← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

အခန် ၆၄- စစ်ကူသာ ထပ်ခေါ်လိုက်စမ်းပါ။

ပတ်ဝန်းကျင်မှ စကားပြောသံများသည် မာဟုန်းကျွင်း၏ နားထဲသို့ ပျံ့လွင့်ဝင်ရောက်လာသည်။ ရှောင်ချန်ယွီကလည်း မီးကိုအသုံးပြုပြီး ထိုက်လုံကို အနိုင်ယူခဲ့ခြင်းဖြစ်ကြောင်း မာဟုန်းကျွင်း သိလိုက်ရသောအခါ သူ၏စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။

"မီးချင်း ယှဉ်မလို့လား။ ငါ့ရဲ့ မကောင်းဆိုးဝါးမီး ဖီးနစ်ကမှ တကယ်ကို စစ်မှန်တဲ့ ဘုရင်ပဲ။"

မာဟုန်ကျွင်းတစ်ယောက် စိတ်အေးသွားကာ ရဲတင်းသွားတော့သည်။

ရှီလိုင်ခဲအကယ်ဒမီတွင် ဆောင်ပုဒ်တစ်ခုရှိသည်။ ပြဿနာရှာရန် မဝံ့ရဲသော ဝိဉာဥ်သခင်သည် သာမန်ပါရမီရှင်သာ ဖြစ်သည်ဟူ၍ ဖြစ်၏။

သို့သော်လည်း ရှီလိုင်ခဲအကယ်ဒမီက အလွန်ပါးနပ်လှသည်။ သူတို့ ပြဿနာရှာတော့မည်ဆိုလျှင် အရင်ဆုံး အခြားတစ်ဖက်သား၏ အင်အားကို ချိန်ဆလေ့ရှိကြသည်။

အကယ်၍ အခြားတစ်ဖက်သားက အလွန်အမင်း အစွမ်းထက်နေပါက သူတို့က မြစ်တစ်စင်းရဲ့ အရှေ့ဘက်ကမ်းမှာ အနှစ်သုံးဆယ်အနောက်ဘက်ကမ်းမှာ အနှစ်သုံးဆယ်ဟု ပြောကာ နောက်မှစာရင်းရှင်းရန် ရွှေ့ဆိုင်းလိုက်လေ့ရှိသည်။

သို့မဟုတ်လျှင်လည်း သူတို့နောက်ကွယ်က ကျောထောက်နောက်ခံကို ထုတ်ပြပြီး တစ်ဖက်လူကို ခြောက်လှန့်မောင်းထုတ်လေ့ရှိကြသည်။

အကယ်၍ တစ်ဖက်လူ၏အင်အားက ရှီလိုင်ခဲအကယ်ဒမီထက် နိမ့်ကျနေပါက သူတို့က ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်နေသကဲ့သို့ ပြုမူတတ်ကြသည်။

ထိုက်လုံ၏ အင်အားက မနည်းလှပေ။ သူက အဆင့် ၄၅ တွင်သာ ရှိသော်လည်း သူ့ကို အလဲထိုးရန်အတွက် မာဟုန်ကျွင်းကိုယ်တိုင်ပင် အားစိုက်ထုတ်ရမည် ဖြစ်သည်။

ယခုအခါ ရှောင်ချန်ယွီသည် မီးအသုံးပြုခြင်း၌သာ ကျွမ်းကျင်ပြီး သူ၏စစ်မှန်သော အင်အားမှာ ဘာမှမဟုတ်ကြောင်း သိလိုက်ရသဖြင့် မာဟုန်ကျွင်းတစ်ယောက် စိတ်သက်သာရာရသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်မှာ သိသိသာသာပင် အဆင့် ၁၉ ဝန်းကျင်၌သာ ရှိနေသည်။

အဆင့် ၁၉ ရှိသော ဝိဉာဥ်သခင်တစ်ဦးက ထိုက်လုံကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ထိုက်လုံဘက်က အမှတ်တမဲ့ ဖြစ်သွားခြင်းနှင့် ထိုကောင်၏ မီးတောက်က အတန်ငယ် အစွမ်းထက်နေခြင်းကြောင့်သာ ဖြစ်တန်ရာသည်။

ရှောင်ချန်ယွီသည် လှည့်ကွက်အချို့ကို သုံးပြီး ထိုက်လုံကို ကလိန်ကကျစ်ကျကာ အနိုင်ယူခဲ့ခြင်းမှာ ထင်ရှားလှသည်။

"ဒီလိုဆိုရင်တော့ ငါ မာဟုန်ကျွင်းအနေနဲ့ စိတ်အေးလက်အေး ကိုင်တွယ်လို့ရပြီပေါ့။"

"လူချောလေး... ဒူးထောက်ပြီး မင်းရဲ့အမှားကို ဝန်ခံစမ်း။ ပြီးရင် မင်းပါးစပ်ကို မင်းကိုယ်တိုင် သုံးချက်ရိုက်လိုက်။ အဲဒါနဲ့အတူ မင်းဘေးက မိန်းကလေးနှစ်ယောက်ကိုပါ ငါ့ဆီ လွှဲပေးလိုက်ရင် မင်းရဲ့ မရိုမသေမှုကို ငါ ခွင့်လွှတ်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။"

"မဟုတ်ရင်တော့... ရှီလိုင်ခဲအကယ်ဒမီကို စော်ကားလို့မရဘူးဆိုတာ မှတ်ထားလိုက်။"

မာဟုန်းကျွင်၏ မျက်လုံးထဲတွင် ရမ္မက်ဇောများ ဖျတ်ခနဲ လက်သွားပြီး ရှောင်ဝူနှင့် ရဲ့လင်လင်တို့ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ကာ အကဲခတ်လိုက်သည်။

ဝိဉာဥ်ကုန်းမြေတွင် မာဟုန်ကျွင်းသည် ဇာတ်လိုက်ထန်စန်း၏ နောက်သို့ အမြဲလိုက်ပါခဲ့သဖြင့် လူအများစုက သူ့ကို အတုယူစရာကောင်းသော အောင်မြင်သူတစ်ဦးအဖြစ် မြင်ကြသည်။

သာမန်ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သော မကောင်းဆိုးဝါးမီး ဖီးနစ်ဘဝမှသည် နောက်ဆုံးတွင် အဆင့်နှစ် နတ်ဘုရားတစ်ပါးဖြစ်သော ဖီးနစ်နတ်ဘုရား ဖြစ်လာခဲ့ရုံတင်မကဘဲ ချောမောလှပပြီး ချမ်းသာကြွယ်ဝသော ပိုင်ချန်ရှန်း နှင့်ပင် လက်ထပ်နိုင်ခဲ့ခြင်းမှာအခြေခံလူတန်းစားတစ်ဦး၏ စံပြအောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါလား။

သို့သော်လည်း လက်တွေ့တွင် မာဟုန်ကျွင်းသည် ဘယ်တုန်းကမှ လူကောင်းတစ်ယောက် မဟုတ်ခဲ့ချေ။

အရွယ်မရောက်ခင်ကတည်းက သူ၏ မကောင်းဆိုးဝါးမီး ဖီးနစ် ဝိဉာဥ်မှာ ထိန်းချုပ်မှု လွတ်သွားတတ်သဖြင့် သူက ပြည့်တန်ဆာအိမ်များတွင်သာ အချိန်ကုန်လွန်စေခဲ့သည်။ ထိုကဲ့သို့သောလူစားမျိုးက မည်သို့လျှင် လူကောင်းလူမွန်တစ်ယောက် ဖြစ်နိုင်ပါမည်နည်း။

ထို့အပြင် မာဟုန်ကျွင်းသည် ကျင့်ကြံခြင်းပိုင်းတွင် ပါရမီအချို့ ရှိကောင်းရှိနိုင်သော်လည်း သူကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိဘဲ ထိုပါရမီကို ဖြုန်းတီးခဲ့သူ ဖြစ်သည်။

သူ၏ အပေါင်းအဖော်များအားလုံး နတ်ဘုရား ဖြစ်လာကြချိန်တွင် သူ၌လည်း မီးတောက်နတ်ဘုရားဖြစ်လာနိုင်ပြီး သူ၏ချစ်သူ ပိုင်ချန်ရှန်းကို နတ်ဘုရားဘုံသို့ အတူခေါ်ဆောင်သွားနိုင်မည့် အခွင့်အရေး အထင်အရှား ရှိခဲ့သည်။

သို့သော် သူက ကြိုးစားမှုအားနည်းသဖြင့် အဆင့်မြှင့်တင်ခြင်း ကျရှုံးခဲ့ပြီး အဆင့်နှစ် ဖီးနစ်နတ်ဘုရားသာ ဖြစ်လာခဲ့ကာ သူ၏ချစ်သူနှင့် ရှင်ကွဲခွဲခွာခဲ့ရပြီး ရှီလိုင်ခဲခုနစ်ယောက်အဖွဲ့တွင် သနားစရာအကောင်းဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ရသည်။

ယင်းက မိမိကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုလွန်ကဲခြင်းသည် ကျရှုံးခြင်းသို့ မလွဲမသွေ ဦးတည်စေပြီး အချို့သော ကျရှုံးမှုများသည် တစ်သက်တာလုံး နာကျင်မှုကို ဆောင်ကြဉ်းပေးရန် ရေစက်ပါလာတတ်ကြောင်း ပြသနေသည်။

မာဟုန်ကျွင်း၏ မောက်မာလွန်းသော စရိုက်ကပင် သူ၏ ကျရှုံးခြင်း အရင်းအမြစ် ဖြစ်သည်။

မာဟုန်ကျွင်း၏ စိတ်ဆိုးဒေါသကလည်း အလွန် ဆိုးဝါးလှသည်။

မူရင်းဇာတ်လမ်းတွင် ထန်စန်းက မာဟုန်ကျွင်းနှင့် ပထမဆုံး စတင်တွေ့ဆုံစဉ်က မိန်းကလေးတစ်ယောက်နှင့် လမ်းခွဲနေသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုမိန်းကလေး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေပြီး လမ်းမခွဲချင်သော်လည်း မာဟုန်ကျွင်း၏ စရိုက်ဆိုးလွန်းလှသဖြင့် ပြတ်ပြတ်သားသား စကားဆိုခဲ့ခြင်း ဖြစ်သည်။

သူ ဒေါသထွက်လာတိုင်း ဖီးနစ်မီးလျှံများကို တောက်လောင်စေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များကိုပါ ထိခိုက်စေခဲ့သည်။

မာဟုန်ကျွင်းသည် ပိုင်ချန်ရှန်းနှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူ၏ဗီဇက ပြောင်းလဲမသွားခဲ့ချေ။ ပိုင်ချန်ရှန်းက သူ့ကို အေးစက်စွာ ဆက်ဆံသောအခါ သူက စိတ်ဓာတ်ကျလွယ်ပြီး ထိုအချစ်ရေးကို အလွယ်တကူ လက်လျှော့ချင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်ရှိသော ခုနစ်ယောက်အဖွဲ့ဝင်များက သူတို့နှစ်ဦးကို အတင်းအကျပ် နီးစပ်အောင် ဖန်တီးပေးခဲ့ကြသည်။ အထူးသဖြင့် ထန်စန်းက သူမ၏ ဝမ်းကွဲအစ်ကိုပီပီ ဖူးစာရှင်အဖြစ် ကြားခံဆောင်ရွက်ပေးခဲ့သဖြင့်သာ သူတို့နှစ်ဦး အတူတူရှိခွင့် ရခဲ့ကြခြင်း ဖြစ်သည်။

သူ အမှန်တကယ်ချစ်ရသောသူနှင့် တွေ့ဆုံပြီးနောက် နောက်ပိုင်းအဆင့်များတွင် မာဟုန်ကျွင်း၏ စရိုက်က အနည်းငယ် နူးညံ့သွားနိုင်သော်လည်း ကျားသေကို အကွက်ဖျောက်၍မရချေ။ အနာဂတ်တွင် သူ မည်သို့ဖြစ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။

သူ့ဝိဉာဥ်ထူးခြားသော သဘာဝကြောင့် သူသည် အစမှအဆုံးအထိ အပေါင်းအသင်းလုပ်ရန် လွယ်ကူသောလူတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးချေ။

သူ၏ပင်ကိုယ်စရိုက်မှာ လူကို အလွန်ပင် ပင်ပန်းစေလှသည်။

"စကားတွေကတော့ အကြီးကြီးပဲ။ရှီလိိုင်ခဲအကယ်ဒမီ ဟုတ်လား။ ရှီလိုင်ခဲဆိုတာနတ်ဆိုး လို့ အဓိပ္ပာယ်ရတာဆိုတော့ မင်းတို့ရဲ့ ကျောင်းအုပ်ကြီးက မင်းတို့အပေါ် မျှော်လင့်ချက်တွေ အကြီးကြီး ထားပုံရတယ်။"

"ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ရှီလိုင်ခဲ ဖြစ်ဖို့ထက် ရှ (ကလိန်ကကျစ်ကျတာ) ဆိုတဲ့ အဆင့်လောက်ပဲ မင်းတို့ ရောက်ပါသေးတယ်။"

မာဟုန်ကျွင်းက မောက်မာစွာ စကားပြောလိုက်သဖြင့် ရဲ့လင်လင်က မျက်မှောင်ကြုတ်လိုက်မိသည်။ မာဟုန်ကျွင်းနှင့် ရှီလိူင်ခဲအကယ်ဒမီတစ်ခုလုံးအပေါ် ထားရှိသော သူမ၏အမြင်မှာ ချက်ချင်းပင် ထိုးဆင်းသွားခဲ့ရသည်။

ထျန်းတိုမြို့တော်တွင် ရှီလိုင်ခဲအကယ်ဒမီကို ယခုနှစ် အဆင့်မြင့်စွမ်းအားစုသခင် အကယ်ဒမီပြိုင်ပွဲ၏ မြင်းနက်အသင်းဟု လူပြောများနေကြသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော်လည်း...

ရဲ့လင်လင်သည် ရှီလိုင်ခဲအကယ်ဒမီ၏ အဖွဲ့ဝင်နှစ်ဦးကို မိမိမျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

မာဟုန်ကျွင်းဖြစ်စေ ထိုက်လုံဖြစ်စေ နှစ်ယောက်စလုံးမှာ အလွန်အမင်း ရွံရှာဖွယ်ကောင်းသော စရိုက်များ ရှိကြသည်။

ခဏမျှအတွင်းမှာပင် ရှီလိုင်ခဲအကယ်ဒမီနှင့် ပတ်သက်၍ ရဲ့လင်လင်က ဤသို့သာ ပြောချင်တော့သည်။

"ဒါက ဘယ်လိုတောင် အမှိုက်ပုံကြီးလဲ။"

"ရှီလိုင်ခဲအကယ်ဒမီက လူတွေအားလုံးက ဒီလောက်အထိ ဆင်ခြင်နိုင်စွမ်းမရှိ ကြတာလား။"

ရှောင်ဝူလည်း ဒေါသထွက်နေပြီး ဤမာဟုန်ကျွင်းကို ပြေး၍ ပညာပေးချင်စိတ် ပေါက်နေမိသည်။

၎င်းက သိသိသာသာပင် ဤထိုက်လုံက သူတို့ကို အရင်လာရောက် ရန်စခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား ထိုသို့ဖြစ်ပါလျက် မာဟုန်ကျွင်းက ရှီလိုင်ခဲအကယ်ဒမီ၏ နာမည်ကို ဆွဲသွင်းပြီး ဗိုလ်ကျနေရသလော။

မူလက ရှောင်ချန်ယွီ ရှောင်ဝူနှင့် ရဲ့လင်လင်တို့သည် ငြိမ်းချမ်းစွာ စားသောက်နေကြစဉ် ဤထိုက်လုံက အတင်းအဓမ္မ ဝင်ရောက်လာပြီး သူတို့က ထန်စန်းကို စော်ကားခဲ့သည်ဟု စွပ်စွဲကာ ရှောင်ချန်ယွီကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူက စည်းကျော်သော စကားပေါင်းများစွာကိုလည်း ပြောဆိုခဲ့သေးသည်။

ထိုကဲ့သို့သော ထိုက်လုံမျိုးက အရိုက်ခံရရန် မထိုက်တန်လော။

ရှောင်ချန်ယွီ၏ ထန်စန်းအပေါ် သုံးသပ်ချက်မှာ အလွန်လက်တွေ့ကျပြီး လွန်လွန်ကဲကဲ ပြောဆိုထားခြင်းမျိုး မဟုတ်သည်ကိုပင် ထည့်မတွက်ထားရသေးချေ။

"ရှောင်ချန်ယွီက ထန်စန်းကို ဆဲဆိုခဲ့ရင်တောင်ထိုက်လုံ... နင်နဲ့ ဘာဆိုင်လို့လဲ။

"ပြီးတော့ ရှီလိုင်ခဲကယ်ဒမီကို စော်ကားလို့မရဘူး...ဟုတ်လား။"

"ငါကြည့်ရသလောက်တော့ နင်တို့က နင်တို့ဘာသာ ရှာပြီး အရှက်ခွဲနေကြတာ။"

သို့သော်လည်း ဤမာဟုန်ကျွင်း၏ အငွေ့အသက်မှာ အဆင့် ၅၄ သို့ရောက်ရှိနေပြီ ဖြစ်သည်။

ရှောင်ဝူ၏ အင်အားနှင့်ဆိုလျှင် မာဟုန်ကျွင်းကို သေချာပေါက် အနိုင်ရနိုင်သော်လည်း အတော်လေးတော့ အားစိုက်ထုတ်ရလိမ့်မည်။

ဤကောင်၏ မကောင်းဆိုးဝါးမီး ဖီးနစ်စွမ်းအားစု အရည်အသွေးမှာမူ နိမ့်ကျလှသည်တော့ မဟုတ်ချေ။

"ဒါဆိုလည်း သာမန်တောကြက်တစ်ကောင်ပဲပေါ့ ကြက်တစ်ကောင်ဖြစ်နေမှတော့ မင်းရဲ့ ကြက်ခြံထဲမှာပဲ နေစမ်းပါ။ ဘာဖြစ်လို့ နေ့ခင်းကြောင်တောင်ကြီးမှာ ခွေးတစ်ကောင်လို လိုက်ဟောင်နေရတာလဲ။"

ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် ထက်မြက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူ၏အသံတွင် နက်ရှိုင်းသော အအေးဓာတ်တစ်ခု စိမ့်ဝင်နေသည်။

သူ ထျန်းတိုမြို့တော်သို့ ရောက်ရှိလာကတည်းက ထန်စန်းနှင့် ထိပ်တိုက်တွေ့ရန်မှာ ရှောင်လွှဲ၍မရသော အရာဖြစ်သည်။

ဘာပဲဖြစ်ဖြစ်... သူ ရှောင်ချန်ယွီက ထန်စန်း အမြဲတမ်း အနိုင်ယူချင်နေသည့် ဗီလိန်တစ်ယောက်ပဲလေ။

ပြီးတော့ ရှီလိုင်ခဲအကယ်ဒမီက ထန်စန်း၏ အခြေစိုက်စခန်း ဖြစ်သည်။

ရှီလိုင်ခဲအကယ်ဒမီ၏ ဆရာများဖြစ်စေကျောင်းသားများဖြစ်စေ အားလုံးက အနာဂတ်တွင် ထန်စန်း၏ လက်ရုံးများ ဖြစ်လာကြမည့်သူများ ဖြစ်သည်။

မာဟုန်ကျွင်းလည်း အပါအဝင် ဖြစ်သည်။

ဤကောင်၏ စရိုက်က ဆိုးဝါးပြီး ကျင့်ကြံခြင်းပိုင်းတွင် ပျင်းရိကာ စိတ်အားထက်သန်မှု မရှိသော်လည်း သူ၏ အနာဂတ် အောင်မြင်မှုမှာ အဆင့်နှစ် နတ်ဘုရားဖြစ်သော ဖီးနစ်နတ်ဘုရား ဖြစ်သည်။

တစ်သက်လုံး ပင်ပင်ပန်းပန်း ကျင့်ကြံအားထုတ်ခဲ့ကြသော ဝိဉာဥ်သခင်အများအပြားပင် ဝိဉာဥ်တုံ့လောအဆင့်သို့ပင် မရောက်ရှိနိုင်ကြသည်ကို သတိပြုရမည်။

ဝိဉာဥ်ကုန်းမြေပေါ်တွင် ဝိဉာဥ်၏ အရည်အသွေးကသာ အရာရာကို အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။

ပါရမီရှိလျှင် မိမိလုပ်ချင်ရာကို လုပ်ပိုင်ခွင့်ရှိသည်။

ရယ်စရာကောင်းသည်မှာ ရှီလိုင်ခဲအကယ်ဒမီ၏ ယွီရှောင်ကန်း က အမှိုက်ဝိဉာဥ်ဆိုတာ မရှိဘူး။ အမှိုက်ဝိဉာဥ်သခင်ပဲ ရှိတယ် ဟု တစ်နေ့လုံး လိုက်လံပြောဆိုနေခြင်း ဖြစ်သည်။

သူကိုယ်တိုင်ကပင် အကြီးမားဆုံးသော ပြက်လုံးကြီးတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

"ကောင်လေး... မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့ ဟုတ်လား။"

ရှောင်ချန်ယွီ၏ စကားကို ကြားလိုက်ရသောအခါ မာဟုန်ကျွင်းတစ်ယောက် ဒေါသကြောင့် သွေးဆူသွားတော့သည်။

All Chapters