အခန်း (၆၆)
Vol. 7 Ch. 66
အခန်း ၆၆ - ပိုင်ချန်ရှန်း။
ပတ်ဝန်းကျင်မှ လူများ၏ ပြောဆိုသံများကြောင့် မာဟုန်ကျွင်းတစ်ယောက် ပို၍ပင် မောက်မာဝင့်ကြွားလာခဲ့သည်။
ယခုအချိန်တွင် မာဟုန်ကျွင်းက ရှောင်ချန်ယွီကို ကြောင်က ကြွက်ကို ကြည့်နေသကဲ့သို့ ရက်စက်စွာ စိုက်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် အပျော်သဘော အရိပ်အယောင်များ လက်လှောင်နေသည်။
"လူချောလေး... မင်း အခုတော့ စကားတွေ အကြီးကြီး ပြောနိုင်သေးတာပေါ့ဒါပေမဲ့ ခဏနေရင်တော့ ငါ မာဟုန်ကျွင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်း သိစေရမယ်။"
"ရှီလိုင်ခဲအကယ်ဒမီ ဟုတ်လား။တကယ်တော့ ငါက မင်းတို့ကျောင်းက ထန်စန်းနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးတွေ ရှိခဲ့ဖူးတယ်။"
ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် လွမ်းဆွတ်တမ်းတမှု အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
၎င်းက ထန်စန်းအား သူ့လက်ဖြင့် အဝတ်လျှော်သလို ပက်ပက်စက်စက် နှိပ်စက်ခဲ့ဖူးသည့် နေ့ရက်များအပေါ် လွမ်းဆွတ်ခြင်းပင် ဖြစ်သည်။
ခြောက်နှစ်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ရှောင်ချန်ယွီအနေဖြင့် ထန်စန်း... မင်းမျက်နှာက အခုထိ နာနေတုန်းပဲလား ဟု တကယ်ပင် မေးလိုက်ချင်မိသည်။
"ငါ့လက်သီးတွေက လှုပ်ရှားရဖို့ စောင့်နေတာ ကြာပြီ။"
"နော့တင်းအကယ်ဒမီ ကနေ ထွက်ခွာလာပြီး ထန်စန်းကို မတွေ့ရတာ ခြောက်နှစ်တောင် ရှိသွားပြီပဲ။ အဲဒီကောင်က အစွမ်းထက်တဲ့ အကယ်ဒမီတစ်ခုခုကို တက်နေလိမ့်မယ်လို့ ငါထင်ထားတာနောက်ဆုံးတော့ ရှီလိုင်ခဲအကယ်ဒမီ ဖြစ်နေတာလား။"
ရှောင်ဝူ၏ မျက်လုံးထဲတွင်လည်း စိတ်ပျက်ရိပ်များ ဖျတ်ခနဲ လက်သွားသည်။
နော့တင်းအကယ်ဒမီတုန်းက ထန်ဆန်းက သူမကို အချစ်စကားပင် ပြောခဲ့သေးသည်မဟုတ်ပါလား။
ရှောင်ဝူက ထန်စန်းကို ငြင်းပယ်ခဲ့သော်လည်း သူ့အပေါ် အနည်းငယ်တော့ မှတ်မိနေသေးသည်။
သူက ချန်ယွီရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ ပြိုင်ဘက်တစ်ယောက်မျှသာ ဖြစ်၏။
ခြောက်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ထန်စန်းအနေဖြင့် တိုးတက်မှုအချို့ ရှိလာလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရသလောက်တော့ သူက ထိုက်လုံ မာဟုန်ကျွင်းတို့လို လူစားမျိုးတွေနဲ့ ရောနှောနေနိုင်မှတော့ ထန်စန်းကကော ဘယ်လိုလူကောင်းမျိုး ဖြစ်နိုင်ပါဦးမည်နည်း။
သူ့မှာ ဘာအကောင်းမြင်စရာ အရည်အချင်းမျိုး ရှိနိုင်ပါဦးမည်နည်း။
"ဒါဆို ရှောင်ဝူနဲ့အစ်ကို ချန်ယွီတို့က ဒီလို လူမျိုးနောက်တစ်ယောက်နဲ့ သိကျွမ်းခဲ့တာပေါ့။"
ရဲ့လင်လင်၏ မျက်လုံးထဲတွင်လည်း အံ့သြရိပ်အချို့ ဖျတ်ခနဲ လက်သွားသည်။
ရှောင်ဝူနှင့် ရှောင်ချန်ယွီတို့က ဤမျှလောက် ထူးချွန်ထက်မြက်ကြသည်ကို ရှီလိုင်ခဲအကယ်ဒမီမှ ဤကဲ့သို့ စရိုက်နိမ့်ကျသော လူမျိုးများနှင့် မည်သို့လျှင် သိကျွမ်းနေကြရသနည်း။
ဤကဲ့သို့သော အကယ်ဒမီမျိုးတွင် ကျောင်းသားများကလည်း မောက်မာကြပြီး ဆရာများကလည်း ဆရာသမားမပီသကြချေ။ ၎င်းကျောင်းမှာ ပိတ်ပင်သင့်နေခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင် ရှီလိုင်ခဲအကယ်ဒမီကို ဆက်လက်ကြီးထွားခွင့် ပေးထားပါက အနာဂတ်တွင် ဝိဉာဥ်ကုန်းမြေ၏ ကင်ဆာအကျိတ်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။
ရဲ့လင်လင်၏ အတွေးမှာ မမှားချေ။
သို့သော်လည်း မူရင်းဇာတ်လမ်းအရ အနာဂတ်တွင် ရှီလိုင်ခဲအကယ်ဒမီမှာ အမှန်တကယ် ပိတ်ပစ်ခြင်းမခံရဘဲဝိဉာဥ်ကုန်းမြေ၏ အကြီးမားဆုံးသော အကယ်ဒမီ ဖြစ်လာလိမ့်မည်။
ရလဒ်အနေဖြင့် ၎င်းက တကယ်ပင်ဝိဉာဥ်ကုန်းမြေ၏ ကင်ဆာအကျိတ်ကြီးတစ်ခု ဖြစ်လာခဲ့ရသည်။
"မင်းက တတိယအစ်ကို ကို သိတယ် ဟုတ်လား။"
ရှောင်ချန်ယွီ၏ စကားကို ကြားသောအခါ မာဟုန်ကျွင်းက နားလည်မှုလွဲသွားပြီး ရှောင်ချန်ယွီသည် သူတို့နှင့် လာရောက်လူဝင်ဆံ့ရန် ကြိုးစားနေသည်ဟု ထင်မှတ်လိုက်သည်။
မာဟုန်ကျွင်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"အခုမှ လာပြီး အသနားခံမယ်ဆိုရင်တော့ နောက်ကျသွားပြီ။ တတိယအစ်ကိုကို သိတယ်ဆိုတာနဲ့ မင်းကို ကူညီနိုင်မှာမဟုတ်ဘူး အရင်ဆုံး အရိုက်ခံဖို့သာ ပြင်ထားလိုက်။"
မာဟုန်ကျွင်းသည် ထန်စန်းကို အတော်လေး ရိုသေကိုင်းရှိုင်းသည်။
ဘာပဲဖြစ်ဖြစ် ထန်စန်း၏ ဇာတ်လိုက်အရှိန်အဝါ ပွင့်လာပြီး သူ၏လွှမ်းမိုးချုပ်ကိုင်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် မာဟုန်ကျွင်းအနေဖြင့် ထန်ဆန်း၏ လက်ပါးစေတစ်ဦး ဖြစ်လာရန်မှာ သဘာဝကျလှသည်။
မူရင်းဇာတ်လမ်းတွင် ထန်စန်း နတ်ဘုရားဖြစ်လာချိန်၌ သူသည် လူအများအပြားကို နတ်ဘုရားဘုံသို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
သို့သော်လည်း ထန်စန်းသည် သူ၏ကိုယ်ပိုင်မိဘများကိုသာ ခေါ်ဆောင်သွားခဲ့ပြီး သူ၏ညီအစ်ကိုဖြစ်သူ မာဟုန်ကျွင်း၏ဇနီး ပိုင်ချန်ရှန်းကိုမူ လုံးဝ လျစ်လျူရှုထားခဲ့သည်။
အဆုံးသတ်တွင် ဤအချက်ကြောင့် ပိုင်ချန်ရှန်းနှင့် မာဟုန်ကျွင်းတို့မှာ တစ်ဦးက နတ်ဘုရားဘုံတွင်ရှိပြီး တစ်ဦးက ဝိဉာဥ်ကုန်းမြေပေါ်တွင် ကျန်ရစ်ကာထာဝရ ခွဲခွာခဲ့ကြရသည်။
ထိုသို့ဖြစ်ခဲ့သည့်တိုင်အောင် မာဟုန်ကျွင်းသည် ထန်စန်းအပေါ် လုံးဝမျက်နှာလိုမျက်နှာရ ပြုမူဆဲဖြစ်ပြီး နတ်ဘုရား ထန်စန်း၏ ဦးဆောင်မှုတိုင်းကိုမြေဝယ်မကျ နာခံခဲ့သည်။
ယင်းက မာဟုန်ကျွင်း၏ နှလုံးသားထဲတွင် ထန်စန်း၏ အဆင့်အတန်းမှာ မည်မျှအထိ နက်ရှိုင်းကြောင်း ပြသနေသည်။
သို့သော်လည်း မာဟုန်ကျွင်းတွင် သူ၏ကိုယ်ပိုင် အတွေးအကွက်လေးများ ရှိသေးသည်။
ထန်စန်းက ဤရှောင်ချန်ယွီအကြောင်းကို တစ်ခါမျှ ပြောဖူးသည်ကို သူ မကြားဖူးခဲ့သဖြင့် ဤကောင်မှာ အရေးကြီးသောသူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။
ဘာပဲဖြစ်ဖြစ် သူက တကယ်သာ အရေးကြီးသောသူဆိုလျှင် သူတို့အနေဖြင့် နှစ်အတော်ကြာအောင် မဆုံတွေ့ဘဲ မည်သို့နေပါမည်နည်း။
သူက အရေးကြီးသူမဟုတ်မှတော့ ငါ မာဟုန်ကျွင်းအနေနဲ့ သူ့ကို ကောင်းကောင်းကြီး ရိုက်နှက်ပေးရုံပေါ့။
၎င်းအပြင် ဤရှောင်ချန်ယွီသည် ဘယ်ဘက်ညာဘက်တွင် လှပသော မိန်းကလေးတစ်ယောက်စီကို ပွေ့ပိုက်ထားနိုင်ခြင်းမှာ လူအများ၏ မနာလိုမှုကို အလွန်အမင်း ဆွဲဆောင်နေသည်။
မာဟုန်ကျွင်းသည် မိန်းကလေးအများအပြားနှင့် ပတ်သက်ဖူးသော်လည်း ပိုင်ချန်ရှန်း၏ အလှအပတစ်ခုတည်းသာ ရဲ့လင်လင်နှင့် ရှောင်ဝူတို့၏ အလှကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
ထို့အပြင် မာဟုန်ကျွင်းက အမြဲတမ်း ဖားယားနေခဲ့သော်လည်း ပိုင်ချန်ရှန်းက သူ့ကို အဖက်လုပ်ပုံမရချေ။
သို့သော် ရှောင်ဝူနှင့် ရဲ့လင်လင်တို့မှာမူ ရှောင်ချန်ယွီအပေါ် လုံးဝ ရိုကျိုးနေကြသည်။
လူအချင်းချင်း နှိုင်းယှဉ်ရခြင်းက တကယ်ကို ဒေါသထွက်စရာကောင်းလှသည်။
"မင်းက ငါ့ကို ရိုက်ချင်တာလား။ ကံကောင်းချင်တော့ ငါလည်း ကိုယ်လက်လှုပ်ရှား မလုပ်ရတာ ကြာပြီ၊ မင်းကိုပဲ သွေးပူလေ့ကျင့်ခန်းအဖြစ် သုံးရတာပေါ့။"
ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင်လည်း အေးစက်သော အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံဖုံးလွှမ်းခြင်း၏ လျှို့ဝှက်ချက်ကိုးပါး ကို ကျွမ်းကျင်ထားသော ရှောင်ချန်ယွီ၏ ကျင့်ကြံခြင်းလမ်းကြောင်းမှာဝိဉာဥ်ကုန်းမြေ၏ သာမန်ဝိဉာဥ်သခင်များနှင့် လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မာဟုန်ကျွင်းက သူ၏ကျင့်ကြံခြင်းမှာ အဆင့် ၅၄ သို့ ရောက်ရှိနေသဖြင့် ရှောင်ချန်ယွီကို သေချာပေါက် အနိုင်ရလိမ့်မည်ဟု ထင်မှတ်နေခြင်းမှာ သူ အကြီးအကျယ် တွက်ချက်မှု မှားယွင်းသွားခြင်းပင် ဖြစ်သည်။
"နေဦး အစ်ကို ကျွင်း။"
ရှောင်ချန်ယွီ စတင်လှုပ်ရှားတော့မည့် အချိန်မှာပင် စူးရှပြီး သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးအသံတစ်သံ ပြေးဝင်လာပြီး တိုက်ပွဲမစတင်မီ တားဆီးလိုက်သည်။
ရောက်လာသူမှာ အသက် တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ခန့် ရှိသော မိန်းကလေးတစ်ဦး ဖြစ်ပြီး နူးညံ့ပြီး မြင့်မြတ်သော အရှိန်အဝါကို ဆောင်ကြဉ်းပေးသည့် ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားကာ မျိုးရိုးကြီးအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦး၏ ဟန်ပန်မျိုး ရှိသည်။
သူမ၏ ခရမ်းရောင် ကျစ်ဆံမြီးနှစ်ချောင်းမှာ အောက်သို့ တွဲလောင်းကျနေပြီး လေထဲတွင် လွင့်မျောနေကာ ဖုန်မှုန့်တစ်စမျှ မတင်ကျန်ဘဲ စင်ကြယ်နေသည်။
သူမ၏ မျက်နှာမှာ ပွင့်လန်းခါစ ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြစ်ပြီး လနှင့်ပန်းကိုပင် အရှက်ရစေလောက်သော အလှတရားကို ပိုင်ဆိုင်ထားကာ သူမ၏နူးညံ့သော ဆံနွယ်များက လေထဲတွင် လှပစွာ ဝှေ့ယမ်းနေပြီး တောက်ပသော ငွေရောင်ဆံထိုးများနှင့် ကွက်တိကျနေကာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်သည်။
ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံမှာ ဘေးဘီသို့ ကြည့်လိုက်သောအခါ ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး သူမ၏ ပြုံးလိုက်ပုံတိုင်းက လူတစ်ယောက်၏ ဝိညာဉ်နှင့် စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။
သူမ၏ မျက်ခုံးနှစ်ခုကြားရှိ ဆန်းကြယ်သော အမှတ်အသားက သူမအား ပိုမို၍ ချစ်စရာကောင်းအောင် ပံ့ပိုးပေးထားပြီး သူမအား ထူးခြားပြီး နူးညံ့သော အလှတရားကို ပေးစွမ်းနေသည်။
"သူက ယွီဖုန်း လား။ နေဦး... ယွီဖုန်းက ယောကျာ်းလေး မဟုတ်ဘူးလား။ ဒီမိန်းကလေးက ယွီဖုန်းနဲ့ အတော်လေး တူတာပဲ။"
ဘေးနားတွင် ရဲ့လင်လင်က အံ့သြတုန်လှုပ်စွာဖြင့် သူမ၏ပါးစပ်ကို မအုပ်ဘဲ မနေနိုင်ခဲ့ပေ။
ယွီဖုန်းသည်ဟွမ်တောက်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သာမန်အားဖြင့် လေ့ကျင့်ခြင်းနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ သူက အလွန်အေးစက်ပြီး စကားပြောရသည်ကို မနှစ်သက်ချေ။
ရဲ့လင်လင်၏ အသေးစိတ် လေ့လာစောင့်ကြည့်မှုနှင့် ယွီဖုန်းနှင့်အတူ အသင်းဖော်အဖြစ် အချိန်အတော်ကြာ ရှိခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်...
အမှန်အတိုင်း ပြောရပါက ရဲ့လင်လင်အနေဖြင့် ယွီဖုန်းနှင့် ဤမျှလောက် တူလွန်းလှသော ဤမိန်းကလေးကို တပ်အပ်မှတ်မိရန် ဝံ့ရဲမည်မဟုတ်ချေ။
"မမ လင်လင်... မမ ဒီမိန်းကလေးကို သိတာလား။ သူက မာဟုန်ကျွင်းနဲ့ပတ်သက်မှု ရှိနေပုံပဲ။"
ရှောင်ဝူလည်း သူမ၏နှုတ်ခမ်းကို မဲ့လိုက်ပြီး စိတ်ထဲတွင် အလွန်မကျေမနပ် ဖြစ်သွားခဲ့သည်။
အကယ်၍ ဤမိန်းကလေးက မာဟုန်ကျွင်းနှင့် တကယ်ပဲ ပတ်သက်နေပါက ဤတိုက်ပွဲက ဖြစ်လာတော့မည်မဟုတ်ချေ။
"ချန်ရှန်း...မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။ ဘေးဖယ်နေစမ်းပါ ငါ ဒီကောင်ကို ကောင်းကောင်းကြီး ပညာပေးရမယ်။"
မာဟုန်ကျွင်းသည် ပိုင်ချန်ရှန်း ပေါ်လာသည်ကို မြင်သောအခါ ခဏမျှ ဆွံ့အသွားခဲ့သည်။
ထို့နောက် မာဟုန်ကျွင်း၏ မျက်နှာက တင်းမာသွားပြီး ပိုင်ချန်ရှန်းကို ဘေးသို့ဖယ်နေရန် အချက်ပြလိုက်သည်။
မာဟုန်ကျွင်းက ပိုင်ချန်ရှန်းကို လိုက်လံပိုးပန်းနေခြင်းမှာ ရှီလိုင်ခဲအကယ်ဒမီအတွင်း အားလုံးသိထားကြသည်။
ပိုင်ချန်ရှန်းသည် မူလက ကြည်လင်သောကောင်းကင်ဂိုဏ်း၏ လက်အောက်ခံ မျိုးနွယ်စုလေးစုအနက် တစ်စုဖြစ်သော အရှိန်အဟုန်မျိုးနွယ်စု ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
သူမသည် မျိုးနွယ်စုခေါင်းဆောင် ပိုင်ဟယ်၏ မြေးမဖြစ်ပြီး ပျံလွှားဝိဉာဥ်ကို ပိုင်ဆိုင်ထားကာ စစ်မှန်သော အရှိန်အဟုန်
ဝိဉာဥ်သခင်တစ်ဦး ဖြစ်သည်။
သူမ၏ အလွန်အမင်း မြင့်မားလှသော အလှတရားကြောင့် မာဟုန်ကျွင်းက သူမကို ပထမဆုံး မြင်တွေ့ရသည့် အခိုက်အတန့်တွင်တင် အချစ်သက်ဝင်ခဲ့ခြင်း ဖြစ်သည်။
မူရင်းဇာတ်လမ်းတွင် ပိုင်ချန်ရှန်းသည် ရှီလိုင်ခဲခုနစ်ဖော်အဖွဲ့နှင့် အလွန်နီးစပ်ပြီး တစ်ခါက ရှီလိုင်ခဲအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ်ပင် ခေါ်ဆိုခြင်းခံခဲ့ရသည်။
သို့သော်လည်း ရှောင်ချန်ယွီ၏ ပေါ်ထွက်လာမှုကြောင့် ရှောင်ဝူသည် ရှရိုက်ခ်ခုနစ်ယောက်အဖွဲ့၏ အဆင့်အတန်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ပိုင်ချန်ရှန်းက ရှောင်ဝူ၏ နေရာတွင် အစားထိုး ဝင်ရောက်လာခဲ့ပြီး ရှီလိုင်ခဲခုနစ်ယောက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
"ပိုင်ချန်ရှန်း ဟုတ်လား မမ လင်လင်... မမ လူမှားသွားတာ ထင်တယ်။ ဒီမိန်းကလေးက မမပြောတဲ့ ယွီဖုန်း မဟုတ်ဘူး။"
ရှောင်ဝူက အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲလင်လင်ကို စိုက်ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ဖျတ်ခနဲ လက်သွားတော့သည်။