← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း ၇၀ - မာဟုန်းကျွင်း၏ ဘဝသံသယ။

"ဒုတိယ ဝိဉာဥ်စွမ်းရည် - ဖီးနစ်ရေချိုးခြင်း။"

မာဟုန်ကျွင်းက အေးစက်စက် အော်ဟစ်လိုက်ပြန်ရာ သူ၏နောက်ကွယ်မှ ဖီးနစ်ပုံရိပ်ယောင်မှာ ထပ်မံ၍ ပျံသန်းထွက်ပေါ်လာသည်။

ဖီးနစ်ရေချိုးခြင်းကို အသက်သွင်းလိုက်သောအခါ မာဟုန်ကျွင်း အသုံးပြုသည့် စွမ်းရည်များ၏ အင်အားမှာ နောက်ထပ် သုံးဆယ်ရာခိုင်နှုန်း ပိုမိုတိုးပွားလာသည်။

ထို့နောက်တွင် ဖီးနစ်မီးများမှာ လေထဲမှနေ၍ ရှောင်ချန်ယွီအား ဝန်းရံကာ ဆက်တိုက်ဆိုသလို ပစ်ခတ်လာတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း အသက်ရှူမှားသွားကြပြီး ကြောက်လန့်တုန်လှုပ်နေသော အမူအရာများဖြင့် ပြည့်နှက်သွားကြသည်။

"ရှောင်ချန်ယွီ သေချာပေါက် အသေကောင်ဖြစ်တော့မှာပဲ။ ဒီတစ်ခါတော့ မာဟုန်ကျွင်း တကယ်ကို အတည်ပေါက် စိတ်ဆိုးနေပြီ။"

"ဒီတစ်ခါ မာဟုန်ကျွင်း အတည်ကြီး လုပ်တော့မှာပဲ။"

"ဟာ... ရှောင်ချန်ယွီလို ပါရမီရှင်တစ်ယောက် ဒီလိုမျိုး ကျဆုံးသွားရတော့မှာလား။ နှမြောစရာ တကယ်ကို နှမြောစရာပဲ။"

ပို၍များပြားလာသော ဖီးနစ်မီးများ ပစ်ခတ်လာသည်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချကာ ခေါင်းခါလိုက်ကြသည်။

ဖီးနစ်ရေချိုးခြင်း ၏ အထောက်အပံ့ မပါဘဲတောင်မှ ဖီးနစ်မီး၏ အင်အားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခု မာဟုန်ကျွင်းက အတည်ကြီး စိတ်ဆိုးနေပြီဖြစ်ရာ ရှောင်ချန်ယွီ ဘယ်လိုလုပ်ပြီး အသက်မသေဘဲ နေနိုင်ပါ့မလဲ။

"ဟက်... ဒါလောက်ပဲလား။"

ရှောင်ချန်ယွီသည် မိမိထံသို့ ထူထပ်စွာ ပစ်ခတ်လာသော ဖီးနစ်မီးများကို ကြည့်ကာ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် နင်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုပမာ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း မာဟုန်ကျွင်း၏ ရှေ့သို့ ရောက်ရှိသွားပြီး သူ၏ပုံရိပ်မှာ နှစ်ခုခွဲထွက်သွားကာ မာဟုန်ကျွင်းထံသို့ ဘက်ပေါင်းစုံမှ ပစ်ဝင်သွားတော့သည်။

"ဒါ ဘာတွေလဲ။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြသည်။

"ဝုန်း"

လူတိုင်း အံ့ဩနေဆဲတွင် ရှောင်ချန်ယွီ၏ ရုပ်ပုံမှာ မာဟုန်းကျွင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဝုန်း ဝုန်း ဝုန်း..."

ရှောင်ချန်ယွီ၏ လက်သီးချက်များမှာ မိုးရေစက်များအလား ခပ်စိပ်စိပ် ထွက်ပေါ်လာသည်။

လက်သီးချက်တစ်ခုစီတိုင်းတွင် ပြင်းထန်သော စစ်မှန်သည့်အနှစ်သာရများ ပါဝင်နေပြီး မာဟုန်ကျွင်း၏ ခေါင်းကို ထိမှန်လိုက်ရာ သူမှာ မူးဝေပြီး အရှေ့အနောက် မသိတော့လောက်အောင် ဖြစ်သွားရသည်။

မာဟုန်ကျွင်း၏ ဖီးနစ်မီးဖြင့် ရှောင်ချန်ယွီ၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ မီးလျှံများက ရှောင်ချန်ယွီ၏ လက်သီးကို ထိလိုက်သည်နှင့် ရှောင်ချန်ယွီ၏ စွမ်းအားအောက်တွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားရတော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားပြီး မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားကြသည်။

"ဒီကောင်က တကယ့်ကို လူမဟုတ်တဲ့ မကောင်းဆိုးဝါးပဲ။"

မာဟုန်ကျွင်း၏ ပထမဆုံး စွမ်းရည်ဖြစ်သော ဖီးနစ်မီးမှာ အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ် သေစေနိုင်သော တိုက်ကွက် ဖြစ်သည်။

ဒါပေမဲ့ ရှောင်ချန်ယွီ၏ လက်သီးချက်နှင့် ယှဉ်လိုက်သည့်အခါ သူ၏ အဝတ်အစားကိုတောင် မဖျက်ဆီးနိုင်ဘဲ အဖြူရောင်အမှတ်အသား အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။

ဒါလောက်ပဲဆိုရင် သိပ်ကိစ္စမရှိသေး။

ပိုပြီး အံ့ဩစရာကောင်းသည်မှာ ရှောင်ချန်ယွီသည် မာဟုန်ကျွင်း၏ မီးလျှံများကို ခံရင်းနှင့်ပင် အလွန်မြန်ဆန်စွာ ရွေ့လျားနိုင်ခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မာဟုန်ကျွင်း၏ အနီးသို့ ကပ်သွားပြီး ရိုက်နှက်လိုက်ရာ မည်သူကများ ခံနိုင်ရည် ရှိပါမည်နည်း။

ယခုအချိန်တွင် ရှောင်ချန်ယွီသည် ဝိဉာဥ်သခင်တစ်ယောက်နှင့် လုံးဝမတူတော့ဘဲ လူပုံစံပေါက်နေသည့် မိစ္ဆာသားရဲတစ်ကောင်နှင့် ပိုတူနေသည်။

"ဝုန်း"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း ထပ်မံ၍ အသက်ရှူမှားသွားကြပြန်သည်။

"ဒါ တကယ်ပဲ ရှောင်ချန်ယွီ ဟုတ်ရဲ့လား။"

"သူ့လက်သီးတွေက ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ ဖီးနစ်မီးရဲ့ ရိုက်ခတ်မှုကိုတောင် မကျိုးမပဲ့ဘဲ ခံနိုင်ရည်ရှိနေတာလဲ။"

ယခုအချိန်တွင် မာဟုန်ကျွင်းမှာလည်း ဆွံ့အမှင်တက်သွားပြီ ဖြစ်သည်။

သူ၏ ဖီးနစ်မီးကို ရှောင်ချန်ယွီက အင်အားသန့်သန့်ဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

"ဒါ... ဒီကောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ဒီလောက်အထိ တောင့်တင်းနေတာလား။"

မာဟုန်ကျွင်း၏ မျက်နှာပေါ်တွင်လည်း အလွန်တရာ အံ့ဩမှင်သက်နေသော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွားသည်။

"မင်း... မင်း... မင်းရဲ့ ခန္ဓာက..."

မာဟုန်ကျွင်းတစ်ယောက် ရှောင်ချန်ယွီမှာ ရုပ်ပိုင်းဆိုင်ရာ အင်အားကြီးမားရုံတင်မကဘဲ မည်သူမျှ မကာကွယ်နိုင်သော ထူးခြားသည့် လှုပ်ရှားမှု ပညာရပ်များကိုပါ ပိုင်ဆိုင်ထားကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

"ဟက်... မင်းရဲ့ ဖီးနစ်မီးက ဘာပဲဖြစ်ဖြစ်၊ ငါ့အရှေ့မှာတော့ အားလုံးက အမှိုက်တွေပဲ။"

မာဟုန်ကျွင်း၏ တိုက်ကွက် ပျက်စီးသွားသည်ကို မြင်သောအခါ ရှောင်ချန်ယွီက အထပ်ထပ် လှောင်ပြုံးပြုံးလိုက်သည်။

ဖီးနစ်ဆိုသည်မှာ အနန္တစွမ်းအားကို ပိုင်ဆိုင်သော နတ်ဘုရားသားရဲဖြစ်သည်။

အကယ်၍ အမှန်တကယ် ဖီးနစ်စစ်စစ်သာ ဖြစ်ခဲ့ပါက ရှောင်ချန်ယွီ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ယခုကဲ့သို့ အလွယ်တကူ အနိုင်ရရှိလိမ့်မည် မဟုတ်ပေ။

ဒါပေမဲ့ မာဟုန်ကျွင်းဆိုတာကကော။

သူ ဘယ်လောက်ပဲ ကြွားဝါနေပါစေ။ မာဟုန်ကျွင်း၏ ဝိဉာဥ်မှာ လက်ရှိအချိန်တွင် ဗီဇပြောင်းနေသော တောကြက် တစ်ကောင်မျှသာ ဖြစ်သည်။

အနာဂတ်တွင် မသေမျိုးဆေးပင်တစ်ခုခုသာ ရရှိခဲ့လျှင် ဤမကောင်းဆိုးဝါးမီး ဖီးနစ်သည် အမှန်တကယ် ဖီးနစ်ဖြစ်လာနိုင်စရာ ရှိသေးသည်။

သို့သော် ယခုလက်ရှိအချိန်မှာတော့ မဟုတ်သေးပေ။

ထို့ကြောင့် ရှောင်ချန်ယွီနှင့် ဆုံတွေ့ရခြင်းမှာ မာဟုန်ကျွင်း၏ ဘဝတွင် အဆိုးရွားဆုံး ကံကြမ္မာပင် ဖြစ်တော့သည်။

"ဖီးနစ်မီးလျှံ... လောကတစ်ခုလုံးကို လောင်ကျွမ်းစေ။"

"တတိယ စွမ်းအားစုစွမ်းရည် - ဖီးနစ်အတောင်ပံဖြန့်ခြင်း။"

မာဟုန်ကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် သွေးရောင်လွှမ်းသွားပြီး သူ၏ တတိယ စွမ်းအားစုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

ဖီးနစ်အတောင်ပံဖြန့်ခြင်း သည် မာဟုန်ကျွင်းအား ခဏတာ ပျံသန်းနိုင်စွမ်း ပေးစွမ်းပြီး သူ၏ ဒုတိယ စွမ်းအားစုစွမ်းရည်ကိုပါ မီးထိုးပေးလိုက်သဖြင့် ဖီးနစ်မီးလျှံများ၏ အင်အားမှာ ရာနှုန်းပြည့် တိုးတက်သွားကာ တိုက်ခိုက်နိုင်သည့် နယ်ပယ်မှာလည်း ငါးဆယ်ရာခိုင်နှုန်း ပိုမိုကျယ်ပြန့်သွားသည်။

မာဟုန်ကျွင်း၏ မကောင်းဆိုးဝါးမီး ဖီးနစ်သည် ဝိဉာဥ်စွမ်းရည် တစ်ခုတည်းနဲ့ကြည့်လျှင် သိပ်မထူးခြားသလို ထင်ရနိုင်သည်။

သို့သော် ၎င်းတို့ကို ပေါင်းစပ်လိုက်သည့်အခါတွင်မူ တကယ့်ကို ကောင်းကင်ကိုပင် စိန်ခေါ်နိုင်သော အင်အားမျိုး ဖြစ်လာသည်။

မိမိကိုယ်တိုင် ထပ်မံ၍ အသာစီးမရဘဲ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မာဟုန်ကျွင်းမှာ ရှက်ဒေါသ ထွက်သွားရသည်။

သူသည် ရှောင်ချန်ယွီကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်ကာ လက်ကို အားပြင်းပြင်းဖြင့် ဝှေ့ယမ်းလိုက်သည်။

တောက်လောင်နေသော ဖီးနစ်မီးလုံးကြီးတစ်ခုမှာ ရှောင်ချန်ယွီ၏ ရင်ဘတ်ကို တည့်တည့်ချိန်ရွယ်၍ ပစ်လွှတ်လိုက်သည်။

"လောကတစ်ခုလုံးကို လောင်ကျွမ်းစေမယ် ဟုတ်လား။"

"တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ကွက်ပဲ။"

ဖီးနစ်မီးလျှံများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး သံသယနှင့် စိုးရိမ်ပူပန်မှုများက လွှမ်းခြုံသွားကြသည်။

မာဟုန်ကျွင်း၏ လက်ရှိ စွမ်းရည် သုံးခု ပေါင်းစပ်လိုက်သည့် အင်အားမှာ သူသည် အဆင့် ၅၄ ဝိဉာဥ်ဘုရင်မျှသာ ဖြစ်

သော်လည်း အဆင့် ၆၀ ကျော်ရှိ ဝိညာဥ်သူတော်စင်များပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသွားသည်။

ဤမီးလျှံနှင့်သာ ထိမိပါက မည်သည့်ခုခံကာကွယ်မှုမျှ မတတ်နိုင်ဘဲ ပြာဖြစ်သွားရမည်မှာ အသေအချာပင်။

ရှောင်ချန်ယွီအတွက်မူ အစောပိုင်းက အေးဆေးသက်သာ ရှိနေပုံပေါက်သော်လည်း...

ရှောင်ချန်ယွီသည် အဆင့် ၁၉ မျှသာ ရှိသည်မဟုတ်ပါလား။

သို့သော် ဤအချိန်တွင် ရှောင်ချန်ယွီမှာ လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

ဘာကြောင့်ဆိုသော် ဖီးနစ်မျိုးနွယ်စု၏ မီးလျှံများသည် ရှောင်ချန်ယွီအပေါ် အကျိုးသက်ရောက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်။

"'ရှေးဟောင်းမြင့်မြတ်ခန္ဓာ - ပထမစွမ်းရည် ဖွင့်စေ။"

ယဉ်ကျေးမှုအရ အနည်းငယ်တော့ အလေးပေးရမည်ဖြစ်၍ ရှောင်ချန်ယွီက သင်္ကေတအနေဖြင့် အနည်းငယ် ဖွင့်လှစ်လိုက်သည်။

"ဝုန်း"

ရှောင်ချန်ယွီသည် သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားပြင်းပြင်း နင်းလိုက်ပြီး ကောင်းကင်သို့ ခုန်တက်ကာ မာဟုန်ကျွင်း၏ ဖီးနစ်မီးလျှံများနှင့် တည့်တည့် ရင်ဆိုင်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း..."

ဖီးနစ်မီးလျှံများမှာ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ကို လုံးဝ လောင်ကျွမ်းသွားအောင် မတတ်နိုင်ခဲ့ချေ။

"ဒါ..."

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"ဖီးနစ်မီးလျှံတွေက ဒီကောင်ကို ဘာမှမလုပ်နိုင်ဘူးလား။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

မာဟုန်ကျွင်း၏ အစွမ်းထက်လှသော ဖီးနစ်မီးလျှံများသည် ရှောင်ချန်ယွီအပေါ် ဘာကြောင့် အကျိုးသက်ရောက်မှု မရှိရသနည်းဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

မာဟုန်ကျွင်းမှာမူ ယခုအချိန်တွင် သူ၏မျက်နှာမှာ အလွန်ပင် ဆိုးဝါးနေပြီး သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

All Chapters