အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း ၁၅၅
သို့သော်လည်း စနစ်၏ တာဝန်လုပ်ဆောင်ချက်အပိုင်းမှ မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။
သို့သော် တချို့လူတွေကတော့ မသေမျိုးဂိုဏ်းဆိုသည့် အမည်နာမကို ကောင်းကောင်းကြီး မှတ်မိသွားကြပြီ ဖြစ်သည်။
ဝမ်ပင်းက စိတ်ထဲမှ ချက်ချင်းပင် "စနစ်... ဒီမှာ ကြည့်နေတဲ့သူ အနည်းဆုံး တစ်သောင်းကျော်ရှိတာ မဟုတ်ဘူးလား။ စောစောက စာရင်းကိုင်ကလည်း မသေမျိုးဂိုဏ်းဆိုပြီး အကျယ်ကြီး အော်ကြေညာသွားတာကို ဘာဖြစ်လို့ တာဝန်က ဘာမှ မလှုပ်ရှားရတာလဲ" ဟု မေးလိုက်သည်။
စနစ်က "ဒီတာဝန်ရဲ့ တန်ဖိုးက အပေါင်းလက္ခဏာဆောင်တဲ့ အသိအမှတ်ပြုမှုကို လိုအပ်တာပါ။ အိမ်ရှင် စုဆောင်းမိတဲ့ အမည်းစက် သို့မဟုတ် နာမည်ဆိုးတွေက အနုတ်လက္ခဏာဆောင်တဲ့အတွက် တာဝန်ရဲ့ တန်ဖိုးထဲကို ထည့်တွက်မှာ မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။
ဝမ်ပင်းတစ်ယောက် ဆွံ့အသွားခဲ့ရတော့သည်။
ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများ၏ အော်ဟစ်ဝေဖန်သံများကို ကြားလိုက်ရသည်။
"ဒါက ဘယ်သူလဲဟ"
"ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းကကောင်က ရှေ့ဆုံးတန်းမှာ ဝင်ထိုင်နေတာလား။ ဒီလူငယ်က တကယ့်ကို သတ္တိပြောင်တာပဲ"
"ငါကတော့ အသစ်တက်လာတဲ့ လူကြီးလူကောင်းတစ်ယောက် ထင်နေတာ။ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာကိုး။ ဟုတ်ပါရဲ့... ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းက လူကြီးမင်းတွေက ဒီလောက် ငယ်ရွယ်ပါ့မလား"
ယခုအခါ ဝမ်ပင်း၏ အနောက်ဘက်တွင် ထိုင်နေကြသော လူများသည်လည်း မျက်နှာပျက်ကုန်ကြတော့သည်။
သူတို့သည်လည်း ဤသာမန်လူများကဲ့သို့ပင် ဝမ်ပင်းကို ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းတစ်ခုခုမှ လူကြီးလူကောင်းတစ်ဦးဟု ထင်မှတ်ထားခဲ့ကြသော်လည်း မျှော်လင့်မထားဘဲ သူက ထိုသို့မဟုတ်သည့်အပြင် ကြယ်ပွင့်မရှိသည့် ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်သာ ဖြစ်နေခဲ့သည်။
"ဘယ်သူမှတောင် ထိုင်ရဲတဲ့နေရာမဟုတ်ဘဲနဲ့... အဲဒီလူက ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်နဲ့ပဲ။ သူက ဘာလို့များ အဲဒီနေရာမှာ သွားထိုင်နေရတာလဲ။
တကယ်တော့ အနားမှာရှိနေတဲ့ လူတိုင်းရဲ့ အဆင့်အတန်းက သူထက် အများကြီး သာလွန်နေတာ မဟုတ်ဘူးလား"
လုကျန်းယီလည်း ဘာမှတတ်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ဝမ်ပင်းတစ်ယောက် လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြနေဆဲ ဖြစ်သည်ကို မြင်သောအခါ သူ့ကို အလျင်အမြန် ဆွဲချလိုက်ပြီး "ဂိုဏ်းချုပ်ဝမ်... ဒါက ပါရမီရှင်ဆယ်ပါး အရွေးချယ်ခံ စမ်းသပ်ပွဲကြီးနော် နည်းနည်းလောက် တည်တည်ငြိမ်ငြိမ် လုပ်စမ်းပါဦး" ဟု တိုးတိုးသာသာ ပြောလိုက်သည်။
"ငါက အခု တည်တည်ငြိမ်ငြိမ် မလုပ်လို့လား"
ဝမ်ပင်းသည် ထိုသို့ပြောပြီးနောက် ဆန်းစစ်ခြင်း ပြီးဆုံးသွားပြီဖြစ်သဖြင့် နေရာမှ ထရပ်ကာ ရင်ပြင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့တော့သည်။
လုကျန်းယီသည် ဘာမှတတ်နိုင်ဘဲ ခပ်ပြုံးပြုံးဖြင့် ခေါင်းခါလိုက်မိသည်။ သူ နေရာမှ ထရန် ပြင်လိုက်စဉ်မှာပင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့အတွက် စမ်းသပ်ပွဲကို ကြီးကြပ်ပေးခဲ့သော တာဝန်ခံသည် အနားသို့ လျှောက်လှမ်းလာခဲ့ပြီး သူ့ကို အေးစက်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်လု... မင်းလည်း ဒီထိုင်ခုံနေရာရဲ့ စည်းကမ်းတွေကို သိမှာပါ။ သူက မင်းရဲ့ မိတ်ဆွေဖြစ်နေလို့သာ ငါက သတိပေးရတာ။ သူ့ကို ကောင်းကောင်း ထိန်းသိမ်းပြီး စည်းကမ်းလိုက်နာဖို့ သင်ကြားပေးလိုက်ဦး"
လုကျန်းယီက အလိုက်သင့်ပင် ပြုံးလိုက်ပြီး "တာဝန်ခံလုံ... ငါ့မိတ်ဆွေက ငယ်သေးတာရယ် ဟွမ်လီမြို့ကိုလည်း ပထမဆုံးအကြိမ် လာဖူးတာဆိုတော့ ဘာမှနားမလည်သေးလို့ပါ။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ရှင်းပြလိုက်သည်။
တာဝန်ခံလုံ၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး ဝမ်ပင်း၏ ကျောပြင်ကို မကျေမနပ် ကြည့်ရှုရင်း "ငယ်ရွယ်တယ်ဆိုတာက စိတ်ကြိုက်နေရာမှာ ထိုင်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ မင်းက သူ့ဘက်က ကာကွယ်ပေးနေမှတော့... ငါ ဒီကိစ္စကို အကြီးအကဲထံ မတင်ပြခင် သေသေချာချာ ပြန်စဉ်းစားပေးပါ့မယ်။ အကြီးအကဲက ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ သူ့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်" ဟု ပြောလိုက်သည်။
"တာဝန်ခံလုံဗျာ... ဒီလို ကိစ္စအသေးအဖွဲလေးကို အကြီးအကဲအထိ တင်ပြဖို့ မလိုပါဘူး မဟုတ်လား"
"ဂိုဏ်းချုပ်လု... ငါ ပြန်စဉ်းစားပေးပါ့မယ်။ တင်ပြခြင်း၊ မတင်ပြခြင်းကတော့ သူ့ရဲ့ နောက်ထပ် လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်လိမ့်မယ်။ အကယ်၍ သူသာ စည်းကမ်းတွေကို ထပ်ပြီး ချိုးဖောက်ဦးမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်ပါနဲ့" ဟု ပြောဆိုကာ တာဝန်ခံလုံသည် သူ၏ ဝတ်ရုံစကို ခါထုတ်လျက် လှည့်ထွက်သွားခဲ့တော့သည်။
"တာဝန်ခံလုံ... ကောင်းကောင်း သွားပါဗျာ"
လုကျန်းယီက ခေါင်းငြိမ့်ပြရင်း တာဝန်ခံလုံ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူ လှည့်ကြည့်လိုက်သောအခါ မိစ္ဆာနက်သည် နှုတ်ခမ်းထောင့်တွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသော အပြုံးမျိုးဖြင့် ပြုံးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပွဲကြည့်စင်ပေါ်မှ ဆင်းသက်ခဲ့တော့သည်။
ပွဲကြည့်စင်ပေါ်မှ ဆင်းပြီးနောက် လုကျန်းယီသည် ဝမ်ပင်းကို တကယ်ပဲ ဆူပူကြိမ်းမောင်းပစ်ချင်စိတ် ပေါက်သွားခဲ့သည်။ မပြောမဆိုဘဲ လိုက်နာရမည့် အစဉ်အလာ စည်းကမ်းများကို ဘာဖြစ်လို့ ထိုသို့ ခေါ်တွင်ရသလဲဆိုသည်ကို ရှင်းပြချင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် လူတိုင်း လိုက်နာစောင့်ထိန်းရမည့် အရာများဖြစ်ပြီး တစ်စုံတစ်ဦးက ၎င်းကို ချိုးဖောက်ဖျက်ဆီးလိုက်လျှင် လူတိုင်း၏ ဆန့်ကျင်မှုကို ခံရမည် ဖြစ်သောကြောင့်ပင်။
"တစ်ဂိုဏ်းလုံးကသာ အရှေ့အိုင်တစ်ခုလုံးက ဂိုဏ်းတွေရဲ့ ဆန့်ကျင်မှုကို ခံလိုက်ရရင်... သူတို့ ဘယ်လောက်အထိများ ခရီးဆက်နိုင်ပါ့မလဲ"
သူ စကားစရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက အနားသို့ ချဉ်းကပ်လာပြီး "ဂိုဏ်းချုပ်လု... မနက်ဖြန် စမ်းသပ်ပွဲက ဘာအကြောင်းအရာလဲ" ဟု မေးလိုက်သည်။
လုကျန်းယီက "မနက်ဖြန်ကတော့ လက်ဝှေ့ကြိုးဝိုင်းတိုက်ပွဲပဲ။ ဒါပေမဲ့ စည်းကမ်းတွေကိုတော့ လောလောဆယ် မသိရသေးဘူး။ ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲရဲ့ စည်းကမ်းချက်တွေက တစ်ကြိမ်နဲ့တစ်ကြိမ် မတူဘဲ အမြဲတမ်း ပြောင်းလဲနေတတ်လို့ပဲ" ဟု ပြန်ဖြေသည်။
"သဘောပေါက်ပါပြီ"
ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။
...
ထိုညတွင် လူတိုင်းက ဤကိစ္စမှာ တိတ်တဆိတ်ပင် ပြီးဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း အခြေအနေများက ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်သွားခဲ့တော့သည်။ အမှန်တော့ ဆန်းစစ်ခြင်းအတွက် တပည့်များကို ဟွမ်လီမြို့သို့ ခေါ်ဆောင်လာခဲ့သော ချီယဲ့ဂိုဏ်း၏ မဟာအကြီးအကဲ ဖုန်းယူသည် သတင်းဆိုးကို ကြားသိရသည်နှင့်တစ်ပြိုင်နက် ပိယွဲ့ဆောင်ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
တံခါးကို ခေါက်ပြီးနောက် ဖုန်းယူသည် လုကျန်းယီ၏ ရှေ့မှောက်တွင် ချက်ချင်း ဒူးထောက်လိုက်တော့သည်။
"အကြီးအကဲဖုန်း... ဒီလောက်ညဉ့်နက်တဲ့အချိန်မှာ ဘာကိစ္စရှိလို့လဲ"
ဤမေးခွန်းကို မေးမြန်းလိုက်စဉ် လုကျန်းယီ၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ဖုန်းယူက ချက်ချင်းပင် "ဂိုဏ်းချုပ်ကို တင်ပြရပါမယ်... ဒီကိစ္စရဲ့ ရိုက်ခတ်မှုက တကယ်ကို ကြီးမားလွန်းလှပါတယ်။ ကျေးဇူးပြုပြီး ကုစားနိုင်မယ့် နည်းလမ်းတစ်ခုခုကို စဉ်းစားပေးပါဦး" ဟု ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဖုန်းယူက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ရိုင်းစိုင်းတဲ့မျိုးနွယ်စုနဲ့ ပျံသန်းနေတဲ့နဂါးအဖွဲ့တို့က ငါတို့အပေါ်ကို အာရုံစိုက်လာကြပြီ" ဟု ပြောလိုက်သည်။
"ငါတို့အပေါ်ကို အာရုံစိုက်လာကြတယ် ဟုတ်လား"
"ရိုင်းစိုင်းတဲ့မျိုးနွယ်စုဆိုတာ ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခု။ သူတို့က ချီယဲ့ဂိုဏ်းနဲ့ မိုင်ပေါင်းထောင်ချီ ဝေးကွာသလို တစ်ခါမှလည်း ပတ်သက်ခဲ့ဖူးတာ မဟုတ်ဘူး။ အဲဒီလိုလူတွေက ဘာဖြစ်လို့ ရုတ်တရက်ကြီး ချီယဲ့ဂိုဏ်းကို ပစ်မှတ်ထားပြီး အာရုံစိုက်လာကြတာလဲ။
ပျံသန်းနေတဲ့နဂါးအဖွဲ့ဆိုရင်လည်း ပိုပြီးတော့တောင် မယုတ္တိရှိတော့ဘူး။ နှစ်ဖက်စလုံးက အမြဲတမ်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်လမ်းကိုယ်လျှောက်လာခဲ့ကြတာလေ"
ဖုန်းယူက ထပ်မံ သက်ပြင်းချလိုက်ပြီးနောက် "မနက်ဖြန် ကျင်းပမယ့် လက်ဝှေ့ကြိုးဝိုင်းရဲ့ စည်းကမ်းချက်တွေ ထွက်လာပြီ။ အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူတစ်ဦးနဲ့ အသက် ၁၅ နှစ်အောက် တပည့်ငယ်တစ်ဦးတို့ တွဲဖက်ရမှာဖြစ်ပြီး အနိုင်ရလဒ် အများဆုံးရတဲ့အဖွဲ့က နောက်တစ်ဆင့် တက်လှမ်းခွင့် ရမှာပါ။ ဂိုဏ်းချုပ်အနေနဲ့ မသေမျိုးဂိုဏ်းကို ကာကွယ်ပေးနေတယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့သွားတာကြောင့် ရိုင်းစိုင်းတဲ့မျိုးနွယ်စုက ငါတို့ကို လက်ဝှေ့ကြိုးဝိုင်းတိုက်ပွဲကနေ အပြီးအပိုင် မောင်းထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်" ဟု ပြောလိုက်သည်။
အပြီးအပိုင် မောင်းထုတ်ပစ်သည်ဆိုသည်မှာ ချီယဲ့ဂိုဏ်းမှ ပါဝင်ယှဉ်ပြိုင်သူ အားလုံးကို ဖယ်ရှားပစ်ခြင်းကို ဆိုလိုခြင်းပင်။
ဖုန်းယူ၏ စကားကို ကြားသောအခါ လုကျန်းယီက ချက်ချင်းပင် "မသေမျိုးဂိုဏ်းကို ကာကွယ်ပေးနေတယ် ဟုတ်လား... ငါ အဲလိုမျိုး ဘယ်တုန်းက ပြောခဲ့လို့လဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
"ဒီနေ့ မွန်းတည့်အချိန်ကတင် ဖြစ်ပွားခဲ့တာပါ"
၎င်းကို ကြားရသောအခါ လုကျန်းယီက ဒေါသမာန်ဟုန်းဟုန်းဖြင့် "တချို့လူတွေက အခြေအမြစ်မရှိဘဲ လျှောက်ပြောပြီး ကိစ္စအသေးအဖွဲလေးကို အကျယ်ချဲ့နေကြတာပဲ။ ငါက မသေမျိုးဂိုဏ်းအတွက် စကားအနည်းငယ်ပဲ ကူပြောပေးခဲ့တာ။ ဘယ်အချိန်တုန်းက ကာကွယ်ပေးမယ်လို့ ပြောခဲ့လို့လဲ" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ရိုင်းစိုင်းတဲ့မျိုးနွယ်စုကတော့ အဲဒီအတိုင်းပဲ သတ်မှတ်ထားကြပြီ"
"တကယ်ကို အဓိပ္ပာယ်မရှိတာပဲ... ငါ့ရဲ့ ချီယဲ့ဂိုဏ်းကို တိုက်ရိုက် ပစ်မှတ်ထားချင်နေကြတာကိုး။ ဘာဖြစ်လို့ မသေမျိုးဂိုဏ်းကို အကြောင်းပြချက်အဖြစ် အသုံးချနေရတာလဲ။ ရိုင်းစိုင်းတဲ့မျိုးနွယ်စုနဲ့ ပျံသန်းနေတဲ့နဂါးအဖွဲ့က တပည့်တွေရဲ့ အစွမ်းက ဘယ်လောက်အထိ ရှိလို့လဲ။ ငါ့ရဲ့ ချီယဲ့ဂိုဏ်းကို အပြီးအပိုင် မောင်းထုတ်ချင်တယ် ဟုတ်လား... ငါ့ရဲ့ ချီယဲ့ဂိုဏ်းကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ အထဲမှာမပါဘူး။ ငါကပဲ သူတို့ကို အရင်ဆုံး မောင်းထုတ်ပစ်
မယ်။ ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးတောင် ချန်ထားပေးမှာ မဟုတ်ဘူး"
အခြေအနေများက ဤသို့ ဖြစ်ပျက်နေပြီဖြစ်ရာ လုကျန်းယီအနေဖြင့် သူနှင့် ဝမ်ပင်းတို့မှာ အခုတင် သိကျွမ်းခဲ့ကြခြင်းသာဖြစ်ပြီး စကားကောင်းအနည်းငယ် ပြောပေးခဲ့ရုံမျှသာဖြစ်ကာ မသေမျိုးဂိုဏ်းအတွက် တာဝန်ယူပေးရန် ဆန္ဒမရှိကြောင်း လျှောက်လဲချက်ပေးရန် မပြင်တော့ပေ။
ဖုန်းယူက သက်ပြင်းချရင်း "ရိုင်းစိုင်းတဲ့မျိုးနွယ်စုမှာ ဝမ်ယန်အာလီရှိနေပြီး ပျံသန်းနေတဲ့နဂါးအဖွဲ့မှာတော့ ကုန်းဆော့ဟွာရှိနေတယ်" ဟု တင်ပြသည်။
ဤစကားကို ကြားလိုက်ရသောအခါ လုကျန်းယီ၏ မျက်နှာအမူအရာမှာ ပို၍ပင် ပျက်ယွင်းသွားခဲ့ရတော့သည်။
ဝမ်ယန်အာလီသည် ရိုင်းစိုင်းသည့်မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်အမင်း ကြီးမားလှသော ခွန်အားကြောင့် ကျော်ကြားသူ ဖြစ်သည်။
သူသည် အသက် ၁၅ နှစ်အရွယ်မှာတင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခြောက်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ ခွန်အားမှာ အဆင့်ခုနစ် ကျင့်ကြံသူတစ်ဦးကိုပင် တိုက်ရိုက် ဖိနှိပ်ခြေမှုန်းနိုင်စွမ်း ရှိသည်။
ချီယဲ့ဂိုဏ်းတွင်မူ သူ၏ သားဖြစ်သူသည် အသက် ၁၅ နှစ်အရွယ်၌ အသန်မာဆုံးဖြစ်ပြီး ဝမ်ယန်အာလီနှင့် အဆင့်တူညီသော်လည်း သူတို့နှစ်ဦး၏ စစ်မှန်သော ခွန်အားချင်းမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်။
ဝမ်ယန်အာလီသည် ထိပ်တန်း အယောက် ၁၀၀ အတွင်းသို့ ဝင်ရောက်ရန် သေချာသလောက် ရှိနေသူ ဖြစ်သည်။
သူ၏ သားဖြစ်သူမှာမူ ထိပ်တန်း အယောက် ၅၀၀ အဆင့်မျှသာ ရှိသည်။
ထို့အပြင် အဆိုပါ ကုန်းဆော့ဟွာ ဆိုသောသူမှာလည်း တကယ့်ကို ရက်စက်လှသော လူတစ်ယောက် ဖြစ်သည်။
သူသည် ပျံသန်းနေတဲ့နဂါးအဖွဲ့၏ အဆိပ်ကျင့်စဉ်အနွယ်မှ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု ပြောစမှတ်ပြုကြပြီး ကျင့်ကြံခြင်းအဆင့်မှာ သာမန်မျှသာရှိသော်လည်း အဆိပ်ခတ်ခြင်း အတတ်ပညာတွင်မူ ထူးချွန်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ်တွင် ရှိနေသော သန်မာသည့် ကျင့်ကြံသူများပင် သူ၏ အဆိပ်ဖြင့် တိုက်ခိုက်မှုအောက်၌ သေဆုံးသွားနိုင်ချေ ရှိသည်။
ဤနှစ်ဦးမှာ သူတို့အဖွဲ့အစည်း အသီးသီး၏ ထိပ်တန်းအထူးချွန်ဆုံး လူများဖြစ်ကြပြီး ယခုအခါ ချီယဲ့ဂိုဏ်းကို အပြီးအပိုင် ခြေမှုန်းရန်အတွက် နှစ်ဦးစလုံးကို စေလွှတ်လိုက်ခြင်းပင်။
လုကျန်းယီသည် ဘေးရှိ စားပွဲခုံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဝုန်း
စားပွဲခုံငယ်မှာ ချက်ချင်းပင် တစ်စစီ ပျက်စီးသွားခဲ့ရတော့သည်။
"သူတို့ တခြား ဘာပြောသေးလဲ"
"ရိုင်းစိုင်းတဲ့မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဝမ်ယန်ဒါတောင်က ကျွန်တော့်ကနေတစ်ဆင့် ဂိုဏ်းချုပ်ဆီကို စကားပါးလိုက်ပါတယ်... ငါ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆီက လက်တစ်ဖက်ကို လိုချင်တယ်တဲ့"
"ဟွန်း"
"ဂိုဏ်းချုပ်... ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါ သွားပြီးတော့ ငါ့တို့ ချီယဲ့ဂိုဏ်းအနေနဲ့ မသေမျိုးဂိုဏ်းကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူးလို့ သွားရောက် ရှင်းပြရမလား။ သူတို့ အခုလို လုပ်နေတာက အဓိပ္ပာယ်မရှိဘူးလေ"
လုကျန်းယီသည် တိတ်တဆိတ် စဉ်းစားလိုက်မိသည်။
သူတို့က ကိုယ်တိုင်လာဖို့ အရမ်းကြောက်နေကြလို့ ငါ့ကို လှုပ်ရှားခိုင်းချင်နေတာကိုး တကယ့်ကို ပါးနပ်တဲ့ အကြံအစည်ပဲ။
လုကျန်းယီအနေဖြင့် ခန့်မှန်းနိုင်သည်မှာ ဝမ်ယန်ဒါတောင်သည် စိုးရိမ်ကြောက်လန့်နေခြင်းပင်။
မနေ့က ဝမ်ယန်ဟုန်၏ လက်ကို မျက်စိတစ်မှိတ်အတွင်း ချိုးပစ်လိုက်နိုင်သူမှာ အလယ်
နက်နဲသောအဆင့်တွင် ရှိနေမည်ကို သူ ကြောက်ရွံ့နေခြင်းပင်။
ထို့ကြောင့် သူတို့သည် သူ့ကို ခြိမ်းခြောက်ရန် အကြောင်းပြချက် ရှာဖွေနေကြပြီး သူ၏ လက်ကို အသုံးချ၍ လူသတ်ချင်နေကြခြင်းပင်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုကျန်းယီက အေးစက်စွာ ပြောဆိုလိုက်တော့သည်။
"သွားပြီး ဝမ်ယန်ဒါတောင်ကို ပြောလိုက်စမ်း... ငါ မနက်ဖြန် လက်ဝှေ့ကြိုးဝိုင်းတိုက်ပွဲမှာ ငါ့ရဲ့ ချီယဲ့ဂိုဏ်းကို ခြေမှုန်းမယ့် သူ့ရဲ့ တပည့်တွေကို စောင့်ကြိုနေမယ်လို့။ အကယ်၍ သူတို့မှာ ငါ့ရဲ့ ချီယဲ့ဂိုဏ်းတပည့် အားလုံးကို အပြီးအပိုင် မောင်းထုတ်နိုင်တဲ့ ခွန်အားတကယ် ရှိနေမယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ဘာမှပြောစရာ မရှိတော့ဘူး
အခန်း ၁၅၆
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် အရုဏ်ဦးကျရောက်လာချိန်၌ ဟွမ်လီမြို့ကြီးမှာ ထူထပ်လှသော မြူနှင်းထုကြီးအောက်တွင် လွှမ်းခြုံနေဆဲဖြစ်ပြီး အဝေးမှကြည့်လျှင် လူ့ပြည်က နတ်ဘုံနတ်နန်းတစ်ခုအလား ထင်မှတ်ရသည်။
မြို့သူမြို့သားများသည် ဤမြူနှင်းများကို ဖြတ်သန်းသွားလာရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်ကြသဖြင့် လမ်းမကြီးများမှာ တစ်ခါတစ်ရံ ငရဲပြည်နှင့်ပင် တူနေတော့သည်။
လက်ဝှေ့ကြိုးဝိုင်းပြိုင်ပွဲ၏ ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးနောက် လုကျန်းယီသည် ပွဲစဉ်ဇယားကို ကိုင်ဆောင်လျက် အဆင့်မြင့်အဆောင်ရှိ အခန်းနံပါတ် ၁၂ ထံသို့ ရောက်ရှိလာပြီး တံခါးကို ပြင်းထန်စွာ ထုရိုက်လိုက်တော့သည်။
ဒုန်း... ဒုန်း... ဒုန်း
"ဂိုဏ်းချုပ်ဝမ်"
"ဝုတ်... ဝုတ်... ဝုတ်"
အတွင်းမှနေ၍ ခွေးဟောင်သံ သုံးချက် ထွက်ပေါ်လာခဲ့သည်။
လုကျန်းယီသည် ၎င်းမှာ ထိုထွားကျိုင်းလှသော ခွေးအိုကြီးဖြစ်ကြောင်း သိလိုက်သည်။
ဘာပဲဖြစ်ဖြစ် ခွေးက ဟောင်ပေးလိုက်သဖြင့် သူ ထပ်မံအော်ဟစ်နေရန် မလိုတော့ချေ။
အမှန်ပင်... အသက်ရှူကြိမ်အနည်းငယ်အကြာတွင် အတွင်းမှနေ၍ "မနက်စောစောစီးစီး... နည်းနည်းလောက် တိုးတိုးတိတ်တိတ် မလုပ်နိုင်ဘူးလားဗျာ။ ငါ့နားစည်တွေ ကွဲတော့မယ်။ မင်းတို့ ဘိုးဘွားဘီဘင်တွေက ဘယ်သူတွေလဲဆိုတာ မသိဘူးလား" ဟူသော ညည်းညူသံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုအသံထွက်လာပြီးနောက် အတွင်း၌ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ဘဲ အတန်ကြာမှ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာခဲ့တော့သည်။
ဝမ်ပင်းသည် အိပ်ချင်မူးတူးဖြင့် တည်တင်းနေသော မျက်နှာအမူအရာဖြင့် တံခါးဖွင့်ပေးလိုက်ပြီး လုကျန်းယီကို ကြည့်ကာ "ကိစ္စရှိရင် မြန်မြန်ပြောပါဗျာ ငါ့မျက်နှာကိုတော့ လာမကြည့်နဲ့ဦး... ငါက အိပ်ရာနိုးခါစဆိုရင် စိတ်တိုတတ်လို့" ဟု ပြောလိုက်သည်။
"ပွဲစဉ်ဇယား ထွက်လာပြီ"
လုကျန်းယီက ပွဲစဉ်ဇယားကို ကမ်းပေးလိုက်သည်။
ဝမ်ပင်းက ၎င်းကို လှမ်းယူကြည့်လိုက်ရာ ယနေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့် ရန်လီလီနှင့် ယွမ်လျောင်တို့၏ အမည်များကို မြင်တွေ့လိုက်ရသည်။
သူ သေချာကြည့်ရှုပြီးနောက် ခေါင်းငြိမ့်ပြကာ "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
"မင်းက ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကိုတောင် ကြည့်မနေတော့ဘူးလား"
"ဘာကြည့်နေရမှာလဲ... တော်ပြီဗျာ။ ငါ အခန်းထဲပြန်ပြီး တစ်ရေးလောက် ထပ်အိပ်ဦးမယ် ပြီးမှပဲ တွေ့ကြတာပေါ့"
ဝမ်ပင်းသည် လှည့်ထွက်လိုက်ပြီး ကုတင်ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားကာ ဝုန်းကနဲ လဲလျောင်း၍ အိပ်စက်လိုက်တော့သည်။
ဝမ်ပင်း၏ အမူအရာကို မြင်သောအခါ လုကျန်းယီမှာ မချိပြုံးသာ ပြုံးနိုင်တော့သည်။
ဝမ်ပင်းအနေဖြင့် ဤမျှလောက် ဂရုမစိုက်ဘဲ အေးဆေးနေနိုင်သည်ကို ကြည့်လျှင် သူ၏ရင်ထဲ၌ ရလဒ်ကို အလေးမထားကြောင်း ထင်ရှားသည်။
ဤသို့ဖြစ်ပျက်လာမည်ကို ကြိုတင်သိရှိပါက စောစောက သူ ဝမ်ပင်းအတွက် စကားကူပြောပေးခဲ့မိမှာ မဟုတ်ပေ။
ယခုအခါတွင်မူ သူသည် ဝမ်ပင်းအတွက် ဒိုင်းတစ်ခုကဲ့သို့ ဖြစ်သွားရုံသာမက သူ့ဂိုဏ်းပါ ပူးတွဲ၍ လက်ဝှေ့ကြိုးဝိုင်းတိုက်ပွဲမှ ဖယ်ရှားခြင်း ခံရမည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့သည်။
ရိုင်းစိုင်းတဲ့မျိုးနွယ်စုသည် အရှက်မရှိစွာဖြင့် သူတို့၏လူများကို အစွန်းရောက်
တောင်တန်းတွင် အုပ်စုတစ်စုတည်း ဖြစ်အောင် စီစဉ်ထားခဲ့ကြပြီး ထိုအုပ်စုထဲတွင် ရိုင်းစိုင်းတဲ့မျိုးနွယ်စုမှ လူများသာမက ပျံသန်းနေတဲ့နဂါးအဖွဲ့မှ လူများပါ ပါဝင်နေခဲ့သည်။
သူ့ကဲ့သို့ ကြယ်နှစ်ပွင့်အဆင့်ရှိ ဂိုဏ်းတစ်ခုအနေဖြင့် အခြားသော ကြယ်နှစ်ပွင့်ဂိုဏ်းကြီးနှစ်ခုမှ ပါရမီရှင်တပည့်များကို ရင်ဆိုင်ရမည်ပင်။
ဤသို့ ယှဉ်ပြိုင်ရမည်ဆိုပါက အနိုင်ရရှိရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးသည်။
အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားပါက ချီယဲ့ဂိုဏ်းအနေဖြင့် ပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲတွင် ကိုယ်စားပြုခွင့် တစ်နေရာမျှပင် ရရှိတော့မည်မဟုတ်ရာ ၎င်းမှာ တကယ့်ကို သိက္ခာကျစရာ အဖြစ်အပျက်ကြီး ဖြစ်ပေလိမ့်မည်။
...
နံနက်ပိုင်းတွင် လက်ဝှေ့ကြိုးဝိုင်းပြိုင်ပွဲ စတင်ရန် နီးကပ်လာသောအခါ ဝမ်ပင်းသည် လုကျန်းယီ၏ နောက်မှလိုက်ပါကာ ပွဲကြည့်စင်ဆီသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ယမန်နေ့ကနှင့် မတူသည်မှာ ယနေ့တွင် ပွဲကြည့်စင်ပေါ်၌ အဆင့်မြင့် အာဏာပိုင်လူကြီးမင်းပေါင်းများစွာ ရောက်ရှိနေကြခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ယခင်က ဆန်းစစ်ခြင်းကွင်း ၁၀ ခုရှိခဲ့ရာမှ ယခုအခါ ကွင်း ၃ ကွင်းအထိ လျှော့ချလိုက်သောကြောင့်ပင်။
ထိုနေရာတွင် အလယ်နက်နဲသောအဆင့်ကျင့်ကြံသူပင် ငါးဦးအထိ ရှိနေခဲ့သည်။
လုကျန်းယီ၏ မိတ်ဆက်ပေးမှုကြောင့် ဝမ်ပင်းသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ ရှန်လုံ၊ ရိုင်းစိုင်းတဲ့မျိုးနွယ်စု၏ ခေါင်းဆောင် ဝမ်ယန်ဒါတောင်၊ ပျံသန်းနေတဲ့နဂါးအဖွဲ့၏ ခေါင်းဆောင် လုံအော့နှင့် အစွန်းရောက်တောင်တန်း၏ မဟာအကြီးအကဲ ပိုင်ဖုန်းတို့ကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း ဝမ်ပင်း အဓိက အာရုံစိုက်မိသည်မှာ ရှန်လုံ ဖြစ်သည်။
ရှန်လုံသည် သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်ပြီး ရုပ်ရည်မှာ ထူးခြားမှုမရှိသော်လည်း သူ၏ အရိုးထဲအထိ စွဲထင်နေသော အရှိန်အဝါကြီးမားသည့် ပုံစံကြောင့် အလယ်နက်နဲသောအဆင့် ကျင့်ကြံသူအနည်းငယ်ထဲတွင် သူ့ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။
ဝမ်ပင်းက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ရှန်လုံကမူ ပြန်လည်ကြည့်ရှုခြင်း မရှိချေ။
ဝမ်ပင်းသည် အလယ်နက်နဲသောအဆင့် ကျင့်ကြံသူငါးဦး သေဆုံးသွားခဲ့သည့် သတင်းမှာ ဟွမ်လီမြို့ကြီးဆီသို့ ယခုတိုင် ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် သဘောကျမိလိုက်သည်။
သို့သော် မနေ့က ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် ဝမ်ပင်းသည် လုကျန်းယီနှင့်အတူ လျှောက်လှမ်းလာစဉ် လူအများအပြားက သူ့ကို လှမ်းကြည့်ကြပြီး တစ်ချိန်တည်းမှာပင် လုကျန်းယီအပေါ်၌လည်း သူတစ်ပါး ပျက်စီးသည်ကို ဝမ်းသာအားရ စောင့်ကြည့်နေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေကြသည်။
ဝမ်ပင်း ပွဲကြည့်စင်ပေါ်သို့ တက်လှမ်းလာစဉ် လူတိုင်းက အချင်းချင်း တီးတိုး ဝေဖန်ကြတော့သည်။
အကြီးအကဲတစ်ဦးက သူ့ဘေးရှိ မိစ္ဆာနက်ကို "ဒါက မနေ့က ကြယ်နှစ်ပွင့်ဂိုဏ်းတွေ ထိုင်ရမယ့်နေရာမှာ ဝင်ထိုင်ခဲ့တဲ့ မသေမျိုးဂိုဏ်းက လူလား" ဟု မေးလိုက်သည်။
"အင်း..."
မိစ္ဆာနက်က ခေါင်းငြိမ့်ပြသည်။
"တကယ့်ကို မိုက်ရူးရဲဆန်ပြီး သတ္တိခဲပဲ"
ထိုအကြီးအကဲက မချီးမွမ်းဘဲ မနေနိုင် ဖြစ်သွားရသည်။
၎င်းကို ကြားရသောအခါ လူတိုင်းက ဝမ်ပင်း၏ ဘာမှမသိနားမလည်မှုကို လှောင်ပြောင် သရော်ရင်း ရယ်မောလိုက်ကြတော့သည်။
ပွဲကြည့်စင်ပေါ်သို့ ရောက်သောအခါ လုကျန်းယီက "ဂိုဏ်းချုပ်ဝမ်... အနောက်ဘက်တန်းက အဆင်ပြေတဲ့ နေရာတစ်ခုမှာ ရှာထိုင်လိုက်ပါဦး" ဟု သတိပေးလိုက်သည်။
ဝမ်ပင်းက "ငါ ရှေ့ဆုံးတန်းမှာ ထိုင်လို့မရဘူးလား" ဟု ပြန်မေးသည်။
ဤစကားကို ကြားလိုက်ရသောအခါ ဘေးပတ်ဝန်းကျင်ရှိ ကြယ်တစ်ပွင့်ဂိုဏ်းချုပ်များက ချက်ချင်းပင် တဟားဟား ရယ်မောလိုက်ကြတော့သည်။
မိစ္ဆာနက်က "မင်း အသက်မရှင်ချင်တော့ရင်လည်း ဝင်ထိုင်လိုက်လေ။ ဒီနေ့ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့သူတွေ အားလုံးက ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဂိုဏ်းတွေကချည်းပဲ။ အကယ်၍ မင်းရဲ့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးကို အပြီးအပိုင် အဖျက်ဆီးခံချင်တယ်ဆိုရင်တော့ စိတ်ကြိုက်ထိုင်နိုင်ပါတယ်" ဟု ကဲ့ရဲ့လိုက်သည်။
"အော်..."
ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လူတိုင်း၏ စိုက်ကြည့်နေကြသော မျက်ဝန်းများရှေ့မှောက်မှာတင် ရှေ့ဆုံးတန်းရှိ ထိုင်ခုံတွင် ထပ်မံ၍ ဝင်ထိုင်လိုက်တော့သည်။
ထို့ပြင် သူသည် အိတ်ကပ်ထဲမှ ခေါက်ထားသော ကတ်ပြားတစ်ခုကို ထုတ်ယူကာ သူ့ဘေးရှိ လက်ဖက်ရည်ခွက်၏ ရှေ့တွင် ချပြလိုက်သည်။
၎င်းကတ်ပြားပေါ်တွင် စာလုံးငါးလုံးကို ရေးသားထားသည်။
"မသေမျိုးဂိုဏ်း ဝမ်ပင်း"
မိစ္ဆာနက်နှင့် အခြားသောသူများသည် ၎င်းကို မြင်လိုက်ရသောအခါ မျက်နှာများ ချက်ချင်း မည်းမှောင်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ပင်းသည် ဝင်ထိုင်လိုက်ရုံသာမက သူ၏ ဂိုဏ်းအမည်ကိုပါ အတိအလင်း ထုတ်ဖော်ပြသလိုက်ခြင်းကြောင့်ပင်။
၎င်းကို မြင်သောအခါ တာဝန်ခံလုံသည် မျက်မှောင်ကုတ်ရင်း အနားသို့ လျှောက်လှမ်းလာခဲ့ပြီး အေးစက်စွာဖြင့် "ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းကလူက အနောက်ဘက်တန်းမှာ သွားထိုင်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ဝမ်ပင်းက "ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းတွေ ဒီနေရာမှာ မထိုင်ရဘူးဆိုတဲ့ ဥပဒေ ရှိလို့လား" ဟု ပြန်လည်ချေပလိုက်သည်။
တာဝန်ခံလုံသည် သူ့ဘေးရှိ လုကျန်းယီကို အေးစက်စွာ တစ်ချက် လှမ်းကြည့်လိုက်ရာ လုကျန်းယီက သူ့ကို လုံးဝ အရေးမလုပ်ဘဲ ဥပေက္ခာပြုထားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဒေါသကို မြိုသိပ်ကာ "ငါ ငါးအထိပဲ ရေတွက်မယ်" ဟု ထပ်မံ ခြိမ်းခြောက်လိုက်သည်။
"သူ့ကို ထိုင်ခွင့်ပြုလိုက်ပါ"
ထိုအချိန်တွင် အလယ်ဗဟိုခုံ၌ ထိုင်နေသော ဥက္ကဋ္ဌ ရှန်လုံက ဝင်ရောက်ပြောဆို လိုက်သည်။
"ဥက္ကဋ္ဌကြီး"
"ရပါတယ်... သူ့ကို ထိုင်ခွင့်ပြုလိုက်ပါ။ အကယ်၍ တခြားလူ ရောက်လာရင်တော့ သူ့ကို နေရာဖယ်ခိုင်းလိုက်ပေါ့။ ဘယ်သူမှ ရောက်မလာဘူးဆိုရင်တော့ သူ စိတ်ကြိုက် ထိုင်နိုင်ပါတယ်"
ရှန်လုံသည် ဝမ်ပင်းကို ခပ်ပြုံးပြုံးဖြင့် လှမ်းကြည့်လိုက်ရာ ဝမ်ပင်းကလည်း သဘာဝကျကျပင် ပြန်စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ တကယ့်ကို သဟဇာတဖြစ်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေခဲ့သည်။
ရှန်လုံသည်လည်း အဆင့်မြင့်လူကြီးမင်းတစ်ဦးပီပီ သဘောထားကြီးဟန်ကို ပြသနေခဲ့ခြင်းပင်။
သို့သော်လည်း ဝမ်ပင်း စဉ်းစားမိသည်မှာ "အကယ်၍သာ ဒီလူသာ မသေမျိုးဂိုဏ်းထဲမှာ အလယ်နက်နဲသောအဆင့် ကျင့်ကြံသူ (၅) ဦး သေဆုံးသွားခဲ့ပြီဆိုတာ သိသွားမယ်ဆိုရင်... သူတို့က ငါ့ကို အခုလိုမျိုး စိတ်ကြိုက်ထိုင်နေခွင့်ပေးပြီး သဘောထားကြီးနေမှာ မဟုတ်တော့ဘူး"
ဝိုး...
သူ ဝန်ခံရမည်မှာ ဤကဲ့သို့သော ခံစားချက်က တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသည်။
"အထဲကို ဝင်စမ်း"
ဝမ်ပင်းသည် သူ့ဘေးရှိ ခွေးအိုကြီး၏ ခေါင်းကို ပုတ်ကာ စားပွဲခုံအောက်တွင် ဝပ်နေရန် အချက်ပြလိုက်သည်။
သူ ဤနေရာသို့ လာရောက်စဉ်က ရှန်လုံနှင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ခိုက်ရမည့် အခြေအနေမျိုးကိုလည်း ကြိုတင်တွေးဆထားခဲ့သည်။
ထို့ကြောင့် ယနေ့တွင် ရှန်လုံဘက်မှ ပြဿနာရှာလာပါက အဆင်သင့်ဖြစ်စေရန်အတွက် မိစ္ဆာဝိညာဉ်ဓားကိုပါ ကြိုတင်ပြင်ဆင် ခေါ်ဆောင်လာခဲ့ခြင်းပင်။
သဘာဝကျကျပင် ယခုအခါတွင်မူ ၎င်းမှာ မလိုအပ်တော့ပုံပင်။
တစ်ဖက်တွင်မူ တာဝန်ခံလုံသည် ဥက္ကဋ္ဌရှန်လုံ၏ စကားကို ကြားရပြီးနောက် ဝမ်ပင်းကို မောင်းထုတ်ရန် အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး ပွဲကောင်းကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
မကြာမီအချိန်အတွင်းမှာပင် ကြယ်နှစ်ပွင့်ဂိုဏ်းများမှ လူများ ရောက်ရှိလာပြီး ရှေ့ဆုံးတန်းတွင် ဝင်ထိုင်ကြပေလိမ့်မည်။
ထိုအချိန်တွင် သူတို့ နေရာမရရှိပါက ပထမဆုံး သွားရောက်ဖယ်ခိုင်းမည့်သူမှာ အထင်အရှားပင် ဝမ်ပင်းသာ ဖြစ်ပေလိမ့်မည်။
...
အလယ်နက်နဲသောအဆင့်တွင် ရှိနေပြီး ဗဟိုနေရာတွင် ထိုင်နေသော လုကျန်းယီသည် ဤအခြေအနေကို မြင်တွေ့ရသောအခါ ဘာမှတတ်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။
ဝမ်ပင်းတစ်ယောက် ဘာကို တွေးတောနေသလဲ၊ သူ တကယ်ကြီး ဘာမှနားမလည်တာလား သို့မဟုတ် တမင်သက်သက် လုပ်နေတာလားဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေခဲ့သည်။
သူ ဝမ်ပင်းတစ်ယောက် တမင်သက်သက် လုပ်နေခြင်းဖြစ်နိုင်ကြောင်း တွေးတောနေစဉ်မှာပင် သူ့ဘေးရှိ ဝမ်ယန်ဒါတောင်က လှမ်း၍ စကားပြောလာခဲ့သည်။
"ဂိုဏ်းချုပ်လု... မင်းက အလယ်နက်နဲသောအဆင့်မှာ ရှိတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်ပဲ။ ဘာဖြစ်လို့ ဒီလိုလူမျိုးအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေရတာလဲ။ ဒါက မင်းရဲ့ ဂိုဏ်းတပည့်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတာ မသိဘူးလား။ စဉ်းစားကြည့်စမ်း... ချီယဲ့ဂိုဏ်းအနေနဲ့ ဆန်းစစ်ခြင်းမှာ ပါဝင်ခွင့် တစ်နေရာမှ မရခဲ့ရင် ဘယ်လောက်တောင် အရှက်ရစရာကောင်းလိုက်မလဲ"
လုကျန်းယီက ချက်ချင်းပင် ဒေါသတကြီး ဆဲပြောလိုက်သည်။
"မင်းကိစ္စ မဟုတ်ရင် ဝင်မပါနဲ့စမ်း"
ထိုသို့ ပြောဆိုပြီးနောက် သူသည် နေရာမှ ထရပ်လိုက်ပြီး ဝမ်ပင်း၏ ဘေးရှိ ထိုင်ခုံတွင် ဝင်
ထိုင်လိုက်ကာ အလယ်နက်နဲသောအဆင့် ကျင့်ကြံသူများအတွက် သတ်မှတ်ထားသော ဗဟိုနေရာကို စွန့်လွှတ်လိုက်တော့သည်။
၎င်းကို မြင်သောအခါ ဝမ်ယန်ဒါတောင်က ပြုံးလျက် "ဂိုဏ်းချုပ်လု... ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ။ မနေ့ကတင် ငါတို့ကို စောင့်ကြည့်ကြတာပေါ့လို့ မင်းပဲ ပြောခဲ့တာမဟုတ်လား" ဟု ပြောလိုက်သည်။
"ဟားဟား..."
ပျံသန်းနေတဲ့နဂါးအဖွဲ့မှ လုံအော့ကလည်း လိုက်ပါရယ်မောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဖျော်ဖြေရေးပွဲစဉ်၏ သန့်ရှင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသောကြောင့်ပင်။
လုကျန်းယီသည် ဘာသံမျှ မကြားရသကဲ့သို့ သူတို့နှစ်ဦးလုံးကို လုံးဝ ဥပေက္ခာပြုထားလိုက်
သည်။
သို့သော်လည်း သူ ဝမ်ပင်း၏ ဘေးတွင် ဝင်ထိုင်လိုက်သောအခါ "မသေမျိုးဂိုဏ်း ဝမ်ပင်း" ဟု ရေးသားထားသော စာရွက်ကို မြင်တွေ့လိုက်ရသဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
"ဂိုဏ်းချုပ်ဝမ်... မင်းက..."
ဝမ်ပင်းက "ဒါက ငါတို့ဇာတိ အရပ်ဒေသက ရိုးရာလုပ်ထုံးလုပ်နည်းတစ်ခုပါ။ ဒါကို ဒီလိုမျိုး ချပြထားလိုက်ရင် လူတွေက ကိုယ်က ဘယ်သူလဲဆိုတာကို တိုက်ရိုက် သိရှိသွားကြတာပေါ့။ ရိုးရှင်းတယ်၊ ထိရောက်တယ်၊ အဆင်ပြေပြီး မြန်ဆန်တာပေါ့ဗျာ" ဟု ပြန်ဖြေလိုက်သည်။
"ဟီးဟီး..."
၎င်းကို ကြားရသောအခါ လုကျန်းယီသည် ခေါင်းကို ကုတ်ရင်း ခပ်ပြုံးပြုံးသာ လုပ်နေလိုက်တော့သည်။
"နာမည်မကြီးတဲ့ သူတစ်ယောက်က သူ့နာမည်ကို စာရွက်ပေါ်မှာ အတိအလင်း ရေးသားလိုက်တာလား။
အခုတော့ ငါထက်တာ သေချာသွားပြီ။ ဝမ်ပင်းဆိုတဲ့လူက မိုက်မဲနေတာ မဟုတ်ဘူး။ တမင်သက်သက် ရဲတင်းပြနေတာ။ ကြည့်ရတာ သူ့လက်ထဲမှာ အလယ်နက်နဲသောအဆင့်ကျင့်ကြံသူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း ရှင်းထုတ်ပစ်နိုင်တဲ့ လျှို့ဝှက်ရတနာ တစ်ခုခုတော့ ရှိနေရမယ်။ ဒါကြောင့်ပဲ သူ ဒီလောက်တောင် အေးဆေးတည်ငြိမ်နေနိုင်တာ ဖြစ်လိမ့်မယ်"
ထိုအချိန်တွင် လူတိုင်းက ဝမ်ပင်းတစ်ယောက် ရောက်ရှိလာတော့မည့် ကြယ်နှစ်ပွင့်ဂိုဏ်းသားများနှင့် ထိပ်တိုက်တွေ့ဆုံမည့် ပွဲကောင်းကို စောင့်မျှော်နေကြစဉ်မှာပင် လက်ဝှေ့ကြိုးဝိုင်းပြိုင်ပွဲကြီး စတင်ခဲ့တော့သည်။
ဆန်းစစ်ခြင်းတွင် ပါဝင်ကြသူများသည် ကြိုးဝိုင်းအတွင်း၌ စတင်တိုက်ခိုက်နေကြပြီဖြစ်သော်လည်း ဝမ်ပင်း၏ နေရာကို လာရောက်လုယူမည့် ကြယ်နှစ်ပွင့်ဂိုဏ်းသားများမှာမူ ပေါ်ပေါက်လာခြင်း မရှိသေးပေ။
အချို့သော ကြယ်နှစ်ပွင့်ဂိုဏ်းသားများသည် ၎င်းကို မြင်တွေ့ရသောအခါ ဆွံ့အသွားခဲ့ကြရသည်။
"ဒီလူက ရှေ့ဆုံးတန်းနေရာကို ထပ်ပြီး ယူသွားပြန်ပြီ။ ဒီတစ်ကြိမ်မှာတော့ ဥက္ကဋ္ဌရှန်လုံကိုယ်တိုင်ကပါ သူ့ကို ခွင့်ပြုပေးလိုက်တာတဲ့လား"
တာဝန်ခံလုံသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသော မျက်နှာအမူအရာကို ပြသရင်း ရှန်လုံကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် "မင်း တကယ့်ကို ကံကောင်းတယ်လို့ မှတ်လိုက်ပါ" ဟု ပြောလိုက်သည်။
ထိုသို့ ပြောဆိုပြီးနောက် သူသည် ပွဲကြည့်စင်ပေါ်မှ ခြေလှမ်းလှမ်း၍ ဆင်းသက်သွားခဲ့တော့သည်။