အခန်း (၅၄)
Vol. 6 Ch. 54
အခန်း (၅၄) သားဖြစ်သူက အဆိပ်ခတ်ပြီး သွေးလမင်းမြင့်မြတ်နယ်မြေ သူတော်စင်ကို သတ်ဖြတ်ခြင်း
မိုယဲ့ဟန်သည် လမ်းတစ်လျှောက်လုံး တွေးတောလာခဲ့ပြီး သူ၏အဖေကို ဤဆေးလုံး စားသွားစေရန် အခြားနည်းလမ်းတစ်ခု ရှာဖွေရန် လိုအပ်ကြောင်း တွေးတောမိသည်။
မြင့်မြတ်နယ်မြေသို့ ပြန်ရောက်ချိန်တွင် သူ၏ မိခင်က မိုချန်းကျွယ်နှင့်အတူ ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရရာ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ အကြံအစည်တစ်ခု ရရှိသွားပုံရ၏။
ထိုညတွင် မိုယဲ့ဟန်က မိုချန်းကျွယ်ကို ဆွဲခေါ်ကာ အရက်များစွာ သောက်ခဲ့ပြီး ချင်လော့၏ လက်ထဲတွင် သူ မည်သို့ နှိပ်စက်ခံခဲ့ရကြောင်း ပြောပြခဲ့သည်။
ကြားရသူတိုင်းအတွက် ဝမ်းနည်းမျက်ရည်ကျစရာပင် ဖြစ်ပေ၏။ မိုချန်းကျွယ်က ရင့်သီးသော စကားများကိုပင် ပြောဆိုလိုက်သည်။
"စိတ်မပူပါနဲ့... အဲ့ဒီကောင်ကို ငါ ဖမ်းလာခဲ့ပြီး မင်းကို သေချာ နှိပ်စက်ခိုင်းပါ့မယ်..."
မိုယဲ့ဟန်က စိတ်ထဲတွင် ညည်းတွားလိုက်၏။
‘ ခင်ဗျားရဲ့ သေးငယ်တဲ့ နယ်မြေလေးထဲမှာတော့ တောင်တန်းဘုရင် လုပ်နိုင်တာပေါ့..
တကယ်လို့ တစ်ဖက်လူက မင်းသားတစ်ပါးဆိုတာကို ခင်ဗျား သိရင် ကြောက်သွားမှာ မဟုတ်ဘူးလား’
သားဖြစ်သူက ဖခင်ကို အကောင်းဆုံး နားလည်ပေသည်။ ဇနီးကို လုယူသွားသော ရန်ငြိုး၊ ဖခင်ကို သတ်ဖြတ်သော ရန်ငြိုးများအားလုံးကို ဝူယွမ်စစ်သူကြီးက ရယူထားခဲ့သည်။
မိုချန်းကျွယ်သည် အသံပင် မထွက်ရဲခဲ့ဘဲ ဝူယွမ်စစ်သူကြီး သေဆုံးသွားပြီးနောက်မှသာ ဝူယွမ်စစ်သူကြီးစံအိမ် တစ်ခုလုံးကို လျှို့ဝှက်စွာ ဖျက်ဆီးရဲခဲ့ပေသည်။
လူကြီးမင်းတစ်ယောက် လက်စားချေရန် ဆယ်နှစ်စောင့်လည်း မနှောင်းဘူးဟု အချို့က ပြောကြသော်လည်း မိုချန်းကျွယ်က အနှစ်ငါးဆယ်တောင် စောင့်ခဲ့ပေသည်။
မိုယဲ့ဟန်မှာ အားကျသည်ဟု ပြောရပေမည်။
မိုချန်းကျွယ်က ခုနက ဖြစ်ကတတ်ဆန်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူတွင် သူတော်စင် ရှိနေသဖြင့် ဤကိစ္စသည် အခြေခံအားဖြင့် ဤသို့ပင် ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိရှိပေသည်။
အရက်သောက်ပြီးနောက် မိုချန်းကျွယ်သည် သူ နှစ်သက်သော အရာတစ်ခုခုကို သေချာပေါက် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်းကို မိုယဲ့ဟန်က အလွန် ရှင်းလင်းစွာ သိရှိထားပေ၏။
ညနက်ပိုင်းတွင် မိုယဲ့ဟန်သည် အလွန် ဒေါသထွက်နေသော အသံတစ်သံကို ကြားလိုက်ရသည်။
"ဘယ်သူလဲ... ဘယ်သူက ငါ့ကို အဆိပ်ခတ်တာလဲ..."
မိုယဲ့ဟန်က တိတ်တဆိတ် အချက်ပြလိုက်၏။
"ဒီလောက်မြန်တာလား... ဒီကောင်လေးက တော်တော် စွမ်းတာပဲ..."
ချင်လော့၏ အသံတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေပေသည်။
"သွားကြစို့... သွေးလမင်းမြင့်မြတ်နယ်မြေကို သွားကြမယ်..."
ချင်လော့က လျှောက်လှမ်းရန် ခြေလှမ်းလိုက်ချိန်၌ စစ်သူကြီး ကျန်းတိုက တားဆီးလိုက်သည်။
"အရှင်... လှည့်စားတာမျိုး ဖြစ်မှာကို ရှောင်ရှားဖို့အတွက် ကျွန်တော် အရင်သွားပြီး အခြေအနေကို လေ့လာကြည့်ပါရစေ..."
"ရပါတယ်... သေးငယ်တဲ့ သွေးလမင်းမြင့်မြတ်နယ်မြေလေး တစ်ခုပဲလေ..."
ချင်လော့၏ လက်ထဲတွင် သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်း ရှိနေခြင်း မဟုတ်ဘဲ လူသားဧကရာဇ်အလံလည်း ရှိနေပေသည်။
သွေးလမင်းမြင့်မြတ်နယ်မြေဘက်သို့ သွားရင်း ချင်လော့က ပြောဆိုလိုက်၏။
"သွေးလမင်းမြင့်မြတ်နယ်မြေက ငါတို့ မဟာချင်အင်ပါယာမှာ အကြိမ်များစွာ ပြဿနာရှာခဲ့တယ်... သူတို့ ဆက်ပြီး တည်ရှိနေဖို့ မလိုအပ်တော့ဘူးလို့ ငါထင်တယ်..."
သူ၏ စကားများက သံမဏိကဲ့သို့ သွေးအေးသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသနေခဲ့သည်။
လူသားဧကရာဇ်အလံအတွင်း၌ အလွန် ဟာလာဟင်းလင်း ဖြစ်နေပြီး သွေးလမင်းမြင့်မြတ်နယ်မြေရှိ လူထောင်ပေါင်းများစွာကို အသက်အရွယ်မရွေး ဝါးမြိုရန် အသင့်ဖြစ်နေပေ၏။
"အားလုံးက အရှင့်ရဲ့ အမိန့်အတိုင်းပါပဲ..."
သွေးလမင်းမြင့်မြတ်နယ်မြေသို့ ရောက်ရှိလာချိန်တွင် စစ်သူကြီး ကျန်းတိုက ထပ်မံတွန့်ဆုတ်မနေတော့ချေ။
"ငါတို့ သွေးလမင်းမြင့်မြတ်နယ်မြေကို ဘယ်သူက ကျူးကျော်ဝင်ရောက်ရဲတာလဲ..."
လိုဏ်ဂူကောင်းကင်အဆင့် အကြီးအကဲတစ်ဦးက ဟိန်းဟောက်လိုက်ချိန်တွင် စစ်သူကြီး ကျန်းတိုက ခုန်တက်ကာ ပုဆိန်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
သူက တစ်ဖက်လူကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းပစ်လိုက်၏။
"ဝင်သတ်ကြ... တစ်ယောက်မှ အရှင်မထားနဲ့..."
ချင်လော့က ဂရုမစိုက်စွာ ပြောဆိုလိုက်သည်။
"နားလည်ပါပြီ..."
လက်အောက်ခံ နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူများသည် မိုယဲ့ဟန်နှင့် တွေ့ဆုံသည်အထိ
စစ်သူကြီး ကျန်းတိုနှင့်အတူ လမ်းတစ်လျှောက်လုံး သတ်ဖြတ်ဝင်ရောက်သွားသည်။
ဤအခိုက်အတန့်တွင် မိုယဲ့ဟန်က သူ၏ မိခင်၏ လက်လေးကို ကိုင်ကာ နှစ်သိမ့်ပေးနေ၏။
"ရပါတယ်... ရပါတယ်... ကျွန်တော် ရှိနေသရွေ့ အားလုံး အဆင်ပြေသွားမှာပါ..."
ချင်လော့ ပေါ်လာသည်ကို မြင်ချိန်တွင် မိုယဲ့ဟန်က မြေပြင်ပေါ်သို့ ဘိုင်းခနဲ ဒူးထောက်ချလိုက်သည်။ အမျိုးသမီးကလည်း လိုက်လုပ်ကာ မြေပြင်ပေါ်သို့ အမြန် ဒူးထောက်လိုက်၏။
"ကံကောင်းထောက်မစွာနဲ့ ဒီငယ်သားက အရှက်မကွဲခဲ့ပါဘူး... ကျေးဇူးပြုပြီး အရှင်က ကျွန်တော်နဲ့ ကျွန်တော့်အမေရဲ့ အသက်ကို ချမ်းသာပေးပါ..."
"ဒါက မင်းအမေလား..."
ချင်လော့က လျှောက်လှမ်းလာပြီး ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ ရုပ်ရည်ကို မည်သို့ပင် ကြည့်စေကာမူ ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော ကောင်မျိုးကို မွေးဖွားနိုင်လိမ့်မည်ဟု သူ မထင်ထားချေ။
"အမေအရင်း မဟုတ်ပါဘူး..."
မိုယဲ့ဟန်က ပြုံး၍ ပြောဆိုလိုက်၏။
"ပြီးတော့ မိုချန်းကျွယ်ကို ဒီလောက် ချောချောမွေ့မွေ့နဲ့ အဆိပ်ခတ်နိုင်ခဲ့တာကလည်း ကျွန်တော့်အမေရဲ့ ကြီးမားတဲ့ ကူညီမှုကြောင့်ပါပဲ..."
"အိုး..."
ချင်လော့ စိတ်ဝင်စားသွားပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"မင်းက မင်းအဖေကို ဘယ်လို အဆိပ်ခတ်ခဲ့တာလဲ..."
နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေသော အော်ဟစ်သံများကို ကြားချိန်တွင် မိုယဲ့ဟန်မှာ တွန့်ဆုတ်မနေရဲဘဲ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ မို့မောက်နေသော နေရာတစ်ခုကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"အဲ့နေရာမှာအဆိပ်သုတ်ထားတာ"
“ ဝိုး…အံ့ဩစရာပဲ” ချင်လော့က တအံ့တဩ ရေရွတ်လိုက်မိသည်။
“ ဒီကောင်လေးက ပါရမီရှင် တစ်ယောက်ပဲ”
သူ၏ ဗီလိန်မျက်နှာကို ကြည့်ရင်း ဤကောင်လေးက အနာဂတ်တွင် အောင်မြင်လိမ့်မည်ဟု ချင်လော့ တွေးလိုက်မိပေသည်။
"ကောင်းတယ်... ကောင်းတယ်... ကလေးကို သင်ပေးလို့ ရသေးတာပဲ..."
ချင်လော့က သူ၏ ပခုံးကို ပုတ်လိုက်၏။
"သွားကြစို့... မင်းအဖေကို သွားကြည့်ရအောင်..."
မိုချန်းကျွယ်သည် မည်သို့ အဆိပ်မိသွားကြောင်းကို မသိရှိသေးဘဲ ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်း၌ ပုန်းကွယ်ကာ အဆိပ်ဖြေရန် ကြိုးစားနေခဲ့သည်။
ဧရာမ ကျောက်တံခါးကြီး ပွင့်သွားချိန်တွင် သူ၏ အားနည်းနေသော ပုံစံက ချင်လော့တို့၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့သည်။
မိုချန်းကျွယ် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ၏သားဖြစ်သူက ချင်လော့၏ရှေ့၌ ခွေးတစ်ကောင်ကဲ့သို့ အောက်ကျို့ဖားယားနေသည်ကို မြင်လိုက်ရ၏။
ပြန်ကြည့်လိုက်ရာ ချင်လော့နှင့် စစ်သူကြီး ကျန်းတိုတို့ ဖြစ်နေပြီး သူတို့က သူ၏သားကို ဖမ်းဆီးသွားသူများ မဟုတ်ပါလော။
"မိုချန်းကျွယ်... မင်းသားရောက်လာတာကို ခင်ဗျားက ဘာလို့ ဒူးမထောက်ပြီး မကြိုဆိုရတာလဲ..."
မိုယဲ့ဟန်က မိုချန်းကျွယ်ကို ဆူပူလိုက်သည်။
"ဖူး..."
မိုချန်းကျွယ်သည် အမည်းရောင် သွေးများစွာကို အန်ထုတ်လိုက်ရသည်။ ယခု သူက အရူးတစ်ယောက် ဖြစ်နေလျှင်တောင်မှ အဆိပ်ခတ်ခံရသည့် ကိစ္စက မိုယဲ့ဟန်နှင့် ပတ်သက်နေကြောင်း သူ သိရှိပေသည်။
"တိရစ္ဆာန်... တိရစ္ဆာန်ကောင်..."
"လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်ကတည်းက မင်းကို ငါ ဘာလို့ မြေကြီးထဲ မပို့လိုက်မိတာလဲ..."
"ငါက မင်းရဲ့အဖေ... မင်းရဲ့အဖေကွ..."
မိုချန်းကျွယ်က ဟိန်းဟောက်လိုက်၏။
"ခင်ဗျားက ကျွန်တော့်အဖေအရင်း ဖြစ်နေလို့လေ... ခင်ဗျားသားရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ခင်ဗျားကိုပဲ စတေးရတော့မယ်... ခင်ဗျားလည်း ငါတို့ မိုမိသားစု မျိုးဆက်ပြတ်သွားတာကို မမြင်ချင်ဘူး မဟုတ်လား... ကျွန်တော်က ခင်ဗျားရဲ့ တစ်ဦးတည်းသော သားလေ..."
မိုယဲ့ဟန်၏ စကားကြောင့် မိုချန်းကျွယ်သည် နောက်ထပ် သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်ရပြီး သူ၏ အမူအရာက ပိုမို ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
"တိရစ္ဆာန်... တိရစ္ဆာန်ကောင်..."
မိုချန်းကျွယ်က ဟိန်းဟောက်လိုက်၏။
"ဆဲမနေပါနဲ့တော့... ဒီလိုပြောနေတာက ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲနေသလို ဖြစ်မနေဘူးလား..."
မိုယဲ့ဟန်၏ စကားက အမှန်တကယ်ပင် အသက်ရှူကျပ်သေစေလောက်ပေသည်။
"ဖူး..."
မိုချန်းကျွယ်က ဟိန်းဟောက်လိုက်၏။
"တိရစ္ဆာန်ကောင်... ငါသေရရင်တောင်မှ မင်းကို အသေညှစ်သတ်သွားမယ်... သေစမ်း..."
‘ဝုန်း…’
သူသည် ခန္ဓာကိုယ်ထဲရှိ တစ်ခုတည်းသော ခွန်အားကို စုစည်းလိုက်ပြီး အဆိပ်များ နှလုံးဆီသို့ တက်လာခြင်းကိုပင် ဂရုမစိုက်တော့ဘဲ သွေးသားရင်းချာကို သတ်ဖြတ်ရန် ပြင်လိုက်တော့သည်။
ချင်လော့က စစ်သူကြီး ကျန်းတိုကို လှုပ်ရှားရန် အချက်ပြလိုက်ရာ စစ်သူကြီး ကျန်းတိုက ရှေ့တစ်လှမ်းတိုး၍ ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။
‘ဘန်း…’
ဧရာမ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး မိုချန်းကျွယ်သည် ချက်ချင်းပင် လွင့်စင်သွားကာ နံရံနှင့် သွားစောင့်မိပေ၏။
တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။
‘ဖူး... ဖူး... ဖူး…’
သွေးများက တန်ဖိုးမရှိသည့်အလား အဆက်မပြတ် ပန်းထွက်နေခဲ့၏။
စစ်သူကြီး ကျန်းတိုက ပုဆိန်ကို သူ၏ လည်ပင်းပေါ်တွင် တင်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
"လက်နက်ချမလား... သေမခံလား..."
ချင်လော့က အနောက်မှ ပြုံး၍ ပြောဆိုလိုက်၏။
"မှတ်ထား... ခင်ဗျားမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်..."
"မတွေးနဲ့... ငါက ဂုဏ်သိက္ခာရှိတဲ့ သူတော်စင်တစ်ပါးပဲ… မင်းက ငါ့ကို လက်နက်ချခိုင်း နေတာလား..."
မိုချန်းကျွယ်သည် မာနကြီးနေဆဲပင်။
"သတ်လိုက်..."
ချင်လော့က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ဘာ... မလုပ်..."
မိုချန်းကျွယ်သည် ချင်လော့က အခွင့်အရေး တစ်ကြိမ်ဟုပြောပြီး တကယ်ပဲ တစ်ကြိမ်သာ ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"ငါ လက်နက်ချပါပြီ... ငါ..."
‘ရွှစ်…’
ခေါင်းက ပြတ်ကျသွားပြီး မိုချန်းကျွယ်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ကျန်ရစ်နေဆဲပင်။
"အခွင့်အရေး တစ်ကြိမ်ပဲရှိတယ်လို့ ပြောရင် တစ်ကြိမ်ပဲလေ... ငါပြောတာကို မင်းက အလေးမထားဘူးလား..."
ချင်လော့သည် တစ်ဖက်လူက အရင်ဆုံး မာနခံပြီးမှ လက်နက်ချမည့် အကြံကို မသိရှိခြင်း မဟုတ်ချေ။
သူ၏အမြင်တွင် မာနဆိုသည်မှာ အသုံးအဝင်ဆုံးဖြစ်ပြီး ယုတ်မာချင်သည့်အပြင် ဂုဏ်သိက္ခာလည်း ယူချင်နေသေးသည်။ သူက လက်ရှိ အခြေအနေများကို နားမလည်ချေ။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူအတွက် အတူတူပင် ဖြစ်ပေသည်။
လူသားဧကရာဇ်အလံက ဖြန့်ကြက်သွားပြီး မိုချန်းကျွယ်၏ ဝိညာဉ်ကို စုပ်ယူလိုက်၏။
"ဒီည ငါက သွေးလမင်းမြင့်မြတ်နယ်မြေထဲမှာ တံခါးပိတ်ကျင့်ကြံမယ်..."
‘လူအများကြီးကို သတ်လိုက်ရတာဆိုတော့ အလဟဿ မဖြစ်စေရဘူး မဟုတ်လား…’’