← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈)

ချစ်သူကောင်လေး၊ ချစ်သူကောင်မလေး

ယောင်ရန်၏ စကားများကို နားထောင်ပြီးနောက် လုံယုသည် စက္ကန့်အနည်းငယ်မျှ မှင်သက်သွားခဲ့သော်လည်း၊ သူ၏ ရင်ထဲတွင် မည်သည့် တုံ့ဆိုင်းမှု သို့မဟုတ် ကြောက်ရွံ့မှုမျှ မဖြစ်ပေါ်ခဲ့ဘဲ၊ သူမအတွက် ရင်နာရခြင်းသာ ရှိခဲ့လေသည်။ သူမသည် ထိုစကားများကို တည်ငြိမ်စွာ ပြောဆိုခဲ့သော်ငြားလည်း၊ သူမ၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက်၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို သူ မြင်တွေ့နိုင်ခဲ့ပေ၏။

သူ ချစ်ရသော အမျိုးသမီး...၊ အတိတ်ဘဝတွင် သူမ၌ မည်သို့သော အရာများ ဖြစ်ပျက်ခဲ့သဖြင့် သူမကို လက်ရှိ အခြေအနေမျိုးသို့ ပြောင်းလဲသွားစေခဲ့သနည်း။

သူက သူမကို စိုက်ကြည့်ရုံသာ ကြည့်နေသည်ကို မြင်သောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ မှေးမှိန်သွားခဲ့လေ သည်။ သူမသည် မျက်လွှာချကာ တိုးညှင်းစွာ ရယ်မောလိုက်ပြီး၊ မျက်ဝန်းထဲမှ ခံစားချက်များ အားလုံး ပျောက် ကွယ်သွားခဲ့လေ၏။ သူမ ပြန်လည် မော့ကြည့်လိုက်သောအခါ၊ သူမ၏ မျက်ဝန်းများမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့လေပြီ။

သူမသည် လုံယုအား အနည်းငယ် ပြုံးပြကာ ပြောလိုက်လေသည်။

"လုံယု...၊ ငါတို့က သင့်တော်မယ် မထင်...၊"

သူမ စကားမဆုံးမီမှာပင် လုံယုသည် သူမကို ဖက်ထားလိုက်ပြီး ပြောလေ၏။

"ရန်ရန်...၊ မကြောက်နဲ့တော့နော်...။ ယခုကစပြီး မင်းကို ငါ ကာကွယ်ပေးပြီး မင်းဘေးနားမှာ အမြဲရှိနေပေး ပါ့ မယ်...။ အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာပါစေ၊ မင်းကို ငါ ဘယ်တော့မှ ထားမသွားဘူး...၊ မင်း ငါ့ကို ယုံကြည်လို့ ရပါတယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ နီရဲလာခဲ့လေသည်။ သူမ၏ လည်ချောင်းတွင် တစ်စုံ တစ်ခုက ဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရပြီး၊ ရုတ်တရက် အသံထွက်မလာတော့ပေ။

သူမသည် တုန်ယင်စွာဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေ သည်။

"ရှင် သေချာလို့လား...။ ကျွန်မက အငြိုးကြီးတဲ့သူ တစ်ယောက်နော်...၊ တကယ်လို့များ အနာဂတ်မှာ ရှင် နောင်တ ရခဲ့ရင်တောင်၊ ရှင့်ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး...။"

လုံယုက ခေါင်းငြိမ့်ပြကာ ပြောလေ၏။

"အင်း...၊ ငါ မင်းကို စိတ်ဆိုးအောင် လုပ်မိရင်၊ မင်း ငါ့ကို ရိုက်နှက်တာဖြစ်ဖြစ်၊ သတ်ပစ်တာဖြစ်ဖြစ် လုပ်လို့ရပါ တယ်...။ ဒါပေမဲ့ ငါ့ကိုတော့ နှင်မထုတ်ပါနဲ့...။ ရန်ရန်... ငါ့ရဲ့ တစ်ဘဝလုံး မင်းနဲ့အတူ ကုန်ဆုံးချင်တယ်... ငါ မင်းကို အရမ်းချစ်တယ်...။"

သူ၏ ရိုးသားစစ်မှန်သော စကားများကို နားထောင်ရင်း၊ သူမ ရင်ထဲရှိ နောက်ဆုံး ခံတပ်ကြီးမှာ ပြိုကျသွားခဲ့လေ ပြီ။ ယောင်ရန်သည် လက်နှစ်ဖက်ကို မြှောက်ကာ သူ့အား ပြန်လည် ဖက်ထားလိုက်၏။ သူမ၏ မျက်တောင်စွန်းမှ မျက်ရည်များ ကျဆင်းလာခဲ့ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

"လုံယု...၊ ကျေးဇူးတင်ပါတယ်...။"

ထိုစကားကို ကြားသောအခါ လုံယု၏ ရင်ခုန်သံမှာ ပိုမို မြန်ဆန်လာခဲ့လေသည်။ သူသည် သူမကို ကြည့်ကာ မေးလိုက်လေသည်။

"ငါနဲ့အတူ ရှိနေဖို့ မင်း သဘောတူပြီလား...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။

"အင်း..."

သူမ၏ အဖြေကို ရရှိပြီးနောက် လုံယုသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့လေတော့သည်။

သူသည် သူမ၏ မျက်တောင်စွန်းမှ မျက်ရည်များကို သုတ်ပေးရန် လက်ကို ဆန့်ထုတ်လိုက်ပြီး၊ သူမ၏ မျက်ခွံ များကို ညင်သာစွာ နမ်းရှိုက်ကာ စိတ်မကောင်းစွာဖြင့် ပြောလေသည်။

"မငိုပါနဲ့...၊ မင်း ငိုရင် ငါ့ရင်တွေ နာကျင်ရလို့ပါ...။"

ယောင်ရန်သည် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။ သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် ဖက်ထားပြီးနောက်မှ သာ လုံယုသည် မလွှတ်ချင်လွှတ်ချင်ဖြင့် သူမအား လွှတ်ပေးကာ ပြောလိုက်လေသည်။

"အချိန်လည်း နှောင်းနေပြီ...၊ မင်း ပြန်ပြီး စောစော အနားယူလိုက်ပါဦး...။"

မနက်ဖြန် နံနက်စောစော ကုန်သွယ်ရေး ဈေးသို့ သွားရမည်ကို သတိရသွားသဖြင့် သူမ ခေါင်းငြိမ့်ပြကာ ပြော လိုက်လေသည်။

"ကောင်းပါပြီ...။ ရှင်လည်း စောစော အနားယူဦးနော်...။"

လုံယုသည် သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း ညင်သာစွာ ပြောလေ၏။

"မင်းကို ငါ လိုက်ပို့ပေးမယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး ပြောလေသည်။

"ကျွန်မက ရှင့် အိမ်နီးချင်းလေ...၊ ရှင် ကျွန်မကို အမြဲတမ်း အိမ်လိုက်ပို့နေစရာ မလိုပါဘူး...။"

ထိုစကားကို ကြားသောအခါ လုံယုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။

"ရန်ရန်...၊ မင်းက ငါ့ရဲ့ အိမ်နီးချင်း မဟုတ်တော့ဘူး...။ အခု မင်းက ငါ့ရဲ့ ချစ်သူကောင်မလေး ဖြစ်နေပြီလေ...၊ မင်းရဲ့ ချစ်သူကောင်လေး တစ်ယောက်အနေနဲ့ မင်း လုံခြုံမှုရှိစေဖို့ လိုက်ပို့ပေးရတာက ငါ့အတွက် ဂုဏ်ယူစရာ ပဲ...။ မင်း ဒီအခွင့်အရေးကို ငါ့ဆီကနေ ရုပ်သိမ်းသွားလို့ မရဘူးလေ...။"

သူက သူမအား သူ၏ ချစ်သူကောင်မလေးဟု ခေါ်လိုက်သည်ကို ကြားသောအခါ ယောင်ရန်၏ မျက်နှာမှာ နီရဲသွားခဲ့လေသည်။ သူမသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ဖြည်းညင်းစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလေ ၏။

"ကောင်းပါပြီရှင်...၊ ကျေးဇူးပါပဲ ချစ်သူကောင်လေးရယ်...။"

သူမက သူ့ကို ချစ်သူကောင်လေးဟု ခေါ်လိုက်သည်ကို ကြားသောအခါ လုံယု၏ မျက်ဝန်းများမှာ တောက်ပသွား ခဲ့လေသည်။ သူက ခေါင်းငြိမ့်ပြလိုက်ပြီး သူမကို ပျော်ရွှင်စွာဖြင့် အိမ်ပြန်လိုက်ပို့ပေးလေတော့သည်။

သူမ၏ တံခါးရှေ့တွင် ရပ်ကာ၊ သူသည် သူမ၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး ပြောလေသည်။

"အိပ်မက်လှလှ မက်ပါစေ ရန်ရန်...။"

ထိုသို့ ပြောပြီးနောက် သူသည် လှည့်ကာ သူ၏ တိုက်ခန်းဆီသို့ ပြန်လျှောက်သွားလေ၏။ ဖြောင့်မတ်နေသော သူ၏ ကျောပြင်ကို ကြည့်ရင်း၊ ယောင်ရန်သည် ရုတ်တရက် မခွဲခွာလိုစိတ် ဖြစ်ပေါ်လာပြီး သူ့အား လှမ်းခေါ်လိုက် လေသည်။

"လုံယု..."

သူမ ခေါ်သံကို ကြားသောအခါ လုံယုသည် လှည့်ကြည့်လိုက်၏။ သူက သူမ ဘာလိုအပ်သလဲဟု မမေးနိုင်မီမှာ ပင်၊ သူမသည် သူ၏ထံသို့ ပြေးလာသည်ကို မြင်လိုက်ရသဖြင့် သူမကို ဖမ်းဆီးပွေ့ဖက်ရန် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လေတော့သည်။

နောက်တစ်စက္ကန့်တွင် သူမသည် သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ အောက်သို့ ဆွဲချလိုက်ပြီး သူ၏ နှုတ်ခမ်း များကို ညင်သာစွာ နမ်းရှိုက်လိုက်လေသည်။ သူ အကဲခတ်တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ယောင်ရန်သည် သူ့အား လွှတ်ပေးကာ အိမ်ထဲသို့ ပြန်ပြေးသွားတော့၏။

စင်္ကြံလမ်းတွင် ရပ်နေသော လုံယု၏ စိတ်အာရုံများမှာ ဗလာကျင်းသွားခဲ့လေပြီ။

သူသည် အချိန်အတော်ကြာအောင် ထိုနေရာ၌ ရပ်နေပြီးနောက်မှသာ သတိပြန်လည်လာခဲ့ပြီး သူ၏ နှုတ်ခမ်းများ ကို ထိတွေ့ကြည့်မိလေသည်။ သူမ၏ အနမ်းမှ နူးညံ့သော ခံစားမှုမှာ ထိုနေရာ၌ ရှိနေဆဲပင်။ ထိုညက သူ မည်သို့ အိမ်ပြန်ရောက်သွားခဲ့သည်၊ မည်သည့်အချိန်က အိပ်ပျော်သွားခဲ့သည်ကို လုံယု တစ်ယောက် မသိရှိလိုက်ပေ။

နောက်နေ့ နံနက်စောစောတွင် ယောင်ရန်သည် အိပ်ရာမှနိုးလာပြီး အဘိုးအိုနှင့် တွေ့ဆုံရန် ကုန်သွယ်ရေး ဈေးသို့ သွားရန် ပြင်ဆင်လိုက်လေသည်။ သူမ တိုက်ခန်းထဲမှ ထွက်လာသောအခါ လုံယုသည် စင်္ကြံလမ်း၌ သူမကို စောင့်ဆိုင်းနေပြီး ဖြစ်လေ၏။

သူက ပြုံးကာ ပြောလေသည်။

"ရန်ရန်...၊ မင်္ဂလာနံနက်ခင်းပါ...။"

"မင်္ဂလာ နံနက်ခင်းပါ..."

ယောင်ရန်သည် သူ၏ထံသို့ လျှောက်သွားရင်း မေးလိုက်၏။

"တခြားသူတွေရော ဘယ်မှာလဲ...၊ ဒီနေ့ ငါတို့နဲ့ မလိုက်ကြဘူးလား...။"

လုံယုက ခေါင်းယမ်းပြလိုက်လေသည်။

"ရှီရွှမ်းက မနေ့က လူဟုန် ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံနေတာကို မြင်လိုက်ရလို့ ဒီနေ့ ဟွမ်ချန်နဲ့အတူ အဲဒီအကြောင်း စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားတယ်တဲ့...။ ကျားရှန်းကလည်း မနေ့က ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး ဝယ်လာခဲ့လို့ ဒီနေ့ အဲဒါတွေကို လုပ်မယ်လို့ ပြောတယ်...။"

ဖောက်ခွဲရေးပစ္စည်းများ အကြောင်းကို ကြားသောအခါ ယောင်ရန် မျက်ခုံးပင့်လိုက်မိသော်လည်း မည်သည့် စကားမျှ မဆိုခဲ့ပေ။ ကပ်ဘေးကာလတွင် လက်နက်များ ပိုမို များပြားလေလေ ပို၍ ကောင်းမွန်လေလေပင် ဖြစ် ၏။

အချိန်နှောင်းနေပြီဖြစ်သည်ကို မြင်သောအခါ သူတို့သည် အလျင်စလို ထွက်ခွာလာခဲ့ကြလေသည်။ ကုန်သွယ် ရေးဈေး အဝင်ဝသို့ ရောက်ရှိသောအခါ အဘိုးအို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။ အဘိုးအိုသည် သူတို့ကို အဝေးမှ မြင်သောအခါ ယောင်ရန်အား လက်ပြနှုတ်ဆက်လိုက်လေသည်။

ယောင်ရန်သည် အဘိုးအိုအား ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ထံသို့ လျှောက်သွားလိုက်လေသည်။

ရှေးဟောင်းပစ္စည်းများကို မတွေ့ရသဖြင့် သူမက မေးလိုက်၏။

"အဘိုး...၊ ပစ္စည်းတွေရော ဘယ်မှာလဲ...။"

အဘိုးအိုက ပြန်ဖြေလေသည်။

"ရှေးဟောင်းပစ္စည်း သေတ္တာ သုံးလုံးက အရမ်းလေးပြီး ကြီးမားလွန်းလို့ အဘိုး ယူမလာခဲ့ဘူး...။ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရလာမှာကို စိုးရိမ်လို့ပါ...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မေးလိုက်၏။

"အဘိုး...၊ အဘိုးက ပစ္စည်းတွေ ယူမလာဘဲနဲ့ ကျွန်မတို့ ဘယ်လိုလုပ် အရောင်းအဝယ် လုပ်လို့ရမှာလဲ...။"

အဘိုးအိုသည် သူမ၏ မကျေနပ်မှုကို သတိပြုမိသွားကာ အလျင်စလို ရှင်းပြလေသည်။

"အဘိုးရဲ့ သားတွေက အဘိုးရဲ့ အိမ်မှာ စောင့်နေကြပါတယ်...။ တစ်ယောက်ယောက်က အဘိုးရဲ့ ရှေးဟောင်း ပစ္စည်းတွေကို လုယူသွားမှာ စိုးရိမ်လို့ပါ...။ ဒါကြောင့် သမီး အဘိုးရဲ့ အိမ်ကို အဘိုးနဲ့အတူ လိုက်ခဲ့ပေးဖို့ မျှော် လင့်ပါတယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် လုံယုကို ကြည့်ကာ မေးလိုက်၏။

"လုံယု...၊ ရှင် ဘယ်လိုထင်လဲ...။"

သူတို့နှစ်ဦးလုံးမှာ စွမ်းအားရှင်များ ဖြစ်ကြပြီး လက်နက်များလည်း ရှိထားလေသည်။

သာမန်လူများကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူတို့အတွက် လွယ်ကူလှပေသည်။ သို့သော်လည်း၊ အကယ်၍ ဤအဘိုးအိုက လူဆိုးဂိုဏ်းအချို့နှင့် ပူးပေါင်းကာ သူတို့ကို ထောင်ချောက်အတွင်းသို့ သွေးဆောင်ခေါ်ယူခြင်း ဖြစ်နေပါက၊ ပြဿနာတက်နိုင်ပေသည်။

All Chapters