်လို့ ပြောကြတယ်..."

ကျိုးမင်ရှီးသည် ရင်ဘတ်ကို ဖက်ထားကာ မောပန်းတကြီးဖြင့် ပြောလိုက်လေသည်။

"ဘုရားရေ... အာဏာရှင်ရယ်... သစ္စာဖောက်အမတ်ရယ်... ငါက ဘယ်လို ငရဲကျနေတဲ့ အချိန်ကာလမျိုးကို ရောက်လာခဲ့တာလဲ..."

ယွင်ဟွားက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်... လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လုံးလုံး ငါ အရမ်းသတိထားပြီး နေခဲ့ရတာ... တစ်ခါက ငါ အရမ်းဒေါသထွက်လွန်းလို့ လမ်းမပေါ်မှာ အဲ့လူလိမ်ကို ကျိန်ဆဲမိလိုက်တယ်... ပြီးတော့ သူတို့လူတွေက ကြားသွားပြီး ညီလာခံမှာ ငါ့အဖေကို စွပ်စွဲပြစ်တင်နေကြပြီ..."

"အင်း..."

ယွင်ဟွားသည် သူမကိုယ်သူမ ဆွဲဆိတ်လိုက်ရာ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာလေသည်။

အပြင်ဘက်ရှိ လူများမှာမူ…

"ဟတ်ချိုး..."

"ဟတ်ချိုး..."

"ဟတ်ချိုး..."

ဧကရာဇ်ဝမ်ရွှမ်း... အိမ်ရှေ့စံနှင့် ယွင်ရှောင်ထျန်းတို့သည် အိမ်တွင် နှာချေကာ နှာရှုံ့နေကြလေသည်။

“ဟားဟားဟား..”

သေခြင်းရှင်ခြင်းစာအုပ်က မျက်ရည်များ စီးကျလာသည်အထိ ရယ်မောနေလေသည်။

“ပန်းကလေး... နင်က အရမ်းရယ်ရတာပဲ... ကံကောင်းလို့ ဧကရာဇ်နဲ့ အခြားလူတွေ မသိကြတာ... မဟုတ်ရင် နင် သေချာပေါက် အရိုက်ခံရမှာပဲ... ဟားဟားဟား..”

“ဟွားဟွားလေး... နင်က ငါ့ပိုင်ဆိုင်မှုတွေကို ဆက်ခံချင်လို့ ပေပေ့ကို ရယ်အောင် လုပ်နေတာလား... ဟားဟားဟား…”

တရားသူကြီးပေပေ့သည်လည်း အသက်ရှူမဝလုနီးပါး ရယ်မောနေပြီး ကြို့ထိုးနေလေသည်။

"မငိုပါနဲ့..."

ကျိုးမင်ရှီးသည် မိန်းကလေးများ ငိုမည်ကို အကြောက်ဆုံးဖြစ်ရာ ချက်ချင်းပင် သဘောတူလိုက်လေသည်။

“ငါ သဘောတူတယ်... စနစ်ကို မင်းနောက် လိုက်ဖို့ သဘောတူတယ်... ပြီးတော့ ငါလည်း အခုကစပြီး မင်းနောက်ကို လိုက်မယ်... ငါတို့က အာဏာရှင်နဲ့ အဲ့လူလိမ်ရဲ့ ကံကြမ္မာတွေကို စုပ်ယူပြီး သူတို့ကို သတ်ပစ်ကြမယ်..."

သူ၏ သဘောတူညီချက်ကို ကြားသည်နှင့် တစ်ပြိုင်နက် စနစ်သည် ချက်ချင်းပင် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ရာ အမည်းရောင်အလင်းတန်းတစ်ခုက ယွင်ဟွား၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားပြီး ၎င်း၏ အပြုံးမှာမူ ကျန်ရစ်နေဆဲ ဖြစ်၏။

နောက်တစ်စက္ကန့်တွင်မူ...

၎င်းသည် အေးစက်သော စွမ်းအင်များ ထုတ်လွှတ်နေသည့် ဝတုတ်တုတ် ကောင်လေးနှစ်ယောက်နှင့် ကျောက်တုံးတစ်တုံး၏ ဆီးကြိုခြင်းကို ခံလိုက်ရလေသည်။

“အဟက်... နင်က တော်တော် သတ္တိကောင်းတာပဲ... ငါ့ညီမလေး ဟွားဟွားလေးရဲ့ ကံကြမ္မာကိုတောင် စုပ်ယူရဲတယ်ပေါ့... နင်က တော်တော် ရဲတင်းလာတာပဲ..”

သေခြင်းရှင်ခြင်းစာအုပ်က သူ၏ လက်သီးဆုပ်လေးများကို ဆုပ်ထားလျက် ရက်စက်စွာ ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်၏။

“မင်းက ဟွားဟွားလေးရဲ့ ကုသိုလ်စွမ်းအားတွေကိုတောင် မက်မောရဲတယ်ပေါ့... ငါ မင်းကို အသေရိုက်သတ်ပစ်မယ်..”

တရားသူကြီးပေပေ့သည် သူ၏ ဗိုက်ထဲမှ ဆူးပါသော တုတ်တိုကို ဆွဲထုတ်လိုက်ပြီး ၎င်းအား ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်လေသည်။

ငရဲလကျောက်သည်လည်း ၎င်း၏ မှောင်မိုက်ညစ်ညမ်းနေသော မျက်နှာပြင်နှင့် နံစော်နေသော အနံ့အသက်တို့ကို ကြည့်ကာ အလွန် ရွံရှာသွားမိလေသည်။

“ညစ်ပတ်တဲ့ကောင်... ငါ ကျောက်တုံးသခင်ကိုတောင် အခွင့်အရေးယူရဲတယ်ပေါ့..”

စနစ်…

၎င်းသည် တုန်ယင်သွားပြီး ယွင်ဟွား၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြေးရန် အလိုအလျောက် ကြိုးစားလိုက်လေသည်။

"ဘုန်း" ဟူသော အသံတစ်သံနှင့်အတူ...

ယွင်ဟွား ဖန်တီးထားသော အတားအဆီးကြောင့် စနစ်က နောက်သို့ လွင့်စင်သွားလေသည်။

“မင်းတို့က ဘာတွေလဲ..”

၎င်းသည် ရှေ့မှ အရာသုံးခုကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် ၎င်း လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

တရားသူကြီးသည် သူ၏ ဆူးပါသော တုတ်တိုကို ဝှေ့ယမ်းကာ ရယ်မောလိုက်၏။

"ဟေး... ငါ မင်းကို မပြောပြဘူး... ရှောင်ရှူးရှူး... ကျောက်တုံးလေး... သွားကြစို့... သူ့ကို သတ်ပစ်ရအောင်..."

“ဟင့်အင်း... အနားကို ထပ်မလာကြနဲ့... ငါက လျှပ်စစ်ထုတ်နိုင်တယ်... မင်းတို့ထဲက သေရမှာကို မကြောက်တဲ့သူတွေ ရှေ့တိုးခဲ့ကြ…”

စနစ်သည် နောက်ဆုတ်သွားရင်း တုန်ယင်နေကာ ၎င်း၏ မျက်လုံးများထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

“ဟွန့်... လျှပ်စစ်ကို ဘာကြောက်စရာရှိလို့လဲ... ငါတို့သုံးယောက်လုံးက မိုးကြိုးမပစ်ခံရဖူးတဲ့သူတွေ ကျနေတာပဲ..”

ငရဲလကျောက်က လှောင်ပြောင်လိုက်၏။ ၎င်း၏ မူလပုံစံမှာ မိုးကြိုးပစ်ခံရပြီး ပျက်စီးသွားချိန်၌ပင် အသံတစ်ချက် မထွက်ခဲ့ပေ။

“တိုက်ခိုက်ကြ…”

သေခြင်းရှင်ခြင်းစာအုပ်က ဟိန်းဟောက်လိုက်ပြီး ကလေးငယ်များသည် အတူတကွ ရှေ့သို့ ပြေးဝင်သွားကြလေသည်။

“အား..”

“ရပ်လိုက်ကြ... မင်းတို့အားလုံး ရပ်လိုက်ကြစမ်း..”

ကလေးငယ်သုံးဦး အလွန်ပျော်ရွှင်နေကြသည်ကို မြင်လိုက်ရသောအခါ ယွင်ဟွားက ရယ်မောကာ ပြောလိုက်၏။

“လိမ္မာလိုက်တဲ့ ကလေးတွေ... သူရဲ့ နောက်ခံကို စုံစမ်းပြီး သူဆီမှာရှိတဲ့ ရတနာကောင်းတွေ အားလုံးကို လုယူကြ..”

သူမက မမိုက်မဲပေ။

စနစ်တစ်ခုတွင် ပစ္စည်းကောင်းများ မရှိလျှင်သာ ထူးဆန်းနေမည် ယဖြစ်သည်။

ကျိုးမင်ရှီးသည် အကြိမ်အနည်းငယ် ခေါ်ကြည့်သော်လည်း စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပြီးနောက် သူ၏ အကြည့်များကို ယွင်ဟွားထံသို့ လှည့်လိုက်လေသည်။

"အကယ်၍ သူက မင်းဘက်ကို ပြေးသွားရင် ဘယ်လိုလုပ်မလဲ..."

ယွင်ဟွားက ခေါင်းညိတ်လိုက်၏။

"သူတို့က တော်တော်လေးကို ပျော်နေကြပြီး အရမ်းလည်း စိတ်လှုပ်ရှားနေကြတယ်... ပြီးတော့ သူတို့က ဒီနေရာလေးက အရမ်းကောင်းတယ်လို့တောင် ပြောနေကြသေးတယ်..."

စူးရှသောအော်ဟစ်သံများနှင့် သနားညှာတာရန် တောင်းပန်သံများသည် နားထောင်ရသည်မှာ အလွန်ပင် သာယာနာပျော်ဖွယ် ကောင်းနေပေသည်။

ကျိုးမင်ရှီးက အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေလေသည်။

"ဟင်..."

"အင်း... ဂုဏ်ပြုပါတယ်..."

သူမသည် ဤစနစ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

သို့သော်လည်း…

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာလေသည်။

သူ မှတ်မိနေပုံရသည်မှာ…

ညီအစ်ကိုချွေ့က သူ၏ အဒေါ်သည် ဝန်ကြီးချုပ်နှင့် လက်ထပ်ခဲ့ကြောင်း တစ်ကြိမ် ပြောဖူးပြီး သူ၏ ရွာသူရွာသားကလည်း ချွေ့ကျင်းချူအား ဝမ်းကွဲအစ်ကိုဟု ခေါ်ဆိုခဲ့ပေသည်။

ကျိုးမင်ရှီးသည် ယွင်ဟွားအား ရုတ်တရက် လှမ်းကြည့်လိုက်ပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။

"တစ်ရွာတည်းသား... မင်းအဖေက ဘယ်အဆင့်ရှိတဲ့ အရာရှိလဲ..."

"ပထမအဆင့်... လက်ရှိ ဝန်ကြီးချုပ် ယွင်ရှောင်ထျန်းပဲ..."

ယခု သူမတွင် စနစ်ရှိနေပြီဖြစ်ရာ အစစ်အမှန် ကျိုးမင်ရှီးသည် အသက်ရှင်နေသေးသောကြောင့် သူမရှေ့ရှိ ဤသူအား ဖြေရှင်းရန် လိုအပ်ပေသည်။

"ဘာ..."

ကျိုးမင်ရှီးက ဟိန်းဟောက်လိုက်၏။

"ဒါဆိုရင် ပုန်ကန်မယ့်သူက မင့်အဖေ မဟုတ်ဘူးလား..."

“နင် မှားသွားပြီ..."

ယွင်ဟွားသည် လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ ဝှေ့ယမ်းလိုက်လေသည်။

ထို့နောက် သူမ၏ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် ရွှေရောင်နဂါးပလ္လင်တစ်ခုက ကျိုးမင်ရှီး၏ မျက်လုံးရှေ့တွင် ပေါ်လာလေသည်။ သူ အံ့အားသင့်နေစဉ်မှာပင် ယွင်ဟွားသည် ၎င်းအပေါ်သို့ ထိုင်ချလိုက်၏။

"ငါ့အဖေက ပုန်ကန်တာ မဟုတ်ဘူး... ပုန်ကန်တဲ့သူက ငါပဲ..."

"ဒါနဲ့ စကားမစပ်... လူလိမ်ဆိုတာကလည်း ငါပဲ... အံ့သြသွားလား... မထင်မှတ်ထားဘူး မဟုတ်လား..."

ကျိုးမင်ရှီးသည် အလွန်အမင်း ထိတ်လန့်သွားကာ မြေပြင်ပေါ်သို့ "ဘုန်း" ခနဲ ထိုင်ကျသွားပြီး သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေလေသည်။

"မင်း... မင်းက... ငါတို့ သမိုင်းမှတ်တမ်းစာအုပ်တွေထဲက လူကို စံနမူနာယူပြီး ဧကရီအဖြစ် နန်းပလ္လင်ပေါ်သို့ တက်လှမ်းတော့မလို့လား..."

ဘုရားရေ... သူ၏ ရွာသူရွာသားသည် ကြီးမားလှသော ရည်မှန်းချက်များ ရှိနေပေသည်။

"ဧကရီ..."

"ဘယ်ဟုတ်မလဲ... ငါက ကမ္ဘာကြီးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး လွှမ်းမိုးချင်တာ..."

ယွင်ဟွားက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သေခြင်းရှင်ခြင်းစာအုပ်သည် အာရုံစိုက်နေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် အလျင်အမြန်ပင် ထောက်ခံလိုက်လေသည်။

“ဟုတ်တယ်... ငါ့ရဲ့ ပန်းကလေးက ကမ္ဘာကြီးကို အောင်နိုင်တော့မှာ..”

အပြင်ဘက်ရှိ ချွေ့မိသားစုဝင်များမှာမူ...

ချွေ့ဟုန်ယွမ်နှင့် သူ၏သား ချွေ့ရှီယန်တို့သည် တောက်ပနေသော နဂါးပလ္လင်နှင့် သူတို့၏ မြေး/တူမဖြစ်သူ၏ စိတ်အားထက်သန်နေသော စကားများကို ကြည့်ရင်း သူတို့၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ကြလေသည်။

"အဖေ... ဧကရာဇ်က နဂါးပလ္လင်ကို ပြန်ယူသွားတယ်လို့ ကျွန်တော် မှတ်မိနေတယ်... မင်းသားစုက ဒါကို ပြန်ခိုးလာတာများလား..."

ချွေ့ရှီယန်က တိုးညှင်းသော အသံဖြင့် မေးလိုက်၏။

ချွေ့ဟုန်ယွမ်သည်လည်း လုံးဝ နားမလည်နိုင်ဖြစ်နေ၏။

"ငါ... ငါလည်း မသိဘူးလေ..."

"အဘိုး... ဦးလေး... စိတ်မပူပါနဲ့... အဲ့နဂါးပလ္လင်ကို မြောက်ပိုင်းနယ်စပ်ကနေ ညီမလေးက ခိုးလာတာ... ဧကရာဇ်လည်း ဒီကိစ္စကို သိပါတယ်..."

လူတိုင်းသည် ယွင်ဝေအား မယုံနိုင်စွာဖြင့် လှမ်းကြည့်လိုက်ကြပြီး ချွေ့ဟုန်ယွမ်က မေးလိုက်၏။

"မင်း အတည်ပြောနေတာလား..."

ယွင်ဝေက ခေါင်းညိတ်ပြလိုက်ရာ လူတိုင်းက သက်ပြင်းချလိုက်ကြလေသည်။

ချွေ့ကျင်းချူသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်၏။

"အဖေ... အဘိုး... ခင်ဗျားတို့ ညီလာခံမှာ ရှိနေချိန်တုန်းက ငါတို့ ချွေ့မိသားစုဝင်တွေရဲ့ အသက်တွေက သေခြင်းရှင်ခြင်းကြားမှာ အမြဲတမ်း တွဲလွဲခိုနေခဲ့တာ မဟုတ်ဘူးလား..."

ချွေ့ဟုန်ယွမ်နှင့် ချွေ့ရှီယန်တို့သည် မျက်ရည်ဝဲကာဖြင့် ခေါင်းညိတ်ပြလိုက်ကြလေသည်။

All Chapters