အခန်း (၆၃)
Vol. 7 Ch. 63
အခန်း ၆၃- မာဟုန်ကျွင်း
တစ်ချိန်တည်းမှာပင် စနစ်၏ အကြောင်းကြားသံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ထိုက်လုံကို အနိုင်ယူခြင်းက ကံကောင်းခြင်းစွမ်းအား ဆုလာဘ်အနည်းငယ်သာ ရရှိစေသည်။
သို့သော်လည်း ရှောင်ချန်ယွီအတွက်မူ ခြင်တစ်ကောင်က သေးငယ်သော်လည်း အသားသည် အသားပင် ဖြစ်သည်။
ထန်စန်းက ဇာတ်လိုက်၏ ကံကောင်းခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ အစောပိုင်းအဆင့်များတွင် ထန်စန်းကို တိုက်ရိုက်သတ်ဖြတ်ခြင်းဖြင့် အခြားတစ်ဖက်သား၏ ကံကောင်းခြင်းစွမ်းအားကို လုယူရန် မဖြစ်နိုင်ပေ။
ဘေးပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများကို ပြုလုပ်ပြီး အခြားတစ်ဖက်သား၏ ကံကောင်းခြင်းစွမ်းအားနှင့် အခွင့်အရေးများကို လုယူရန် သွယ်ဝိုက်သော နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။
ဤထိုက်လုံသည် ခွန်အားမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း အနာဂတ်တွင် ထန်စန်း၏ လက်အောက်ခံတစ်ဦး ဖြစ်လာလိမ့်မည်။
သို့သော်လည်း သူ၏ပါရမီက သာမန်အဆင့်သာ ဖြစ်သဖြင့် အနာဂတ်တွင် နတ်ဘုရားအဆင့်သို့ မရောက်ရှိနိုင်ချေ။
ထို့ကြောင့် သူသည်ထန်စန်းကို ကူညီနိုင်စွမ်းမှာ အနည်းငယ်မျှသာ ဖြစ်သည်။
သူ့ကို အနိုင်ယူခြင်းက များပြားသော ဆုလာဘ်များ မဆောင်ကျဉ်းပေးနိုင်သည်မှာ သိသာလှသည်။
သို့သော် ထိုက်လုံသည် စတင်လှုံ့ဆော်ပေးသူမျှသာ ဖြစ်သည်။
ထိုက်လုံ အရိုက်ခံရခြင်းက ရှီလိုင်ခဲအကယ်ဒမီ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။
ရှီလိုင်ခဲအကယ်ဒမီသာ ပေါ်လာလျှင် ထန်စန်းကကော ပုန်းကွယ်နေနိုင်ဦးမည်လား။
အချိန်ကျလာလျှင် ၎င်းက ကံကောင်းခြင်းစွမ်းအားနှင့် အခြားဆုလာဘ်အမျိုးမျိုးကို ရယူရန် နောက်ထပ် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာလိမ့်မည်။
“ရပ်လိုက်စမ်း။"
ထိုက်လုံတစ်ယောက် စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်လုနီးပါး ဖြစ်နေစဉ်မှာပင် ကြမ်းတမ်းသော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာပြီး ရှောင်ချန်ယွီ၏ အကြမ်းဖက်မှုကို တားဆီးချင်ပုံရသည်။
၎င်းက အသက် တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ခန့် ရှိပြီး မိုဟော့ခ် ပုံစံ ဆံပင်နီနီနှင့် နှုတ်ခမ်းမွေးစိစိလေး နှစ်ချောင်းရှိသော ဝဝတုတ်တုတ် ကောင်လေးတစ်ယောက် ဖြစ်သည်။
သူ၏မျက်လုံးများက ဘေးဘီသို့ ဝေ့ဝဲကြည့်နေပြီး ယုတ်ညံ့ပြီး မကောင်းဆိုးဝါးဆန်သော အငွေ့အသက်အချို့ ထွက်ပေါ်နေသဖြင့် လူများကို ဗီဇအရပင် ရှောင်ရှားချင်စိတ် ဖြစ်ပေါ်စေသည်။
“အစ်ကို ကျွင်း"
ထိုဝတုတ်ကြီး၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ထိုက်လုံတစ်ယောက် ဝမ်းသာလွန်း၍ မျက်ရည်မဆည်နိုင် ဖြစ်သွားခဲ့ရသည်။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ မီးဖီးနစ်ဝိဉာဥ်ကို ပိုင်ဆိုင်ထားပြီး ရှီလိုင်ခဲခုနစ်ဖော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျောင်းသားအစစ်အမှန်လည်း ဖြစ်သော မာဟုန်ကျွင်း ပင် ဖြစ်သည်။
ထိုက်လုံတစ်ယောက် အပြင်တွင် မောက်မာပြနေသည်ကို မကြည့်ပါနှင့်။ လက်တွေ့တွင်မူ သူက ရှီလိုင်ခဲအကယ်ဒမီ၏ အရန်ကျောင်းသားတစ်ဦးသာ ဖြစ်သည်။
သို့သော် မာဟုန်ကျွင်းကမူ ကျောင်းသားအစစ်အမှန် ဖြစ်သည်။
၎င်းက မာဟုန်ကျွင်း၏ အင်အားက ထိုက်လုံထက် ပိုမိုကြီးမားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“ထိုက်လုံ...မင်း ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေ ရောက်သွားရတာလဲ။ ဒီကောင်က မင်းကို ရိုက်လိုက်တာလား။"
ယခုအချိန်တွင် မာဟုန်ကျွင်းသည်လည်း ထိုက်လုံ၏ ဖူးရောင်နေသော မျက်နှာကို မြင်ပြီး ထိတ်လန့်သွားခဲ့သည်။
မာဟုန်ကျွင်းသည် လမ်းလျှောက်နေစဉ်အတွင်း ထိုက်လုံ လိုက်လံရိုက်နှက်ခံနေရသည့် မြင်ကွင်းကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုက်လုံက ရှီလိုင်ခဲအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ လူပုံအလယ်တွင် ယခုကဲ့သို့ အရိုက်ခံနေရသဖြင့် မာဟုန်ကျွင်းအနေဖြင့် တားဆီးရန် စကားပြောရခြင်း ဖြစ်သည်။
သို့သော်လည်း မာဟုန်ကျွင်းကိုယ်တိုင်ပင် ထိုက်လုံ ဤမျှလောက် သနားစရာကောင်းအောင် အရိုက်ခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
ထိုက်လုံက မူလကတည်းက ရုပ်ဆိုးလှသည်။ ယခု အရိုက်ခံရပြီးနောက်တွင်မူ သူ့မိဘတွေတောင် သူ့ကို မှတ်မိကြတော့မည်မဟုတ်ချေ။
မာဟုန်ကျွင်းက ရှောင်ချန်ယွီကို တစ်ချက်ကြည့်လိုက်ပြီး မယုံနိုင်စရာကောင်းလောက်အောင် ခေါင်းခါလိုက်သည်။
'ဒီလို ချောမောလှပတဲ့မျက်နှာနဲ့ သူက ထိုက်လုံကို အနိုင်ယူနိုင်တယ် ဟုတ်လား။'
ထိုက်လုံက ရှီလိုင်ခဲအသင်းတွင် အရန်လူသာ ဖြစ်နိုင်သော်လည်း၎င်းက အဓိကအားဖြင့် ထန်စန်းအပါအဝင်ရှီလိုင်ခဲအသင်းကလူများအားလုံးက ဇာတ်လိုက်အဆင့် သတ်မှတ်ချက်များ ရှိကြပြီး အလွန်အမင်း အစွမ်းထက်လွန်းသောကြောင့်သာ ဖြစ်သည်။
ထိုက်လုံ၏ အဆင့် ၄၅ ရှိသော အင်အားနှင့်ဆိုလျှင် အခြားသော ကျောင်းငယ်လေးများ၏ အသင်းတွင် ထားရှိပါက သူက အသင်းခေါင်းဆောင်ဖြစ်ရန် လုံလောက်သော အရည်အချင်းရှိပြီးသား ဖြစ်သည်။
“အစ်ကို ကျွင်း သူပဲ ကျွန်တော့်အတွက် ဒီဒေါသကို ဖြေဖျောက်ပေးပါဦး။ ဒီကောင်က တတိယအစ်ကို ကိုလည်း အထင်သေးသလို ကျွန်တော်တို့ ရှီလိုင်ခဲအကယ်ဒမီကိုလည်း အထင်သေးနေတာ။"
မာဟုန်ကျွင်း ရောက်လာသည်ကို မြင်သောအခါ ထိုက်လုံက ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရှောင်ချန်ယွီထံသို့ လက်ညှိုး ချက်ချင်းထိုးပြလိုက်သည်။
မာဟုန်ကျွင်းလည်း ထိုက်လုံညွှန်ပြရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ ရှောင်ချန်ယွီ ရှောင်ဝူနှင့် အခြားသူများကို မြင်တွေ့လိုက်ရသည်။
ရှောင်ချန်ယွီကို ပထမဆုံး မြင်လိုက်ရသည့် အခိုက်အတန့်တွင် မာဟုန်ကျွင်းတစ်ယောက် တကယ်ကို မနာလိုဖြစ်သွားရကြောင်း ဝန်ခံရမည်ဖြစ်သည်။
'သောက်ရမ်းချောတယ်။'
ရှောင်ချန်ယွီက အရမ်းကို ချောမောလွန်းလှသည်။
မာဟုန်ကျွင်း၏ ဖြူဖြူဝဝ ရုပ်ရည်က ချောမောခြင်းနှင့် လုံးဝမသက်ဆိုင်သဖြင့် သူက ချောမောသော ယောကျာ်းလေးများကို မြင်လျှင် မနာလိုခြင်း မုန်းတီးခြင်းတို့မှတစ်ပါး အခြားမရှိချေ။
မာဟုန်ကျွင်း၏ မျက်လုံးထဲတွင် ရှောင်ချန်ယွီ၏ ရုပ်ရည်မှာ သိသိသာသာကို မင်းသားချောလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ထို့နောက် ရှောင်ချန်ယွီ၏ ဘေးနားကို ကြည့်လိုက်ရာ ဘယ်ဘက်တွင် ရှောင်ဝူနှင့် ညာဘက်တွင် ရဲ့လင်လင်တို့ ရှိနေပြီး နှစ်ယောက်စလုံးကို ပွေ့ပိုက်ထားနိုင်သဖြင့်သူက ဘဝရဲ့ စစ်မှန်တဲ့ အောင်နိုင်သူတစ်ဦး ဖြစ်နေသည်။
“မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါတို့ ရှီလိုင်ခဲအကယ်ဒမီကို ဆန့်ကျင်နေရတာလဲ။"
မာဟုန်ကျွင်းက ရှောင်ချန်ယွီကို မဖော်ရွေသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူက ဒီလိုလူမျိုးတွေကို အမုန်းဆုံး ဖြစ်သည်။
'ချောမောပြီး မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့သူမျိုးပေါ့'
'ဒီလို ကောင်မျိုးကို ငါ မာဟုန်ကျွင်းအနေနဲ့ လုံးဝခွင့်မလွှတ်နိုင်ဘူး။'
မာဟုန်ကျွင်းသည် တောင်ပေါ်ရွာလေးတစ်ရွာမှ ပျံသန်းလာသော ရွှေဖီးနစ်ငှက်တစ်ကောင် ဖြစ်ပြီး ရွာတစ်ခုလုံး၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
ထို့ကြောင့် သူ၏ပါရမီက အထူးခြားဆုံးမဟုတ်သော်လည်း သူ၏ယုံကြည်မှုကတော့ အပြည့်အဝ ရှိနေသည်။
ဤအချက်ကြောင့်ပင် ရှီလိုင်ခဲခုနစ်
ဖော်ထဲတွင် သူက ဟန်ရေးပြရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ သူက အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ဖြစ်ပြီး အန္တရာယ်ရှိလာလျှင် အရှေ့ဆုံးကနေ အမြဲတမ်း ပြေးဝင်လေ့ရှိသည်။
ယခုအခါတွင်လည်း ထိုက်လုံ အရိုက်ခံရသည်ကို မြင်သောအခါ မာဟုန်းကျွင်းက အမှားအမှန်ကို ဂရုမစိုက်ဘဲ ရှေ့သို့ တည့်တည့်ပြေးဝင်သွားတော့သည်။
ရှီလိုင်ခဲအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူက မိမိလူကို ကာကွယ်ရန်သာ သိပြီး အကြောင်းပြချက်များကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။
ယခုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း အံ့အားသင့်စွာဖြင့် မအော်ဘဲ မနေနိုင်ကြတော့ပေ။
“မာဟုန်ကျွင်းပဲ။ သူက ရှီလိူင်ခဲအသင်းရဲ့ အဓိက တိုက်စစ်မှူးလေ။"
“မာဟုန်ကျွင်းရဲ့ မီးလျှံတွေက အတော်လေး အစွမ်းထက်တာ။ သူ့ရဲ့ မကောင်းဆိုးဝါးမီးဖီးနစ် ဝိဉာဥ်က အလွန်ရှားပါးတဲ့ သားရဲတစ်ကောင်ဖြစ်ပြီး အနာဂတ်မှာ နတ်ဘုရားသားရဲ အဖြစ်တောင် အဆင့်ဆင့်ပြောင်းလဲနိုင်တယ်လို့ ပြောကြတယ်။"
“မကြာသေးခင်က ကျင်းပခဲ့တဲ့ အဆင့်မြင့် ဝိဉာဥ်သခင် အကယ်ဒမီ ပထမအဆင့်ပြိုင်ပွဲတုန်းက ဒီမာဟုန်ကျွင်းက မီးတောက်အသင်းရဲ့ အသင်းခေါင်းဆောင်ရဲ့ စွမ်းအားစုကို မီးလျှံတစ်ခုထဲနဲ့ တိုက်ရိုက်အနိုင်ယူခဲ့တာ။"
"မီးတောက်အသင်း ဟုတ်လား။ အဲဒါ မီးကို အထူးပြုတဲ့ အသင်းလေ။အသင်းခေါင်းဆောင် ဟော်ဝူရှန်းက ဂျိုတစ်ချောင်းမီးတောက်နဂါးဘုရင် ဝိဉာဥ်ကို ပိုင်ဆိုင်ထားပြီး အဆင့် ၅၃ ရှိတဲ့ တိုက်ခိုက်ရေးဝိဉာဥ်သခင် လေ။ သူတောင် မာဟုန်ကျွင်းကို မနိုင်ခဲ့ဘူးလား။"
“အဲဒါ ရှီလိုင်ခဲအသင်းရဲ့ အင်အားပေါ့။ ဒီမာဟုန်းကျွင်းက ဟော်ဝူရှန်းထက် အသက်ငယ်ပေမဲ့ အဆင့် ၅၄ကိုရောက်နေပြီ။"
“အခုတော့ပွဲကြီးပွဲကောင်းပဲ ရှောင်ချန်ယွီကလည်း စောစောက မီးလျှံတွေကို သုံးခဲ့တာမလား။ ဘယ်သူ့ရဲ့ မီးလျှံက ပိုပြီး အစွမ်းထက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီ။"