← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း (၂၉၂) - သတင်းအချက်အလက် အဆက်အသွယ် (၄)

"ဒီကျောက်စိမ်းသော့က မင်းကို ကျောက်စိမ်းစံအိမ်ရဲ့ အစစ်အမှန်ပိုင်ရှင်အဖြစ် အခွင့်အာဏာကို ပေးအပ်လိမ့်မယ်။ အဲဒီစံအိမ်က နှင်းဆီဖြူစံအိမ်ကို နောက်ကွယ်ကနေ ကိုယ်စားလှယ်အနေနဲ့ အသုံးပြုထားပြီး တရားရုံးတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဆင့်(၄) ကုန်သည်အဖွဲ့အစည်းတစ်ခုပဲ။”

“ဒါကြောင့် ဘယ်သူကပဲ စုံစမ်းကြည့်ကြည့် သူတို့ရဲ့ ပြောပလောက်စရာမရှိတဲ့ လုပ်ငန်းခွဲပေါင်းများစွာထဲက တစ်ခုလို့ပဲ ထင်မြင်ကြလိမ့်မယ်။”

“စံအိမ်ရဲ့ လက်အောက်မှာ ဆေးဖော်စပ်တဲ့ဆိုင်တွေကစလို့ ပန်းပဲဖိုတွေ၊ အဝတ်အထည် ထုတ်လုပ်ရေးတွေနဲ့ တခြားအလားတူ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ အကျိုးအမြတ်လည်း မဆိုးဘူး။ ဒါပေမဲ့ အဲဒီမှာ အလုပ်လုပ်နေတဲ့ အဖွဲ့ဝင်တွေထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ တရားရုံးတော်နဲ့ ဘယ်လိုနည်းနဲ့မှ ပတ်သက်မှုမရှိဘူး။”

“ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ သူတို့ကို နှင်းဆီဖြူစံအိမ်လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုခုက ပိုင်တယ်လို့ပဲ ထင်နေကြတာ။ ဘယ်အဖွဲ့အစည်းလဲဆိုတာကို သူတို့ လုံးဝမသိကြပေမယ့် သူတို့သိထားတာတစ်ခုက အဲဒီသော့ ကိုင်ဆောင်ထားတဲ့သူကို စံအိမ်ရဲ့ အဓိကခေါင်းဆောင်အဖြစ် လေးစားရမယ်ဆိုတာကိုပဲ"

လက်ထောက်ရှီက ပြောလိုက်၏။

ယန်ချင်းသည် ကျောက်စိမ်းသော့အား ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ချေ။

"ရွှေရောင်မြေကမ္ဘာဘဏ်မှာ စံအိမ်ရဲ့ ဝင်ငွေတွေကို ထုတ်ယူဖို့ ဒီသော့ကို မင်းရဲ့ သက်သေခံအဖြစ် အသုံးပြုနိုင်သေးတယ်။ သူတို့က အမြတ်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို သုံးလတစ်ကြိမ် ဘဏ်မှာ အပ်နှံကြတယ်။”

“စံအိမ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ သူ့ဟာသူ လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ပေးထားလိုက်တာက အဆင်ပြေမယ်လို့ ငါထင်တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် ဝင်ရောက်ကိုင်တွယ်ချင်တယ်ဆိုရင်လည်း ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီကနေ မင်းရမယ့်ဝင်ငွေတွေရော မင်းရဲ့ လွတ်လပ်စွာသုံးစွဲခွင့်ရှိတဲ့ ရန်ပုံငွေတွေပါပေါင်းပြီး လိုအပ်လာတဲ့အခါ သတင်းပေးတွေကို ထောက်ပံ့ဖို့ အသုံးပြုရမှာမို့လို့ပဲ။"

ယန်ချင်းသည် ကျောက်စိမ်းစိမ်းစံအိမ်၏ လက်အောက်တွင် မည်သည့်စီးပွားရေးလုပ်ငန်းများ ရှိနေသည်ကို ကြည့်ရှုရန် သူ၏ ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်လေ၏။

သူတို့သည် အဆင့်(၄) ကုန်သည်အဖွဲ့အစည်းတစ်ခု ဖြစ်နေသော်ငြား လုပ်ငန်းအမျိုးအစားများစွာတွင် ပါဝင်ပတ်သက်နေကြောင်း တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရ၏။ အချို့မှာ အသေးစားလုပ်ငန်းများသာ ဖြစ်သော်လည်း သူတို့၏ အဓိက ဝင်ငွေရလမ်းမှာမူ ဆေးဝါးနှင့် ဆေးဘက်ဝင်အပင်များ ကုန်သွယ်ခြင်းပင် ဖြစ်ပေသည်။

ယန်ချင်းသည် တစ်စုံတစ်ရာကို တကူးတက လိုက်လံရှာဖွေနေသည့်အလား စာရင်းကို အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုလိုက်လေ၏။

"မင်းရှာနေတာ အဲဒါဆိုရင်တော့... စံအိမ်ရဲ့ လုပ်ငန်းစာရင်းထဲမှာ စားသောက်ဆိုင်မပါဘူး။"

လက်ထောက်ရှီက ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် ယန်ချင်းမှာ ချက်ချင်းပင် လေလျှော့ခံလိုက်ရသကဲ့သို့ ညှိုးကျသွားလေတော့၏။

"အကုန်လုံး ဆိုးဝါးနေတာတော့ မဟုတ်ပါဘူး။ လွတ်လပ်စွာ သုံးစွဲခွင့်ရှိတဲ့ ရန်ပုံငွေနဲ့မတူတာက ကျောက်စိမ်းစံအိမ်ရဲ့ အမြတ်ဝေစု ငါးဆယ်ရာခိုင်နှုန်းကို မင်းဘာလုပ်လုပ် အကုန်လုံး မင်းရဲ့ သဘောပဲ။ မင်းရဲ့ သတင်းအချက်အလက် အဆက်အသွယ်မှာ ပေါ်ပေါက်လာမယ့် ဘယ်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်သရွေ့ အဲဒီဝေစုကို မင်း ဘယ်လိုသုံးမလဲ၊ ဘာအတွက်သုံးမလဲဆိုတာကို ငါတို့ ဂရုမစိုက်ဘူး။"

လက်ထောက်ရှီသည် ယန်ချင်း၏ မကြာခဏ ပြောင်းလဲနေသော ခံစားချက်များကို ရယ်စရာအဖြစ် ကြည့်ရှုရင်း ပြောလိုက်လေ၏။

"တစ်နှစ်ကို သူတို့ ဘယ်လောက်ရကြလဲ။"

ယန်ချင်းသည် စိတ်အားထက်သန်မှုများ ပါဝင်နေသော လေသံဖြင့် မေးမြန်းလိုက်၏။

"တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၁၀) သန်းဝန်းကျင်လောက် ရတယ်။ ဒါပေမဲ့ သန်း (၃၀) လောက်အထိ ရောက်ခဲ့တဲ့ နှစ်နည်းနည်းတော့ ရှိဖူးတယ်။"

လက်ထောက်ရှီက ပြန်လည်ဖြေကြားလေ၏။

အကယ်၍သာ ယန်ချင်းသည် လွတ်လပ်စွာသုံးစွဲခွင့်ရှိသည့် ရန်ပုံငွေပမာဏကို မသိခဲ့ပါက ထိုကိန်းဂဏန်းအတွက် အလွန်အမင်း ဝမ်းသာလုံးဆို့နေမည် ဖြစ်သော်လည်း သန်း(၄၀)ဟူသော ကိန်းဂဏန်းက သူ၏ ခံစားသိမြင်နိုင်စွမ်းကို ပုံပျက်သွားစေခဲ့ပြီပင်။

သန်း(၄၀)နှင့် ကွာခြာပြီး သူ၏ဆန္ဒအရ လွတ်လပ်စွာ အသုံးပြုနိုင်သည့် ပမာဏဖြစ်နေသည့်တိုင် (၁၀) သန်း ဆိုသည်မှာ အလွန်နည်းပါးလွန်းနေကြောင်းကိုမူ သူ မတွေးမိဘဲ မနေနိုင်ခဲ့ချေ။

လက်ထောက်ရှီသည် သူ၏ စိတ်ပျက်အားငယ်နေမှုကို လျစ်လျူရှုထားရန် ရွေးချယ်လိုက်ပြီး သူ၏ ရှင်းလင်းချက်ကို အဆုံးသတ်ရန် ဆက်လက်ပြောဆိုလိုက်၏။

"စာရင်းထဲက နောက်ဆုံးပစ္စည်းကတော့ သလင်းမျက်ရည်လွမ်ငှက်ရဲ့ ဌက်မွေးပဲ။ သတင်းပေး (၂၄)ယောက်စလုံးမှာ အဲဒီလိုမျိုး ငှက်မွေးတစ်ခုစီ ရှိကြတယ်။ ဒါပေမဲ့ မင်းဆီမှာရှိတဲ့တစ်ခုက သူတို့ဆီက ငှက်မွေးတွေကို ထိန်းချုပ်နိုင်တဲ့ အဓိကထိန်းချုပ်ရေးအမွေးပဲ။”

“မင်းရဲ့ ဝိညာဉ်အဆီအနှစ်တစ်မျှင်နဲ့ အဲဒါကို သန့်စင်ဖို့ လိုအပ်လိမ့်မယ်။ သန့်စင်ပြီးသွားရင်တော့ မင်းရဲ့ အဆီအနှစ်နည်းနည်းကို အဲဒီထဲ ထည့်သွင်းလိုက်တာနဲ့ သူတို့ပိုင်ရှင်တွေရဲ့ ဝိညာဉ်အဆီအနှစ်တွေနဲ့ သန့်စင်ထားတဲ့ တခြားငှက်မွေး (၂၄)ခုနဲ့ မင်းကို ချိတ်ဆက်ပေးလိမ့်မယ်။”

“သလင်းမျက်ရည်လွမ်ငှက်ဆိုတာ ဝိညာဉ်နဲ့ ဟင်းလင်းပြင် နှစ်ခုစလုံးကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်တဲ့ ရှားပါးငှက်တစ်မျိုးပဲ။ အဲဒီငှက်မွေးနဲ့ဆိုရင် တခြားသတင်းပေးတွေကို ဆက်သွယ်နိုင်လိမ့်မယ်။ ပြရင် မင်းရဲ့ငှက်မွေးကို ကြားခံနယ်မြေအနေနဲ့ အသုံးပြုပြီး အမွေးအတောင်နဲ့ ချိတ်ဆက်ထားတဲ့ မတူညီတဲ့ နယ်ပယ်တစ်ခုမှာ မင်း ပေါ်လာလိမ့်မယ်။ ဝိညာဉ်အဆီအနှစ်အမျှင်တွေကို အသုံးပြုပြီးတော့ မင်းတို့အချင်းချင်း ဆက်သွယ်လို့ရတယ်။”

“ဒါပေမဲ့ ဒါတွေက သူရဲ့ အမွေးအတောင်တွေပဲ ဖြစ်နေတဲ့အတွက် မင်းတို့အနေနဲ့ (၂)မိနစ်ထက်ပိုပြီးတော့ ဆက်သွယ်လို့မရဘူး။ အဲဒီလိုမှမဟုတ်ရင် ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိတယ်။”

“အသုံးပြုပြီးတိုင်း လေးရက်တိတိ အအေးခံဖို့ လိုအပ်ပြီး အသစ်ပြန်လည်ဖြစ်တည်ဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် သိပ်သည်းတဲ့ ဝိညာဉ်အရည်တွေလည်း လိုအပ်သေးတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေတွေမှာ ဒါမှမဟုတ် သတင်းပေးတွေနဲ့ တွေ့ဆုံဖို့ နေရာတစ်ခု သတ်မှတ်ချင်တဲ့အခါမှသာ အဲဒါကို သုံးပါ။”

“အဲဒါကလွဲရင် ထပ်ဖြည့်စရာ တစ်ခုမှမရှိတော့ဘူးလို့ ငါထင်တယ်။ မင်း သူတို့ကို မကြာခင် ဆက်သွယ်လိမ့်မယ်ဆိုတဲ့အကြောင်း သတင်းပေးတွေကို အသိပေးပြီးသွားပြီ။ ဒါကြောင့် တတ်နိုင်သမျှ အမြန်ဆုံး သူတို့ကို ဆက်သွယ်လိုက်ပါ။”

“မင်းရဲ့ခရီးစဉ်သစ်မှာ အကောင်းဆုံးဖြစ်ဖို့ ငါ ဆုတောင်းပေးပါတယ်။ တာဝန်တွေ အများကြီးဆိုတာ ငါသိပေမယ့် မင်း ဒီနေရာအထိ ရောက်လာနိုင်တာကိုက မင်းက ဒီတာဝန်ကို ထမ်းဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တရားသူကြီးယန်ချင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ပြီးတော့ ဒါတွေအတွက်လည်း ကျေးဇူးပါပဲ။”

“ဒီနှစ်မှာတော့ မင်း အကျိုးအမြတ်အကြီးကြီး ရလိမ့်မယ်လို့ ငါ ခံစားနေရတယ်... တရားသူကြီးလေး..."

လက်ထောက်ရှီသည် ဗာမီလီယံဝိုင်နှင့် အခိုးခံဝက်သားတို့ကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေ၏။

သူသည် ကျန်ရှိနေသော အသားတုံးကို တရစပ် မျိုချလိုက်ပြီး သူ၏ အရက်အိုးထဲတွင် ကျန်နေသော ဝိုင်များကိုလည်း မော့သောက်လိုက်၏။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ကာ ယန်ချင်း ကျေးဇူးတင်စကားဆိုရန်ပင် အချိန်မရလိုက်မီ မှုန်ဝါးဝါးအရိပ်တစ်ခုပမာ မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။

"ကျေးဇူးတင်ပါတယ်... လက်ထောက်ရှီ... ကျွန်တော် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ယန်ချင်းသည် လွတ်ဟာနေသော ရုံးခန်းအတွင်း၌ သူ၏လက်သီးကို ဆုပ်ကိုင်ကာ အရိုအသေပေးရင်း တီးတိုးရေရွတ်လိုက်၏။

'အရာအားလုံးပြီးသွားမယ့် ဒီညနှောင်းပိုင်းအထိ စောင့်ရမယ် ထင်ပါရဲ့။'

ယန်ချင်းသည် သလင်းငှက်မွေးအား ရှုပ်ထွေးနေသော အမူအရာဖြင့် ဟိုကိုင်ဒီကိုင်လုပ်ရင်း တွေးလိုက်လေ၏။

ထို့နောက် လေးလံစွာ သက်ပြင်းချလိုက်ရင်း ထိုပစ္စည်းသုံးခုကို သိမ်းဆည်းလိုက်ကာ ရွှေလင်းယုန်တံဆိပ်ပြားကို အသုံးပြု၍ သူ၏အခန်းအတွင်းမှ ပျောက်ကွယ်သွားလေ၏။

သို့သော် တစ်ခဏအကြာတွင် ပြန်ပေါ်လာခဲ့ပြီး သူ၏နေအိမ်အား ရှင်းလင်းရောင်းချရန် လုပ်ငန်းစဉ်များအား စတင်ရန်အတွက် အတွင်းထောက်ပံ့ပို့ဆောင်ရေးဌာနသို့ ဦးတည်သွားလေ၏။

ထို့နောက် ပြင်ပထောက်ပံ့ပို့ဆောင်ရေးဌာနသို့ သွားရောက်ကာ သူ၏ ကော်မရှင်လစာငွေများကို ပြောင်းလဲခြင်းနှင့် ရှင်းလင်းပေးချေမှုများ ပြုလုပ်ရာတွင် ကူညီပေးမည့် သူ၏ တရားခွင်နှင့် တွဲဖက်ထားသောဌာနမှ လုမေနှင့် မိတ်ဆက်မည်ဖြစ်လေ၏။

၎င်းနောက်တွင်မူ နောက်ဆုံးအနေဖြင့် သူသည် ရီကွီယမ်သို့ သွားရောက်ကာ ထိုနေ့အတွက် သူ၏ ကိစ္စအဝဝကို အဆုံးသတ်မည် ဖြစ်ပေ၏။

All Chapters