← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း ၁၅၇

လက်ဝှေ့ကြိုးဝိုင်းပြိုင်ပွဲ စတင်သောအခါ လုကျန်းယီသည် ထိုင်ခုံနေရာအစီအစဉ်ကဲ့သို့သော အသေးအဖွဲကိစ္စများကို အာရုံစိုက်ရန် စိတ်ကူးမရှိတော့ဘဲ သူ၏မျက်လုံးများက အောက်ဘက်ရှိ ရင်ပြင်ဆီသို့သာ စိုက်ကြည့်နေပြီး တစ်ပွဲပြီးတစ်ပွဲ စောင့်ကြည့်နေခဲ့သည်။

သူတို့ဂိုဏ်း၏အလှည့် ရောက်ရှိလာပြီး တပည့်များ စင်ပေါ်သို့ တက်လာကြသောအခါ လုကျန်းယီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။

"ဘာဖြစ်လို့ အစွန်းရောက်တောင်တန်းကလူတွေ ဒီကို ရောက်နေရတာလဲ"

ထိုသို့ပြောပြီးနောက် လုကျန်းယီ၏အကြည့်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးကျင့်ကြံသူတစ်ဦးထံသို့ ကျရောက်သွားခဲ့ပြီး ထိုသူဝတ်ဆင်ထားသော အစွန်းရောက်တောင်တန်း၏ ဝတ်စုံမှာ ထူးထူးခြားခြား ပေါ်လွင်နေခဲ့သည်။

အထင်အရှားပင် အစွန်းရောက်တောင်တန်းသည် မနေ့က ထုတ်ပြန်ခဲ့သော ပွဲစဉ်ဇယားထဲတွင် ပါဝင်ခြင်းမရှိချေ။

"သူတို့က အဆင့် (၁၃) ကျင့်ကြံသူအုပ်စုမှာရှိတဲ့ သူ့ရဲ့ နောက်တစ်ဆင့် တက်လှမ်းမယ့် လမ်းကြောင်းကို လာရောက်ပိတ်ဆို့ဖို့ ကြိုးပမ်းနေကြတာများလား"

သူ၏ရင်ထဲ၌ ဒေါသမာန်ဟုန်းဟုန်း ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ လုကျန်းယီသည် သူ့ကို လှောင်ပြုံးနှင့် အေးစက်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသော အစွန်းရောက်တောင်တန်း၏ မဟာအကြီးအကဲ ပိုင်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။

ပူးပေါင်းကြံစည်မှု….

ဒါက သေချာပေါက် ပူးပေါင်းကြံစည်မှုပဲ…..

လုကျန်းယီသည် ရင်ပြင်အတွင်းသို့ လူများကို ခေါ်ဆောင်လာခဲ့သော ဖုန်းယူကို အလျင်အမြန်ပင် လှမ်း၍ လက်ဟန်ပြလိုက်သည်။

ဖုန်းယူက အနားသို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့သည်။

"ဂိုဏ်းချုပ်... ဘာကိစ္စရှိလို့လဲဗျာ"

လုကျန်းယီက ချက်ချင်းပင် "ငါတို့ ချီယဲ့ဂိုဏ်းတပည့်တွေ ရှိနေတဲ့အုပ်စုထဲမှာ တခြားအဆင့်တစ်ဆယ့်သုံး တိုက်ခိုက်ရေးသမား သုံးယောက်ရဲ့ ခွန်အားက ဘယ်လောက်အထိ ရှိလဲ" ဟု မေးလိုက်သည်။

ဖုန်းယူက "ငါတို့ဂိုဏ်းက ကျောက်ရှန်းက တော်တော်လေး လက်ရည်ရှိပါတယ်ဗျာ။ သူက တစ်ပွဲ ဒါမှမဟုတ် နှစ်ပွဲလောက်တော့ အနိုင်ရအောင် တိုက်ခိုက်နိုင်ပါလိမ့်မယ်" ဟု ပြန်ဖြေသည်။

"ဒါဆိုရင်တော့ ကောင်းပြီ အခု ငါတို့ မျှော်လင့်နိုင်တာကတော့ အစွန်းရောက်တောင်တန်းက အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူက အရမ်းကြီး သန်မာမနေဖို့ပဲ"

လုကျန်းယီက လက်ကို ဝေ့ယမ်းပြလျက် ဖုန်းယူကို အနောက်သို့ ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။

ဒုန်း...

ကြေးမောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရင်ပြင်၏ အခြားတစ်ဖက်ရှိ လူစုကြားမှ ကျားတစ်ကောင်ကဲ့သို့ ထွားကျိုင်းလှသော ကိုယ်ဟန်ရှိသည့် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်မောင်းကြီးများမှာ သာမန်လူတစ်ယောက်၏ ပေါင်ထက်ပင် ပို၍ ကြီးမားကာ ထူထဲသည်။

သူသည် လုမီနှင့် အခြားသူများကို ကျားကဲ့သို့ စူးရှသော မျက်ဝန်းများဖြင့် ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အသံကျယ်ကြီးဖြင့် "ရိုင်းစိုင်းတဲ့မျိုးနွယ်စုက ဝမ်ယန်အာလီ ကြိုးဝိုင်းကို လာရောက် စောင့်ကြပ်ကာကွယ်ပါမယ်ဗျို့။ ဘယ်သူ လာရောက် စိန်ခေါ်ရဲသလဲ" ဟု အော်ဟစ်ကြေညာလိုက်သည်။

လုမီက ချက်ချင်းပင် "ငါ လာမယ်" ဟု တုံ့ပြန်လိုက်တော့သည်။

ရင်ပြင်ပတ်ပတ်လည်၌ စုဝေးနေကြသော ချီယဲ့ဂိုဏ်းသားများက ချက်ချင်းပင် အော်ဟစ်၍ အားပေးကြတော့သည်။

"ဂိုဏ်းချုပ်သခင်လေး... အားကောင်းလှပါတယ်ဗျာ"

"ဂိုဏ်းချုပ်သခင်လေး... အနိုင်ရပါစေ"

ထိုအားပေးသံများကို ကြားရသောအခါ ပွဲကြည့်စင်ပေါ်ရှိ ဝမ်ယန်ဒါတောင်သည် တဟားဟား ရယ်မောလိုက်ပြီးနောက် လုကျန်းယီဘက်သို့ လှည့်ကြည့်လိုက်ကာ

"ဂိုဏ်းချုပ်လု... ကျားဘုရင်ရဲ့သားက တကယ့်ကို ညံ့ဖျင်းတဲ့ ခွေးဖြစ်မလာဘူးပဲ"

ဤစကားလုံးများသည် လုကျန်းယီ၏ နားထဲသို့ ဝင်ရောက်လာခဲ့ပြီး ၎င်းမှာ တကယ့်ချီးမွမ်းစကားမဟုတ်ကြောင်း သူ ကောင်းကောင်း သဘောပေါက်သည်။

၎င်းမှာ သူ့သားဖြစ်သူ၏ မဆင်မခြင် ရဲတင်းလှသော အပြုအမူကို လှောင်ပြောင် သရော်နေခြင်းပင်။

သူ ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် ကြေးမောင်းသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဂျန်း...

"စတင်စေ"

တာဝန်ခံလုံ၏ အော်ဟစ်သံကြီး ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် လုမီသည် ဝမ်ယန်အာလီထံသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ပြီး ပြေးနေစဉ်အတွင်းမှာပင် သူ၏ ရှည်လျားလှသော ဓားမြှောင်ကို ဓားအိမ်အတွင်းမှ ဖြည်းညှိးစွာ ထုတ်ယူလိုက်သည်။

သို့သော်လည်း ဓားကို လုံးဝ ဆွဲထုတ်လိုက်ခြင်း မဟုတ်ဘဲ လမ်းတစ်ဝက်တွင် ရပ်တန့်ထားကာ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားခဲ့ခြင်းပင်။

လုမီ၏ လှုပ်ရှားမှုကို မြင်သောအခါ ဝမ်ယန်အာလီက စိတ်ထဲမှ အနည်းငယ် ချီးကျူးမိလိုက်သော်လည်း သူ၏ ကြီးမားလှသော လက်မောင်းကြီးများကို ဆန့်ထုတ်ကာ ခပ်ဖွဖွ လှောင်ပြုံး ပြုံးလိုက်သည်။

လုမီ အနားသို့ ချဉ်းကပ်လာသည့် ခဏ၌ သူ၏ ပြုံးရွှင်မှုများ ပျောက်ကွယ်သွားခဲ့ပြီး မျက်ဝန်းထဲတွင် ရက်စက်လှသော ဝံပုလွေတစ်ကောင်ကဲ့သို့ အကြည့်မျိုးဖြင့် ပြည့်နှက်သွားကာ သူ၏ ခန္ဓာကိုယ်ဖြင့် လုမီထံသို့ အတင်း တိုးဝင် တိုက်ခိုက်လိုက်တော့သည်။

အထင်အရှားပင် သူသည် ထိုဓားကွက်ကို သူ၏ ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခုခံရန် ရည်ရွယ်ထားခြင်းပင်။

သဘာဝကျကျပင် ဝမ်ယန်အာလီသည် "လုမီ... မင်းက အရမ်း အားနည်းလွန်းတယ်။ စင်ပေါ်ကနေ မြန်မြန် ဆင်းသွားစမ်းပါ" ဟု လှမ်း၍ သရော်လိုက်ရန် မမေ့ခဲ့ချေ။

လုမီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် "ငါ့ရဲ့ မိုးပျံပန်းဓားကွက်ကို မင်းရဲ့ ခန္ဓာကိုယ်နဲ့ ခုခံချင်တယ်ပေါ့... တကယ့်ကို သတ္တိရှိတာပဲ" ဟု ပြောလိုက်သည်။

သူ စကားပြောပြီးသည်နှင့် ဓားကွက်ကို စတင်လိုက်တော့သည်။

ရှည်လျားလှသော ဓားမြှောင်သည် ဓားအိမ်အတွင်းမှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ဖြူဖွေးလှသော ဓားချီအလင်းတန်းနှင့်အတူ ဝမ်ယန်အာလီထံသို့ ခုတ်ပိုင်းလိုက်တော့သည်။

ဓားဆွဲထုတ်ခြင်း အတတ်ပညာ….

သို့သော်လည်း ၎င်းကို မြင်တွေ့ရသော်လည်း ဝမ်ယန်အာလီသည် အလျင်စလို မလုပ်ဘဲ သူ၏ လက်အင်္ကျီအတွင်းမှ သေးငယ်သော ကြေးတူတစ်ခုကို ဆွဲထုတ်လိုက်ကာ ဝေ့ယမ်း၍ ခုတ်ပိုင်းလာသော ဓားကို သွားရောက် ပိတ်ဆို့လိုက်တော့သည်။

ဝုန်း...

ဓားနှင့် တူတို့ ပြင်းထန်စွာ ထိမိသွားကြသည်။

ထိုကြေးတူမှာ လက်သီးဆုပ်ခန့်သာ ရှိသော်လည်း၊ ၎င်းမှ ထွက်ပေါ်လာသော အစွမ်းကမူ အလွန်ပင် ကြီးမားသည်။ ထိုထိမိမှုကြောင့် လုမီ၏ ဓားဆွဲထုတ်ခြင်း အတတ်ပညာမှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပြီး သူ၏ ဓားပင် လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

လုမီတစ်ယောက် အခြေအနေကို ပြန်လည် ထိန်းညှိရန် ရုန်းကန်နေရစဉ်မှာပင် ဝမ်ယန်အာလီ၏ လက်သီးချက်က ကျရောက်လာခဲ့သဖြင့် လုမီမှာ ပင်ကိုယ်အသိဖြင့် သူ၏ လက်မောင်းကို အသုံးပြု၍ ကာကွယ်လိုက်ရတော့သည်။

လုမီသည် အနောက်သို့ ဆယ်လှမ်းခန့် တုန်တုန်ရင်ရင်ဖြင့် ဆုတ်ခွာသွားခဲ့ရသည်။

လာရောက်ကြည့်ရှုကြသူများထံမှ အံ့သြဘနန်း အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ကျင့်ကြံခြင်းအဆင့်တူညီကြသူများအကြား ဤမျှလောက်အထိ ခွန်အားချင်း ကွာခြားလွန်းလှသည်မှာ အလွန်ပင် ရှားပါးသည်။

ပွဲကြည့်စင်ပေါ်မှ စောင့်ကြည့်နေသော ဝမ်ယန်ဒါတောင်သည် ပြုံးလျက် နေရာမှ ထရပ်လိုက်ပြီး ထိုင်ခုံ ငါးခုံ ခြောက်ခုံခန့် ကွာဝေးသော အရပ်တွင် ရှိနေသည့် ဝမ်ပင်းကို လှမ်း၍ "ဂိုဏ်းချုပ်ဝမ်... ဒီတိုက်ပွဲရဲ့ ရလဒ်ကို မင်း ဘယ်လို သုံးသပ်မိလဲဟင်" ဟု မေးလိုက်သည်။

ဝမ်ပင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း "မင်း ငါ့ကို လှမ်းမေးနေတာလား" ဟု ပြောလိုက်သည်။

"ဒါပေါ့"

ဝမ်ပင်းက "ငါ မသိဘူး။ ဒါပေမဲ့ ကြည့်ရတာ ဟိုရုပ်ဆိုးဆိုးနဲ့ ဝက်တစ်ကောင်လို ဖြစ်နေတဲ့ ဝတုတ်ကြီးကတော့ နိုင်လိမ့်မယ် ထင်တယ်" ဟု ပြန်ဖြေလိုက်သည်။

ဝမ်ပင်း၏ အဖြေကို ကြားရသောအခါ ဝမ်ယန်ဒါတောင်သည် တဟားဟား အားရပါးရ ရယ်မောလိုက်ပြီး

"ဂိုဏ်းချုပ်ဝမ်က တကယ့်ကို အမြင်စူးရှတာပဲဗျာ။ ဒါပေမဲ့ သဘာဝကျကျပဲ ဝမ်ယန်အာလီက သေချာပေါက် နိုင်မှာ..."

ဝမ်ယန်ဒါတောင်၏ ရယ်မောသံကြီး ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

ဝက်တစ်ကောင်လို ဟုတ်လား။ ဝတုတ်ကြီး ဟုတ်လား။

"မင်း"

ဝမ်ယန်ဒါတောင်သည် ချက်ချင်းပင် ဝမ်ပင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။

ဝုတ်... ဝုတ်

တောင်ခွေးကြီးသည် စားပွဲခုံအောက်မှ ချက်ချင်းပင် ဝုန်းခနဲ ထရပ်လိုက်ပြီး ဝမ်ယန်ဒါတောင်ကို ရန်မူတော့မည့်အလား ဒေါသတကြီး လှမ်း၍ ဟောင်လိုက်တော့သည်။

ထိုအချိန်၌ ရင်ပြင်ထံမှ ထူးဆန်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံထဲတွင် နာကျင်မှုဝေဒနာများ အထင်အရှား ပါဝင်နေခဲ့သဖြင့် ဝမ်ပင်း လှမ်းကြည့်လိုက်သည့်အခါ ဝမ်ယန်အာလီ၏ နှစ်ဖက်ညှပ် လက်သီးချက်ကြောင့် လုမီတစ်ယောက် အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားရသည်ကို မြင်တွေ့လိုက်ရသည်။

ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားရသဖြင့် လက်ဝှေ့ကြိုးဝိုင်း၏ အစွန်းနားသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီး နောက်ထပ် ဆုတ်စရာ လမ်းမရှိတော့ချေ။

၎င်းကို မြင်သောအခါ ဝမ်ယန်ဒါတောင်သည် စောစောက ဒေါသမာန်များကို မေ့ပျောက်သွားခဲ့ပြီး ဝမ်ပင်းကို ကြည့်ကာ "ကောင်လေး... နှုတ်သီးကောင်းလျှာပါး မလုပ်နေနဲ့ဦး အဲဒါက ဘာမှအသုံးမဝင်ဘူး" ဟု ကဲ့ရဲ့လိုက်သည်။

"သူ့ပုံစံက ဝက်တစ်ကောင်နဲ့ မတူဘူးလား"

ဝမ်ပင်းက ချက်ချင်းပင် အနောက်သို့ လှည့်၍ အမျိုးသမီးတစ်ဦးကို လှမ်းမေးလိုက်သည်။

ထိုအမျိုးသမီးက အိုးတိုးအမ်းတမ်းဖြင့် ပြုံးလိုက်ပြီး ဝမ်ယန်ဒါတောင်ကို တစ်ချက် လှမ်းကြည့်ကာ အကြည့်ကို အခြားတစ်နေရာသို့ အလျင်အမြန်ပင် လွှဲပြောင်းလိုက်ရှာသည်။

"တိတ်ဆိတ်နေတာက သဘောတူတယ်လို့ အဓိပ္ပာယ်ရတာပေါ့"

ဝမ်ပင်းက ခပ်ဖွဖွရယ်မောလိုက်ပြီး အရှေ့သို့ ပြန်လှည့်လိုက်သည်။

ထိုအမျိုးသမီးက အလောတကြီး လှည့်ကာ ဝမ်ယန်ဒါတောင်ကို "မဟုတ်ပါဘူး... စီနီယာဝမ်ယန် ကျွန်မ အဲလို ဆိုလိုတာ မဟုတ်ပါဘူးရှင်" ဟု ရှင်းပြရှာသည်။

ဝမ်ပင်းက "ရှင်းလင်းချက် ပေးနေတာက အပြစ်ကို ဖုံးကွယ်ချင်လို့ပဲ" ဟု ဝင်၍ စနောက်လိုက်သေးသည်။

...

လက်ဝှေ့ကြိုးဝိုင်းပေါ်တွင် ဝမ်ယန်အာလီက ပြုံးလျက် လုမီကို စိုက်ကြည့်ကာ "စစ်မှန်တဲ့ ခွန်အားရဲ့ ရှေ့မှောက်မှာ... မင်းရဲ့ အလှပြ ဓားကွက်တွေက ဘာမှသုံးစားလို့ မရဘူး။ အရှုံးပေးလိုက်စမ်း။ အကယ်၍ မင်းက ဆက်ပြီး ဇွတ်တိုးနေဦးမယ်ဆိုရင် ငါ မင်းကို သတ်ပစ်ရလိမ့်မယ်" ဟု ခြိမ်းခြောက်လိုက်သည်။

"အရှုံးပေးလိုက်တော့"

ဖုန်းယူက ဘေးမှနေ၍ အလောတကြီး အော်ဟစ်တားဆီးလိုက်သည်။

လုမီသည် ပါးစပ်ထဲရှိ သွေးများကို မြိုသိပ်လိုက်ပြီး အံကြိတ်လျက် "အကြီးအကဲ... ကျွန်တော် ဆက်ပြီး တိုက်ခိုက်နိုင်ပါသေးတယ်" ဟု အော်ဟစ်လိုက်သည်။

ဖုန်းယူက ရှေ့သို့ ပြေးဝင်လာပြီး လုမီကို လှမ်း၍ ဆွဲကိုင်လိုက်ကာ မျက်မှောင်ကို တင်းကျပ်စွာ ကုတ်လျက် "ဆန်းစစ်ခြင်းလေးတစ်ခုအတွက်နဲ့ မင်းရဲ့ အခြေခံအုတ်မြစ်ကို အထိခိုက်မခံပါနဲ့ မင်း လျှောက်လှမ်းရမယ့် လမ်းကြောင်းက အဝေးကြီး ကျန်သေးတယ်" ဟု သတိပေးလိုက်တော့သည်။

ဖုန်းယူက လုမီကို စင်ပေါ်မှ ဆွဲခေါ်သွားခဲ့ချိန်၌ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ တာဝန်ခံလုံသည် ရင်ပြင်၏ အစွန်းတွင် ရပ်ကာ အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်။

"ရိုင်းစိုင်းတဲ့မျိုးနွယ်စုမှ ဝမ်ယန်အာလီ အနိုင်ရရှိပါသည်။ စုစုပေါင်း အနိုင်ရလဒ် ၁ ပွဲ"

ဤစကားလုံးများသည် လုကျန်းယီ၏ နားထဲသို့ အပ်နှင့် ဆွတ်သကဲ့သို့ နာကျင်စေခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် ဝမ်ယန်အာလီက ထပ်မံ၍ အသံကျယ်ကြီးဖြင့် "ငါ ဝမ်ယန်အာလီ ဒီနေရာမှာပဲ ဆက်ပြီး ရပ်တည်နေမယ်။ ဘယ်သူ လာရဲသေးလဲ" ဟု ကြုံးဝါးလိုက်ပြန်သည်။

ဝမ်ယန်အာလီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ မည်သူမျှ ရှေ့သို့ တက်မလာကြသည်ကို မြင်သောအခါ ဆက်လက်၍ "အကယ်လို့ ဘယ်သူမှ လာမစိန်ခေါ်ဘူးဆိုရင် ငါပဲ ဒီကြိုးဝိုင်းကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီဖြစ်လို့ မင်းတို့အားလုံး ရှုံးနိမ့်သွားခဲ့ပြီ" ဟု ပြောလိုက်သည်။

"ငါ လာမယ်"

ချီယဲ့ဂိုဏ်းမှ လူငယ်တစ်ဦး ရှေ့သို့ တက်လှမ်းလာခဲ့သည်။

ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည် အချင်းချင်း တီးတိုး ဆွေးနွေး ငြင်းခုံကြတော့သည်။

"အဲဒါ ချီယဲ့ဂိုဏ်းက ကျင့်ဟီမဟုတ်ဘူးလား"

"ကျင့်ဟီ ဟုတ်လား... သူက ခွန်အားချင်းဆိုရင် လုမီထက်တောင် နည်းနည်း လျော့သေးတယ် မဟုတ်ဘူးလား"

"ဒီကောင်က စင်ပေါ်ကို တက်သွားတာ ကိုယ့်ခေါင်းကိုယ် သွားအပ်သလို ဖြစ်နေမှာပေါ့"

"ဝမ်ယန်အာလီ ရှိနေမှတော့ လူငယ်အုပ်စုရဲ့ အောင်မြင်မှုကတော့ သူတို့အတွက် သေချာသလောက် ရှိနေပြီပဲ"

...

ထိုဆူညံလှသော ဝေဖန်သံများကို နားမထောင်ဘဲ ဝမ်ပင်းသည် မျက်လုံးများကို မှိတ်ထားသော လုကျန်းယီကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ ပခုံးကို ပုတ်ကာ "ဂိုဏ်းချုပ်လု... မနေ့ညက အိပ်မပျော်ဘူးလားဗျာ။ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲကြီးကိုမှ ထိုင်ပြီး အိပ်ငိုက်နေရတယ်လို့" ဟု မေးလိုက်သည်။

လုကျန်းယီသည် မျက်လုံးများကို ဖွင့်၍ ဝမ်ပင်းကို ဆွံ့အစွာ ကြည့်လိုက်မိသည်။

သူ အိပ်မပျော်ခဲ့တာ မဟုတ်ဘဲ စိတ်ပူလွန်းလို့ အိပ်မရခဲ့ခြင်းပင်။

ဝမ်ယန်အာလီ တစ်ယောက်တည်းနှင့်တင် လူငယ်အုပ်စု၏ ရလဒ်ကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပြီး သူ့နောက်တွင် ပျံသန်းနေတဲ့နဂါးအဖွဲ့မှ လူများလည်း ရှိနေသေးသည်။ လူငယ်အုပ်စုအတွက်တော့ မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။

ပြီးတော့... ဒါက ဘာများ စိတ်လှုပ်ရှားစရာ ရှိလို့လဲ။

အထင်အရှားပင် သူ၏လူများက တစ်ဖက်သတ် အရိုက်ခံနေရခြင်းပင်။

ထိုအချိန်တွင် တာဝန်ခံလုံ၏ အော်ဟစ်ကြေညာသံ ထွက်ပေါ်လာခဲ့ပြန်သည်။

"ဝမ်ယန်အာလီ ထပ်မံ အနိုင်ရရှိပါသည်"

လုကျန်းယီသည် မနေနိုင်ဘဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ တစ်စုံတစ်ဦးက ဒဏ်ရာရရှိပြီး လဲကျသွားသော ကျင့်ဟီကို စင်ပေါ်မှ မသယ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ချီယဲ့ဂိုဏ်းတွင် အသက် ၁၅ နှစ်အရွယ်ရှိ တပည့်များအနက် အဆင့်သုံး သတ်မှတ်ချက်ရှိသော ပါရမီရှင်တစ်ဦးမှာ ဝမ်ယန်အာလီ၏ လက်အောက်တွင် အသက်ရှူကြိမ် ၁၀၀ မျှပင် တောင့်မခံနိုင်ခဲ့ချေ။

၎င်းကို ကြည့်နေစဉ် သူ့နားထဲသို့ ဝမ်ယန်ဒါတောင်၏ အသံ ဝင်ရောက်လာခဲ့ပြန်သည်။

"ဂိုဏ်းချုပ်လု... အားနာပါတယ်ဗျာ။ ငါ့တပည့်က လက်နည်းနည်း ပြင်းသွားပုံပဲ"

လုကျန်းယီသည် တိတ်ဆိတ်စွာသာ နေခဲ့ပြီး သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။

ထိုအချိန်တွင် ဝမ်ယန်ဒါတောင်က ဆက်လက်၍ ရန်စစကား ဆိုလာပြန်သည်။

"နောက်ထပ် ဘယ်သူ လာဦးမှာလဲ"

မည်သူမျှ ပြန်လည် မတုံ့ပြန်ကြချေ။

လက်ဝှေ့ကြိုးဝိုင်းအောက်တွင် ရပ်နေကြသော လူငယ် တစ်ဆောက်ခန့်မှာ ခေါင်းများကို ငုံ့ထားကြသည်။

သူတို့သည် သူတို့၏ ရှုံးနိမ့်မှု ရလဒ်ကို လက်ခံလိုက်ကြပြီ ဖြစ်ပုံပင်။

လုကျန်းယီသည် ဤမြင်ကွင်းကို ကြည့်ရင်း ဤနေရာမှ ထွက်ခွာသွားချင်စိတ်များ ပို၍ ပြင်းပြလာခဲ့တော့သည်

ဤနေရာတွင် အရှက်ခွဲခြင်း ခံနေရမည့်အစား သူ၏ သားဖြစ်သူ၏ ဒဏ်ရာများကို သွားရောက် စစ်ဆေးကြည့်ရှုတာကမှ ပို၍ ကောင်းမွန်ပေလိမ့်မည်။

အခန်း ၁၅၈

"ငါ သွားလိုက်မယ်လေ..."

လူအုပ်ကြီး၏ နောက်ကွယ်မှနေ၍ ရန်လီလီသည် ခြေလှမ်းလှမ်း၍ ထွက်ပေါ်လာခဲ့သည်။

သူ ရှေ့သို့ တက်လှမ်းလာခဲ့သော်လည်း ရန်လီလီ၏ အရပ်အမောင်းမှာ ထိုနေရာတွင် ရှိနေကြသော အခြားသူများထက် ပို၍ မြင့်မားမနေသည့်အပြင် ပို၍ပင် ပုကွကွ ဖြစ်နေခဲ့သေးသည်။

ထူးခြားမှုမရှိဘဲ သာမန်မျှသာဖြစ်သော လူတစ်ဦးက ဝမ်ယန်အာလီကို လာရောက်စိန်ခေါ်ရန် ပေါ်ပေါက်လာသောအခါ လာရောက်ကြည့်ရှုကြသူ အားလုံး၏ အာရုံစိုက်မှုက သူ့ထံသို့ ကျရောက်သွားခဲ့ကြသည်။ ရသို့သော်လည်း သူတို့သည် ရန်လီလီ ဝတ်ဆင်ထားသော မသေမျိုး လေညင်းဝတ်ရုံကို မြင်တွေ့လိုက်ရသောအခါ ဝေဖန်ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့တော့သည်။

"ဟိုပွဲကြည့်စင်ပေါ်က မသေမျိုးဂိုဏ်းက လူ မဟုတ်ဘူးလား"

"အေးလေ... အဲဒီအဝတ်အစားတွေက တော်တော်လေး ဆင်တူတယ်"

"ဂိုဏ်းချုပ်ဖြစ်တဲ့သူက ကြယ်နှစ်ပွင့်ဂိုဏ်းတွေ ထိုင်ရမယ့်နေရာမှာ ဝင်ထိုင်နေပြီး တပည့်ဖြစ်တဲ့သူကတော့ ပြဿနာရှာဖို့ ထွက်လာတယ်ပေါ့။ ဒီမသေမျိုးဂိုဏ်းက တကယ့်ကို ထူးဆန်းပြီး အံ့သြဖို့ကောင်းတဲ့ ဂိုဏ်းပဲဟေ့"

တစ်ချိန်တည်းမှာပင် ပွဲကြည့်စင်ပေါ်၌လည်း တီးတိုးပြောဆိုသံများ ပို၍ များပြားလာခဲ့သည်။

အမှန်စင်စစ်အားဖြင့် သူတို့၏ ဂိုဏ်းတပည့်များ လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ ဝင်ရောက်

တိုက်ခိုက်ခြင်း မဟုတ်ပါက လူကြီးမင်းအများစုမှာ စိတ်ဝင်စားမှု သိပ်မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်မှာ အဆင့်တစ်ဆယ့်သုံး သို့မဟုတ် နက်နဲသောအဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်သောကြောင့်ပင်။

ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ကြပြီးနောက် သူတို့သည် ၎င်းကို ငြီးငွေ့နေကြပြီဖြစ်ရာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ပြိုင်ပွဲများကို လူအများအပြား စိတ်မဝင်စားကြခြင်းပင်။

စောင့်ကြည့်နေခြင်းမှာ အခြားသော ဂိုဏ်းများ၏ အခြေခံအုတ်မြစ်နှင့် ခွန်အားကို တိုင်းတာရန်အတွက်သာ ဖြစ်ပြီး ဘာပဲဖြစ်ဖြစ် တပည့်များ ပို၍ သန်မာလေလေ ထိုဂိုဏ်း၏ အခြေခံအုတ်မြစ် ပို၍ နက်ရှိုင်းလေလေ ဖြစ်ကြောင်း သက်သေပြနေခြင်းကြောင့်ပင်။

သို့သော်လည်း အာရုံစိုက်စရာ အကြောင်းအရာတစ်ခုခု ရှိလာပါက အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

ကြယ်ပွင့်မရှိသည့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်က ရှေ့ဆုံးတန်းတွင် ထင်ထင်ရှားရှား ဝင်ထိုင်နေခြင်းကပင် ထူးခြားလှသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

ယခုအခါ ထိုကြယ်ပွင့်မရှိသည့် ဂိုဏ်း၏ တပည့်ဖြစ်သူက ကြယ်နှစ်ပွင့်အဆင့်ရှိသော အင်အားစုကြီးတစ်ခု၏ ထိပ်သီးပါရမီရှင်ကို လာရောက်စိန်ခေါ်နေခြင်းက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။

သဘာဝကျကျပင် သူတို့ မျှော်လင့်နေကြသည်မှာ စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲတစ်ခု မဟုတ်ချေ။

သူတို့က ဟာသဖြစ်ပျက်မည့် အလွဲအချော်များကိုသာ စောင့်ကြည့်ချင်နေကြခြင်းပင်။

ထိုအချိန်တွင် ဝမ်ယန်ဒါတောင်သည် နေရာမှ ထရပ်လိုက်ပြီး အသံကျယ်ကြီးဖြင့် "အာလီ... ရန်သူကို လျှော့မတွက်နဲ့ မင်း အစွမ်းကုန် ထုတ်သုံးရမယ်" ဟု လှမ်း၍ အော်ဟစ်လိုက်သည်။

စင်မြင့်ပေါ်တွင် ဝမ်ယန်အာလီက နားလည်သဘောပေါက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

အစွမ်းကုန် ထုတ်သုံးရမည်ဆိုသည့် စကား၏ အဓိပ္ပာယ်မှာ သူ၏ အစွမ်းရှိသမျှကို အသုံးပြု၍ စိန်ခေါ်သူကို နာကျင်ဖွယ်ရာ အဆုံးသတ်မျိုး ပေးအပ်လိုက်ရန်ပင်။

တာဝန်ခံလုံက ကြေးမောင်းကို တီးခတ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းကလည်း နေရာမှ ထရပ်လိုက်ပြီး "လီလီ... သူ့ကို ဒုက္ခိတဖြစ်အောင်ပဲ လုပ်လိုက်ပါ။ အသက်တော့ မသေစေနဲ့" ဟု လှမ်း၍ မှာကြားလိုက်သည်။

ရန်လီလီကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုကျန်းယီမှာ ဆွံ့အသွားခဲ့ရပြီး ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။

လုကျန်းယီက "ဂိုဏ်းချုပ်ဝမ်... မင်း ဘာတွေ လုပ်နေတာလဲ။ ဆိုင်းဘုတ်တွေ ရေးထိုးပြနေတာလား... သူတစ်ပါးဆီကနေ လိုက်ပြီး အတုယူနေတာလား" ဟု ပြောလိုက်သည်။

"တပည့်ကို လက်ရပ်ထားဖို့ မှာကြားတာလေ။ လက်ဝှေ့ကြိုးဝိုင်းပြိုင်ပွဲတွေမှာ လူသေဆုံးတဲ့အထိ ဖြစ်ပျက်တတ်လို့လား"

ဝမ်ပင်းက ခဏမျှ ကြောင်အသွားခဲ့ရသည်။

၎င်းကို ကြားရသောအခါ လုကျန်းယီမှာ ပြန်လည်ပြောဆိုရန် စကားလုံး ပျောက်ဆုံးသွားခဲ့ရတော့သည်။

တစ်ချိန်တည်းမှာပင် ကြေးမောင်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ဂျန်း...

ဝမ်ယန်အာလီသည် သူ၏ လက်မောင်းကြီးများကို ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် "ကောင်လေး... မင်း ဘယ်လိုမျိုး အရိုက်ခံချင်လဲ" ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့ စကားတွေ အဲလောက်တောင် များနေရတာလဲ"

ထိုသို့ပြောပြီးနောက် ရန်လီလီသည် သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ဝမ်ယန်အာလီထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့တော့သည်။

၎င်းကို မြင်သောအခါ ဝမ်ယန်အာလီ၏ နှုတ်ခမ်းများက တွန့်ကွေးလျက် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူ၏ လက်ထဲရှိ ကြေးတူကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ရန်လီလီကို တိုက်ရိုက် ရိုက်ခွဲပစ်ရန်အတွက် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့တော့သည်။

သို့သော်လည်း ရန်လီလီသည် ရှောင်တိမ်းရန် မည်သည့် အရိပ်အယောင်မျှ ပြသခြင်း မရှိချေ။

ဝမ်ယန်အာလီ၏ နှုတ်ခမ်းများက ပို၍ ပင့်တက်သွားခဲ့သည်။

"ဒီတူက ဘယ်လောက်တောင် လေးလံသလဲဆိုတာ မင်း သိမှာမဟုတ်ဘူး။ စောစောက လုမီကို ရိုက်တုန်းက ငါ့ရဲ့ ခွန်အား ၇၀ ရာခိုင်နှုန်းပဲ ထုတ်သုံးခဲ့တာ"

"ဟီးဟီး..."

ရန်လီလီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်သီးတစ်ချက်ကို လွှဲယမ်းလိုက်သည်။

ထိုလှုပ်ရှားမှုများမှာ တစ်ဆက်တည်း ဖြစ်ပေါ်သွားခဲ့သည်။

ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသော ဝမ်ပင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ခွန်အားချင်း လာပြိုင်ချင်နေတာကိုး..." ဟု ညည်းညူလိုက်သည်။

ဝမ်ပင်းက ဘာဖြစ်လို့ ရုတ်တရက် ထိုသို့ပြောဆိုလိုက်သည်ကို လုကျန်းယီ နားမလည်ခဲ့ချေ။ သို့သော် သူ ဝမ်ပင်းထံမှ မျက်နှာလွှဲ၍ ကြည့်လိုက်သည့်ခဏ၌ အံ့ဩစရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။

ကြေးတူကြီးမှာ လေထုထဲတွင် လည်ပတ်လျက် ရှိနေခဲ့သည်။

သဘာဝကျကျပင် အရှေ့သို့ လွင့်စင်သွားခြင်း မဟုတ်ဘဲ ဝမ်ယန်အာလီ၏ အနောက်ဘက်ဆီသို့ လွင့်စင်၍ ကျရောက်သွားခဲ့ခြင်းပင်။

ထိုအချိန်တွင် ဝမ်ယန်အာလီသည် သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် မျက်နှာတစ်ခုလုံး ပျက်ယွင်းနေကာ အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။

"သွေးထွက်နေပြီ"

ပွဲကြည့်စင်ပေါ်ရှိ ကြယ်တစ်ပွင့်ဂိုဏ်းချုပ်တစ်ဦးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

လူတိုင်းက ဝမ်ယန်အာလီ ဆုပ်ကိုင်ထားသော လက်ထံသို့ ချက်ချင်းပင် အာရုံစိုက်လိုက်ကြသည်။ အမှန်ပင် သူ ဆုပ်ကိုင်ထားသော နေရာမှနေ၍ သွေးများ စီးကျနေခဲ့သည်။

တောက်... သေစမ်း…

ဝမ်ယန်အာလီ အနောက်သို့ ဆုတ်ခွာသွားသည်နှင့်အမျှ သွေးစက်များက လမ်းတစ်လျှောက် ကျနေခဲ့သည်။

ဝုန်း...

ကြေးတူကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဆယ်လှမ်းကျော်ခန့် အနောက်သို့ ဆုတ်ခွာသွားပြီးနောက် ဝမ်ယန်အာလီက မယုံကြည်နိုင်

လောက်အောင် ရေရွတ်လိုက်သည်။

"မဖြစ်နိုင်တာ... မင်းရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"

"ရိုင်းစိုင်းတဲ့မျိုးနွယ်စုဆိုတာ သဘာဝတရားရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတဲ့သူတွေ။ ငါတို့ရဲ့ အရည်အချင်းက အဆင့်တူ မိစ္ဆာသားရဲတွေတောင် ယှဉ်ပြိုင်ဖို့တောင် မပြိုင်ရဲလောက်အောင် ကြောက်ဖို့ကောင်းတာ….

ဒါပေမဲ့ အခုတော့... ငါက သာမန်လူတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ပြီ။

ဒီအဖြစ်အပျက်ကို ငါ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ပါ့မလဲ"

ဝမ်ယန်အာလီ၏ အနောက်ဘက်တွင် ရှိနေသော ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူ သက်လတ်ပိုင်းအရွယ် လူတစ်ဦးက "ဘာဖြစ်လို့လဲဆိုတော့ သူက ခန္ဓာကိုယ်

သန့်စင်ခြင်း အဆင့်ခုနစ်မှာ ရှိနေလို့ပဲ" ဟု လှမ်း၍ ပြောဆို လိုက်သည်။

ဤစကားလုံးက ပွဲကြည့်စင်တစ်ခုလုံးကို ချက်ချင်းပင် တိတ်ဆိတ်သွားစေခဲ့တော့သည်။

လူတိုင်းက ဟာသမြင်ကွင်းကိုသာ အလွန်အမင်း အာရုံစိုက်နေခဲ့ကြသဖြင့် ရန်လီလီ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးရန် မေ့လျော့နေခဲ့ကြခြင်းပင်။

တစ်စက္ကန့်…..

နှစ်စက္ကန့်…..

သုံးစက္ကန့်မြောက်တွင် ဝမ်ယန်ဒါတောင်က စတင်၍ စကားပြောလာခဲ့သည်။

"အသက် ၁၅ နှစ်အရွယ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ် ဟုတ်လား... ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုကနေ ဒီလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာနိုင်ရတာလဲ"

၎င်းကို ကြားရသောအခါ သူ၏ ပတ်ဝန်းကျင်ရှိ လူများသည်လည်း စဉ်းစားခန်း ဝင်သွားခဲ့ကြရသည်။

"အသက် (၁၅) နှစ်အရွယ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် (၇)ကို ရောက်နေတဲ့ ပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို ကြယ်ပွင့်မရှိတဲ့ဂိုဏ်းငယ်လေးတစ်ခုထဲမှာ ပေါ်လာနိုင်ရတာလဲ။

တကယ်ဆို သူက ကြယ်သုံးပွင့်ဂိုဏ်းလောက်မှာပဲ ရှိနေရမယ့်သူ မဟုတ်ဘူးလား"

စင်မြင့်ပေါ်တွင် ရပ်နေသော ရန်လီလီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ထိုတိုက်ပွဲအပေါ် စိတ်ပျက်သွားသည့်အလား "ဟူး... အားနည်းလွန်းတယ်" ဟု ညည်းညူလိုက်သည်။

ရန်လီလီသည် ကျောက်ချင်းကသာ တကယ့်ကို ကောင်းမွန်သော ပြိုင်ဘက်တစ်ဦး ဖြစ်ကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။

သူမက သူ့ထက် အမြဲတမ်း သာလွန်နေခဲ့သည်။

သူမကို ကျော်တက်ရန် နီးကပ်လာသည့်အချိန်တိုင်းတွင် သူသည် အမြဲတမ်း ရှုံးနိမ့်ခဲ့ရခြင်းပင်။

ဝမ်ယန်အာလီသည် ဤစကားကို ကြားရသောအခါ ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားခဲ့ရပြီး ရိုင်းစိုင်းတဲ့မျိုးနွယ်စု၏ ဒေါသမာန်များ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့တော့သည်။

သူသည် ဒဏ်ရာရထားသော လက်ကို ဆက်လက်၍ မဆုပ်ကိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ် ဖြစ်နေရင်လည်း ဘာဖြစ်လဲ... ဒါက အစပဲ ရှိသေးတယ်"

ဝုန်း...

ဝမ်ယန်အာလီသည် မြေပြင်ကို ချက်ချင်းပင် ပြင်းထန်စွာ နင်းခြေလိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကွေးညွတ်သွားခဲ့ပြီး သူ၏ မျက်လုံးများက နီရဲလာကာ ဒေါသထွက်နေသော နွားသိုးတစ်ကောင်ကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်လာခဲ့တော့သည်။

စင်မြင့်၏ အပြင်ဘက်တွင် ရပ်နေသော ဖုန်းယူ၏ မျက်နှာမှာ ပြုံးရွှင်နေရာမှနေ၍ တစ်ဖန် ပြန်လည် တည်တင်းသွားခဲ့ပြီး၊ သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။

"ဒါက ရိုင်းစိုင်းတဲ့မျိုးနွယ်စုရဲ့ ဒေါသမာန် တိုးဝင်တိုက်ခိုက်ခြင်းပဲ။ ကောလာဟလတွေအရ ဒေါသမာန် တိုးဝင်တိုက်ခိုက်ခြင်းက ရိုင်းစိုင်းတဲ့မျိုးနွယ်စုရဲ့ လျှို့ဝှက်အတတ်ပညာတစ်ခု ဖြစ်ပြီး သွေးကြောအတတ်ပညာ မဟုတ်ပေမယ့်လည်း အသုံးပြုသူရဲ့ ခွန်အားကို ၃၀ ရာခိုင်နှုန်းနဲ့ အရှိန်နှုန်းကို ၃၀ ရာခိုင်နှုန်းအထိ အမွှေးတိုင်တစ်ဝက်စာ အချိန်အတွင်းမှာ တိုးမြင့်ပေးနိုင်တယ် ဝမ်ယန်အာလီက အခု အသက်နဲ့လဲပြီး တိုက်ခိုက်ဖို့ ရည်ရွယ်နေပြီ"

ပွဲကြည့်စင်ပေါ်တွင် ရပ်နေသော ဝမ်ယန်ဒါတောင်ကလည်း စကားပြောလာခဲ့ပြီး သူ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာမှာ ရက်စက်လှသော လှောင်ပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ် ဖြစ်နေရင်လည်း ဘာဖြစ်လဲ... အာလီက ခန္ဓာကိုယ်

သန့်စင်ခြင်း အဆင့်ခြောက်မှာပဲ ရှိသေးပေမယ့် သူက အဆင့်ခုနစ်မှာ ရှိတဲ့ လူအများစုထက် ပို၍ သန်မာပြီးသားပဲ။ အစပိုင်းကတော့ ဒီလျှို့ဝှက်အတတ်ပညာကို ထိပ်သီးပါရမီရှင်

ဆယ်ပါး နေရာကို လုယူဖို့အတွက် သိမ်းဆည်းထားတာ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ရန်လီလီ ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီပြိုင်ဘက်ကင်း ပါရမီရှင်လေးကို ငါတို့ ရိုင်းစိုင်းတဲ့မျိုးနွယ်စုအတွက် ခြေနင်းကျောက်တစ်ခု ဖြစ်ခွင့်ပေးလိုက်တာပေါ့"

"အသက် ၁၅ နှစ်အရွယ် ပါရမီရှင်တစ်ယောက်ကို ခြေနင်းကျောက်အဖြစ် အသုံးချလိုက်တာတဲ့လား။

သို့သော်လည်း ဝမ်ပင်းကမူ တည်ငြိမ်အေးဆေးစွာဖြင့်ပင် "မသေမျိုးဂိုဏ်းဆိုတာ... လျှို့ဝှက်ခွန်အား သုံးစွဲတဲ့ တိုက်ခိုက်ရေးသမားတွေကို အထူးနှိမ်နင်းဖို့ သီးသန့်ရှိနေတာပါဗျာ" ဟု တုံ့ပြန်လိုက်တော့သည်။

ထိုစကား ဆုံးသွားသည်နှင့်အမျှ စင်မြင့်ထက်မှနေ၍ ဒေါသတကြီး အော်ဟစ်သံလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ပင် လူတိုင်း၏ ဦးရေပြားကိုပင် စိမ့်တက်သွားစေခဲ့သည်။

ဝုန်း...

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေကြသော လူများသည် သူတို့၏ နားများကို အလျင်အမြန် ပိတ်ဆို့လိုက်ကြသော်လည်း ကျယ်လောင်လှသော ဆူညံသံကြီးကို ကြားနေရဆဲပင်။

လူတိုင်း စင်မြင့်ထက်ဆီသို့ အာရုံစိုက်ကြည့်ရှုလိုက်ကြသည့်အခါ ဝမ်ယန်အာလီတစ်ယောက် မြေပြင်ပေါ်တွင် လှုပ်ရှားခြင်းမရှိဘဲ လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

လုကျန်းယီသည် ဤမြင်ကွင်းကြောင့် အလွန်အမင်း အံ့သြသွားခဲ့ရသဖြင့် ပါးစပ်ပင် မပိတ်နိုင် ဖြစ်သွားခဲ့ရသည်။

"ဒါက..."

ရှန်လုံက ချက်ချင်းပင် မျက်မှောင်ကုတ်လိုက်ပြီး မရေမရာသော အသံဖြင့် တီးတိုးရေရွတ်

လိုက်သည်။

"အသံလှိုင်း သွေးကြောစွမ်းရည်လား..."

ပိုင်ဖုန်းကလည်း ရန်လီလီကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးတောမိလိုက်သည်။

ဒီကလေးက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ်မှာပဲ ရှိသေးပြီး အသံလှိုင်း သွေးကြောစွမ်းရည်နဲ့ တူညီတဲ့အရာတစ်ခု ရှိနေတယ်။ သူက သေချာပေါက် ကြီးမားတဲ့ နောက်ခံအသိုင်းအဝိုင်းတစ်ခုခု ရှိရမယ်။ အရှေ့ကန်ရဲ့ ဟိုးအဝေးက ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ခြေ များတယ်။ ဒီလိုလူမျိုးက ဘာဖြစ်လို့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုထဲကို ဝင်ရောက်လာရတာလဲ...

ရှန်လုံနှင့် ပိုင်ဖုန်းတို့၏ တီးတိုးရေရွတ်သံများကို မည်သူမျှ မကြားခဲ့ကြချေ။

သို့သော်လည်း လုကျန်းယီ၏ စကားကို ကြားရပြီးနောက် ဝမ်ပင်းက ပြုံးလျက် ခေါင်းခါပြကာ "ဂိုဏ်းချုပ်လု... ဘာဖြစ်လို့ လျှို့ဝှက်အတတ်ပညာတွေကို အားကိုးနေရဦးမှာလဲ။ အရှုံးပေးလိုက်ရင် စင်ပေါ်ကနေ ကောင်းကောင်းမွန်မွန် လမ်းလျှောက်ဆင်းသွားလို့ ရတာကို" ဟု ပြောလိုက်သည်။

လုကျန်းယီသည် ဤစကားကို ကြားရသောအခါ သူ၏ မျက်နှာပေါ်တွင် ပြုံးရွှင်မှုများ ပြန့်နှံ့သွားခဲ့ရသည်။

ဝမ်ပင်းကို ကြည့်သော သူ၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို စိတ်ထဲမှလည်း တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။

"အခုမှပဲ ငါ နားလည်တော့တယ်။

မနက်တုန်းက ပွဲစဉ်ဇယားကို ပြလိုက်တော့ ဝမ်ပင်းက ဘာလို့ ဒီလောက် အေးဆေးတည်ငြိမ်နေခဲ့တာလဲဆိုတာကို အဲ့ဒီတုန်းက သူက တပည့်ဖြစ်သူရဲ့ အစွမ်းအစကို ကြိုသိနေခဲ့တာကိုး။

ဒီလောက်အထိ သန်မာနေတဲ့ တပည့်တစ်ယောက်ရှိနေမှတော့... ထိပ်သီးပါရမီရှင် (၁၀) ယောက်ထဲမှာ တစ်နေရာစာက သူ့အတွက် သေချာနေပြီပဲ။ တခြားဂိုဏ်းက နာမည်ကြီး ပါရမီရှင်တွေကို သူက ဘာလို့ ဂရုစိုက်နေရမှာလဲ"

လုကျန်းယီသည် ချက်ချင်းပင် နေရာမှ ထရပ်လိုက်ပြီး စင်မြင့်ဘေးတွင် ကြောင်အမ်းအမ်း ဖြစ်နေကြသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လက်ညှိုးထိုးပြလျက် အသံကျယ်ကြီးဖြင့် "ဟေး သူ့ကို မြန်မြန် လာသယ်သွားကြစမ်းပါ။ လူတိုင်းရဲ့ အချိန်တွေကို လာပြီး မဖြုန်းတီးနေနဲ့ဦး" ဟု အော်ဟစ်လိုက်တော့သည်။

ထိုသို့ အော်ဟစ်ပြီးနောက် သူသည် အံကြိတ်နေသော ဝမ်ယန်ဒါတောင်ဘက်သို့ လှည့်၍ တောက်ပသော အပြုံးတစ်ခုကို ပေးအပ်လိုက်သည်။

ဂျန်း...

ကြေးမောင်းသံ ထွက်ပေါ်လာခဲ့သည်။

တာဝန်ခံလုံ၏ အော်ဟစ်ကြေညာသံ ထွက်ပေါ်လာခဲ့သည်။

"မသေမျိုးဂိုဏ်းမှ ရန်လီလီ အနိုင်ရရှိပါသည် စုစုပေါင်း အနိုင်ရလဒ်: ၁ ပွဲ"

တာဝန်ခံလုံ၏ စကားကို ကြားရသောအခါ လာရောက်ကြည့်ရှုကြသူများသည် သူတို့ မြင်တွေ့ခဲ့ရသော မြင်ကွင်းကို မယုံကြည်နိုင်သေးသော်လည်း ၎င်းမှာ အမှန်တရားဖြစ်ကြောင်း သိရှိလိုက်ကြသဖြင့် သတိပြန်လည် ရရှိလာခဲ့ကြတော့သည်။

ဝမ်ယန်အာလီသည် လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ရသည်။

ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်း တစ်စုံတစ်ရာမျှပင် မရှိခဲ့ချေ။

တစ်ချိန်တည်းမှာပင် ဝမ်ပင်း၏ အရှေ့မှောက်ရှိ စနစ်၏ တာဝန်ပန်းတိုင် အမှတ်များမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့တော့သည်။

၁၀၀….

၁၀၀၀….

၃၀၀၀….

နောက်ဆုံးတွင် ၄၇၃၂ / ၁၀၀၀၀ အဆင့်၌ တည်ငြိမ်သွားခဲ့တော့သည်။

All Chapters