အခန်း (၅၂)
Vol. 6 Ch. 52
အခန်း (၅၂)အခွင့်အရေး တစ်ကြိမ်သာရှိတယ်၊ ကံကြမ္မာသားတော်ကို သတ်ဖြတ်ခြင်း
"မင်းကို အခွင့်အရေး တစ်ခုပေးမယ်... ငါ့ဆီ အညံ့ခံရင် မင်းအသက်ကို ငါ ချမ်းသာပေးနိုင်တယ်..."
ချင်လော့က မိုယဲ့ဟန်ကို ငုံ့ကြည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော် အညံ့ပါ့မယ်..."
မိုယဲ့ဟန်က မြေပြင်ပေါ်တွင် သပ်ရပ်စွာ ဒူးထောက်လိုက်၏။
"ဝူယွမ်စစ်သူကြီးစံအိမ်ကိစ္စက အဲဒီအဘိုးကြီး လုပ်ခဲ့တာပါ... အို မဟုတ်ဘူး... သူက ကျွန်တော့်ကိုပါ ဆွဲထည့်ခဲ့တာ... အရှင် စိတ်မပူပါနဲ့... ကျွန်တော် သူ့ကို ဖမ်းမိအောင် သေချာပေါက် ကူညီပေးပါ့မယ်..."
"ဟားဟားး..." ချင်လော့က လှောင်ပြောင်လိုက်သည်။
"မင်းကို ငါ ယုံမယ်လို့ ထင်နေတာလား..."
ဤစကားက မိုယဲ့ဟန်၏ အားနည်းချက်ကို တည့်တည့်ထိသွားသဖြင့် သူ၏ အမူအရာက တစ်ခဏမျှ အေးခဲသွားပေသည်။
"ငါ..မင်းရဲ့ ဝိညာဉ်ထဲမှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ချင်တယ်..."
ချင်လော့က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"မင်းရဲ့ ဝိညာဉ်ကို ဖွင့်လိုက်..."
"မဟုတ်ရင် မင်းအတွက် သေလမ်းပဲ ရှိတော့မယ်..."
မိုယဲ့ဟန်၏ မျက်နှာက မှုန်မှိုင်းသွားသည်။
ဝိညာဉ်သည် လူတစ်ယောက်အတွက် အရေးအကြီးဆုံးနေရာ ဖြစ်ပေသည်။ အကယ်၍ သူက ဝိညာဉ်ကို လွှတ်ပေးလိုက်ပြီး ချင်လော့အား သူ၏ ဝိညာဉ်ထဲတွင် လှည့်ကွက်တစ်ခုခု ချန်ထားခွင့်ပြုလိုက်ပါက သူ၏ တစ်သက်တာလုံး အခြားသူများ၏ ချုပ်ကိုင်မှုအောက်သို့ ရောက်သွားမည် မဟုတ်ပါလော။
"မှတ်ထား... မင်းမှာ ဒီအခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်... မင်း ငါ့လူ မဖြစ်ဘူးဆိုရင် သေလူပဲ ဖြစ်ရလိမ့်မယ်..."
မိုယဲ့ဟန်သည် ချင်လော့ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်တွေ့နိုင်ပေသည်။ သူက သွားကြိတ်ကာ ခြေဆောင့်လိုက်ပြီး မြေပြင်ပေါ်သို့ ဘိုင်းခနဲ ဒူးထောက်ချလိုက်သည်။
"ဒီငယ်သားက ဝိညာဉ်ကိုဖွင့်ပေးဖို့ ဆန္ဒရှိပါတယ်..."
"ကောင်းပြီ..."
ချင်လော့က သူ၏ ဝိညာဉ်ထဲသို့ သေခြင်းရှင်ခြင်းတံဆိပ်တုံးကို စိုက်ထည့်လိုက်၏။
မိုယဲ့ဟန်သည် တစ်ခဏမျှ မိန်းမောသွားပြီး သူ၏အသက်က သူ၏လက်ထဲတွင် မရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ချင်လော့က အသက်သည် မိမိလက်ထဲတွင် မရှိတော့သည့် ခံစားချက်ကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိစေခဲ့သည်။
ချင်လော့က သေခြင်းရှင်ခြင်းတံဆိပ်တုံးကို နှိုးဆွလိုက်ရာ မိုယဲ့ဟန်သည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီးနောက် မရေမတွက်နိုင်သော ပုရွက်ဆိတ်များက သူ၏ ခန္ဓာကိုယ်ကို ကိုက်ခဲနေသည့်အလား နာကျင်မှုကို ခံစားလိုက်ရလေသည်။
"နာတယ်..."
"နာလွန်းလို့ သေတော့မယ်..."
ချင်လော့က ဤမြင်ကွင်းကို ဂရုမစိုက်ဘဲ ကြည့်ရှုနေကာ သေခြင်းရှင်ခြင်းတံဆိပ်တုံးကို ဆက်လက် နှိုးဆွနေသဖြင့် မိုယဲ့ဟန်၏ နာကျင်မှုက စတင် မြင့်တက်လာခဲ့သည်။
"ကျွန်တော့်ကို သတ်လိုက်ပါ... သတ်လိုက်ပါ... သတ်လိုက်ပါတော့..."
မိုယဲ့ဟန်က နာကျင်မှုကို မခံစားနိုင်တော့သဖြင့် သေရန် တောင်းဆိုလာခဲ့၏။
ဘန်း... ဘန်း... ဘန်း…
သူက မြေပြင်ကို သူ၏ခေါင်းဖြင့် ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
ဤမြင်ကွင်းက ဘေးနားရှိ စစ်သူကြီး ကျန်းတိုကိုလည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ဤကဲ့သို့သော နာကျင်မှုကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ၏ စိတ်နှလုံးထဲတွင် ချင်လော့အပေါ် ကြောက်ရွံ့မှုက ပိုမို နက်ရှိုင်းလာခဲ့သည်။
ဘန်း... ဘန်း... ဘန်း…
"နာလွန်းလို့ သေတော့မယ်... ကျွန်တော့်ကို သတ်လိုက်ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သတ်လိုက်ပါတော့…”
မိုယဲ့ဟန်က ဟိန်းဟောက်လိုက်ပြီး နောက်ဆုံးတွင် နာကျင်မှုကြောင့် သတိလစ်သွားပေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ဦးကိုပင် နာကျင်မှုကြောင့် သတိလစ်သွားစေနိုင်သည်ဆိုလျှင် မည်မျှပင် နာကျင်မည်နည်း။ စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
စစ်သူကြီး ကျန်းတိုသည် ဤမေးခွန်းကို တွေးတောနေချိန်၌ ချင်လော့က သူ၏ဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ ချင်လော့က ဖြည်းညင်းစွာ အသံထွက်လာသည်ကိုသာ ကြားလိုက်ရ၏။
"ဖော်ကျင်းစစ်သူကြီး... ခင်ဗျားကို ကျွန်တော် ယုံကြည်လို့ရမလား..."
စစ်သူကြီး ကျန်းတို စကားမပြောနိုင်မီ ချင်လော့က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
"ကျွန်တော့်ရဲ့ အဘိုးကို ကျွန်တော် ယုံကြည်နိုင်တယ်... ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ရဲ့ သွေးသားထဲက အချစ်ရဆုံး မိသားစုဖြစ်ပြီး ဒီလောကမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိသားစုလည်း ဖြစ်လို့ပဲ..."
ဤသည်က စစ်သူကြီး ကျန်းတိုအား သူ၏အနောက်တွင် မဟာသူတော်စင်အဆင့် သိုင်းပညာရှင်တစ်ဦး ရပ်တည်နေကြောင်း သတိပေးလိုက်ခြင်း ဖြစ်ပေသည်။
အင်ပါယာမြို့တော်တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ရာ စစ်သူကြီး ကျန်းတို မသိရှိရန် အကြောင်းပြချက် မရှိချေ။ အကယ်၍ သူ လုံးဝ မသိရှိခဲ့လျှင် သူက သူတော်စင်တစ်ဦး ဖြစ်ရန် မထိုက်တန်ကြောင်း သက်သေပြနေပေသည်။ ဖြစ်နိုင်သည်မှာ သူ ကာလရှည်ကြာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
"ယင်းဝူစစ်သူကြီးကတော့ ကျွန်တော့်ရဲ့ ဆွေမျိုးမဟုတ်ဘူးလေ... ဒါကြောင့် သူ့အပေါ်မှာ နည်းနည်း ထိန်းချုပ်မှု သုံးခဲ့ရတယ်..."
"လီယီ..."
ချင်လော့က လီယီကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"သူကလည်း ကျွန်တော့်အပေါ် သစ္စာရှိတယ်... အခု သူ့ကို ကျွန်တော် ယုံကြည်လို့ရပြီ..."
လုံးဝ ယုံကြည်မှုအတွက် အခြေခံအချက်က မည်သည့်အရာဖြစ်သနည်း။ စစ်သူကြီး ကျန်းတိုသည် လူမိုက်တစ်ဦး မဟုတ်သဖြင့် သူ နားလည်ပေသည်။ သူ၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးနေသော အရိပ်အယောင်က ဖြတ်ပြေးသွားပြီး သူက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
"အရှင်... ကျွန်တော် အရှင့်ကို တစ်ခုလောက် မေးချင်ပါတယ်... အရှင်က ဧကရာဇ်ပလ္လင်အတွက် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိပါသလား..."
အကယ်၍ ချင်လော့တွင် ရည်မှန်းချက် မရှိလျှင် စစ်သူကြီး ကျန်းတိုသည် ချင်လော့၏ အနီးတွင် လိုက်ပါနေခြင်းက အနာဂတ်ရှိမည် မဟုတ်သကဲ့သို့ လက်စားချေရန်လည်း အလွန် ဝေးကွာနေပေလိမ့်မည်။
"ဧကရာဇ်ပလ္လင် ဟုတ်လား..."
ချင်လော့က အထင်သေးစွာ ပြုံးလိုက်၏။
"ခန့်မှန်းကြည့်လေ... ဘာပဲဖြစ်ဖြစ် ဒီမဟာချင်အင်ပါယာရဲ့ အနာဂတ်က ကျွန်တော့်လက်ထဲမှာ ရှိနေဖို့ လိုအပ်တယ်..."
ဘုန်း…
စစ်သူကြီး ကျန်းတိုက ထပ်မံတွန့်ဆုတ်မနေတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"အရှင်... ဒီငယ်သားက အရှင့်အပေါ် သစ္စာစောင့်သိဖို့ ကတိပြုပါတယ်..."
ဤမြင်ကွင်းက လီယီအတွက် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့၏။
စစ်သူကြီး ကျန်းတိုသည် သူတော်စင်တစ်ဦး ဖြစ်ကြောင်း သူ သိရှိပေသည်။ သူတော်စင်တစ်ဦးက ချင်လော့အတွက် သူ၏အသက်ကို ပေးဆပ်ရန် အဘယ်ကြောင့် ဆန္ဒရှိနေရသနည်းဆိုသည်ကို သူ မသိရှိချေ။
စစ်သူကြီး ကျန်းတို၏ အခြေအနေကိုသာ သူ အနည်းငယ် သိရှိထားပြီး သူတော်စင်တစ်ဦးက ချင်လော့၏ရှေ့တွင် ဒူးထောက်နေပေသည်။
စစ်သူကြီး ကျန်းတို၏ ဝိညာဉ်ထဲသို့ သေခြင်းရှင်ခြင်းတံဆိပ်တုံးကို စိုက်ထည့်လိုက်ချိန်၌ ချင်လော့ အလွန် ပင်ပန်းသွားသည်ဟု ခံစားလိုက်ရ၏။
ဤအရာက ဝိညာဉ်အပေါ် ကြီးမားသော စွမ်းအင်ကုန်ဆုံးမှုကို ဖြစ်စေပေသည်။ အထူးသဖြင့် စစ်သူကြီး ကျန်းတို၏ ဝိညာဉ်ခွန်အားက သူ၏ခွန်အားထက် များစွာ သာလွန်နေသောကြောင့်ပင်။
"ကောင်းပြီ... အဲဒီ ရှောင်ထန်ကို သွားကြည့်ရအောင်..."
ချင်လော့ ရောက်လာသည်ကို မြင်ချိန်၌ ရှောင်ထန်က တည်ငြိမ်စွာ မေးမြန်းလိုက်၏။
"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ချင်တာလဲ... အရင်က ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိခဲ့သလို အခုလည်း ဘာရန်ငြိုးမှ မရှိဘူးလေ... ကျွန်တော့်ရဲ့ ယွင်ရှန်းရှောင်မိသားစုနဲ့ ကောင်းကင်ဘေးဒဏ်နန်းတော်က ခင်ဗျားရဲ့ မဟာချင်အင်ပါယာနဲ့ လုံးဝ မပတ်သက်ပါဘူး..."
"ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ..."
ချင်လော့က ရှောင်ထန်ကို ကြည့်လိုက်သည်။
ကံကြမ္မာသားတော်သည် သာမန်လူများနှင့်မတူဟု ပြောရပေမည်။ ဤအခြေအနေတွင် သူက သာမန်လူများထက် များစွာ သာလွန်ကာ တည်ငြိမ်နေနိုင်သေး၏။
"အဖွဲ့အစည်း မတူတာလေး ပါပဲ..."
ချင်လော့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ဤမျှလောက်သာ သူ ပြောနိုင်ပေသည်။ အကယ်၍ နောက်တစ်ခွန်းသာ ထပ်ပြောလိုက်လျှင် သူက ရှင်းပြမည် မဟုတ်တော့ချေ။
ရှောင်ထန်က အဖွဲ့အစည်းများကြား ဆက်ဆံရေးအကြောင်း မေးမြန်းရန် ပြင်လိုက်ချိန်၌ ချင်လော့က ပြောဆိုလိုက်သည်ကို ကြားလိုက်ရ၏။
"မင်းကိုလည်း ငါ အခွင့်အရေးတစ်ခု ပေးရင် ဘယ်လိုလဲ…”
"ပြောကြည့်လေ..."
ရှောင်ထန်က မေးမြန်းလိုက်သည်။
ယခုအခါ ချင်လော့၏ အနီးတွင် သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအား နှစ်ခုရှိနေကြောင်း သူ သိရှိထားပြီဖြစ်ရာ သူ၏ ထွက်ပြေးရန် မျှော်လင့်ချက်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ထွက်ပေါက်က ချင်လော့အပေါ်တွင်သာ ရှိနေဆဲပင်။
"ငါ့ဆီ လက်နက်ချရင် မင်း အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ငါ ပေးနိုင်တယ်..."
ရှောင်ထန်က ခေါင်းခါယမ်းလိုက်၏။
"မဖြစ်နိုင်ဘူး..."
အကယ်၍ လူတစ်ယောက်က အမှန်တကယ် လက်နက်မချလျှင် သူ၏ ဝိညာဉ်ထဲသို့ သေခြင်းရှင်ခြင်းတံဆိပ်တုံးကို စိုက်ထည့်ရန် အခက်အခဲအချို့ ရှိပေသည်။ အနည်းဆုံးတော့ လောလောဆယ်တွင် ချင်လော့ မလုပ်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်ခွန်အားက ရှောင်ထန်ထက် များစွာ မသာလွန်သေးသောကြောင့်ပင်။
"နှမြောစရာပဲ..."
ချင်လော့က ခေါင်းခါယမ်းလိုက်သည်။
"မင်းကို သေလမ်းပဲ ပို့ပေးရတော့မှာပေါ့."
ထိုသို့ပြောပြီးနောက် ချင်လော့က ဓားတစ်လက်ကို ထုတ်ယူလိုက်ပြီး ရှောင်ထန်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးစိုက်လိုက်ပေသည်။
‘ဖူး…’
ရှောင်ထန်က ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ သူက ဖြစ်နိုင်ခြေ ရေတွက်မရအောင် တွေးတောခဲ့ဖူးသော်လည်း ချင်လော့က သူ့ကို ဤမျှ ပြတ်သားစွာ သတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
" ဝေါ့... ဘာလို့လဲ..."
ရှောင်ထန်မှာ သံသယများဖြင့် ပြည့်နှက်နေသော်လည်း ချင်လော့က သူ့ကို အဖြေပေးရန် တာဝန်မရှိချေ။
"အရူးတစ်ယောက် ဖြစ်နေတာ ကောင်းပါတယ်..."
ချင်လော့က စိတ်ထဲတွင် တိတ်တဆိတ် ပြောဆိုလိုက်၏။
"ဘာလို့လဲဆိုတော့ ငါ့မှာ ဗီလိန်မှတ်တွေ လိုအပ်နေလို့ပဲလေ..."
သေးငယ်သော တတိယအဆင့် ကံကြမ္မာသားတော် ဖြစ်သဖြင့် ကြီးမားသော အံ့အားသင့်စရာ မရှိသည်မှာ သေချာလှပေသည်။
ဘန်း…
[ ရှောင်ထန်က ဗီလိန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ကံကြမ္မာတန်ဖိုးများ အားလုံး ဆုံးရှုံးသွားသည်။ လက်ခံသူက ဗီလိန်မှတ် ၅၆,၆၀၀ ကို ရရှိသည်။ ]
"သူတော်စင်ကို ဖိနှိပ်နိုင်တဲ့ အဆိပ်များ ရှိလား..."
ချင်လော့က မေးမြန်းလိုက်၏။
[ စနစ်မှ အကြံပြုချက် - သွေးဆာအရိုးပျော်ဆေးလုံး (ကောင်းကင် ထိပ်တန်းအဆင့်) ]
[ အခြားသူများ၏ အရိုးများနှင့် သွေးများကို အချိန်တိုအတွင်း သေဆုံးသည်အထိ ပျော်ကျသွားစေနိုင်သည်။
သူတော်စင်အပေါ်၌လည်း လုံလောက်သော အာနိသင်ရှိပြီး သူတော်စင်ကို မသတ်နိုင်သော်လည်း အချိန်တိုအတွင်း အဆင့်ကျသွားစေနိုင်သည်။ ]
[ လဲလှယ်မှုတန်ဖိုး - ဗီလိန်မှတ် ၅၀,၀၀၀ ]
"မင်းက အရမ်း စဉ်းစားပေးတတ်တာပဲ..."
"လဲလှယ်မယ်..."
ချင်လော့က တွန့်ဆုတ်မနေခဲ့ချေ။
ထို့နောက် သူက ထိုဆေးလုံးကို ယူကာ မိုယဲ့ဟန်ထံသို့ ကမ်းပေးလိုက်သည်။
"မင်းက လိမ္မာတဲ့ ကလေးတစ်ယောက်ဆိုတာ ငါသိတယ်... ပြီးတော့ မင်းအဖေကို တန်ဖိုးနည်းနည်းလောက် ပေးဆပ်ခိုင်းဖို့ ငါ ရည်ရွယ်ထားတယ်... ဘယ်လိုလဲ..."
"မင်းအဖေရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် မင်းက သူ ဒီဆေးလုံးကို စားသွားအောင် မင်းတတ်နိုင်သမျှ အရာအားလုံးကို လုပ်ရမယ်... မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်…”