← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂)

ပြဿနာဖြစ်စေလိုခြင်း

စီမာဟောက်သည် အသံကို နှိမ့်ကာ ဇနီးဖြစ်သူအား ပြောလေသည်။

"မစိုးရိမ်ပါနဲ့...၊ အစိုးရက လူတိုင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ဝေပေးမယ်လို့ ပြောထားကတည်းက ကြိုတင်ပြီး အလုံအလောက် ပြင်ဆင်ထားမှာပါ...။ ငါတို့ အစိုးရကို ယုံကြည်သင့်တယ်...၊ လူတိုင်းအတွက် လုံလောက်တဲ့ ပစ္စည်းတွေ ရှိမှာပါ...။"

ရွမ်ယင်းသည် ခင်ပွန်းဖြစ်သူ၏ စကားများကို ယုံကြည်ကာ ခေါင်းငြိမ့်လိုက်သော်လည်း၊ အနည်းငယ် စိုးရိမ်နေ သေးသောကြောင့် ရှေ့သို့ လည်ပင်းဆန့်ကာ မကြာခဏ ကြည့်နေမိလေသည်။

စိုးရိမ်ပူပန်နေသော စီမာဟောက် ဇနီးမောင်နှံနှင့် မတူဘဲ ယောင်ရန်မှာမူ အလွန် တည်ငြိမ်နေလေသည်။ သူမ သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးနှင့် စစ်သားများကို လိုက်လံ ကြည့်ရှုနေ၏။ စစ်သားများ၏ ဖြူရော်ကာ ကွဲအက် နေသော နှုတ်ခမ်းများနှင့် အေးခဲနေသော မျက်ခုံးများကို ကြည့်ရင်း သူမသည် မျက်မှောင်အနည်းငယ် ကြုတ် လိုက်ပြီးနောက် လုံယုကို တစ်ချက် ကြည့်လိုက်လေသည်။

ယောင်ရန်သည် လုံယုကို အချိန်အတန်ကြာ စိုက်ကြည့်နေရင်း တွေးလိုက်မိလေသည်။

*သူလည်း အတိတ်ဘဝတုန်းက ဒီစစ်သားတွေလိုပဲလား...။ သူ့လူတွေကို ကာကွယ်ဖို့ အသက်ကို ပဓာနမထားဘဲ စွန့်စားခဲ့ပေမယ့် ကိုယ့်လူတွေ သတ်ဖြတ်တာကို ခံလိုက်ရတဲ့အခါ သူ ဘယ်လို ခံစားခဲ့ရမလဲ...။*

သူမ၏ အကြည့်ကို သတိပြုမိသောအခါ လုံယုသည် ခေါင်းကို ငုံ့ကာ တိုးညှင်းသော အသံဖြင့် မေးလိုက်လေ သည်။

"ဘာဖြစ်လို့လဲ...။"

ယောင်ရန်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလေသည်။

"ဘယ်လိုအချိန်အခါမျိုးပဲဖြစ်ဖြစ် စစ်သားတွေက အဆိုးရွားဆုံး ဒုက္ခခံစားရတဲ့ သူတွေပါပဲ...။"

ယောင်ရန် ပြန်လည်မွေးဖွားလာပြီးနောက် သူမ၏ ကိုယ်ရည်ကိုယ်သွေးမှာ များစွာ ပြောင်းလဲသွားခဲ့သည်ကို လုံယု သိရှိထားပေသည်။ အတိတ်ဘဝက သူမ၏ ကြင်နာတတ်ပြီး နွေးထွေးသော စရိုက်လက္ခဏာနှင့် မတူဘဲ၊ ဤဘဝတွင်မူ သူမသည် အနီးသို့ ချဉ်းကပ်လာသူ မည်သူ့ကိုမဆို သတ်ဖြတ်ရန် အသင့်ရှိနေသော အေးစက်သည့် ဓားတစ်လက်နှင့် တူနေလေသည်။ သို့သော်လည်း၊ သူမ၏ အမှန်တကယ် စရိုက်မှန်မှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်ပြီး၊ သူမကို အမှောင်ထုထဲမှ ဆွဲထုတ်ပေးမည့်သူ တစ်ဦးကို စောင့်ဆိုင်းနေကြောင်း သူ သိထားလေ၏။

သူမ၏ စကားများကို နားထောင်ပြီးနောက် လုံယုသည် ရဲတင်းစွာ ခန့်မှန်းလိုက်ပြီး မေးလိုက်လေသည်။

"ငါ့ရဲ့ အတိတ်ကြောင့် မင်း ငါ့ကို သနားနေတာလား...။"

ယောင်ရန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။ ၎င်းကို မြင်သောအခါ လုံယု၏ ရင်ထဲတွင် နွေးထွေးသွားကာ သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

သူသည် ပြုံးလိုက်ပြီး ညင်သာစွာ ပြောလေသည်။

"ကျေးဇူးပါပဲ ရန်ရန်...။"

သူ ဘာကြောင့် ကျေးဇူးတင်နေမှန်း ယောင်ရန် နားမလည်သောကြောင့် ခေါင်းငြိမ့်ပြရုံသာ ပြုလိုက်ပြီး စကား ဆက်မပြောတော့ပေ။ သူတို့၏ အနောက်ဘက်တွင်မူ သူငယ်ချင်းများက သူတို့ လုပ်ဆောင်နေသည်များကို နားလည်သော အကြည့်များဖြင့် ကြည့်နေကြလေသည်။ အကယ်၍ သူတို့၌ ပေါက်ပေါက်ဆုပ်များသာ ရှိနေပါက ထိုအခြေအနေမှာ အပြည့်စုံဆုံး ဖြစ်သွားပေလိမ့်မည်။

တန်းစီနေစဉ် ရှေ့သို့ ရောက်လေလေ၊ မြင်ကွင်းမှာ ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်သည်။ အကယ်၍ စောင့်ကြပ် နေသော စစ်သားများသာ မရှိပါက၊ ဤဧရိယာသည် ကမောက်ကမ ဖြစ်သွားမည်ဖြစ်ပြီး၊ ငတ်မွတ်နေသော လူများက အစားအစာများကို အတင်းအဓမ္မ လုယူသွားကြမည်မှာ သေချာလှပေသည်။

လွန်ခဲ့သော နှစ်ရက်က သူတို့ ခန့်မှန်းထားခဲ့သည်နှင့် မတူဘဲ၊ လူဟုန်နှင့် အခြားသူများမှာမူ ထောက်ပံ့ရေးပစ္စည်း များကို ကိုယ်တိုင် ရယူနိုင်မည့် အခွင့်အရေး မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းများကို ဝေငှပေးနေသူများ မှာ သူတို့မဟုတ်ဘဲ စစ်သားများ ဖြစ်နေသောကြောင့်ပင်။

သူတို့နှင့် မလှမ်းမကမ်းရှိ လူအုပ်ထဲတွင် မသင်္ကာဖွယ်ရာ ပြုမူနေသော လူအုပ်စု အချို့ကို ယောင်ရန် မြင်တွေ့ လိုက်ရလေသည်။ မကြာမီမှာပင် ရှေ့ဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

"အား...၊ တစ်ယောက်ယောက် ငါ့အစားအစာတွေကို ခိုးသွားပြီ...။ ကယ်ကြပါဦး...၊ ငါ့ကို သူခိုးဖမ်းပေးကြပါ ဦး...။"

ထိုအမျိုးသမီးသည် အချိန်အတော်ကြာ အော်ဟစ်အကူအညီတောင်းနေခဲ့သော်လည်း မည်သူကမျှ သူမ၏ အသနားခံမှုကို ဂရုမစိုက်ကြပေ။ စစ်သားများ အနေဖြင့် ဘာဖြစ်ခဲ့သည်ကို ကြည့်ရှုရန် အချိန်ရလာသောအခါ တွင်မူ၊ သူခိုးမှာ လွတ်မြောက်သွားခဲ့လေပြီ။ စစ်သားများသည် ကူညီပေးချင်သော်ငြားလည်း သူခိုးများကို ဖမ်းဆီး ရန် လူအင်အား မလုံလောက်ခဲ့ပေ။

ထိုအကြောင်းကြောင့် သူခိုးများနှင့် လုယက်သူများမှာ ပိုမို ရဲတင်းလာကြလေသည်။ အချို့ဆိုလျှင် စစ်သားများ၏ ရှေ့မှောက်၌ပင် ထောက်ပံ့ရေးပစ္စည်းများကို တိုက်ရိုက် လုယူရန် ရဲဝံ့လာကြလေသည်။

သို့သော်လည်း တိတ်တဆိတ် လုယက်သူများသာ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ကြသည်။ ပေါ်တင် လုယက် ရဲသူများကိုမူ စစ်သားများက သဘာဝကျစွာပင် အလွတ်မပေးဘဲ နေရာ၌ပင် သတ်ပစ်လိုက်ကြလေသည်။

လုယက်သူ၏ သေဆုံးမှုက လူအုပ်ကြီးနှင့် လူဆိုးဂိုဏ်းများကို ထိတ်လန့်သွားစေခဲ့ပြီး၊ သူတို့ လုပ်ချင်နေသည့် အရာများကို ချက်ချင်း ရပ်တန့်ကာ ထွက်ပြေးသွားကြလေသည်။ ထိုဖြစ်ရပ်အပြီးတွင် အရာအားလုံး ပြန်လည် တည်ငြိမ်သွားခဲ့ပြီး၊ ထောက်ပံ့ရေးပစ္စည်းများ ဝေငှမှုမှာလည်း ပိုမို မြန်ဆန်လာခဲ့လေသည်။

လုယက်သူ တစ်ဦးကို စစ်သားက ပစ်သတ်လိုက်ခြင်း၏ အဓိပ္ပာယ်ကို လူတိုင်း သိရှိကြပေသည်။ သူတို့သည် အထက်မှ ခွင့်ပြုချက်နှင့် အမိန့်များ ရရှိထားကြောင်း ထင်ရှားလှ၏။

အထက်တွင် ထိုင်နေသူများသည် အပြင်ဘက်၌ ဘာတွေဖြစ်နေသနည်း ဆိုသည်ကို သိရှိထားသင့်သောကြောင့်၊ ပြဿနာရှာဝံ့သူ မည်သူ့ကိုမဆို သတ်ပစ်ရန် စစ်သားများကို အာဏာပေးထားခြင်း ဖြစ်လေသည်။

ယောင်ရန်သည် ဖြစ်ပျက်သွားသည်များကို စောင့်ကြည့်နေစဉ်၊ အမျိုးသမီးတစ်ဦးသည် လုယက်သူအား သတ်ပစ် ခဲ့သော စစ်သားထံသို့ ရုတ်တရက် ပြေးသွားပြီး သူမကို လက်ညှိုးထိုးပြလိုက်လေသည်။

ယောင်ရန်သည် စွမ်းအားရှင်တစ်ဦး ဖြစ်သောကြောင့် သူမ၏ အာရုံငါးပါးမှာ သာမန်လူများထက် ပိုမို ထက်မြက် လှပေသည်။ သူမသာ အာရုံစိုက်လိုက်မည် ဆိုပါက မီတာ သုံးဆယ် အကွာမှ လူတစ်ဦး၏ စကားပြောသံကိုပင် ခိုးနားထောင်နိုင်လေသည်။

စစ်သားထံသို့ ပြေးသွားသော အမျိုးသမီးက ယောင်ရန်အား လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။

"ဆရာ...၊ ဟိုမိန်းမကို မြင်လား...။"

၎င်းကို ကြားသောအခါ စစ်သားသည် အမျိုးသမီး လက်ညှိုးထိုးပြရာ ဘက်သို့ ကြည့်လိုက်၏။ တန်းစီနေသည့် လူတန်းထဲတွင် အအေးဒဏ်ခံဝတ်စုံများ ဝတ်ဆင်ထားသော လူခုနစ်ဦးကို မြင်လိုက်ရသောအခါ၊ ထိုစစ်သားသည် သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကို မှတ်မိသွားလေသည်။

ယောင်ရန်က နှာခေါင်းစည်းများနှင့် ဆေးဝါးများကို သူနှင့် သူ၏ ရဲဘော်နှစ်ဦးအား ပေးပြီးနောက်၊ ထိုစစ်သား သည် ဆေးဝါးများကို တစ်ဖွဲ့တည်းရှိ အခြားသော ရဲဘော်များထံသို့ပါ ဝေငှပေးခဲ့သဖြင့် အချို့သော လူများမှာ နှင်းကိုက်နာကြောင့် လက်များ ဆုံးရှုံးရမည့် အန္တရာယ်မှ ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

စစ်သားသည် ယောင်ရန်ထံမှ အကြည့်လွှဲကာ မေးလိုက်လေသည်။

"သူက ဘာဖြစ်လို့လဲ...။"

စစ်သား၏ မေးခွန်းကို ကြားသောအခါ အမျိုးသမီး၏ မျက်ဝန်းများမှာ တောက်ပသွားပြီး လျင်မြန်စွာ ရှင်းပြ လိုက်လေသည်။

"အဲဒီမိန်းမနဲ့ သူ့အဖွဲ့က လင်ယွမ်တိုက်ခန်းအဆောက်အအုံ၊ အဆောက်အအုံ (၃) ရဲ့ အထပ် (၂၀) မှာ နေတဲ့ လူဆိုး တွေပဲ...။ သူနဲ့ သူ့သူငယ်ချင်းတွေက ကျွန်မယောကျ်ားနဲ့ အပြစ်မဲ့ပြည်သူ အများကြီးကို သတ်ဖြတ်ခဲ့ကြတာ...။ သူတို့ဆီမှာ သေနတ်တွေလည်း ရှိတယ်...။"

ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများကို စစ်သားများက အပြစ်ပေးတော့မည်ဟု တွေးလိုက်မိသဖြင့် စကားပြော နေစဉ် ထိုအမျိုးသမီး၏ အသံမှာ စိတ်လှုပ်ရှားမှုများ ပါဝင်လာခဲ့လေသည်။

"ဆရာ... သူတို့ရဲ့ သေနတ်တွေနဲ့ ပစ္စည်းတွေ လုယက်ခံရတဲ့လူ ဘယ်နှယောက်တောင် ရှိနေပြီလဲဆိုတာ ဆရာ မသိပါဘူး...။ သူတို့အိမ်မှာ ပစ္စည်းတွေ အများကြီး ရှိနေတာတောင်၊ ကျွန်မတို့နဲ့အတူ ကယ်ဆယ်ရေးရိက္ခာတွေ လာတန်းစီယူနေကြသေးတယ်...။ သူတို့က ရေတွက်လို့မရနိုင်အောင် များပြားတဲ့ လူတွေကို သတ်ဖြတ်ခဲ့ပြီး အစိုးရရဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ မထိုက်တန်ဘူး...။ သူတို့ကို အရင် ဖမ်းလိုက်ပါ၊ ပြီးတော့ လင်းယွမ်တိုက်ခန်း အဆောက်အအုံကို သွားပြီး သူတို့သေနတ်တွေကို သိမ်းဆည်းလိုက်ပြီးတော့၊ တစ်သက်လုံး အမှောင်ခန်းကျဉ်း ကျဉ်းလေးထဲမှာ ပိတ်လှောင်ထားလိုက်ပါ...။"

ထိုစကားများကို ကြားပြီးနောက်၊ တန်းစီနေကြသော လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ နေထိုင်သူများက ထိုအမျိုးသမီး၏ ပြောဆိုမှုကို သဘောတူ ထောက်ခံလိုက်ကြလေသည်။

လူရွယ်တစ်ဦးသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"သူတို့ကို ဘာလို့ အမှောင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားရမှာလဲ...။ တခြားလူတွေရဲ့ အသက်ကို ဂရု မစိုက်တဲ့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လူတွေကို နေရာမှာတင် ပစ်သတ်ပစ်သင့်တယ်...။"

စစ်သားသည် သူတို့ပြောသည်များကို နားထောင်နေပြီးနောက် အေးစက်စွာ မေးလိုက်လေသည်။

"တကယ်လို့ သူတို့ကို ငါတို့ သတ်လိုက်ရင်၊ သူတို့ ကြိုးကြိုးစားစား ရယူထားတဲ့ ပစ္စည်းတွေ အားလုံးက မင်းတို့ ဟာ ဖြစ်သွားမှာမို့လို့လား...။ သူတို့ကလည်း ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပဲလေ...၊ ဘာလို့ သူတို့က ထောက်ပံ့ရေး ပစ္စည်းတွေ မရနိုင်ရမှာလဲ...။"

All Chapters