အခန်း (၆၉)
Vol. 7 Ch. 69
အခန်း ၆၉ - အကြွင်းမဲ့အင်အားဖြင့် အလဲထိုးခြင်း။
"ဘယ်လိုဖြစ်လို့ ဒီအခြေအနေအထိ ရောက်သွားရတာလဲ။ ဒီမာဟုန်ကျွင်းက ဘာဖြစ်လို့ ဘယ်သူ့စကားမှ နားမထောင်ရတာလဲ။"
မာဟုန်ကျွင်းနှင့် ရှောင်ချန်ယွီတို့အကြား တင်းမာနေသော အခြေအနေကို ကြည့်ပြီး ပိုင်ချန်ရှန်းလည်း ဆွံ့အမှင်တက်သွားရသည်။
သိသာလှသည်မှာ သူမ ပိုင်ချန်ရှန်းသည် ရန်ပွဲကို ဖြန်ဖြေရန် လာခဲ့ခြင်းဖြစ်သော်လည်း အဘယ်ကြောင့် သူတို့နှစ်ဦး၏ ရန်လိုမှုများက ပို၍သာ ထင်ရှားလာရသနည်း။
ပိုင်ချန်ရှန်း အလွန် စိုးရိမ်ပူပန်နေမိသည်။
သို့သော် မာဟုန်ကျွင်း၏ အမြင်တွင်မူ ပိုင်ချန်ရှန်းက ရှောင်ချန်ယွီနှင့် မတိုက်ခိုက်ရန် တားဆီးနေခြင်းမှာ ရှောင်ချန်ယွီကို ကာကွယ်ပေးနေခြင်းသာ ဖြစ်သည်။
အဆင့် ၁၉ မျှသာရှိသော ဝိဉာဥ်သခင် ရှောင်ချန်ယွီသည် ရုပ်လေးနည်းနည်း ချောတာကလွဲရင် ဘာများ အဖိုးတန်နေလို့လဲ။
ငါ မာဟုန်ကျွင်းအနေနဲ့ ရှောင်ချန်ယွီကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။
ဒါကို မင်းက... ပိုင်ချန်ရှန်း ငါ မာဟုန်ကျွင်း လက်စွမ်းပြမှာကို ကြားကနေ ဝင်တားနေတာဟာ ရှောင်ချန်ယွီကို ကာကွယ်ပေးနေတာ မဟုတ်ရင် ဘာလဲ။
ဒါတင်မကသေးဘူး... ရှောင်ချန်ယွီကို မသိပါဘူးလို့ ပါးစပ်က ပြောနေသေးတယ် ဟုတ်လား။
ရှင်းနေတာပဲ... မင်းက ရှောင်ချန်ယွီ ရုပ်ချောတာကို မြင်ပြီး သူ့အပေါ် သနားစိတ်ဝင်နေတာမလား။
သို့သော် မာဟုန်ကျွင်း မသိသည်မှာ အမှန်တကယ်တော့ ပိုင်ချန်ရှန်းသည် သူ့ကိုသာ ကာကွယ်ပေးနေခြင်း ဖြစ်သည်ဆိုသည့် အချက်ပင်။
"အစ်ကို ချန်ယွီ... သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်ပါ။"
ရှောင်ဝူသည် မာဟုန်ကျွင်း၏ ထင်ရာစိုင်းပြီး ထောင်လွှားစော်ကားနေသော ပုံစံကို ကြည့်ကာ စိတ်ထဲတွင် အလွန် မသက်မသာ ဖြစ်နေမိသည်။
"မင်းက ဘာကောင်မို့လို့ ဒီလောက်တောင် ဘဝင်မြင့်နေရတာလဲ။"
မင်း မာဟုန်ကျွင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၅၄ ကို ရောက်နေတာက ဒေါင်လော့တိုက်ကြီးပေါ်မှာ တကယ်ကို မဆိုးလှတဲ့ အဆင့်အတန်းမျိုး ဖြစ်တယ်ဆိုပေမဲ့လည်းရှီလိုင်ခဲအကယ်ဒမီရဲ့ စရိုက်က ကျောင်းသားတွေကို မောက်မာဝင့်ကြွားစေခဲ့တာ ဖြစ်သည်။
မူရင်းဝတ္ထုထဲတွင် ရှောင်ဝူကိုယ်တိုင်
ရှိနေစဉ်က ဤအချက်ကို သိပ်ပြီး သတိမထားမိခဲ့ပေ။
သို့သော် ယခုအခါ ရှောင်ချန်ယွီ၏ ရှုထောင့်ကနေ ရပ်တည်ကြည့်လိုက်သောအခါတွင်မူ မာဟုန်ကျွင်းသည် အနည်းငယ် အတ္တကြီးလွန်းနေသည်ဟု ရှောင်ဝူ ခံစားလိုက်ရသည်။
"မမ ချန်ရှန်း... မမရဲ့ ဒီချစ်သူက စေတနာကို စောင်ထောက်စုန်းကူး လုပ်နေတာပဲ သူ နည်းနည်းလောက်တော့ ဒုက္ခရောက်ဖူးမှ ဖြစ်မယ်။"
ဘေးနားတွင် ရပ်နေသော ရဲ့လင်လင်က အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်သည်။
သို့သော် ဤကဲ့သို့ မာဟုန်ကျွင်းကို အထင်သေးသည့် အကြည့်မျိုးမှာ စိတ်လိုက်မာန်ပါ ပြုမူတတ်သော မာဟုန်ကျွင်းအတွက်တော့ တကယ့်ကို စော်ကားခံရခြင်းပင် ဖြစ်သည်။
"ငါ... မာဟုန်းကျွင်းက ဒုက္ခရောက်ရမယ် ဟုတ်လား။"
"ဘာလို ဟာသမျိုးလဲ။"
"မင်း... ရှောင်ချန်ယွီက အဆင့် ၁၉ ဝိဉာဥ်သခင် မျှသာရှိသေးတာကို ထည့်မပြောနဲ့ဦး။ငါ မာဟုန်းကျွင်းက အဆင့် ၅၄ ဝိဉာဥ်ဘုရင် အဆင့်ကို ရောက်နေပြီကွ။"
"ငါ့ရဲ့ မကောင်းဆိုးဝါးမီး ဖီးနစ်ကိုပဲ ကြည့်ဦးမလား ဒါက ထိပ်တန်းအဆင့် စွမ်းအားစုထဲက တစ်ခုပဲ။"
"ဝိဉာဥ်ကုန်းမြေတစ်ခုလုံးမှာ ငါ့ရဲ့ စွမ်းအားစုကို အပြတ်အသတ် ဖိနှိပ်နိုင်တဲ့ စွမ်းအားစုသခင်ဆိုလို့ အများဆုံးရှိလှ ဆယ်ယောက်ထက် မပိုဘူး။"
"အဲဒီအထဲမှာ ဤရှောင်ချန်ယွီဆိုတဲ့ ကောင်ကတော့ ဘယ်လိုမှ မပါဝင်နိုင်ဘူး။"
"ဟမ့်... ရှောင်ချန်ယွီ ဒါကို မြည်းစမ်းကြည့်စမ်း။"
မာဟုန်ကျွင်းက နှာခေါင်းရှုံ့လိုက်ပြီး ရန်လိုသော မျက်လုံးများဖြင့် ရှောင်ချန်ယွီကို စိုက်ကြည့်လိုက်သည်။
မာဟုန်ကျွင်း၏ နောက်ကွယ်တွင် တောက်လောင်နေသော နီရဲသည့် ဖီးနစ်ငှက်၏ ပုံရိပ်ယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ယခုအချိန်တွင် မာဟုန်ကျွင်းသည် သူ၏ဝိဉာဥ်ကို ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။
"ပထမဆုံး စွမ်းအားစုစွမ်းရည် - ဖီးနစ်မီး။"
မာဟုန်ကျွင်း၏ ပါးစပ်မှနေ၍ မီးလျှံစီးကြောင်းတစ်ခု မှုတ်ထုတ်လိုက်တော့သည်။
ဖီးနစ်မီးသည် မာဟုန်ကျွင်း၏ ပထမဆုံး စွမ်းအားစုစွမ်းရည် မျှသာဖြစ်သော်လည်း ၎င်းသည် တိုက်ခိုက်မှုစွမ်းရည် အလွန်မြင့်မားလှသော တစ်ဦးချင်းပစ်မှတ်တိုက်ကွက် ဖြစ်သည်။
မာဟုန်ကျွင်းသည် ဤတိုက်ကွက်အပေါ် အလွန် ယုံကြည်မှုရှိနေသည်။
မီးလျှံများသည် လေထုထဲတွင် အဆက်မပြတ် တောက်လောင်သွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင်ဧရာမ မီးလုံးကြီးတစ်လုံးအဖြစ် ကူးပြောင်းကာ ရှောင်ချန်ယွီထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဤမီးလုံးကြီး၏ ပြင်းအားမှာ တုန်လှုပ်ချောက်ချားစရာ ကောင်းလှပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
"အစွမ်းထက်လိုက်တာ။"
"အရမ်း အားကောင်းလွန်းတယ ဒါက တကယ့် နတ်ဘုရားအဆင့် တိုက်ကွက်မျိုးပဲ။"
"ရှောင်ချန်ယွီ... မြန်မြန်ရှောင်လိုက်။"
ထိုဧရာမ မီးလုံးကြီး တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ ဘေးက ကြည့်နေသူအားလုံး တုန်လှုပ်သွားကြသည်။
စောစောက ရှောင်ချန်ယွီနှင့် ထိုက်လုံတို့ တိုက်ခိုက်ခဲ့ကြစဉ်ကတည်းက ထျန်းတိုမြို့တော်ရှိ လူအများအပြားမှာ ဤနေရာတွင် ရှီလိုင်ခဲအကယ်ဒမီနှင့် ပဋိပက္ခဖြစ်ပွားနေကြောင်း သိရှိထားကြပြီး ဖြစ်သည်။
ရှီလိုင်ခဲအကယ်ဒမီသည် ထျန်းတိုမြို့တော်တွင် အလွန်ကျော်ကြားသဖြင့် လူအများက ဤနေရာက အခြေအနေကို အာရုံစိုက်နေကြခြင်း ဖြစ်သည်။
အထူးသဖြင့် မိမိတို့ရှေ့က မာဟုန်ကျွင်း၏ အင်အားကိုလည်း လူအများက သိရှိထားကြသည်။
ပွဲစစချင်းမှာတင် ပထမဆုံး စွမ်းအားစုစွမ်းရည်ဖြစ်သော ဖီးနစ်မီးကို ရက်ရက်စက်စက် ထုတ်သုံးလိုက်သည်ကို မြင်ရသဖြင့် လူအများအပြားမှာ ရှောင်ချန်ယွီအတွက် ချွေးစေးများပင် ထွက်လာခဲ့ကြသည်။
"ရှောင်ချန်ယွီ... မင်းတော့ သေပြီသာမှတ်။"
သူ၏ ဖီးနစ်မီးက နီးကပ်လာသည်ကို မြင်သောအခါ မာဟုန်ကျွင်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး နှုတ်ခမ်းထောင့်ကလည်း အထင်သေးစွာဖြင့် တွန့်ကွေးသွားသည်။
ဖီးနစ်မီးသည် သာမန်မီးလျှံတစ်ခုကဲ့သို့ ထင်ရသော်လည်း မကောင်းဆိုးဝါးမီး ဖီးနစ်၏ ထူးခြားမှုကြောင့် သာမန်စွမ်းအားစုသခင်များအနေဖြင့် မာဟုန်ကျွင်း၏ ဤတိုက်ကွက်နှင့် ရင်ဆိုင်ရပါက ချက်ချင်းပင် အလဲထိုးခံရလေ့ရှိသည်။
သူတို့မှာ ပြန်လည်ခုခံပိုင်ခွင့်တောင် ရှိလိမ့်မည်မဟုတ်ချေ။
ဤရှောင်ချန်ယွီသည်လည်း ငါ့ရဲ့ တိုက်ကွက်တစ်ခုတည်းနဲ့တင် သေချာပေါက် အပြတ်အသတ် အလဲထိုးခံရတော့မည်။
"ရှောင်ချန်ယွီ အန္တရာယ်ရှိတယ်။"
"ဟုတ်တယ်... ရှောင်ချန်ယွီ၊ မြန်မြန် လစ်ပြေးတော့။"
"ရှောင်ချန်ယွီသာ ဒီဖီးနစ်မီးနဲ့ အမှန်အကန် အထိခံလိုက်ရရင် ဆေးရုံမှာ လနဲ့ချီပြီး လှဲနေရလိမ့်မယ်။"
"ရှောင်ချန်ယွီ... ပြေးတော့။"
...
ခဏချင်းအတွင်းမှာပင် လူတိုင်း စိတ်လှုပ်ရှား တင်းမာသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဖီးနစ်မီး၏ အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ရှောင်ချန်ယွီအနေဖြင့် ရှောင်တိမ်းရန် အချိန် လုံးဝမရှိတော့သောကြောင့် ဖြစ်သည်။
ဘေးနားတွင် ဝန်းရံကြည့်ရှုနေကြသော ကျွမ်းကျင်သူ အများအပြားပင်လျှင် ရှောင်ချန်ယွီကို သတိပေးရန်အတွက် တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။
"ဟင်းဟင်း"
ဘေးလူများ၏ သတိပေးချက်များကို ကြားလိုက်ရပြီး အဝေးကနေ တဟုန်ထိုး ပြေးဝင်လာသော ဧရာမ မီးလုံးကြီးကို မြင်လိုက်ရသော်လည်း ရှောင်ချန်ယွီကမူ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ သူသည် ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည့်အပြင် အလွန်ပင် တည်ငြိမ်နေခဲ့သည်။
"ဒါလေးပဲလား။"
"ဒီလောက် အင်အားလေးနဲ့တော့ ငါ ရှောင်ချန်ယွီရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ အရေပြားကိုတောင် ခြစ်ရာထင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။"
"ဟက်... သေခါနီးနေတာတောင် အခုထိ မောက်မာနေတုန်းပဲလား။"
ရှောင်ချန်ယွီ၏ အမူအရာကို မြင်သောအခါ မာဟုန်ကျွင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။
"ဝုန်း ဝုန်း ဝုန်း..."
ချက်ချင်းပင် ဖီးနစ်မီးနှင့် ရှောင်ချန်ယွီတို့အကြား ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားခဲ့သည်။ ပူပြင်းလှသော အရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး မြေပြင်တစ်ခုလုံးလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့သည်။
မီးခိုးများနှင့် ဖုန်မှုန့်များ ထူထပ်စွာ ထွက်ပေါ်လာပြီး လူတိုင်း၏ အမြင်အာရုံကို ဖုံးကွယ်သွားခဲ့တော့သည်။
"ဘာဖြစ်သွားတာလဲ။"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိကြသည်။
မီးခိုးများ တဖြည်းဖြည်း လွင့်ပါးသွားပြီး လူတိုင်း မျက်စိပြန်ဖွင့်ကြည့်လိုက်ကြသောအခါတွင်မူ မိမိတို့ရှေ့က မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်ရင်သွားကြရသည်။
မီးခိုးများ စင်ကြယ်သွားပြီးနောက် ထိုနေရာတွင် ရပ်နေခဲ့သော ရှောင်ချန်ယွီသည် ယခုအခါ မူလနေရာမှာပင် မလှုပ်မယှက်ဘဲ မတ်မတ်ရပ်နေဆဲ ဖြစ်သည်။
ပြင်းထန်လှသော ဖီးနစ်မီးသည် ရှောင်ချန်ယွီကို ဒဏ်ရာအနည်းငယ်မျှပင် ရအောင် မတတ်နိုင်ခဲ့ချေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ ခန္ဓာက ဒီလောက်အထိ သန်မာနေတာလား။ ဒဏ်ရာတစ်စက်တောင် မရဘူးလား။"
လူတိုင်း၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
ယခုလေးတင် ဖြစ်ပျက်သွားသမျှအရာအားလုံးမှာ သူတို့၏ စိတ်ကူးစိတ်သန်းထက် လုံးဝ သာလွန်နေခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကို မြင်လိုက်ရသဖြင့် ကျွမ်းကျင်သူများပင်လျှင် ရင်တထိတ်ထိတ် ဖြစ်သွားခဲ့ကြရသည်။
"ရှောင်ချန်ယွီရဲ့ ခန္ဓာက နတ်ဘုရားလက်နက်တွေနဲ့ လုပ်ထားတာများလား။"
"ငါလည်း မသိဘူး။"
"ဘာပဲဖြစ်ဖြစ်... သူက မာဟုန်ကျွင်းရဲ့ ဝိဉာဥ်စွမ်းရည်ကို အကာအကွယ်မပါဘဲ ထိပ်တိုက် ရင်ဆိုင်သွားတာပဲ။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။"
"မကောင်းဆိုးဝါးမီး ဖီးနစ်က ထိပ်တန်းအဆင့် ဝိဉာဥ်လေ။ ရှောင်ချန်ယွီက သူ့ရဲ့ ပထမဆုံးစွမ်းရည်ကို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ခံယူရုံတင်မကဘဲ အေးဆေးသက်သာတဲ့ ပုံစံမျိုးတောင် ဖြစ်နေတော့... သူ့ရဲ့ ဝှက်ဖဲတွေက တကယ်ကို နက်နဲလွန်းလှတယ်။"
လူအုပ်ကြီး၏ ပြောဆိုဝေဖန်သံများကို ကြားလိုက်ရသောအခါ မာဟုန်ကျွင်း၏ မျက်နှာမှာလည်း အလွန် အကျည်းတန် ဆိုးဝါးသွားခဲ့သည်။
"မင်းမှာ လက်ကွက်အချို့ ရှိနေတာပဲ။ ဒါပေမဲ့... ရှောင်ချန်ယွီ ဒါက ငါ့ရဲ့ အစွမ်းကုန် အင်အားလို့ မင်း ထင်နေတာလား။"
မာဟုန်ကျွင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အမူအရာကလည်း လေးနက်တည်ကြည်သွားခဲ့သည်။
မာဟုန်ကျွင်းသည် မူလက ရှောင်ချန်ယွီကို အဆင့် ၁၉ မျှသာရှိသော ဝိဉာဥ်သခင်ဟု ထင်မှတ်ထားခဲ့သဖြင့် ဖီးနစ်မီးတစ်ကွက်တည်းနှင့်တင် သူ့ကို ကိုင်တွယ်ရန် လုံလောက်သည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည်စဉ်းစားကြည့်မှသာ သူ မာဟုန်ကျွင်းတစ်ယောက် ရှောင်ချန်ယွီကို အထင်သေးမိသွားကြောင်း သိလိုက်ရသည်။
သို့သော်လည်း ယခုအချိန်ကစပြီး သူ တကယ့်ကို အတည်အလင်း အစွမ်းပြတော့မည် ဖြစ်သည်။