← Chapters

အခန်း (၁၉၉)

Vol. 20 Ch. 199

အခန်း (၁၉၉)

Vol. 20 Ch. 199

အခန်း (၁၉၉) ပိုင်ချီချီ၏ နားလည်မှုလွဲမှားခြင်း

ပိုင်ချီချီသည် သူမရှေ့ရှိ အဝတ်အစားကို ကြည့်ကာ ရင်ထဲ၌ တွေဝေသွားလေ၏။ သူမ၏ နှုတ်ခမ်းနီနီလေးများကို တင်းတင်းစေ့ထားပြီး အမူအရာမှာ ရှုပ်ထွေးနေကာ တော်တော်လေး ဆွဲဆောင်မှုရှိသော အသွင်ရှိသည်။

ရွှမ်လင်တိုက်ကြီးတွင် ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင် ဂုဏ်သတ္တိများနှင့်အညီ သီးသန့်ချုပ်လုပ်ထားသော ဝိညာဉ်ရတနာကို အပြင်ဘက်၌ ရောင်းချမည်ဆိုပါက တန်ဖိုး များစွာ ကျဆင်းသွားမည်သာ ဖြစ်ပေ၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ ဝိညာဉ်စွမ်းအင် ဂုဏ်သတ္တိများမှာ များစွာ ကွာခြားကြပြီး လုံးဝ တူညီနိုင်မည် မဟုတ်သောကြောင့် ဤဝိညာဉ်ရတနာကို သူမတစ်ယောက်တည်းကသာ အကောင်းဆုံး စွမ်းအားများ ထုတ်ဖော်နိုင်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။

အကယ်၍ တခြားသူတစ်ယောက်သာ ဆိုပါက စွမ်းအားများ ထုတ်ဖော်နိုင်သော်ငြား များစွာ အားနည်းသွားပေလိမ့်မည်။

သို့သော် ဤမျှ တန်ဖိုးကြီးမားလှသော အရာကို သူမ အမှန်တကယ် လက်ခံနိုင်ပါမည်လော။

ထိုအချိန်၌ နန်ကုန်းယွီသည် ပြုံးလိုက်ပြီး သူမ၏ ကျောက်စိမ်းရောင် လက်ကလေးကို ဖမ်းဆုပ်ကာ အဝတ်အစားများကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

"ကဲ... တာအိုမိတ်ဆွေ ပိုင် တွေဝေမနေပါနဲ့တော့... ခင်ဗျားနဲ့ ကျွန်တော်ကလည်း သူငယ်ချင်းတွေပဲဆိုတော့ သူငယ်ချင်းအချင်းချင်း ပေးတဲ့ လက်ဆောင်တစ်ခုလို့ပဲ သဘောထားလိုက်ပါ..."

"ဒါက..." ပိုင်ချီချီသည် မင်ရောင်ဂါဝန်ကို ကိုင်ထားရင်း ခါးသီးစွာ ပြုံးလိုက်၏။ "သူငယ်ချင်းဆိုရင်တောင်မှ ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်..."

သို့သော် နန်ကုန်းယွီက ပြုံးလိုက်သည်။ "သူငယ်ချင်းအချင်းချင်း လက်ဆောင်ရဲ့ တန်ဖိုးအကြောင်း ပြောနေတာက ယဉ်ကျေးလွန်းရာ ကျနေပြီ..."

"ကျွန်မ..." ပိုင်ချီချီက ထပ်ပြောချင်သေးသော်လည်း နန်ကုန်းယွီက သူမ၏ ပခုံးလေးများကို ကိုင်ကာ ခြေနှစ်လှမ်းခန့် တွန်းလိုက်သည်ကို မြင်လိုက်ရ၏။

"ကဲ... တာအိုမိတ်ဆွေ ပိုင် သွားလဲလိုက်ပါ... ကျွန်တော် ခင်ဗျားအတွက် ပန်းချီကားတစ်ချပ် ဆွဲပေးမယ်... သေချာပေါက် လှနေမှာပါ..."

နန်ကုန်းယွီက ထိုသို့ပြောပြီးနောက် ချိုးယဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ချိုးယဲ့... မင်း တာအိုမိတ်ဆွေ ပိုင် နဲ့ အတူလိုက်သွားပေးလိုက်..."

"ဟုတ်ကဲ့ပါ..."

ချိုးယဲ့တို့ အားလုံးမှာ အားကျနေသော အသွင်ရှိပြီး နန်ကုန်းယွီ၏ အမိန့်ကို ကြားချိန်တွင် ချိုးယဲ့က အလျင်အမြန် သဘောတူလိုက်၏။

ပိုင်ချီချီ၏ မျက်နှာမှာ အနည်းငယ် ရှုပ်ထွေးနေပြီး နန်ကုန်းယွီကို တစ်ချက် ကြည့်လိုက်သော်လည်း ချိုးယဲ့နောက်သို့ လိုက်ပါသွားခဲ့လေသည်။

နန်ကုန်းယွီသည် သူမထွက်သွားသည်ကို မြင်သောအခါ အကြည့်ကို ရုပ်သိမ်းကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

ထို့နောက် အားကျမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည့် ချွန်းကျီတို့ သုံးယောက်ကို တစ်ချက်ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ကဲ... အားကျမနေကြပါနဲ့... မင်းတို့က ငါ့လူတွေပဲ... နောက်ကျရင် မင်းတို့အတွက်လည်း သီးသန့် တစ်စုံစီ ချုပ်လုပ်ပေးပါ့မယ်..."

ဤစကားကို ကြားလိုက်ရသည်နှင့် ချွန်းကျီတို့ သုံးယောက်မှာ ချက်ချင်း အံ့သြဝမ်းသာသွားကြပြီး အနည်းငယ် ဦးညွှတ်လိုက်ကြ၏။ "ကျေးဇူးတင်ပါတယ် သခင်လေး..."

သူတို့သုံးယောက်လုံး ပျော်ရွှင်နေသော အသွင်ရှိပြီး မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေကာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တိုးလာကြပြီး ပခုံးနှိပ်ပေးခြင်း၊ ခြေထောက်ထုပေးခြင်းနှင့် သရေစာများ ခွံ့ကျွေးခြင်းတို့ကို ပြုလုပ်ပေးကြလေ၏။

နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး သူတို့သုံးယောက်ကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ စိတ်ခံစားမှုခုနစ်ပါး စမ်းသပ်မှုကို သတိရသွားခဲ့သည်။

‘အလှပန်းလေးတွေရဲ့ ပေါင်ပေါ်မှာ ယစ်မူးနေရတာလား... တော်တော်လေး ကောင်းမယ့်ပုံပဲ…’

နန်ကုန်းယွီသည် တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ သူ၏ ရင်ခွင်ထဲသို့ မှီချလာသော ချွန်းကျီကို ကြည့်ကာ နှုတ်ခမ်းထောင့်များ အနည်းငယ် ပင့်တက်သွားပြီး သူမကို ကိုင်ရန် လက်လှမ်းလိုက်၏။

‘ဘယ်နေရာကို ကိုင်လိုက်သလဲ ဆိုတာကတော့... အားလုံး နားလည်ကြမှာပါ…’

အခြားတစ်ဖက်တွင်။

ဧည့်ခန်းအတွင်း၌ ပိုင်ချီချီသည် သူမလက်ထဲရှိ ဂါဝန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

ချိုးယဲ့က ရယ်မောလိုက်၏။ "စီနီယာ ပိုင်... သခင်လေး ပြောသလိုပဲ စီနီယာက သခင်လေးရဲ့ သူငယ်ချင်းလေ... သူငယ်ချင်း အချင်းချင်းကြားမှာ တကယ်တော့ အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး မဟုတ်လား..."

ဤစကားကို ကြားချိန်တွင် ပိုင်ချီချီသည် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏မျက်နှာမှာ အနည်းငယ် ခါးသီးနေ၏။ ‘သူငယ်ချင်းတဲ့လား…’

ချိုးယဲ့သည် သူမလက်ထဲရှိ ဂါဝန်ကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများထဲ၌ ခပ်ရေးရေး အားကျမှုများ ရှိနေဆဲဖြစ်သည်။ "စီနီယာ ပိုင်... အဝတ်လဲဖို့ ကျွန်မ ကူညီပေးပါ့မယ်…”

ပိုင်ချီချီ မျက်လုံးပင့်ကြည့်လိုက်ပြီး ခေတ္တမျှ တွေဝေသွားကာ ချိုးယဲ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ " မိန်းကလေးချိုးယဲ့... ငါ့ဘာသာငါ လဲလိုက်လို့ ရမလား..."

ချိုးယဲ့ အနည်းငယ် ဆွံ့အသွားသော်လည်း ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ "ဒါဆိုလည်း တံခါးအပြင်ဘက်ကနေပဲ စောင့်နေပါ့မယ် စီနီယာ ပိုင်..."

ထိုသို့ပြောပြီးနောက် သူမသည် အနည်းငယ် ဦးညွှတ်ကာ တံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ပိတ်လိုက်လေ၏။

ပိုင်ချီချီသည် လက်ထဲရှိ ဂါဝန်ကို ကြည့်ရင်း သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများက နူးညံ့သက်တောင့်သက်သာရှိသော ဂါဝန်ကို ပွတ်သပ်နေကာ သူမ၏ မျက်နှာထားမှာ အနည်းငယ် ပို၍ ရှုပ်ထွေးသွားခဲ့သည်။

"ဒီလက်ဆောင်ကိုသာ လက်ခံလိုက်ရင် သူနဲ့ငါ့ကြားက သံယောဇဉ်တွေ ပိုပိုပြီး နက်ရှိုင်းလာလိမ့်မယ်လို့ စိုးရိမ်မိတယ်..."

ပိုင်ချီချီက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ အပြစ်ကင်းစင်ပြီး ရိုးသားခဲ့သော နှစ်များကို အလိုအလျောက် တွေးတောမိသွား၏။

‘သူ့ကို တစ်နှစ်တိတိ အချိန်ပေးခဲ့ပြီးတဲ့နောက်မှာ သူက ကိုယ့်ကို လက်ဆောင်တစ်ခုခု ပေးဖူးခဲ့လို့လား...

မရှိခဲ့ဘူးလို့ ထင်တာပဲ...

စကားလှလှလေးတွေတော့ အများကြီးပါပဲ... ဒါပေမဲ့ ကျင့်ကြံရေးမှာ ပါရမီမပါတဲ့ ပညာရှင် တစ်ယောက်ဆိုတော့ ကျော်ကြားမှုနဲ့ အောင်မြင်မှုကို ရှာဖွေတာ အံ့ဩစရာမရှိပေ’

‘အစတုန်းက သူမ ဘယ်လိုလုပ် လှည့်စားခံခဲ့ရတာလဲ...

အကယ်၍များ အဲဒီနေရာမှာသာ…’

ပိုင်ချီချီသည် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ရင်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားပစ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"တကယ်ကို နှိုင်းယှဉ်လို့ မရနိုင်ပါဘူးလေ..."

ဤအချိန်၌ ရင်ထဲမှ ဝိုးတဝါးဖြစ်နေသော ပုံရိပ်သည် တိတ်တဆိတ် ပျောက်ကွယ်သွားပြီး အနည်းငယ်မျှပင် လှိုင်းဂယက် မထနိုင်တော့ချေ။

ပိုင်ချီချီသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ထဲရှိ ဂါဝန်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။

" ရှင့်ရဲ့ စေတနာကို ကျွန်မ ငြင်းဆန်လို့ မရပါဘူး... ဒါပေမဲ့ ဒါက ရှင် ဝမ်လင်းရဲ့ အမေကို ပေးတဲ့ လက်ဆောင်လို့ပဲ သတ်မှတ်လိုက်မယ်..."

ပိုင်ချီချီသည် မိမိကိုယ်ကိုယ်အတွက် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားပြီး ချက်ချင်းပင် လက်ဆောင်ကို စိတ်အေးချမ်းသာစွာ လက်ခံလိုက်လေ၏။

သူမသည် လက်ချောင်းကို ဖောက်ကာ ဂါဝန်ပေါ်သို့ သွေးတစ်စက် ချလိုက်ပြီး ဝိညာဉ်ရတနာကို သခင်အဖြစ် အသိအမှတ်ပြုစေခြင်း စတင်လိုက်သည်။

ဂါဝန်က သွေးကို စုပ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ချက်ချင်း တောက်ပလာပြီးနောက် ပြန်လည်စုစည်းသွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုင်ချီချီ၏ ဒန်တျန်းအတွင်းသို့ ဝင်ရောက်သွားလေ၏။

ပိုင်ချီချီသည် အနည်းငယ် ပြုံးလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး သူမ၏ ဒန်တျန်းအတွင်းရှိ အခြား ပစ္စည်းနှစ်ခုကို အံ့အားသင့်စွာ မကြည့်ဘဲ မနေနိုင်တော့ချေ။

နက်မှောင်သော ခရမ်းရောင် ရင်ခွင်ကာနှင့် မင်ရောင် ဘောင်းဘီတစ်ထည်ဖြစ်ပြီး အပေါ်တွင် သေသပ်လှပသော ပုံစံများ ပါရှိနေကာ ထိုအဝတ်အစား နှစ်ခုကို ပိုမို သေသပ်ကျော့ရှင်းသွားစေ၏။

"ဒါက တကယ်ကို တစ်စုံတည်းပဲ..."

ပိုင်ချီချီ၏ အမူအရာမှာ မှိုင်းတွေသွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"အဆင့်မြင့် ဝိညာဉ်ရတနာ သုံးခု... ပြီးတော့ တစ်စုံတည်း... ဒီလက်ဆောင်က တကယ်ကို တန်ဖိုးကြီးလွန်းပါတယ်..."

"ပြီးတော့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို ရင်ခွင်ကာနဲ့ အတွင်းခံတွေ ပေးတယ်ဆိုတာက... အဲဒါက..."

ထိုအဓိပ္ပါယ်ကို တွေးမိပြီးနောက် ပိုင်ချီချီ၏ လှပသောမျက်နှာလေးမှာ ချက်ချင်းပင် ရှက်သွေးဖြာသွားခဲ့၏။ အဓိကအချက်က သူမက ဒါကို လက်ခံလိုက်မိတာပဲ။

"အခုမှ နောင်တရဖို့က နောက်ကျသွားပြီလား..." ပိုင်ချီချီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ပိုင်ချီချီသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နန်ကုန်းယွီ၏ အပြုံးကို အကြောင်းပြချက်မရှိဘဲ သတိရသွားကာ အေးချမ်းတည်ငြိမ်နေသော သူမ၏ စိတ်အခြေအနေတွင် ရုတ်တရက် လှိုင်းဂယက်များ ထလာခဲ့လေ၏။

အနည်းငယ် တိတ်ဆိတ်သွားပြီးနောက်။

သူမသည် အဝတ်အစားများ အားလုံးကို ချွတ်ချလိုက်ပြီး မှန်ထဲရှိ လှပကျော့ရှင်းသော ခန္ဓာကိုယ်ကို ကြည့်ကာ သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများက ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့သည်။

"ဒီလို အစွန်းအထင်းတွေနဲ့ ခန္ဓာကိုယ်က ဒီလို တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးနဲ့ တကယ်ရော ထိုက်တန်ရဲ့လား... ရှင့်ရဲ့ တပ်မက်မှုနဲ့ရော တကယ် ထိုက်တန်ရဲ့လား..."

ရုတ်တရက် ပိုင်ချီချီ၏ ရင်ထဲ၌ အတွေးများ လွင့်ပျံသွားခဲ့၏။

သူမ မသိခဲ့သည်မှာ နန်ကုန်းယွီသည် အမှန်တကယ်တော့ ထိုမျှလောက်အထိ အများကြီး မတွေးခဲ့ဘဲ ရတနာဖန်တီးစဉ်က ပေါ့ပေါ့ပါးပါးလေးသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကိုပင်။

နန်ကုန်းယွီသည် သူမ၏ အလှအပကို နှစ်သက်သဘောကျသော်လည်း ထိုမျှလောက်အထိ စိတ်မလောဘဲ သူမအပေါ် အကြံအစည် မရှိခဲ့ပေ။အရာအားလုံးက သူမ အများကြီး တွေးနေခဲ့ခြင်းသာ ဖြစ်၏။

ကံမကောင်းစွာဖြင့် သူမက မသိခဲ့ချေ။

ပိုင်ချီချီသည် မှန်ထဲရှိ ခန္ဓာကိုယ်ကို ကြည့်ကာ လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့သည်။

"ထားလိုက်ပါတော့... အကုန်လုံး လက်ခံလိုက်ပြီပဲဟာ... ပြီးတော့..."

"လက်ခံလိုက်ပါမယ်လေ..."

သူမ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခြေထောက်ကို ဖွဖွလေး မြှောက်ကာ အကာအကွယ်နောက်သို့ လျှောက်သွားပြီး ရေချိုးစည်ပိုင်းထဲသို့ ဝင်ရောက်သွားလေ၏။

အကြောင်းရင်းကို မသိရသော်လည်း သူမ၏ ရင်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

သေမျိုးလောက၏ အတိတ်က အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီးမှသာ ဤအဖိုးတန် လက်ဆောင်ကို လက်ခံနိုင်မည် ဟူ၍ပင်။

‘ဒါက... သူရဲ့ စေတနာပဲ... သူမ ဒါကို ခြေနဲ့မနင်းချေနိုင်ဘူး…’

ပိုင်ချီချီသည် လှပကျော့ရှင်းသော ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောနေရင်း သူမ၏ စိတ်ထဲ၌ ထိုပုံရိပ်ကို အလိုအလျောက် တွေးတောနေမိကာ ထိုအပြုံးကို တွေးတောရင်း အဝတ်အစား ပေးရသည့် အဓိပ္ပါယ်ကို သတိရနေမိ၏။

ဝမ်လင်းက ထိုအမျိုးသားကို သဘောကျနေမှန်း သူမသိထားသော်လည်း သူမ၏ အတွေးများကိုမူ မထိန်းချုပ်နိုင်သေးချေ။

ခေတ္တကြာပြီးနောက် ပိုင်ချီချီသည် ခေါင်းအနည်းငယ် ခါယမ်းကာ ထရပ်လိုက်ပြီး ရေချိုးစည်ပိုင်းထဲမှ ထွက်လာခဲ့သည်။ သူမ၏ ဝိညာဉ်စွမ်းအင် လှုပ်ခတ်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များ အားလုံးက ရေခိုးရေငွေ့အဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေ၏။

ထို့နောက် သူမ၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားပြီး ရင်ခွင်ကာနှင့် အတွင်းခံတို့သည် သူမ၏ ကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။

သူမသည် မှန်ထဲရှိ မိမိကိုယ်ကိုယ် ပြန်ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်၏။

"ရှင်ကသာ မငြင်းဆန်ဘူးဆိုရင် ဒီအစွန်းအထင်းတွေနဲ့ ခန္ဓာကိုယ်ကလည်း အသုံးဝင်နိုင်ပါသေးတယ်..."

သို့သော် စကားပြောပြီးသည်နှင့် တစ်စုံတစ်ခုကို တွေးမိသွားသော်လည်း ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

ထို့နောက် မင်ရောင်ဂါဝန်ကလည်း သူမ၏ ကိုယ်ပေါ်တွင် ပေါ်လာခဲ့ပြီး သူမကို အနည်းငယ် မှိုင်းတွေသွားစေ၏။

"တော်တော်လေး စေတနာပါတာပဲ..."

"တကယ်လို့ ဝမ်လင်းနဲ့သာ အဆင်ပြေသွားခဲ့ရင်..."

ပိုင်ချီချီ၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ် လှုပ်ရှားသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း အလျင်အမြန် ခေါင်းခါလိုက်၏။

"သားရဲနတ်ဆိုးမျိုးနွယ်ကတော့ ဂရုမစိုက်ပါဘူး... ဒါပေမဲ့ လူသားမျိုးနွယ်ကတော့... ဒီမှာ..."

ပိုင်ချီချီသည် ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလိုက်ပြီး ဆက်မတွေးတော့ဘဲ လှည့်ကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။

All Chapters