အခန်း (၁၉၄)
Vol. 20 Ch. 194
အခန်း (၁၉၄) ဒါကို သန့်ရှင်းမှုကိုစွဲ လမ်းတဲ့ရောဂါ လို့ ခေါ်တာလား
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ ကာမစိတ်ကြွဆေးလုံး သောက်သုံးလေလေ ဆေးလုံးအပေါ် ခုခံနိုင်စွမ်းက ပိုမိုမြင့်မားလာလေလေ ဖြစ်လာခဲ့သည်။
ဤအကြောင်းကြောင့် ထိုဆန္ဒကို ထိန်းချုပ်ရန် ပိုမိုများပြားပြီး ပိုမိုမြင့်မားသော အဆင့်ရှိသည့် ကာမစိတ်ကြွဆေးလုံးများကို ရှာဖွေရတော့သည်။
သို့သော် လွန်ခဲ့သောလက ကျမ်းစာများထဲမှ သူမ လျှို့ဝှက်စွာ ရှာဖွေတွေ့ရှိခဲ့သော အဆင့်ရှစ် ကာမစိတ်ကြွဆေးလုံး၏ အာနိသင်ကလည်း အားနည်းသွားခဲ့သဖြင့် ယင်းက သူမကို အနည်းငယ် ကြောက်လန့်စေခဲ့သည်။
အကယ်၍ ဆေးလုံး၏ ထိန်းချုပ်မှုသာ မရှိတော့ပါက သူမ ဘယ်လို ပတ်ဝန်းကျင်ကို တုန်လှုပ်စေမည့် ကိစ္စမျိုး လုပ်မိမည်ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ထိုကဲ့သို့သော ကိစ္စမျိုးက သူမ မနှစ်သက်သော လူတစ်ယောက်ယောက်နှင့်သာ ဖြစ်ပျက်သွားပါက သူမ ပြိုလဲသွားလိမ့်မည်ဟု ခံစားရ၏။
‘မဟုတ်သေးဘူး..’ သူမ သေသွားလိမ့်မည်။
ကံကောင်းစွာဖြင့် ယခုလ၏ တစ်ဆယ့်ငါးရက်နေ့ မတိုင်မီရက်အနည်းငယ်က သူမသည် နောက်ဆုံး၌ အဆင့်ကိုး ကာမစိတ်ကြွဆေးလုံး တစ်လုံးကို ရှာတွေ့ခဲ့ပြီး ထိုကပ်ဘေးမှ ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့သည်။
သို့သော် သူမကို ကြောက်ရွံ့ပြီး တတ်နိုင်စွမ်းမရှိ ဖြစ်စေခဲ့သည်မှာ သူမ ခက်ခက်ခဲခဲ ရှာတွေ့ခဲ့သော အဆင့်ကိုး ကာမစိတ်ကြွဆေးလုံးက ထိန်းချုပ်နိုင်စွမ်း အနည်းငယ် ညံ့ဖျင်းနေပြီး နောက်ဆုံးတွင် သူမကိုယ်တိုင်သာ ထိုအရာကို ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော နှစ်ဝက်ကျော်က ရှေးဟောင်းကျမ်းစာများကို လှန်လှောကြည့်ရှုရင်း အဆင့်ကိုး ယင်နဂါး ဆေးလုံး၏ အာနိသင်ကို သူမ တွေ့ရှိခဲ့ပြီး ယင်နဂါး ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးဖော်စပ်နည်းနှင့် ဝိညာဉ်ဆေးဖက်ဝင်အပင်များကို လျှို့ဝှက်စွာ ရှာဖွေခဲ့သည်။
ယခုအခါ ဆေးဖော်စပ်နည်းနှင့် ဝိညာဉ်ဆေးဖက်ဝင်အပင်များက အသင့်ဖြစ်နေပြီဖြစ်ပြီး နဂါးသွေး မြက်ပင် ဟူသော ဝိညာဉ်ဆေးဖက်ဝင်အပင် တစ်မျိုးသာ လိုအပ်တော့သည်။
ဤဝိညာဉ်ဆေးဖက်ဝင်အပင်က ကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားချက်အရ ရွှမ်ယွမ် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေပြီး တိုက်ဆိုင်စွာပင် ရွှမ်ယွမ် လျှို့ဝှက်နယ်မြေက လဝက်အကြာတွင် ခုနစ်ရက်တိတိ ပွင့်လာတော့မည် ဖြစ်၏။
ကံကောင်းမည်ဆိုလျှင် နဂါးသွေး မြက်ပင်ကို ရှာတွေ့နိုင်ပြီး အချိန်မီ ယင်နဂါး ဆေးလုံးအဖြစ် ဖော်စပ်ကာ နောက်လတွင် ကြုံတွေ့ရမည့် ကပ်ဘေးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
နန်ကုန်းရိုရွှေ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် နန်ကုန်းယွီ၏ ရင်ထဲ၌ မြင်းရိုင်းများ စိုင်းနှင်နေသကဲ့သို့ ဖြစ်သွားပြီး ဘာပြောရမည်ကိုပင် မသိတော့ချေ။
ဤသည်မှာ အလွန် ကိုယ်ရေးကိုယ်တာဆန်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
သူသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်ဆုံးတွင် ကိုယ်တိုင် ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သူ၏ မျက်လုံးများ လည်ပတ်သွားသည်ကို မြင်လိုက်ရပြီး တာအိုယန်နတ်ဆိုးမျက်လုံးက ဤဖြစ်ရပ်၏ ဇာတ်ကြောင်းတစ်ခုလုံးနှင့် နန်ကုန်းရိုရွှေ ဤကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းကို စဉ်ဆက်မပြတ် ထောက်လှမ်းကြည့်ရှုလိုက်သည်။
ခေတ္တကြာပြီးနောက် သူသည် ထောက်လှမ်းရရှိထားသော အချက်အလက်များကို စီစဉ်လိုက်ရာ သူ၏ နှလုံးသားမှာ အနည်းငယ် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ အမှန်တရားက နန်ကုန်းရိုရွှေ၏ ဖော်ပြချက်နှင့် ကွာခြားမှု မရှိပေ။
ထို့ပြင် သူမ ပေါင်းစည်းသွားသော ခန္ဓာကိုယ်မှာ လိုဆန္ဒမိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် ဟု ခေါ်ဆိုလေသည်။
တိတိကျကျပြောရလျှင် သူမ ပေါင်းစည်းသွားသည်မှာ လိုအင်ဆန္ဒ အရင်းအမြစ် တစ်စွန်းတစ်စဖြစ်ပြီး ဤလိုအင်ဆန္ဒ အရင်းအမြစ်က သူမ၏ ခန္ဓာကိုယ်နှင့် အတော်လေး သဟဇာတဖြစ်ကာ သူမ၏ ခန္ဓာကိုယ်ကို ဤခန္ဓာကိုယ်ဖွဲ့စည်းပုံသစ် စတင်တည်ဆောက်လာစေရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပေသည်။
ထို မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် သန္ဓေတည်သည့် လုပ်ငန်းစဉ်အတွင်း သူမ၏ ကာမရာဂစိတ်ကို စုပ်ယူသွားမည်ဖြစ်ပြီး သူမကို လိုအင်ဆန္ဒကင်းမဲ့သွားစေမည် ဖြစ်သည်။
သို့ရာတွင် လတိုင်း၏ တစ်ဆယ့်ငါးရက်နေ့၌ ကောင်းကင်နှင့်မြေကြီးကြားရှိ ယင်စွမ်းအင်များ ပေါင်းစည်းမှုက အလိုဆန္ဒမိစ္ဆာမြင့်မြတ်ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးပြီး ကာမရာဂစိတ်များကို ပြန်လည်ထုတ်လွှတ်စေမည်ဖြစ်ကာ ဤသည်မှာ နန်ကုန်းရိုရွှေ ပြဿနာကြုံရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
သန္ဓေတည်သည့် လုပ်ငန်းစဉ်အတွင်း ကာမရာဂ မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ်သည် နန်ကုန်းရိုရွှေ၏ စိတ်ဆန္ဒများကို ဆက်လက်စုပ်ယူနေမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ရိုက်ခတ်မှုက ပိုမိုကြောက်မက်ဖွယ်ကောင်းလာမည် ဖြစ်သည်။
ဤကဲ့သို့သော ရိုက်ခတ်မှုကို ကာမစိတ်ကြွဆေးလုံးများ သောက်သုံးခြင်းဖြင့် ဖြစ်ပေါ်စေနိုင်ပြီး အချိန်တိုအတွင်း ကာမရာဂစိတ်များကို အလွန်အမင်း ထကြွလာစေကာ မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ်၏ ကာမရာဂစိတ် စုပ်ယူမှုကို လှုံ့ဆော်ပေးပြီး ထိန်းချုပ်နိုင်စေသည်။
ထို့ပြင် ဤကဲ့သို့သော ရိုက်ခတ်မှုမျိုးသည် သန္ဓေတည်သည့် လုပ်ငန်းစဉ်အတွင်း၌သာ ဖြစ်ပေါ်မည်မဟုတ်ဘဲ မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် အပြည့်အဝ ဖွဲ့စည်းပြီးသွားလျှင်တောင်မှ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သော်လည်း ယခုထက် များစွာ သက်သာသွားပေလိမ့်မည်။
ထိုအချိန်တွင် ရိုက်ခတ်မှု၏ အကျိုးသက်ရောက်မှုမှာ အဆင့်ကိုး ကာမစိတ်ကြွဆေးလုံး၏ အာနိသင်နှင့် ညီမျှလောက်ပေမည်။
သို့သော်လည်း အလိုဆန္ဒမိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် အပြည့်အဝ ဖွဲ့စည်းသွားသည်နှင့်တစ်ပြိုင်နက် စုပ်ယူထားသော ကာမရာဂစိတ်များသည် သူမ၏ ကျင့်ကြံမှုကို တိုးတက်စေမည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူမသည် အခြားသူများ၏ ကာမရာဂစိတ်များကိုပါ ကြိုးကိုင်ခြယ်လှယ် လှုံ့ဆော်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။
ထို့မျှမက သူမသည် အခြားသူများထံမှနှင့် ကောင်းကင်နှင့်မြေကြီးမှ လျှံကျလာသော ကာမရာဂစိတ်စွမ်းအားများကိုပါ စုပ်ယူ၍ မိမိကိုယ်ပိုင် ကျင့်ကြံမှုကို တိုးတက်စေနိုင်သည်။
ဤကဲ့သို့ တိုးတက်လာမှုမျိုးက ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်ကို စုပ်ယူကျင့်ကြံခြင်းထက် ပို၍ အရေးကြီးပြီး သူမအတွက် ပိုမို သင့်လျော်ပေသည်။
ဤသည်ကို နားလည်သွားပြီးနောက် နန်ကုန်းယွီသည် ရင်ထဲ၌ အနည်းငယ် ဆွံ့အသွားကာ ခေါင်းခါယမ်းလိုက်၏။ နန်ကုန်းရိုရွှေ၏ အခြေအနေအရဆိုလျှင် အလိုဆန္ဒ မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် အပြည့်အဝ ဖွဲ့စည်းရန်အတွက် အနည်းဆုံး နှစ်ငါးရာခန့် အချိန်ယူရပေလိမ့်မည်။
သူမအနေဖြင့် ကာမစိတ်ကြွဆေးလုံးများကို ဆက်လက်သောက်သုံးကာ မိမိကိုယ်ကို ကာမရာဂစိတ်များ အဆက်မပြတ် ထွက်ပေါ်လာစေရန် လှုံ့ဆော်ပြီး ကာမရာဂ မိစ္ဆာမြင့်မြတ်ခန္ဓာကိုယ် ဖွဲ့စည်းခြင်းကို အရှိန်မြှင့်တင်မှသာလျှင် ထိုအချိန်ကို လျှော့ချနိုင်မည် ဖြစ်သည်။
ထို့ပြင် ဤလုပ်ငန်းစဉ်က သူမအတွက် များစွာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စေလိမ့်မည်ဟုလည်း စိုးရိမ်ရပေ၏။
ဤအချိန်၌ နန်ကုန်းရိုရွှေသည် နန်ကုန်းယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို ကြည့်ကာ မတောင်းပန်ဘဲ မနေနိုင်တော့ချေ။
"ရှောင်ယွီ... ငါ့ကို ကူညီပေးပါနော်..."
နန်ကုန်းယွီသည် နဖူးကို မဖိကိုင်ဘဲ မနေနိုင်တော့ချေ။ သူ သဘာဝကျကျ ကူညီပေးနိုင်ပါသည်။ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် မရောင်းချသောအရာ မရှိဟု ဆိုကြရာ ဤကာမစိတ်ကြွဆေးလုံးလည်း သေချာပေါက် ရှိနေမည်သာ။
သူသည် နန်ကုန်းရိုရွှေ လိုအပ်နေသော ကာမစိတ်ကြွဆေးလုံး ဖော်စပ်ရန်အတွက် ဝိညာဉ်ဆေးဖက်ဝင်အပင်များကိုပင် လဲလှယ်ဝယ်ယူပေးနိုင်သော်လည်း အမှန်တကယ် ပြဿနာက သူ၏ရှေ့တွင် ရှိနေသည်။
နန်ကုန်းရိုရွှေနှင့် အခြားသူများရှေ့တွင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ တည်ရှိမှုနှင့် သူ၏ ဖုံးကွယ်ထားသော ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်မပြဘဲ ဤအဆင့်မြင့် ဆေးလုံးဝယ်ယူရန် ရန်ပုံငွေကို သူ ဘယ်က ရလာမည်နည်း။
ဆေးလုံးရောင်းချသူများကရော ဘယ်ကလာသနည်း။
ကုန်သည်များက ထို လျှို့ဝှက်ဆန်းကြယ်သူများ ဖြစ်နိုင်သည်ဟု ပြောရမည်လား။
မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ ရန်ပုံငွေကရော ဘယ်လိုလုပ်မည်နည်း။
နန်ကုန်းယွီသည် ရင်ထဲ၌ ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ဤပြဿနာနှင့် ပတ်သက်၍ အများကြီး ဆက်မတွေးတော့ချေ။
သူက နန်ကုန်းရိုရွှေကို မော့ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်၏။
"ဒုတိယ အစ်မတော်... ဒီကိစ္စကို ကျွန်တော် အရင်ဆုံး သဘောတူပါတယ်... ဘယ်အချိန် ထွက်သွားမလဲဆိုတာ ပြောပါ... အစ်မတော်နဲ့အတူ စွန့်စားခရီးကို လိုက်ခဲ့ပေးမယ်..."
"ကျေးဇူးတင်ပါတယ် ရှောင်ယွီ... နင်က အကောင်းဆုံးပဲဆိုတာ ငါသိပြီးသားပဲ..."
နန်ကုန်းယွီ သဘောတူလိုက်သည်ကို ကြားချိန်တွင် နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
သို့ရာတွင် နန်ကုန်းယွီက ပြုံး၍ နန်ကုန်းရိုရွှေကို ကြည့်ကာ နောက်ပြောင်လိုက်၏။
"ဒုတိယ အစ်မတော်... တကယ်တော့ ကျွန်တော် အချိန်အတော်ကြာ နားထောင်ပြီးတဲ့နောက်... အစ်မတော့် အခြေအနေမှာ တာအို လက်တွဲဖော် တစ်ယောက်ရှာလိုက်ရင် ဖြေရှင်းလို့ရမယ့် ကိစ္စကို ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရတာလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး လေးနက်သော အသွင်ဖြင့် ပြောလိုက်သည်။
"နင် နားမလည်ပါဘူး... တာအို လက်တွဲဖော် ဆိုတာက တစ်သက်လုံး အတူတူ ဖြတ်သန်းရမယ့်သူလေ... တကယ်လို့ ကိုယ်မနှစ်သက်တဲ့သူကိုသာ ရှာမိသွားရင် နှစ်ဖက်စလုံးအတွက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်သွားလိမ့်မယ်..."
ဤနေရာသို့ ရောက်ချိန်တွင် သူမသည် သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်လိုက်ပြီး ဆက်ပြောလိုက်၏။
"ပြီးတော့ အလျင်စလိုနဲ့ မှားယွင်းတဲ့ တာအို လက်တွဲဖော်ကို ရွေးချယ်မိမယ်ဆိုရင်လည်း အဲဒီလိုကိစ္စမျိုး ဖြစ်လာတာကို ငါ့ရင်ထဲကနေ လက်မခံနိုင်ဘူး... အဲဒီအစား သေလိုက်တာကမှ ပိုကောင်းဦးမယ်..."
နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း သူမ၏ အတွေးများကို ရင်ထဲတွင် အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။ နန်ကုန်းရိုရွှေသည် အဝေးသို့ ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"အခုတော့ ငါ နင့်ကို ရင်ဖွင့်ပြောပြပြီးပြီဆိုတော့... ရှောင်ယွီ... ဒုတိယ အစ်မတော် နင့်ကို အမှန်အတိုင်း ပြောပြမယ်..."
"ငါ့ဆီမှာ သန့်ရှင်းမှုကို စွဲလမ်းတဲ့ရောဂါ ရှိနေသလို ခံစားရတယ်... ငါ အရှုံးမပေးချင်ဘူး... ငါ့ဘဝမှာ ဒုတိယမြောက် ယောကျ်ားတစ်ယောက်ကိုလည်း အလိုမရှိဘူး... အဲဒီလိုကိစ္စမျိုးအတွက် လူတစ်ယောက်တည်းနဲ့ပဲ အတူတူရှိချင်တယ်..."
"တခြားတစ်နည်းနဲ့ ပြောရရင် ဒီဘဝမှာ ငါ့ခန္ဓာကိုယ်ကို လူတစ်ယောက်တည်းကိုပဲ ပေးအပ်မှာဖြစ်ပြီး ဒုတိယလူ ဆိုတာ လုံးဝ ရှိလာမှာ မဟုတ်ဘူး..."
ဤနေရာသို့ ရောက်ချိန်တွင် သူမ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း နန်ကုန်းယွီကို ဤကဲ့သို့သော စကားမျိုး ပြောမိခြင်းက အဘယ်ကြောင့် ထူးဆန်းနေမှန်း သူမ နားမလည်နိုင်ခဲ့ချေ။
သို့ရာတွင် ထိုစကားများကို ပြောပြီးနောက် သူမ၏ စိတ်အခြေအနေက ပိုမို ပွင့်လင်းလာသကဲ့သို့ ခပ်ရေးရေး ခံစားလိုက်ရ၏။
နန်ကုန်းရိုရွှေ၏ စကားကို ကြားပြီးနောက် နန်ကုန်းယွီ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ ဒါကို သန့်ရှင်းမှုကို စွဲလမ်းတဲ့ရောဂါ လို့ ခေါ်တာလား။