← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း ၁၅၃

တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် လုကျန်းယီက ချက်ချင်းပင် "ငါက ချီယဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုကျန်းယီပါ။ မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ" ဟု မိတ်ဆက်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အခန်းတွင်းသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်မိသည်။

ထိုအစွမ်းထက်လှသော အရှိန်အဝါ၏ ပိုင်ရှင်ကို ရှာဖွေရန် ကြိုးပမ်းနေခြင်းပင်။

ဝမ်ပင်းက "ငါက မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းပါ။ ဂိုဏ်းချုပ်လုက ဒီလောက်ညဉ့်နက်တဲ့အချိန်မှာ ဘာကိစ္စရှိလို့ ငါ့တံခါးကို လာခေါက်ရတာလဲ" ဟု ပြန်ဖြေလိုက်သည်။

ထိုအရှိန်အဝါ၏ အရင်းအမြစ်ကို ရှာမတွေ့သဖြင့် လုကျန်းယီသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြုံးလျက် "အမှန်တော့ ငါက မိတ်ဖွဲ့ရင်းနဲ့ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ငါ့ရဲ့ ချီယဲ့ဂိုဏ်းကို ဝင်ရောက်ဖို့ စိတ်ဝင်စားမှု ရှိမရှိ လာမေးမလို့ပါ။ ဒါပေမဲ့ အခုကြည့်ရတာတော့ မေးဖို့မလိုတော့ပါဘူး မေးရင်လည်း ပိုနေမှာပဲ။ ဂိုဏ်းချုပ်ဝမ်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲ ဖြစ်နေတာ တကယ့်ကို အထင်ကြီးစရာပါပဲ" ဟု ပြောလိုက်သည်။

သူသည် ဝမ်ပင်းတစ်ယောက် ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲအကြောင်းကို ဘာဖြစ်လို့ မသိရသလဲဆိုသည့် အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။

ခုနက ဖြစ်ပျက်သွားခဲ့သည့် အခြင်းအရာကို ထောက်ရှုလျှင် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးကို မျက်စိတစ်မှိတ်အတွင်းမှာတင် ရှင်းထုတ်ပစ်နိုင်ခဲ့သည်။

ထိုအချက်အပေါ် မူတည်၍ ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ ဤမသေမျိုးဂိုဏ်းသည် အသစ်တည်ထောင်ထားသော ဂိုဏ်းတစ်ခုဖြစ်ပြီး ကြယ်ပွင့်အဆင့် သတ်မှတ်ချက် မရရှိသေးသလိုဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲသို့ပင် ဝင်ရောက်ရသေးခြင်း မရှိပေ။

နက်နဲသောအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် လျှို့ဝှက်ရတနာတစ်ခုခု ရှိနေလျှင်

ပင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ဝင် မဟုတ်ပါက သတင်းအချက်အလက်များ ပိတ်ဆို့နေသည့် ဝေးလံခေါင်ဖျားသော အရပ်ဒေသတွင် ရှိနေနိုင်သဖြင့် ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲအကြောင်းကို မသိရှိခြင်းမှာ ဖြစ်နိုင်သည်။

လုကျန်းယီက ဆက်လက်၍ "ဂိုဏ်းချုပ်ဝမ် အနေနဲ့ မနက်ဖြန်အတွက် ဘာအစီအစဉ်တွေ ရှိလဲ" ဟု မေးလိုက်သည်။

ဝမ်ပင်းက "မနက်ဖြန်လား... ငါ့မှာ ဘာအစီအစဉ်ရှိလဲဆိုတာ သေချာမသိသေးဘူး" ဟု ပြန်ပြောသည်။

ဤစကားကို ကြားသောအခါ လုကျန်းယီသည် ဝမ်းသာအားရဖြင့် "ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ပါလား။ ဒီတစ်ကြိမ် အရွေးချယ်ခံ ပြိုင်ပွဲမှာ အနည်းဆုံး လူပေါင်းသုံးသောင်းကျော် ပါဝင်ယှဉ်ပြိုင်ကြမှာဆိုတော့ တကယ့်ကို စည်ကားလိမ့်မယ်" ဟု ဖိတ်ခေါ်လိုက်တော့သည်။

သုံးသောင်းကျော်တောင်လား။

ဤအရေအတွက်ကို ကြားလိုက်ရသောအခါ ဝမ်ပင်းသည် စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားခဲ့ရသည်။

"ကောင်းပြီလေ... ဒါဆိုရင် အတူတူသွားကြတာပေါ့"

လမ်းပြပေးမည့် ရင်းနှီးသူတစ်ဦး ရှိနေခြင်းက သူ့အတွက်လည်း သဘာဝကျကျပင် ဝမ်းသာစရာ ဖြစ်သည်။

...

သန်းခေါင်ကျော်အချိန်သို့ ရောက်သောအခါ ယွမ်လျောင်နှင့် ရန်လီလီတို့သည် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ရန်လီလီသည် အပေါ်ထပ်သို့ တက်လာပြီး တစ်စုံတစ်ဦးက လက်ရန်းကို ပြုပြင်နေသည်ကို မြင်သောအခါ ခဏမျှ ကြောင်အမ်းသွားပြီးနောက် "ဒီမှာ တစ်ခုခု ဖြစ်ခဲ့လို့လား" ဟု မေးလိုက်သည်။

"စိတ်မရှိပါနဲ့ဗျာ... ကျွန်တော်တို့ ခဏနေရင် အပြီးပြင်ပေးပါ့မယ်"

လက်ရန်းကို ပြုပြင်နေသော လက်သမားက အလျင်အမြန် ရှင်းပြရှာသည်။

ယွမ်လျောင်သည် ဝမ်ပင်း၏ အခန်းတံခါးရှေ့တွင် ရပ်ကာ သစ်သားလက်ရန်းကို ကြည့်ရင်း အခြေအနေကို ရိပ်မိသွားခဲ့သည်။

မသေမျိုးဂိုဏ်းသည် ကြယ်ပွင့်မရှိသော ဂိုဏ်းငယ်လေးဖြစ်ပါလျက်နှင့် အဆင့်မြင့်အခန်းတွင် တည်းခိုနေသည်ကို မကျေနပ်၍ အခန်းလာလုရန် ကြိုးပမ်းသူတစ်ဦး ရှိခဲ့ပြီး ၎င်းမှာ လက်ဝါးတစ်ချက်တည်းဖြင့် အဝေးသို့ ရိုက်ထုတ်ခြင်း ခံလိုက်ရသည်မှာ သေချာသလောက်ပင်။

ယွမ်လျောင်သည် ထိုရိုက်ထုတ်ခြင်းခံလိုက်ရသူအတွက် စိတ်ထဲမှ ခဏမျှ ဝမ်းနည်းပေးလိုက်ပြီးနောက် ဝမ်ပင်း၏ တံခါးကို ခေါက်လိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

ဝမ်ပင်းက "မနက်ဖြန်မနက်မှ စကားပြောကြတာပေါ့" ဟု ပြန်လည်ပြောကြားလိုက်သည်။

ယွမ်လျောင်က ခေါင်းငြိမ့်ပြကာ သူ၏ အခန်းသို့ တိုက်ရိုက် ပြန်သွားခဲ့တော့သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် သူတို့သုံးဦးသည် ပိယွဲ့ဆောင်၏ ပထမထပ်တွင် စုဝေးမိကြရာ ရန်လီလီက စိတ်အားထက်သန်စွာဖြင့် စတင်၍ "ဂိုဏ်းချုပ်... သိလား။ ဒီတစ်ကြိမ် စမ်းသပ်ပွဲအတွက် လူပေါင်းသုံးသောင်းငါးထောင်ကျော် မှတ်ပုံတင်ထားကြတာတဲ့။ အသက် ၃၅ နှစ်အောက်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးကို ရောက်နေတဲ့သူတင် မပြည့်တပြည့် တစ်သောင်းနီးပါး ရှိတယ်ဗျာ။ ဝိုး... အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူ တစ်သောင်းတောင်ဆိုတော့ စိတ်ကူးကြည့်ဖို့တောင် မလွယ်ဘူး" ဟု ပြောသည်။

"ဂိုဏ်းချုပ်... သူက မနက်က လမ်းမှာကတည်းက ဒါကိုပဲ ပြောနေတာ။ အခုဆို ဒါနဲ့တင် ခုနစ်ကြိမ်မြောက် ရှိနေပြီ"

ယွမ်လျောင်က ဘေးမှနေ၍ မနေနိုင်ဘဲ စနောက်လိုက်သည်။

ဝမ်ပင်းက ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် "ငါ့ကို အဲဒီအကြောင်း သေသေချာချာ ထပ်ပြောပြပါဦး" ဟု မေးလိုက်သည်။

ဝမ်ပင်းက စိတ်ဝင်စားကြောင်း ပြသလာသဖြင့် ရန်လီလီသည် နားထောင်မည့်သူကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး လျင်မြန်စွာပင် "ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲကို အမျိုးအစားနှစ်ခု ခွဲထားတာပါ။ အသက် ၁၅ နှစ်အောက် အုပ်စုနဲ့ အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူ အုပ်စုဆိုပြီးတော့ပေါ့။ သူတို့က အသက် ၁၅ နှစ်အောက်ထဲက အလွန်ထူးချွန်တဲ့ ပါရမီရှင် ၁၀ ယောက်နဲ့၊ အဆင့်တစ်ဆယ့်သုံးထဲက ထိပ်တန်း ၁၀ ယောက်ကို ရွေးချယ်မှာ။ အကယ်၍ ပါရမီရှင်ဆယ်ပါးထဲက တစ်ယောက် ဖြစ်လာပြီဆိုရင် ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေရဲ့ ပင်မတပည့်ဖြစ်လာနိုင်ပြီး နက်နဲသောအဆင့်ကို ကျော်လွန်တဲ့ ဆရာသခင်ကြီးတွေရဲ့ လက်အောက်မှာ တပည့်ခံခွင့်ရမယ်လို့ ပြောကြတယ်ဗျ" ဟု ပြောလိုက်သည်။

ဝမ်ပင်းက "နက်နဲသောအဆင့်ကို ကျော်လွန်တဲ့ ဆရာသခင်ကြီးတွေရဲ့ လက်အောက်မှာ တပည့်ခံခွင့်..." ဟု တစ်ဦးတည်း ရေရွတ်မိလိုက်သည်။

သူ ဝန်ခံရမည်မှာ ဤဆုလာဘ်က တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းသည်။

အကယ်၍ တစ်စုံတစ်ဦးသည် ပါရမီရှင်ဆယ်ပါးထဲက တစ်ဦး ဖြစ်လာခဲ့လျှင် အရှေ့အိုင်မှ ထွက်ခွာသွားရန်မှာ မလွဲဧကန်ပင် ဖြစ်လိမ့်မည်။

ဝမ်ပင်းသည် စမ်းသပ်ပွဲ၏ အကြောင်းအရာများကို ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တည်းခိုခန်းဝန်ထမ်းသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် အနားသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

"အကြီးအကဲသုံးပါး... ဘာဖြစ်လို့ ဒီနေရာမှာ ထိုင်နေကြတာလဲဗျာ"

"ငါတို့ ဒီမှာ ထိုင်လို့မရဘူးလား"

ဝမ်ပင်းက မေးလိုက်သည်။

တည်းခိုခန်းဝန်ထမ်းက ချက်ချင်းပင် မချိပြုံး ပြုံးရင်း "အဲလို ဆိုလိုတာ မဟုတ်ပါဘူးဗျာ။ ဒီနေရာက မင်းတို့သုံးယောက်ရဲ့ မြင့်မြတ်လှတဲ့ အဆင့်အတန်းနဲ့မကိုက်ညီလို့ပါ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ သီးသန့်ခန်းဆီကို လမ်းပြပေးပါရစေ" ဟု ပြန်ပြောသည်။

ဝမ်ပင်းက နေရာမှမထဘဲ "မလိုပါဘူး ငါတို့ ဒီမှာပဲ စားပါ့မယ်။ ဒီနေရာက ပိုပြီး စည်စည်ကားကား ရှိတာပေါ့" ဟု ပြောလိုက်သည်။

"အကြီးအကဲကလည်း နောက်နေပြန်ပြီ။ မနေ့က ဝမ်ယန်ဟုန် ရောက်လာတုန်းက အကြီးအကဲပဲ သူ့ကို ရိုက်ထုတ်လိုက်တာမဟုတ်လား။ အခု အကယ်၍ ကျွန်တော်တို့သူဌေးသာ သိသွားရင် အကြီးအကဲတို့ကို ဒီလိုနေရာမှာ စားခွင့်ပြုထားလို့ ကျွန်တော့်ကို ဆဲဆိုလိမ့်မယ်ဗျ"

တည်းခိုခန်းဝန်ထမ်း၏ စကားအဆုံးတွင် ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း လှမ်း၍ ကြည့်လိုက်ကြတော့သည်။

သူတို့သည် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိရှိထားကြပြီး အခန်းနံပါတ် ၁၂ မှ ဧည့်သည်မှာ အလွန်အစွမ်းထက်ကြောင်း သိကြသော်လည်း သူတို့ကို လူကိုယ်တိုင် မြင်တွေ့ဖူးခြင်း မရှိကြချေ။

ယခုအခါ ဝန်ထမ်း၏ စကားကို ကြားလိုက်ရသဖြင့် သူတို့သည် ဝမ်ပင်းကို စတင် အကဲခတ်ကြတော့သည်။

ဝမ်ပင်းကို မြင်လိုက်ရသောအခါ ဤမျှလောက် ငယ်ရွယ်သောသူတစ်ဦးက ဝမ်ယန်ဟုန်၏ လက်ကို ချိုးပစ်နိုင်ခဲ့သည်ကို သူတို့ အံ့သြမဆုံး ဖြစ်သွားကြပြီး ကြည့်ရတာ သူက ကြယ်ပွင့်မရှိသည့် ဂိုဏ်းငယ်လေးက ဖြစ်နိုင်ခြေမရှိကြောင်း အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

ဝမ်ပင်းအနေဖြင့် နေရာမှ ထရန် ဆန္ဒမရှိသေးသည်ကို မြင်သောအခါ ဝန်ထမ်းက ဆက်လက်၍ "အကြီးအကဲသုံးပါး... ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ။ မင်းတို့လို အဆင့်အတန်းမျိုးနဲ့ ဒီလိုနေရာမှာ ဘယ်လိုလုပ် စားသောက်လို့ ဖြစ်မှာလဲ" ဟု ထပ်မံ တောင်းပန်တိုးလျှိုးလိုက်သည်။

သို့သော် ထိုအချိန်တွင် လှေကားထစ်ထံမှ အေးစက်လှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ပို၍ အေးစက်လှသော စကားတစ်ခွန်း လိုက်ပါလာခဲ့သည်။

"ဒီမှာမစားရင် ဘယ်မှာသွားစားမှာလဲ။ မကြာခင်မှာ မင်းတို့ ထိုင်စားဖို့ နေရာတောင် ရှာမိမှာ မဟုတ်တော့ဘူး"

ဤစကားကို ကြားရသောအခါ လူတိုင်းသည် လှေကားထံသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူတစ်ဦးသည် တစ်လှမ်းချင်း ဆင်းသက်လာခဲ့ပြီး သူ့နောက်တွင် သာမန်မဟုတ်သော အရှိန်အဝါရှိသည့် ခန့်ညားလှသော လူငယ် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် လိုက်ပါလာခဲ့ကြသည်။

တစ်စုံတစ်ဦးက သူ့ကို ချက်ချင်း မှတ်မိသွားခဲ့သည်။

"ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ကျောက်နက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မိစ္ဆာနက်ပဲ"

ထိုစကားကြောင့် ပထမထပ်ရှိ စားသောက်နေသူများက အချင်းချင်း တိုးတိုးတိတ်တိတ် စတင် ဆွေးနွေးကြတော့သည်။

"သာမန်အားဖြင့်ဆိုရင် ကြယ်တစ်ပွင့်အဆင့်ဂိုဏ်းသားတစ်ယောက်က ဒီလိုစကားမျိုး ပြောလိုက်ရင် သူတို့က အဲဒီလူကို မိုက်မဲသူလို့ပဲ သတ်မှတ်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ နက်နဲသောအဆင့်ရှိတဲ့သူတောင် လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရတဲ့ အခြေအနေမျိုးမှာ ဘယ်သူက အနားကို ကပ်ရဲတော့မှာလဲ။

ဒါပေမဲ့ အခုပြောလိုက်တဲ့သူက ကြယ်နှစ်ပွင့်အဆင့်ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတာကိုး။

ဒီအချက်တစ်ခုတည်းနဲ့တင် အခြေအနေတွေက လုံးဝ ပြောင်းလဲသွားပြီ"

လှေကားခြေရင်းသို့ ရောက်ရှိလာသော မိစ္ဆာနက်သည် ခြေလှမ်းကို မရပ်တန့်ဘဲ ဝမ်ပင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အပြင်သို့ ဆက်လက် လျှောက်လှမ်းရင်း လမ်းလျှောက်လျက်ပင် စကားပြောလိုက်သည်။

"ဝမ်ယန်ဟုန်က ရိုင်းစိုင်းတဲ့မျိုးနွယ်စုကလူတွေ။ သူတို့က အရှေ့အိုင်ရဲ့ မြောက်ဘက်ပိုင်းမှာ အကြမ်းတမ်းဆုံး လူမိုက်တွေလို့ နာမည်ကြီးသလို အစွန်းရောက်တောင်တန်းကိုလည်း ကျောထောက်နောက်ခံပြုထားကြတာ။ မင်းက ကိုယ့်စွမ်းရည်ကို ပြပြီး အဆင့်မြင့်အခန်းမှာ တည်းနိုင်တယ်ဆိုတာ သက်သေပြခဲ့ပေမဲ့... ဝမ်ယန်ဟုန်ရဲ့ လက်ကို ဖြတ်ပစ်လိုက်တာကတော့ တကယ့်ကို မိုက်မဲလွန်းရာ ရောက်သွားပြီ။ အဲဒီမျိုးနွယ်စုကလူတွေ လာပြီး ကလဲ့စားချေတဲ့နေ့ကျရင် ထိုင်စားဖို့ နေနေသာသာ အသက်ရှင်လျက် ထွက်သွားနိုင်ရင်တင် အံ့ဖွယ်ပဲလို့ မှတ်ပေတော့"

"ဒီလိုအချိန်မှာ ဘာဖြစ်လို့များ လာပြီး ရန်စတဲ့ စကားတွေ ပြောနေရတာလဲ"

ရန်လီလီသည် အနည်းငယ် မကျေမနပ် ဖြစ်သွားသဖြင့် နေရာမှ ထရပ်လိုက်သည်။

သို့သော် ဤအပြုအမူက မိစ္ဆာနက်၏ အေးစက်လှသော ရယ်မောသံကိုသာ ထွက်ပေါ်စေခဲ့သည်။

"ကောင်လေး... မသေချင်ရင် နေရာမှာ ပြန်ထိုင်နေစမ်း"

သူ၏ စကားအဆုံးတွင် တတိယထပ်မှ နေ၍ လုကျန်းယီ၏ အသံကြီး ထွက်ပေါ်လာခဲ့တော့သည်။

"မိစ္ဆာနက်... ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီးတော့ ကလေးတစ်ယောက်ကို လာပြီး ခြိမ်းခြောက်နေတာ တကယ့်ကို အထင်ကြီးစရာပဲ"

မိစ္ဆာနက်သည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကုတ်လျက် "ဂိုဏ်းချုပ်လု... ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူး ထင်တယ်နော်" ဟု ပြောလိုက်သည်။

လုကျန်းယီက ချက်ချင်းပင် အေးစက်စွာ ချေပလိုက်သည်။

"ငါက ဂိုဏ်းချုပ်ဝမ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ ဒါကို မင်းက မသက်ဆိုင်ဘူးလို့ ထင်နေတာလား"

ဤစကားကို ကြားသောအခါ မိစ္ဆာနက်သည် ဝမ်ပင်းကို လှမ်းကြည့်လိုက်မိသည်။

သူသည် ဝမ်ပင်းတစ်ယောက် လုကျန်းယီနှင့် သိကျွမ်းနေလိမ့်မည်ဟု မထင်ထားခဲ့သလို လုကျန်းယီကိုယ်တိုင်ကပါ သူ့အတွက် မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူသည် ချီယဲ့ဂိုဏ်း၏ အင်အားကို သိရှိထားသည်။ ထိပ်တန်းအဆင့်ကြီး မဟုတ်သေးသော်လည်း တကယ့်ကို အင်အားတောင့်တင်းသည်။

ဤမျှလောက် ငယ်ရွယ်သော လူငယ်တစ်ဦးက လုကျန်းယီ၏ ကာကွယ်ပေးမှုကို ရရှိထားသည်ဆိုမှတော့ သူ ဝမ်ယန်ဟုန်၏ လက်ကို ဖြတ်ပစ်ရဲခြင်းမှာ မဆန်းတော့ပေ။

လုကျန်းယီ၏ အေးစက်လှသော အကြည့်က သူ့ထံသို့ ကျရောက်နေသည်ကို မြင်သောအခါ မိစ္ဆာနက်သည် ဘာမှမတတ်နိုင်ဘဲ လက်အုပ်ချီ နှုတ်ဆက်ရင်း "ခွင့်လွှတ်ပါ ဂိုဏ်းချုပ်လု... ငါ အခုပဲ ထွက်သွားပါ့မယ်" ဟု ပြောလိုက်ရတော့သည်။

"လစ်တော့"

လုကျန်းယီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

မိစ္ဆာနက်မှာ ဘာမှပြန်မပြောရဲဘဲ ဒေါသကို မြိုသိပ်ကာ ပိယွဲ့ဆောင်အတွင်းမှ မကျေမနပ်ဖြင့် ထွက်ခွာသွားခဲ့ရတော့သည်။

ဝမ်ပင်း ဘာမှမပြောရသေးမီမှာပင် လုကျန်းယီက အပေါ်မှ လှမ်း၍ "ဂိုဏ်းချုပ်ဝမ်... စောင့်ခိုင်းမိတဲ့အတွက် အားနာပါတယ်ဗျာ။ ငါ အဝတ်အစားလဲပြီးတာနဲ့ ချက်ချင်း ဆင်းလာခဲ့ပါ့မယ်" ဟု လှမ်းပြောလိုက်သည်။

"ရပါတယ်"

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

သူသည် တည်းခိုခန်းဝန်ထမ်းကို ထွက်သွားရန် လက်ဟန်ပြလိုက်ပြီးနောက် ရန်လီလီကို "စမ်းသပ်ပွဲက ဘယ်အချိန်မှာ စမှာလဲ" ဟု မေးလိုက်သည်။

ရန်လီလီက "ဒီနေ့ မွန်းတည့်အချိန်မှာ စမှာပါ ဂိုဏ်းချုပ်။ မြို့ပြင်က စမ်းသပ်ကွင်းတစ်ခုကို သွားရမှာဖြစ်ပြီး သူတို့က ဆန်းစစ်ခြင်း အကြောင်းအရာကို သေသေချာချာ မပြောထားပေမဲ့လည်း လူဦးရေရဲ့ ထက်ဝက်ကို ပယ်ထုတ်မှာဖြစ်တယ်လို့တော့ ပြောထားပါတယ်" ဟု ပြန်ဖြေသည်။

"အကြီးအကဲယွမ်... အကြီးအကဲဘက်ကကော"

ယွမ်လျောင်က "ကျွန်တော့်ဘက်ကလည်း မြို့ပြင်ကို သွားရမယ်လို့ပဲ ပြောထားပြီး ဆန်းစစ်ခြင်း အသေးစိတ်ကိုတော့ မပြောထားပါဘူး" ဟု ပြောလိုက်သည်။

ဤစကားကို ကြားရသောအခါ ဝမ်ပင်းက ပြုံးလိုက်မိသည်။

ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲက တကယ့်ကို လျှို့ဝှက်ချက် များလွန်းသည်။ ဆန်းစစ်ခြင်း၏ အကြောင်းအရာကိုပင် ကြိုတင် အသိပေးခြင်း မရှိချေ။

ဝမ်ပင်းသည် ချက်ချင်းပင် သူတို့နှစ်ဦးကို မှာကြားလိုက်သည်။

"သတိရပါ... မင်းတို့အနေနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ကိုပဲ အဓိက အာရုံစိုက်ကြပါ"

သူတို့နှစ်ဦးစလုံးကလည်း ဆက်တိုက်ဆိုသလို ခေါင်းငြိမ့်လိုက်ကြတော့သည်။

အခန်း ၁၅၄

မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝမ်ပင်းသည် လုကျန်းယီ၏ နောက်မှလိုက်ပါကာ ဟွမ်လီမြို့၏ အနောက်ဘက်ခြမ်းရှိ ရင်ပြင်

တစ်ခုတွင် တည်ရှိသော ပထမဆုံး စမ်းသပ်ကွင်းဆီသို့ ရောက်ရှိလာခဲ့သည်။

ဝမ်ပင်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ဤရင်ပြင်ကြီးမှာ လူပေါင်း ငါးသောင်းမှ ခြောက်သောင်းခန့်အထိ အေးအေးလူလူ ဆန့်လောက်မည့်အထိ ကျယ်ဝန်းလှသည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း ထိုမျှကျယ်ဝန်းသည့်တိုင်အောင် မှတ်ပုံတင်ထားသူ သုံးသောင်းကျော်လုံးကို ဤနေရာတစ်ခုတည်း၌ ဆန်းစစ်နေခြင်း မဟုတ်ဘဲ နေရာ ၁၀ ခုခွဲ၍ လူစုခွဲထားခြင်း ဖြစ်သဖြင့် တစ်နေရာလျှင် လူသုံးထောင်ကျော်စီသာ ရှိသည်။

ယခုအချိန်တွင် ရင်ပြင်၏ ပတ်ပတ်လည်၌ လာရောက်ကြည့်ရှုကြသော ပရိသတ်ပေါင်း တစ်သောင်းကျော် ဝန်းရံနေကြပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ပုရွက်ဆိတ်အုံကြီးတစ်ခုကဲ့သို့ သိပ်သည်းကာ ကျပ်ညပ်နေခဲ့သည်။

ရင်ပြင်အနားသို့ ချဉ်းကပ်လာကြစဉ် လုကျန်းယီက သူ့ဘေးရှိ သားဖြစ်သူ လုမီကို "သတိရပါ... မင်းအဖေရဲ့ မျက်နှာကို အိုးမည်းမသုတ်စေနဲ့ဦး" ဟု မှာလိုက်သည်။

"စိတ်ချပါ အဖေ"

လုမီက ယုံကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် တဟားဟား ရယ်မောလိုက်သည်။

လုကျန်းယီက သားဖြစ်သူ၏ ပခုံးကို ပုတ်ပေးလိုက်ပြီးနောက် ဝမ်ပင်းဘက်သို့ လှည့်ကာ "ဂိုဏ်းချုပ်ဝမ်... ငါတို့ ပွဲကြည့်စင်ပေါ်မှာ သွားထိုင်ကြစို့။ ဒီစမ်းသပ်ပွဲက တော်တော်လေး ကြာဦးမှာ" ဟု ပြောလိုက်သည်။

"အင်း..."

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

ရန်လီလီနှင့် အခြားတစ်ဦးတို့ လူအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် သူသည် ရင်ပြင်၏ အရှေ့ဘက်ဆုံးတွင် ရှိသော ပွဲကြည့်စင်ဆီသို့ လုကျန်းယီနှင့်အတူ လျှောက်လှမ်းခဲ့သည်။

ထိုနေရာတွင် ထိုင်နေကြသူ ဆယ်ဂဏန်းခန့် ရှိနေပြီဖြစ်ပြီး ထက်ဝက်ခန့်မှာ နက်နဲသောအဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ သူတို့ထဲတွင် ယနေ့နံနက်က တွေ့ဆုံခဲ့သော ဂိုဏ်းချုပ်မိစ္ဆာနက်လည်း ပါဝင်နေသည်။

သဘာဝကျကျပင် ဤကဲ့သို့ ဂုဏ်သရေရှိ လူကြီးလူကောင်းများ စုဝေးရာနေရာ၌ သာမန်ကုလားထိုင် ရိုးရိုးနှစ်လုံးတည်းဖြင့် ခင်းကျင်းထားခြင်း မဟုတ်ပေ။

စတုရန်းပုံသဏ္ဌာန် ကုလားထိုင်တစ်လုံးချင်းစီ၏ ဘေးတွင် အဆင့်မြင့် မုန့်ပဲသရေစာများနှင့် လက်ဖက်ရည်များ ခင်းကျင်းထားရှိပြီး ကုလားထိုင်ဘေးတွင် အသက် ၁၈ နှစ်ထက်မပိုသော ချောမောလှပသည့် အစေခံမိန်းကလေးတစ်ဦးစီ လိုက်ပါအမှုထမ်းနေကြသည်။

တကယ့်ကို အထက်တန်းစား လူကြီးလူကောင်းများ ရရှိမည့် အခွင့်အရေးမျိုးပင်။

ပွဲကြည့်စင်၏ ရှေ့ဆုံးသို့ ရောက်သောအခါ လုကျန်းယီက အပေါ်ထပ်ရှိ လွတ်နေသော ထိုင်ခုံတစ်ခုကို လက်ညှိုးထိုးပြရင်း "ဂိုဏ်းချုပ်ဝမ်... အဲဒီက အဆင်ပြေတဲ့ ထိုင်ခုံတစ်ခုမှာ စိတ်ကြိုက် ရွေးထိုင်နိုင်ပါတယ်" ဟု ပြောလိုက်သည်။

ထို့နောက် လုကျန်းယီကိုယ်တိုင်ကမူ ရှေ့ဆုံးတန်းရှိ ခုံတွင် ထိုင်ရန် ပြင်ဆင်လိုက်သည်။

"အင်း..."

သို့သော် ဝမ်ပင်းက ခေါင်းငြိမ့်ပြရင်း လုကျန်းယီ၏ နောက်သို့ လိုက်ပါကာ ရှေ့ဆုံးတန်းရှိ ခုံတွင်ပင် တည်ငြိမ်စွာ ဝင်ရောက်ထိုင်လိုက်တော့သည်။

၎င်းကို မြင်လိုက်ရသောအခါ လုကျန်းယီမှာ ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။ သူသည် နောက်ဘက်တန်းများတွင် ထိုင်နေကြပြီး မည်သည့် ကန့်ကွက်မှုမျှ မပြကြသော လူများကို လှည့်ကြည့်လိုက်မိသည်။

သူသည် ဝမ်ပင်းကို ဤနေရာတွင် ထိုင်၍မရကြောင်း ပြောချင်သော်လည်း မည်သို့ စကားစရမှန်းမသိ ဖြစ်နေခဲ့သည်။

"ဂိုဏ်းချုပ်ဝမ်... မင်းက..."

အမှန်တော့ ပွဲကြည့်စင်တွင် မည်သူမည်ဝါ ထိုင်ရမည်ဟူသော သတ်မှတ်ချက် ဥပဒေမျိုး မရှိသလို ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းများသာ ရှေ့ဆုံးတွင် ထိုင်ရမည်ဟူသော စည်းကမ်းချက် မရှိသော်လည်း ၎င်းမှာ နှစ်ပေါင်းကြာမြင့်စွာ တည်ရှိလာခဲ့သော မပြောမဆိုဘဲ လိုက်နာရမည့် အစဉ်အလာတစ်ခု ဖြစ်နေခဲ့သည်။

ကြယ်နှစ်ပွင့်အဆင့်ရှိ အဖွဲ့အစည်းများမှလွဲ၍ ကြယ်တစ်ပွင့်အဆင့်ရှိ အဖွဲ့အစည်းများပင် ရှေ့ဆုံးတန်းတွင် မထိုင်ရဲကြချေ။ ကြယ်ပွင့်မရှိသည့် ဂိုဏ်းငယ်လေးတစ်ခုဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့ပေ။

ဝမ်ပင်းသည် ဤစည်းကမ်းကို ပထမဆုံးအကြိမ် ချိုးဖောက်လိုက်သူ ဖြစ်လာခဲ့ချေပြီ

ထိုအချိန်တွင် သူ့ဘေး၌ ရပ်လျက် ဝေခွဲမရဖြစ်နေသော လုကျန်းယီကို မြင်သောအခါ ဝမ်ပင်းက မျက်မှောင်ကုတ်ရင်း "ဂိုဏ်းချုပ်လု... မင်းက မတ်တတ်ရပ်ပြီး ကြည့်ရတာကို ပိုသဘောကျလို့လား" ဟု မေးလိုက်သည်။

ဤစကားကို ကြားရသောအခါ လုကျန်းယီသည် ခေါင်းခါလိုက်ပြီး ဝမ်ပင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ စိတ်ထဲမှ ဒီခုံက အပိုပါလာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ပြဿနာ ထပ်တက်ဦးမှာပဲဟု တွေးမိလိုက်သည်။

သူ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဘေးမှ ဝမ်ပင်း၏ ညည်းတွားသံကို ကြားလိုက်ရသည်။

"ဒီလက်ဖက်ရည်က... သိပ်ပြီး အရသာမရှိဘူးပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ဘေးရှိ အစေခံမိန်းကလေးငယ်သည် အလောတကြီး တောင်းပန်ရှာသည်။

"တောင်းပန်ပါတယ် သခင်လေးရှင်။ သခင်လေး ဘယ်လိုလက်ဖက်ရည်မျိုးကို အလိုရှိပါသလဲ ကျွန်မ အခုချက်ချင်း သွားပြင်ဆင်ပေးပါ့မယ်"

၎င်းကို မြင်သောအခါ ဝမ်ပင်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော အစေခံမလေး၏ လက်ကို ချက်ချင်း လှမ်း၍ ဖိချလိုက်ပြီး စိတ်ထဲမှ ဘာမှတတ်နိုင်ဘဲ ဒီရက်ပိုင်း ငါ မသေမျိုးစမ်းရေတွေကို အသောက်များသွားတာကိုးဟု တွေးလိုက်မိသည်။

"လဲပေးဖို့ မလိုပါဘူး။ ဒီလက်ဖက်ရည်ကို ဖျော်စပ်ထားတဲ့ ရေက မကောင်းတာမို့လို့။ လက်ဖက်ရည်အမျိုးအစား လဲလိုက်လည်း ထူးခြားလာမှာ မဟုတ်ဘူး"

ဝမ်ပင်းက တည်တည်ငြိမ်ငြိမ်ပင် ရှင်းပြလိုက်သော်လည်း အစေခံမလေးမှာ ပို၍ မျက်နှာပူသွားခဲ့ရရှာသည်။

ဝမ်ပင်း၏ စကားကို ကြားရသောအခါ လုကျန်းယီမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။

ဤရှေ့ဆုံးတန်းက လက်ဖက်ရည်တစ်ခွက်၏ တန်ဖိုးမှာ ရွှေဒင်္ဂါးတစ်ထောင်ခန့် ရှိသည်။

အသုံးပြုထားသော ရေမှာလည်း သဘာဝစမ်းရေတွင်းမှ ရေ ဖြစ်သည်။

သို့သော် ဤလူက မကောင်းဘူးဟု ပြောနေပြန်သည်။

လုကျန်းယီက ချက်ချင်းပင် "ဂိုဏ်းချုပ်ဝမ်... စမ်းသပ်ပွဲက စတော့မယ်။ ငါတို့ လက်ဖက်ရည်ကိစ္စနဲ့ အချိန်မဖြုန်းကြရအောင်" ဟု ဝင်ပြောလိုက်ရတော့သည်။

လုကျန်းယီသည် ဝမ်ပင်းအနေဖြင့် အခြားသော အပြစ်အနာအဆာများကို ထပ်မံရှာဖွေနေမည်ကို စိုးရိမ်သဖြင့် ဝမ်ပင်း၏ အာရုံကို ရင်ပြင်ဘက်သို့ အလျင်အမြန် လွှဲပြောင်းပေးလိုက်ခြင်းပင်။

သို့သော်လည်း သူသည် ဝမ်ပင်း၏ သတ္တိကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။

ဟွမ်လီမြို့သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပါလျက်နှင့် ရှေ့ဆုံးတန်းတွင် ဝင်ထိုင်ရုံသာမက ပွဲကြည့်စင်ပေါ်တွင် တည်ခင်းထားသော လက်ဖက်ရည်ကိုပါ ပထမဆုံးအကြိမ် ဝေဖန်ရဲသည့်သူပင်။

နှစ်ခုလုံးက ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး သူသည် ဝမ်ပင်း၏ သတ္တိကို လေးစားမိသည်။

သို့သော် လုကျန်းယီ မသိရှိသည်မှာ အနောက်ဘက်တန်းရှိ လူများသည် မနာလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြခြင်းပင်။

လုကျန်းယီနှင့် တန်းတူထိုင်နိုင်သည်ဆိုမှတော့ သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း ထင်ရှားသည်။

ရှေ့တန်းနှင့် နောက်တန်း တည်ခင်းထားသော လက်ဖက်ရည်၏ အရည်အသွေးမှာ လုံးဝ ကွာခြားလှပေရာ သူတို့သည် မြည်းစမ်းကြည့်ချင်သော်လည်း မမြည်းစမ်းရဘဲ ရှိနေချိန်တွင် ဤလူကမူ မကျေမနပ် ဖြစ်နေသေးသည်။

စူးစမ်းလိုစိတ်ကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဘေးမှလူကို ချက်ချင်း မေးလိုက်သည်။

"ဂိုဏ်းချုပ်မာ... ဒါက ဘယ်က ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ အဖွဲ့အစည်းက လူကြီးမင်းလဲဟင်"

"ငါလည်း မသိဘူး ကြည့်ရတာ တော်တော်လေး မျက်နှာစိမ်းပဲ"

အဘိုးအိုတစ်ဦးက ခေါင်းခါရင်း ဝေခွဲမရသော မျက်နှာအမူအရာဖြင့် ပြန်ပြောသည်။

လူတိုင်း သံသယဖြစ်နေကြစဉ်မှာပင် ရှေ့ဆုံးတန်း၌ ထိုင်နေသော မိစ္ဆာနက်က ဝင်ပြောလိုက်သည်။

"ဂိုဏ်းချုပ်လုကိုပဲ ကိုယ်တိုင် လှမ်းမေးကြည့်ပါလား။ သူတို့က တော်တော်လေး ရင်းနှီးတဲ့ပုံပဲ။ မေးခွန်းတစ်ခုတည်းနဲ့ သူက ဘယ်လို ကြယ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းချုပ်လဲဆိုတာ သိရတာပေါ့"

ထိုသို့ပြောပြီးနောက် မိစ္ဆာနက်သည် တိတ်တဆိတ် ပြုံးလိုက်မိသည်။

သူသည် အဆိုပါ ဂိုဏ်းချုပ်ဝမ်ဆိုသောသူမှာ ကြယ်ပွင့်မရှိသည့် ဂိုဏ်းငယ်လေးတစ်ခု၏ အကြီးအကဲသာ ဖြစ်ကြောင်း ထိုလူများ သိရှိသွားချိန်၌ မည်ကဲ့သို့ အမူအရာမျိုး ဖြစ်သွားကြမည်ကို စောင့်ကြည့်ချင်နေခြင်းပင်။

မိစ္ဆာနက်၏ စကားကို ကြားရသောအခါ လူတိုင်းသည် အလိုက်သင့်ပင် ရယ်မောလိုက်ကြသည်။

သူသည် လုကျန်းယီ၏ မိတ်ဆွေဖြစ်ကြောင်း သိရှိထားကြသဖြင့် သဘာဝကျကျပင် မည်သူမျှ တကယ်ကြီး သွားရောက်မေးမြန်းရန် မဝံ့ရဲကြချေ။

.....

မကြာမီအချိန်အတွင်းမှာပင် စမ်းသပ်ပွဲကြီး စတင်ခဲ့တော့သည်။

ပထမဦးစွာ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ တာဝန်ခံတစ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

၎င်းနောက်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးတွင် ရှိနေကြသော ကျင့်ကြံသူနှစ်ဦးသည် ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုကို ရင်ပြင်၏ အလယ်ဗဟိုဆီသို့ ထမ်းပိုးကာ သယ်ဆောင်လာခဲ့ကြပြီး ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ နက်နဲသောအဆင့်ရှိ တာဝန်ခံက ထပ်မံ၍ အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။

"ဒီကျောက်တုံးကိုတော့ ဖိနှိပ်ခြင်းကျောက်တုံးလို့ ခေါ်တယ်။ သူက ပြင်းထန်တဲ့ ဖိအားတွေကို ထုတ်လွှတ်နိုင်တာကြောင့် မင်းတို့ရဲ့ လှုပ်ရှားမှုကို များစွာ ထိခိုက်စေလိမ့်မယ်။ ခန္ဓာကိုယ်သန့်စင်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူတွေအတွက် ခွန်အား၊ ဇွဲလုံ့လနဲ့ ပေါက်ကွဲအားဆိုတာ မရှိမဖြစ် လိုအပ်တယ်။ ဒီကျောက်တုံးက မင်းတို့ရဲ့ အဲဒီ အရည်အချင်း သုံးမျိုးစလုံးကို စမ်းသပ်ဖို့ အကောင်းဆုံး ကိရိယာပဲ။

အောင်မြင်ဖို့ သတ်မှတ်ချက်ကတော့ ဒါပါပဲ။ အသက် (၁၅) နှစ်အောက် ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ ကျောက်တုံးရဲ့ ဘေးမှာ ဆွဲထားတဲ့ အနီရောင်စက်ဝိုင်းအတွင်းကို ဝင်ရောက်နိုင်ရမယ်။ အဆင့် (၁၃)ကျင့်ကြံသူတွေကတော့ အဲဒီဖိနှိပ်ခြင်းကျောက်တုံးကို ကိုယ်တိုင် လက်နဲ့ ထိတွေ့နိုင်မှ အောင်မြင်သူအဖြစ် သတ်မှတ်ပေးမယ်"

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ နက်နဲသောအဆင့်ရှိ တာဝန်ခံသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။

"ဆန်းစစ်ခြင်းကို စတင်စေ"

ထိုစကားအဆုံးတွင် ဖိနှိပ်ခြင်းကျောက်တုံးကို သယ်ဆောင်လာခဲ့ကြသော အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူနှစ်ဦးသည် ကျောက်တုံးနှင့် ၁၀ မီတာအကွာတွင် ကြီးမားလှသော အနီရောင်

စက်ဝိုင်းကြီးတစ်ခုကို ဝိုင်းပတ်ဆွဲလိုက်ကြပြီး ၎င်းနောက်တွင်မှ ကျောက်တုံး၏ ဖိအားကို ဖုံးကွယ်ထားသော အဖြူရောင်ပိတ်စကို ဖယ်ရှားလိုက်ကြတော့သည်။

ပိတ်စကို ဖယ်ရှားလိုက်သည်နှင့် နက်မှောင်လှသော ဖိနှိပ်ခြင်းကျောက်တုံးကြီးသည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်းသုံးထောင်ကျော်တို့သည် ကျောက်တုံးဆီသို့ အပြေးအလွှား ဦးတည်သွားခဲ့ကြသော်လည်း မရှည်မလျားသော အကွာအဝေးတစ်ခုသို့ ရောက်ရှိချိန်တွင်မူ ရှေ့သို့ ဆက်လက်တိုးရန် ရုန်းကန်နေကြရတော့သည်။

ရင်ပြင်ကို ဝန်းရံထားသော လူအုပ်ကြီးသည်လည်း ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အော်ဟစ်အားပေးကြတော့သည်။

"ချီယဲ့ဂိုဏ်းက ရဲ့ယွမ်... ကြိုးစားထား"

"ကျောက်နက်ဂိုဏ်းက လုချန်... ကြိုးစားထား"

"အစ်ကို ချောင်ဖူ... ဆက်ပြီး အားတင်းထားပါ"

လူထုကြီး၏ အော်ဟစ်အားပေးသံများကို ရင်ဆိုင်ရင်း ဖိအားအောက်သို့ ရောက်ရှိနေကြသူများသည် တိတ်တဆိတ်ပင် သူတို့၏ ခွန်အားများကို အစွမ်းကုန် ထုတ်သုံးနေကြရသည်။

အော်ဟစ်သံများ အတန်ကြာ ဆက်လက်ထွက်ပေါ်နေပြီးနောက် ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဖိနှိပ်ခြင်းကျောက်တုံးကို သွားရောက်ထိတွေ့နိုင်ခဲ့သည်။

သူသည် အသက်ရှူကြိမ် ၁၀၀ မျှသာ အသုံးပြုခဲ့ရပြီး အခြားသူများထက် များစွာ သာလွန်နေခဲ့သည်။

သို့သော်လည်း မည်သူမျှ သူ၏ အမည်ကို မသိရှိကြသဖြင့် သူ စာရင်းကိုင်ထံသို့ လျှောက်လှမ်းသွားသည်ကို လူတိုင်းက စေ့စေ့စပ်စပ် စိုက်ကြည့်နေကြပြီး အသက်ရှူကြိမ် အနည်းငယ်အကြာတွင် စာရင်းကိုင်က ကြေညာလိုက်တော့သည်။

"ကျောက်နက်ဂိုဏ်းက ဟုန်ကိုင်က ပထမဆုံး အောင်မြင်သူပဲ"

လူအုပ်ကြီးထံမှ စိတ်အားထက်သန်လှသော လက်ခုပ်သံများ ဝုန်းကနဲ ထွက်ပေါ်လာခဲ့သည်။

"ဟုန်ကိုင်"

"ဟုန်ကိုင်"

"ဒီဟုန်ကိုင်က ကျောက်နက်ဂိုဏ်းရဲ့ ပထမဆုံး အဆင့်တစ်ဆယ့်သုံး မာစတာ မဟုတ်လား"

"ဟုတ်တယ်... သူပဲပေါ့"

လူအုပ်ကြီး၏ အော်ဟစ်အားပေးသံများအကြားတွင် ရှေ့ဆုံးတန်းရှိ ကျောက်နက်ဂိုဏ်းမှ မိစ္ဆာနက်သည် နေရာမှ ထရပ်လိုက်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြကာ လုကျန်းယီဘက်သို့ လှည့်၍ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။

"ဂိုဏ်းချုပ်လု... အားနာပါတယ်ဗျာ ဒီတစ်ကြိမ်မှာတော့ ပထမဆုံး အောင်မြင်မှုကို ငါပဲ အရင်ရယူသွားရပြီ"

၎င်းကို မြင်သောအခါ လုကျန်းယီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဆက်တိုက်ဆိုသလို မော့သောက်လိုက်တော့သည်။

တောက်….

"ဒီလက်ဖက်ရည်က တကယ့်ကို သောက်လို့တောင် မရအောင် ဆိုးရွားလွန်းတယ် ကြက်ဟင်းခါးသီး ပြုတ်ရည်ကို သောက်နေရသလိုမျိုး ခါးသက်သက်နဲ့ တစ်ကယ်ကို ရွံဖို့ကောင်းလိုက်တာ"

သူ နှစ်ချက် သုံးချက်ခန့် ထွေးထုတ်လိုက်ပြီးနောက် အနောက်ဘက်တန်းရှိ ကြယ်တစ်ပွင့်ဂိုဏ်းများနှင့် ဘေးရှိ ကြယ်နှစ်ပွင့်ဂိုဏ်းချုပ်များထံမှ ချီးကျူးဂုဏ်ပြုသံများကို ကြားလိုက်ရသည်။

ထိုအချိန်တွင် စာရင်းကိုင်က ထပ်မံ၍ ကြေညာလိုက်ပြန်သည်။

"ချီယဲ့ဂိုဏ်းမှ လုမီသည် လူငယ်အုပ်စုတွင် ပထမဆုံးအဆင့်ဖြင့် အောင်မြင်ပါသည်"

လုကျန်းယီသည် ချက်ချင်းပင် နေရာမှ ဝုန်းကနဲ ထရပ်လိုက်ပြီး အနီရောင်စက်ဝိုင်းအတွင်း၌ တစ်ဦးတည်းသော မတ်တတ်ရပ်နေသည့် ပုံရိပ်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထွက်ပေါ်လာသော ချီးမွမ်းစကားများကို စတင် ခံစားလိုက်တော့သည်။

"ဂိုဏ်းချုပ်လု... သားဖြစ်သူက အဖေခြေရာကို အမီလိုက်နိုင်ပြီပဲ"

"ကျားဘုရင်ရဲ့ သားက ခွေးဖြစ်စရာ အကြောင်းမရှိဘူးပေါ့"

.....

အချိန်များသည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

ဝမ်ပင်းသည် စတုရန်းပုံ ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ဘေးရှိ လွတ်နေသော စတုရန်းပုံ စားပွဲခုံကို တစ်ချက် ကြည့်လိုက်မိပြီး ဘေးရှိ အစေခံမလေးကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်

သည်။

"ညီမလေး... ဒီနေရာမှာ တစ်ခုခု လိုအပ်နေတယ်လို့ မထင်ဘူးလား"

"သခင်လေး ဘာကို အလိုရှိပါသလဲရှင်"

အစေခံမလေးက ချက်ချင်း ပြန်မေးလိုက်သည်။

"မင်းတို့ဆီမှာ တကယ့်ကို ထူထဲမာကျောတဲ့ စက္ကူမျိုး ရှိသလား"

"ဟင်..."

အစေခံမလေးသည် ဝမ်ပင်း ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်ပုံပင်။

"ထားလိုက်ပါတော့... ငါမမေးဘူးလို့ပဲ သတ်မှတ်လိုက်ပါ"

ထိုသို့ ပြောဆိုလိုက်ပြီးနောက် စာရင်းကိုင်က အသံကျယ်ကြီးဖြင့် ထပ်မံအော်ဟစ် ကြေညာလိုက်တော့သည်။

"နောက်ဆုံး ကျန်ရှိတဲ့ အောင်မြင်သူ နှစ်နေရာကတော့... ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်ဖြစ်တဲ့ မသေမျိုးဂိုဏ်းက ရန်လီလီနဲ့ ယွမ်လျောင်တို့ ဖြစ်ပါတယ်"

"ဟုတ်ပြီ"

ဝမ်ပင်းသည် ချက်ချင်းပင် နေရာမှ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြလိုက်တော့သည်။

သူ့စိတ်ထဲတွင် တိတ်တဆိတ်ပင် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။

"လူပေါင်း ထောင်သောင်းချီရဲ့ အကြည့်တွေအောက်မှာ... ဒီလောက်နဲ့တင် စနစ်ရဲ့ တာဝန်တွေက ပြီးဆုံးသွားပြီပေါ့လေ"

All Chapters