← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂) နန်ကုန်းရိုရွှေ၏ အလည်အပတ်

ယဲ့ကျင်းလင် တွေးတောနေစဉ်မှာပင် တံခါး ဖြည်းညင်းစွာ ပွင့်သွားပြီး လှပကျော့ရှင်းသော ပုံရိပ်တစ်ခု အထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။

ဤသည်ကို မြင်ချိန်တွင် ယဲ့ကျင်းလင်သည် မပျော်ရွှင်ဘဲ မနေနိုင်တော့ဘဲ အလျင်အမြန် စိုက်ကြည့်ကာ မေးလိုက်၏။

"ချိုးယဲ့... နင် အောင်မြင်သွားပြီလား..."

မမှားပေ။ အပြင်သို့ ထွက်လာသူမှာ ချိုးယဲ့ပင် ဖြစ်သည်။

ဤစကားကို ကြားချိန်တွင် ချိုးယဲ့၏ မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ အလိုအလျောက် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ယဲ့ကျင်းလင်၏ မျက်လုံးများ အနည်းငယ် ပွင့်ကျယ်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာကာ သူမကို ဖမ်းဆွဲရန် အလျင်အမြန် ရှေ့တိုး၍ မေးလိုက်၏။

"ချိုးယဲ့... နင် ပြောစမ်း... နင် အောင်မြင်သွားတာလား..."

ချိုးယဲ့က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"အောင်မြင်ပြီ... သခင်လေးက ကျွန်မတို့ကို အသိအမှတ်ပြုလိုက်ပြီ..."

ဤစကားကို ကြားချိန်တွင် ယဲ့ကျင်းလင် မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ထဲ၌ အံ့အားသင့်သွားခဲ့သည်။

‘သူမက ခေါ်ဝေါ်ပုံကိုပါ ပြောင်းလဲလိုက်ပြီလား’

သူမက အလျင်အမြန် မေးလိုက်၏။ "တကယ်လား... ငါ့ကို ပြောပြစမ်း... နင်တို့ ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲ..."

ဤစကားကို ကြားချိန်တွင် ချိုးယဲ့က ယဲ့ကျင်းလင်ကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "ငါ အရင် သွားလုပ်စရာရှိတာ လုပ်လိုက်ဦးမယ်... သခင်လေးကိစ္စ ပြီးမှ နင့်ကို နောက်မှ ပြန်ပြောပြမယ်..."

"ကောင်းပြီလေ..."

ဤစကားကို ကြားချိန်တွင် ယဲ့ကျင်းလင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ချိုးယဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယဲ့ကျင်းလင်သည် တွေးတောနေမိပြီး သူမ၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးနေကာ မျှော်လင့်ချက်များထဲတွင် စိုးရိမ်မှုများ ရောယှက်နေသော်လည်း သိချင်စိတ်ပြင်းပြမှုကြောင့် အံ့အားသင့်နေသော အသွင်ရှိသည်။

သို့ရာတွင် ထိုအချိန်၌ သူမသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရပြီး မတွန့်ဆုတ်ဘဲ မနေနိုင်တော့ချေ။

"ကြည့်ရတာ... ချိုးယဲ့ လမ်းလျှောက်တာ တစ်ခုခု မှားယွင်းနေသလိုပဲ... တကယ်လို့များ..."

'တကယ်လို့ အဲဒီလိုသာဆိုရင်... ငါ အဲဒီနည်းလမ်းကို သုံးလို့ရနိုင်ဦးမလား...'

'မရဘူး...'

'ဒါက အောင်မြင်ပြီးသွားတဲ့နောက်မှ ဖြစ်လာခဲ့တာ ဖြစ်ရမယ်... မဟုတ်ရင် မနေ့က ငါ ဘာလို့ ငြင်းပယ်ခံရလဲ ဆိုတာကို ရှင်းပြဖို့ ခက်ခဲလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ရေချိုးပေးနေတုန်းမှာ ဒါမျိုး ဖြစ်လာတာက ယုတ္တိတန်ပါတယ်...'

ယဲ့ကျင်းလင်သည် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏မျက်နှာ အလိုအလျောက် အနည်းငယ် နီမြန်းသွားသော်လည်း အများကြီး ဆက်မတွေးတော့ပေ။

နန်ကုန်းယွီနောက်သို့ လိုက်ပါရန်နှင့် ဤအင်အားကြီးမားသော နောက်ခံကို အားကိုးရန် သူမ ဆုံးဖြတ်လိုက်ချိန်ကတည်းက ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို သူမကိုယ်တိုင် သဘောတူလက်ခံပြီးသား ဖြစ်လေသည်။

သူမအနေဖြင့် သူ၏ အစေခံဖြစ်လာရန်ပင် ဆန္ဒရှိနေနိုင်ပါလျက် ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်ရန် အဘယ်ကြောင့် ဆန္ဒမရှိဘဲ နေမည်နည်း။

သေချာပေါက်ပင်...

ဤသည်မှာ နန်ကုန်းယွီက သူမ၏ အလှအပစံနှုန်းများနှင့် ကိုက်ညီနေပြီး သူမ၏ နှလုံးသားနှင့် ထပ်တူကျနေခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့မဟုတ်ပါက ထိုကဲ့သို့သော ကိစ္စမျိုးကို သူမအား လုပ်ဆောင်စေချင်သလား။ လုံးဝမဖြစ်နိုင်ပေ။

ယဲ့ကျင်းလင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး နန်ကုန်းယွီနှင့် ရင်းနှီးစွာ နေထိုင်နိုင်ကောင်း နေထိုင်နိုင်မည်ဟု တွေးမိလိုက်သောအခါ သူမ မျက်နှာကနီမြန်းသွားတော့သည်။

"အကုန်လုံးက နွားအိုကြီးတွေချည်းပဲ..."

သူမ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး လှည့်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ချိုးယဲ့တို့ အောင်မြင်သွားပြီဖြစ်ကြောင်း သူမ သိရှိသွားပြီဖြစ်သဖြင့် စံအိမ်၏ ကိစ္စအဝဝကို စီစဉ်ရန် ပြန်ဖို့အချိန် ရောက်လာပြီဖြစ်သည်။ အဓိကကိစ္စနှင့် ပတ်သက်၍မူ စံအိမ်၏ ကိစ္စရပ်များကို စီစဉ်ပြီးမှ ချိုးယဲ့ကို ထပ်မံမေးမြန်းရပေမည်။

……

ပင်မအဆောင်အတွင်း။

နန်ကုန်းယွီသည် အကြောဆန့်လိုက်ပြီး ချွန်းကျီတို့ကို တစ်ချက်ကြည့်ကာ အနည်းငယ် မပြုံးဘဲ မနေနိုင်တော့ချေ။ သူ၏ ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။

'ဆယ့်လေးနှစ်ကြာပြီးနောက်မှာ ငါ နောက်ဆုံးတော့ လူပျိုပေါက်ဘဝကနေ လွတ်မြောက်သွားခဲ့ပြီ... အခု ငါလည်း ယောကျ်ားတစ်ယောက် ဖြစ်သွားပြီ...'

"သခင်လေး... ကျွန်မတို့ အဝတ်အစား လဲလှယ်ပေးပါရစေ..."

ချွန်းကျီက အလျင်အမြန် ထရပ်ကာ ပြောလိုက်၏။

သူမကိုယ်သူမ ဂရုမစိုက်နိုင်ဘဲ ပထမဆုံး စဉ်းစားမိသည်မှာ နန်ကုန်းယွီပင် ဖြစ်သည်။ ရှဟယ်နှင့် တုန်းရွှယ်တို့ကလည်း ဤသည်ကို မြင်ချိန်တွင် ကူညီပေးရန် အလျင်အမြန် ထရပ်လိုက်ကြပြီး ပေါ့ဆစွာ မနေဝံ့ကြချေ။

ယခုအခါ နန်ကုန်းယွီက သူတို့ကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်သော်လည်း...

ထို့ပြင် ပိုမိုရင်းနှီးသော ခေါ်ဝေါ်မှုများကို အသုံးပြုခွင့် ပေးထားသော်လည်း ဤသည်မှာ သူတို့ကိုယ်သူတို့ အထင်ကြီးလာစေရန် အကြောင်းပြချက် မဟုတ်ပေ။

အသိအမှတ်ပြုခံရရုံမျှဖြင့် မဟုတ်ဘဲ တစ်နေ့နေ့တွင် နန်ကုန်းယွီက သူ၏ အမျိုးသမီးဖြစ်ကြောင်း ဝန်ခံလာပါကလည်း သူတို့ကိုယ်သူတို့ အထင်ကြီး၍ မရနိုင်ချေ။

နန်ကုန်းယွီက မျက်တောင်ခတ်ကာ အနည်းငယ် ပြုံးလိုက်ပြီး မငြင်းဆန်ခဲ့ပေ။ အဝတ်အစားလဲလှယ်မှုကို ထိုနွေဦးအလင်းရောင်က အဝတ်အစား ရွေးချယ်မှုအပေါ်သက်ရောက်မှု ရှိမရှိ ဆိုသည်နှင့် ပတ်သက်၍မူ လုံးဝလွန်ကဲစွာ တွေးတောနေခြင်းသာ ဖြစ်သည်။

သူ၏ ရင်ထဲတွင် အတွေးတစ်ခု ရှိနေသော်လည်း အလွယ်တကူ လက်တွေ့အကောင်အထည်ဖော်မည် မဟုတ်ပေ။

အကယ်၍ ဤသေးငယ်သော လိုအင်ဆန္ဒလေးကိုမျှ မထိန်းချုပ်နိုင်ပါက သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်တော့မည် မဟုတ်ချေ။

သူသည် အလှအပကို နှစ်သက်သော်လည်း အလှအပအပေါ် စွဲလမ်းနေမည်ဟု မဆိုလိုပေ။ ဤအရာများသည် မတူညီသော အယူအဆ နှစ်ခုသာ ဖြစ်လေသည်။

ခေတ္တကြာပြီးနောက် နန်ကုန်းယွီသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ပြီးစီးသွား၏။

ချိုးယဲ့၏ ပြုစုစောင့်ရှောက်မှုအောက်တွင် နန်ကုန်းယွီသည် မျက်နှာသစ်ပြီးနောက် ရှေ့ဘက်ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်၌ ပိုင်ချီချီမှာလည်း အိပ်ရာမှ ထနေပြီဖြစ်ပြီး ခြံဝင်းထဲတွင် အေးအေးဆေးဆေး ထိုင်နေလေ၏။

"တာအိုမိတ်ဆွေ ပိုင်... မနေ့ညက အနားယူရတာ အဆင်ပြေရဲ့လား..."

ပိုင်ချီချီက မတ်တတ်ထကာ ပြုံး၍ ပြောလိုက်၏။

"အရမ်းကောင်းပါတယ်... တာအိုမိတ်ဆွေ နန်ကုန်း စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ဒါဆိုလည်း ကောင်းပါတယ်... တာအိုမိတ်ဆွေ ပိုင် အနေအထိုင် မကျဖြစ်နေမှာကို ကျွန်တော် စိုးရိမ်နေခဲ့တာ..." နန်ကုန်းယွီက ပြုံး၍ ပြောလိုက်သည်။

"အဆင်ပြေပါတယ်..."

သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် ယဲ့ကျင်းလင်သည် အလျင်အမြန် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

"မင်းသား... မင်းသမီးကြီးက တွေ့ခွင့်တောင်းနေပါတယ်..."

"အစ်မတော် ရိုရွှယ်လား... သူလာတာကိုတောင် သတင်းပို့ဖို့ လိုသေးလို့လား..."

နန်ကုန်းယွီ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး နားမလည်နိုင်စွာ ပြောလိုက်၏။ ဤသည်မှာ နန်ကုန်းရိုရွှယ်၏ ဟန်ပန်မျိုး မဟုတ်ပေ။ ထိုအခါ ယဲ့ကျင်းလင်က အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်ကို မြင်လိုက်ရ၏။

"မင်းသား... မဟုတ်ပါဘူး... မင်းသမီးကြီး ရိုရွှယ် မဟုတ်ဘဲ မင်းသမီးကြီး ရိုရွှေ ပါ..."

ဤရှင်းပြချက်ကို ကြားချိန်တွင် နန်ကုန်းယွီသည် ဆွံ့အမသွားဘဲ မနေနိုင်တော့ချေ။ သူ မေ့သွားခဲ့သည်။ နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းရိုရွှေတို့ နှစ်ဦးစလုံးမှာ ယခုအခါ မင်းသမီးကြီးများ ဖြစ်နေကြပြီကိုပင်။

"ဝင်လာခိုင်းလိုက်ပါ..."

"ဟုတ်ကဲ့ပါ..."

ယဲ့ကျင်းလင်က သဘောတူကြောင်း ပြန်ဖြေပြီးနောက် လှည့်ကာ အလျင်အမြန် ထွက်ခွာသွားလေ၏။

ပိုင်ချီချီက ဤသည်ကို မြင်ချိန်တွင် စကားစလိုက်သည်။

"တာအိုမိတ်ဆွေ နန်ကုန်း ဧည့်သည်တွေ့ဖို့ရှိရင် ကျွန်မ အရင် ရှောင်ပေးပါမယ်…”

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။ "ကျွန်တော် ဒီဒုတိယ အစ်မတော်နဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ သူ ကျွန်တော့်ဆီ ဘာလာလုပ်တယ်ဆိုတာ မသိဘူး... ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ ပိုင် ခွင့်လွှတ်ပေးပါ..."

"ကိစ္စမရှိပါဘူး..." ပိုင်ချီချီသည် အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

နန်ကုန်းယွီက အားနာနေသော အသွင်ဖြင့် ဘေးဘက်ရှိ ရှဟယ်ကို ပြောလိုက်၏။ "ရှဟယ်...မင်းက တာအိုမိတ်ဆွေ ပိုင် ကို စံအိမ်ထဲ လိုက်ပြပေးလိုက်ပါ... တာအိုမိတ်ဆွေ ပိုင် ဘာပဲလိုလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုက်..."

"ဟုတ်ကဲ့ သခင်လေး..."

ရှဟယ်က သဘောတူလိုက်ပြီး ပိုင်ချီချီကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာ ပိုင်... ဒီဘက်ကို ကြွပါရှင့်..."

သူတို့နှစ်ဦး ထွက်သွားသည်နှင့် ယဲ့ကျင်းလင်နှင့်အတူ နန်ကုန်းရိုရွှေတို့ ဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ နန်ကုန်းယွီသည် ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ ပြောလိုက်၏။

"ဘယ်လိုလေမျိုး တိုက်လာလို့ ကျွန်တော့်ဆီ ရောက်လာရတာလဲ ဒုတိယအစ်မတော်..."

နန်ကုန်းရိုရွှေက အနည်းငယ် ပြုံးလိုက်သည်။

"ဘာလဲ... ဒီစကားက ငါ့ကို ကြိုဆိုဘူးပေါ့ ဟုတ်လား ရှောင်ယွီ"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." နန်ကုန်းယွီက ခေါင်းခါပြုံးလိုက်ပြီး ပြောလိုက်၏။

"ဒုတိယ အစ်မတော် ကျွန်တော့်အိမ်ကို လာနိုင်တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ... ဒုတိယ အစ်မတော်က ဘယ်လိုလုပ် အဲဒီလို တွေးနိုင်ရတာလဲ..."

နန်ကုန်းရိုရွှေက ပြုံးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ကောင်းပြီ... ငါ နင့်ကို နောက်မနေတော့ဘူး... နင်နဲ့ တိုင်ပင်စရာ ကိစ္စလေးတစ်ခု ရှိတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏လက်ကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။

"ဒုတိယ အစ်မတော်... ဟိုဘက်မှာ ထိုင်ပြီးမှ စကားပြောကြတာပေါ့..."

"အင်း..."

နန်ကုန်းရိုရွှေက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး မဏ္ဍပ်ဆီသို့ သွားကာ ထိုင်ချလိုက်ကြသည်။ ချိုးယဲ့က သူတို့နှစ်ဦးအတွက် လက်ဖက်ရည်ကို အလျင်အမြန် ငှဲ့ပေးလိုက်၏။

နန်ကုန်းရိုရွှေသည် ချိုးယဲ့တို့ သုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ရှောင်ယွီ... ဒီကိစ္စက နည်းနည်း ကိုယ်ရေးကိုယ်တာဆန်တယ်... သူတို့ကို အရင် သွားခိုင်းလိုက်ပါလား..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချိုးယဲ့တို့ သုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။ "ချိုးယဲ့... မင်းတို့ အပြင်ထွက်ပြီး အရင် နားကြပါလား... ဒါမှမဟုတ် ရှဟယ်ကို သွားရှာလိုက်..."

"ဟုတ်ကဲ့ သခင်လေး..." သုံးယောက်သား ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားကြသည်။

ခြံဝင်းထဲတွင် မည်သူမျှ မရှိတော့သည်ကို မြင်သောအခါ နန်ကုန်းယွီသည် နန်ကုန်းရိုရွှေကို ကြည့်၍ မေးလိုက်၏။

"ဒုတိယ အစ်မတော်... အခု ကျွန်တော်တို့ ဘာများ ပြောစရာရှိလို့လဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေက ဝင်္ကပါပြားတစ်ခုကို ထုတ်ယူကာ ချထားလိုက်ပြီး မဏ္ဍပ်အတွင်း၌ အဆင့်ခြောက် ဖုံးကွယ်ခြင်း ဝင်္ကပါတစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။

ချက်ချင်းပင် သူမသည် နန်ကုန်းယွီအား သနားစရာကောင်းသော အမူအရာဖြင့် ကြည့်လိုက်၏။ "ရှောင်ယွီ... ဒုတိယ အစ်မတော်ဆီမှာ နင့်ကို လာရှာဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့လို့ပါ... နင် ဒုတိယ အစ်မတော်ကို ကူညီပေးမှ ရမယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး သူ၏ အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားသည်။

သူ မှတ်မိသလောက်ဆိုလျှင် နန်ကုန်းရိုရွှေနှင့် သူ၏ ဆက်ဆံရေးမှာ အရာအားလုံးကို ရင်ဖွင့်ပြောဆိုနိုင်လောက်သည့်အထိ မကောင်းမွန်ပေ။

ဤသည်မှာ အကူအညီ လာတောင်းနေခြင်း ဖြစ်ပြီး နန်ကုန်းကျင်းချီကို သွားမရှာသည့်အပြင် အကြီးအကဲခန်းမဆီကိုလည်း မသွားဘဲ အဘယ်ကြောင့် သူ့ထံသို့ ရောက်လာရသနည်း။

All Chapters