← Chapters

ဂိုဏ်းချုပ်ကျန်း၏လက်ထဲမှ လုယူခြင်း

Vol. 41 Ch. 401

ဂိုဏ်းချုပ်ကျန်း၏လက်ထဲမှ လုယူခြင်း

Vol. 41 Ch. 401

သူမ၏မြူဆွယ်မှုများကြောင့် ဝေခွဲမရဖြစ်သွားသော အစ်ကိုကြီးချန်ကမူ ဤအဆိုပြုချက်သည် အတော်လေး အပြုသဘောဆောင်သည်ဟု ယူဆမိသည်။ သို့သော်လည်း သူသည် ကျိလင်းဟန် သို့မဟုတ် လန်ယီတို့နှင့်ပင် ဆက်ဆံရေးတစ်ခုကို မတည်ဆောက်ရသေးသဖြင့် ယခုအချိန်၌ အိမ်ထောင်ဖက်အမြောက်အမြားထားရှိရန် တွေးတောနေခြင်းမှာ အနည်းငယ်အလှမ်းဝေးလွန်း၏။ အထူးသဖြင့် သူသည် လန်ယီကိုပင် ရှာမတွေ့သေးသောကြောင့် ဤကဲ့သို့သောအတွေးမျိုးရှိနေရန် စောလွန်းနေသည်။ ဟူး... တကယ့်ကို ရှက်စရာကောင်းလိုက်တာ။

တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူသည် မြောင်ယွီ၏အကြောင်းကိုလည်း ရုတ်တရက် တွေးမိလိုက်ပြန်သည်။ သူတို့နှစ်ဦးစလုံးက တိတ်တဆိတ် အသိအမှတ်ပြုထားကြပြီး သူတို့၏ နှလုံးသားနက်နက်တွင် မြှုပ်နှံထားခဲ့ကြသည့် သံသရာတစ်ကွေ့မှ ကံဆိုးမိုးမှောင်ကျခဲ့ရသောစုံတွဲ ဆက်ဆံရေးကို သူသတိရမိ၏။

"ထားလိုက်ပါတော့၊ ငါ ဒါကိုမတွေးတော့ဘူး။ ငါ့ရဲ့တာဝန်က ဟန်ထုတ်ဖို့ပဲ"

"ကျန်တဲ့အရာတွေကတော့ သဘာဝအတိုင်းပဲ ဖြစ်ပျက်ပါစေ..."

ယင်းရွှယ်အာ အဝတ်အစားဝတ်ဆင်ပြီးသွားသည့်အခါ အစ်ကိုကြီးချန်သည် လက်ဝေ့ယမ်းကာ သီးခြားခွဲထုတ်ထားသည့် အကာအကွယ်အတားအဆီးကို ဖယ်ရှားလိုက်သည်။ အပြင်ဘက်တွင် စိုးရိမ်စိတ်များဖြင့် စောင့်ဆိုင်းနေခဲ့ကြသော ထိုသုံးဦးမှာ ဝမ်းသာအားရဖြစ်သွားကြပြီး သူမကို မြင်လိုက်ရသည့်ခဏ၌ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

"စီနီယာအစ်မ၊ တကယ်ပဲ အသက်ပြန်ရှင်လာပြီ"

"ဟားဟားဟား၊ ဒါက တကယ်ကို ကောင်းမွန်တာပဲ"

"ဝါး... နင်တို့တွေ အခုထိ ဒီမှာရှိနေကြသေးတာလား"

ပြန်လည်ဆုံတွေ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ပွေ့ဖက်ခြင်းများနှင့် သက်ပြင်းချခြင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင်မူ မျှော်လင့်ထားသည့်အတိုင်း ဂိုဏ်းချုပ်ကျန်းကို ချီးမွမ်းထောပနာပြုသည့်အပိုင်းသို့ ရောက်ရှိသွား၏။

"ဂိုဏ်းချုပ်ကတော့ တကယ်ကို နက်နဲကျယ်ပြန့်လှတဲ့ တန်ခိုးစွမ်းအားရှိတာပဲ... လွန်ခဲ့တဲ့နှစ်ပေါင်း သန်းခုနစ်ဆယ်ကျော်ကတည်းက သေဆုံးသွားခဲ့တဲ့လူတစ်ယောက်ကိုတောင် အသက်ပြန်သွင်းပေးနိုင်တာ"

"ဒါက အလွန်အမင်း မယုံနိုင်စရာ ကောင်းလွန်းတယ်၊ တကယ့်ကို အံ့ဖွယ်ပဲ"

"ဂိုဏ်းချုပ်က ငါတို့ရဲ့ လမ်းပြကြယ်အဖြစ်ရှိနေတာမို့ အမှောင်ထဲမှာ တစ်ကိုယ်တည်းလျှောက်လှမ်းနေရမှာကို စိုးရိမ်နေဖို့ မလိုတော့ဘူး..."

"နင်တို့ ဘာတွေ ပြောနေကြတာလဲ။ နှစ်ပေါင်းသန်းခုနစ်ဆယ်တောင် ကုန်ဆုံးသွားခဲ့ပြီ ဟုတ်လား"

ယင်းရွှယ်အာ ဆွံ့အသွားသည်။ ထို့နောက်တွင် ထိုသုံးဦး၏ ကျင့်ကြံခြင်းအဆင့်ကို ဂရုတစိုက် ကြည့်ရှုလိုက်ပြီးနောက် သူမ ချက်ချင်းပင် ဝေခွဲမရဖြစ်သွား၏။

"ဘာဖြစ်တာလဲ... ရှန်ထိုက်၊ ဝေမြောင်၊ နင်တို့နှစ်ယောက်စလုံးက အဆင့်ကိုး မိစ္ဆာဘုရင်တွေ ဖြစ်နေကြပြီလား"

"ဒါ့အပြင် အကြီးအကဲမို၊ ဘာလို့ ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လုံးဝမမြင်နိုင်ရတာလဲ"

"ဧကရာဇ်တစ်ပိုင်း ဖြစ်သွားတာတော့ မဟုတ်ဘူးမလား"

"ဟိဟိ၊ ဒီအဖိုးကြီးက ဧကရာဇ်တစ်ပိုင်း အလယ်အဆင့်မှာပဲ ရှိပါသေးတယ်၊ ငါ့ရဲ့ တိုးတက်မှုက နှေးကွေးလွန်းပါတယ်..."

အင်မော်တယ်မိုသည်လည်း နှိမ့်ချဟန်ဖြင့်ကြွားဝါခြင်းပုံစံကို ကောင်းစွာကျွမ်းကျင်လှပေသည်။ သူသည် ကြွားဝါနေသော်လည်း မိမိကိုယ်ကို အားနည်းနေသေးသကဲ့သို့ ဟန်ဆောင်နေ၏။

ဤအရာက ယင်းရွှယ်အာအတွက် ထိုးနှက်ချက် ဖြစ်သွားသည်။ သူမ ၎င်းကို မခံစားနိုင်ပေ။ ယခင်က ဖေးရှန်ဂိုဏ်းမှလူများထဲတွင် ကျိလင်းဟန်၊ လင်းနင်နှင့် မိုချန်တို့သာ သူမထက် အမြဲတမ်းတစ်ဆင့်မြင့်ခဲ့သည်။ နောက်ထပ် ဒုတိယအဆင့်တွင်မူ သူမ၊ လော့ယွမ်၊ ထန်ရု၊ လုဖန်နှင့် ထိုဇာတ်လိုက်ကျော်လေးဦးတို့ပါဝင်၏။ သူမ အဆင့်ခြောက်မိစ္ဆာဘုရင်အဆင့်ဖြင့် တိုက်ပွဲကျခဲ့စဉ်က ရှန်ထိုက်မှာ အဆင့်နှစ်မိစ္ဆာဘုရင်သာ ရှိသေးသည်။

"ဂိုဏ်းချုပ်၊ ဆရာကြီး ငါ့ဘက်ကနေ ရပ်တည်ပေးရမယ်နော်"

ခေတ္တမျှ ဝမ်းနည်းသွားပြီးနောက် သူမ၏အကြည့်များကို ဂိုဏ်းချုပ်ကျန်းထံသို့ နောက်တစ်ကြိမ် ပို့လွှတ်လိုက်ပြန်သည်။

"ဒါတွေအားလုံးက ဆရာကြီးရဲ့ အပြစ်တွေချည်းပဲ"

အစ်ကိုကြီးချန် ဇဝေဇဝါဖြစ်သွား၏...

"ဒါက ငါနဲ့ဘာဆိုင်လို့လဲ"

"ဆရာကြီးက စောစောစီးစီး ပေါ်မလာတာလေ... အကယ်၍ ဆရာကြီးသာ ကျွန်မကို စောစောအသက်သွင်းပေးခဲ့ရင် ကျွန်မလည်း အခုအချိန်မှာ သေချာပေါက် ဧကရာဇ်တစ်ပိုင်း ဖြစ်နေလောက်ပြီ။ မဟုတ်ဘူး... ဆရာကြီး အနာဂတ်မှာ ကျွန်မကို အများကြီးပြန်ပြီး အစားပေးရမယ်"

အစ်ကိုကြီးချန်သည် စိတ်ထဲမှနေ၍ မင်းက တကယ်ကို ကျိုးကြောင်းဆီလျော်မှုမရှိတာပဲဟု တွေးလိုက်မိသည်။

ထို့နောက် ချက်ချင်းပင် ယင်းရွှယ်အာသည် နောက်ထပ် ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို ပြုလုပ်လိုက်ပြန်သည်။

"ဝိုး... မဖြစ်နိုင်တာ၊ သူတို့ သုံးယောက်စလုံးမှာ အမှန်တကယ်ပဲ အဆင့်ရှစ် အင်မော်တယ်လက်နက်တွေနဲ့ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတွေ ရှိနေကြတာလား"

"ဂိုဏ်းချုပ်၊ ဒါတွေအားလုံးကို သူတို့ကိုပေးထားတာ မဟုတ်လား"

သူမသည်လည်း မအပေ... ၎င်းတို့ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်။ ရှန်ထိုက်နှင့် ဝေမြောင်ကဲ့သို့သော အကောင်နှစ်ကောင်က အဆင့်ရှစ်ဝတ်စုံတစ်စုံလုံးကို ဘယ်လိုလုပ်ပြီး ဝတ်ဆင်နိုင်ပါမည်နည်း။

"ဂိုဏ်းချုပ်မှာ အားနာစိတ်ရောရှိရဲ့လား"

"ကျွန်မက အခုမှအသက်ပြန်ရှင်တာ၊ လက်ဗလာနဲ့ပဲ၊ ဘာဆိုဘာမှ မရှိသေးဘူး..."

သူမသည် သနားစရာကောင်းပြီး မျက်ရည်ဝဲနေသော အမူအရာမျိုးကို ပြုလုပ်လိုက်သဖြင့် အစ်ကိုကြီးချန်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ သူသည် ဝူကျိဂူဗိမာန်မှ ဧကရာဇ်တစ်ပိုင်းငါးပါးကို သတ်ဖြတ်ခြင်းဖြင့်ရရှိခဲ့သော ပစ္စည်းကိရိယာလေးစုံကို ပေးပြီးသွားလေပြီ။ နောက်ဆုံးတစ်စုံကိုမူ မူလက လင်းနင်အတွက်သိမ်းထားရန် ရည်ရွယ်ထားသော်လည်း ယခုအချိန်တွင်မူ ၎င်းကိုထိန်းသိမ်းထားနိုင်တော့မည်မဟုတ်။

သူသည် အခြားရွေးချယ်စရာမရှိဘဲ ထိုအမျိုးသမီးငယ်လေး၏ စိတ်ကောက်နေသည့် မျက်ဝန်းများအောက်တွင် နောက်ဆုံးကျန်ရှိနေသော အဆင့်ရှစ် အင်မော်တယ်ဝတ်စုံ၊ အင်မော်တယ်လက်နက်များနှင့် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာများကို လွှဲပြောင်းပေးအပ်လိုက်ရတော့သည်။ ဘယ်လိုမှ မတတ်နိုင်ပေ... အစ်ကိုကြီးချန်သည် သာမန်ယောကျာ်းတစ်ယောက်သာဖြစ်သဖြင့် သူမ၏သရုပ်ဆောင်မှုများကို အမြဲတမ်းအရှုံးပေးနေရ၏။

နောက်ဆုံးတွင် သူသည် သူမ၏ နှစ်ပေါင်း သန်းခုနစ်ဆယ်ကြာ ဆုံးရှုံးမှုများအတွက် အစားပေးရန် အဆင့်ရှစ် အင်မော်တယ်ဆေးလုံးပုလင်း ရာချီကိုပါ ထပ်ပေးလိုက်သေးသည်။ သူမသည် ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းသည့် ကျွမ်းကျင်သူကြီးဖြစ်သော ဂိုဏ်းချုပ်ကျန်း၏လက်ထဲမှ ရတနာအချို့ကို အောင်မြင်စွာညှစ်ထုတ်နိုင်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်လေ၏။ ဘေးနားရှိ ထိုသုံးဦးမှာလည်း ဤမြင်ကွင်းကိုကြည့်ရင်း ဆွံ့အသွားကြရသည်။ ဂိုဏ်းချုပ်သည် တကယ်ပင် စီနီယာအစ်မယင်းအပေါ် အထူးတလည်အလိုလိုက်ကာ ကြင်နာယုယလွန်းပေသည်။

ထို့နောက်တွင်မူ အစ်ကိုကြီးချန်သည် အခြားလူများကို အသက်သွင်းပေးတော့သည်။ ဤတပည့်အများစုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်း၅၀ မှ သန်း၇၀ ခန့်ကတည်းက သေဆုံးခဲ့ကြခြင်းဖြစ်သည်။ အသက်သွင်းခြင်း ကုန်ကျစရိတ်များမှာ မနည်းလှဘဲ ယေဘုယျအားဖြင့် ကံကြမ္မာစွမ်းအား ၅၀,၀၀၀ မှ ၇၀,၀၀၀ ခန့်ရှိသည့်အတွက် သက်ပြင်းချလိုက်မိ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် အထက်အင်မော်တယ်လောကသို့ ရောက်ရှိလာပြီးနောက် ဝူကျိဂူဗိမာန်ကို အရင်ဆုံးဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် သူသည် အသက်သွင်းခြင်းအတွက် လိုအပ်သော ကံကြမ္မာအမှတ်များကို ရရှိခဲ့ရုံသာမက ပစ္စည်းကိရိယာ အမြောက်အမြားကိုပါ ရရှိခဲ့ခြင်းပင်။ ဤကဲ့သို့ တွက်ချက်ကြည့်လိုက်မည်ဆိုပါက ဝူကျိဂူဗိမာန်သည် ဤအကြိမ်တွင် လိုအပ်ချက်များကို ကွက်တိဖြည့်ဆည်းပေးလိုက်ခြင်းဟု သတ်မှတ်၍ရနိုင်ပေသည်။

တပည့်တစ်ယောက်ပြီးတစ်ယောက် အသက်ပြန်ရှင်လာကြသည်။ လူတိုင်း အသက်ပြန်ရှင်လာပြီးနောက် ပထမဆုံးမြင်တွေ့လိုက်ရသည်မှာ ဂိုဏ်းချုပ်ကျန်းဖြစ်သဖြင့် သူတို့အားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွား၏။

"ဂိုဏ်းချုပ်... ဒါ ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်ဖြစ်နေရတာလဲ"

"ဝါး ဝါး ဝါး... ဂိုဏ်းချုပ် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီကိုး"

"ဂိုဏ်းချုပ်ကို တကယ်ပဲ အသက်ထွက်မတတ် လွမ်းနေခဲ့ကြတာပါ..."

"ဂိုဏ်းချုပ်ကို သေချာပေါက် နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မယ်ဆိုတာ သိထားပြီးသားပါ"

"ဂိုဏ်းချုပ်... ကလဲ့စားချေပေးရမယ်နော်။ ငါ့ကိုသတ်ခဲ့တာက ဝူကျိဂူဗိမာန်ရဲ့ဂိုဏ်းချုပ် ဧကရာဇ်တစ်ပိုင်း ဟန်ယွဲ့ပါ"

အစ်ကိုကြီးချန်သည် ခေါင်းကိုပင်မမော့ဘဲ နောက်တစ်ယောက်ထံပြောင်းလိုက်သည်

"ဪ... သူလား။ သူကတော့ ငါ့လက်ချက်နဲ့ သေတာကြာပါပြီ"

"အာ... မဖြစ်နိုင်တာ"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းတို့တွေ ဘေးနားမှာ သွားနေကြဦး၊ ငါ အလုပ်ရှုပ်နေလို့ပါ"

လူပေါင်းများစွာ အသက်ပြန်ရှင်လာကြသည့်အခါ အကြိမ်တိုင်းလိုလို၌ ပွေ့ဖက်ခြင်းခံရလွန်းသဖြင့် အစ်ကိုကြီးချန်သည်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရသွား၏။ သို့သော်လည်း ထိုတပည့်များမှာမူ ထိန်းမနိုင်သိမ်းမရအောင် စိတ်လှုပ်ရှားနေကြဆဲ။

"အာ... စီနီယာအစ်မရဲ့လည်း အသက်ပြန်ရှင်လာပြီပဲ၊ ဒါက တကယ်ကို ကောင်းတာပဲ"

"အဲ့အချိန်တုန်းက စီနီယာအစ်မ သေဆုံးသွားတဲ့သတင်းကို ကြားလိုက်ရတော့၊ ကလဲ့စားချေဖို့ စန်းလော့ သွေးနန်းတော်ကို သွားခဲ့သေးတာ။ ဒါပေမဲ့ ကျွန်တော်လည်း အဲဒီနေရာမှာပဲ သေခဲ့ရတာ..."

"ဂျူနီယာမောင်လေးမု၊ ကျေးဇူးတင်ပါတယ်..."

ကြီးမားလှသော ဂူကြီးအတွင်း၌ လူတိုင်းသည် မိမိတို့ရင်ထဲရှိစကားများကို အချင်းချင်းရင်ဖွင့်ပြောနေကြပြီး ငိုယိုရင်း၊ ရယ်မောရင်းဖြင့် အခြေအနေမှာ အလွန်စည်ကားသိုက်မြိုက်နေလေသည်။ ထို့ပြင် နှစ်ပေါင်းသန်း ငါးဆယ်၊ ခြောက်ဆယ်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူတို့သည် မိမိတို့၏ ကျင့်ကြံခြင်းအဆင့်များ နောက်ကျကျန်ရစ်ခဲ့ရခြင်းအတွက်သာ နှမြောတသဖြစ်မိကြသော်လည်း မကြာမီမှာတင် သူတို့၏ တိုက်ပွဲဝင်လိုစိတ်များမှာ နောက်တစ်ကြိမ် ပြန်လည်မြင့်တက်လာ၏။

"ဟားဟား... အခု ဂိုဏ်းချုပ်ကျန်းပြန်ရောက်လာပြီဆိုတော့၊ ငါတို့ ဘာကိုမှကြောက်နေဖို့မလိုတော့ဘူး"

"မှန်တယ်၊ သူရှိနေသရွေ့တော့ ငါတို့တွေ မကြာခင်မှာ ပြန်ပြီးလိုက်မီသွားမှာပါ"

"ဒါအမှန်ပဲ၊ လူတိုင်းမှာ နောက်တစ်ကြိမ် အားကိုးအားထားပြုစရာ ရှိသွားပြန်ပြီ"

"ဟွန့်... မင်းတို့တွေ ပျင်းရိနေလို့မရဘူးနော်"

မိုချန်က လူတိုင်း၏စကားကိုဖြတ်ပြောလိုက်ပြီး လေးနက်စွာပြောလိုက်သည်

"ဂိုဏ်းချုပ်မျှော်လင့်တာကတော့ လူတိုင်းက အရင်နှစ်တွေတုန်းကအတိုင်း တက်တက်ကြွကြွလှုပ်ရှားကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအားကိုးကြဖို့ပါပဲ"

သူစကားပြောလိုက်သည့်အခါမှသာ အခြားလူများသည် သူတို့၏ အလွန်တရာဆန်းပြားလှသော ပစ္စည်းကိရိယာများကို သတိပြုမိသွားကြတော့သည်။ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြ၏။

"ဟမ်... ဂျူနီယာဘိုးဘေး ရှန်ထိုက်နဲ့ စီနီယာအစ်ကိုဝေမြောင်တို့မှာလည်း အဆင့်ရှစ် အင်မော်တယ်လက်နက်တွေ ရှိနေတာလား"

"ငါတို့ ဖေးရှန်ဂိုဏ်းက ချမ်းသာသွားတာလား"

"မဟုတ်ဘူး... ဂျူနီယာဘိုးဘေးယင်းမှာတောင် ရှိသေးတာပဲ"

"မှန်တယ်၊ ငါ မှတ်မိသလောက်တော့ စီနီယာအစ်မယင်း သေတာက ငါ့ထက်တောင်ပိုစောတာ မဟုတ်ဘူးလား"

"ဒါကများ..."

လူတိုင်းက တပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြပြီး အကာအကွယ်အတားအဆီးဖြင့် သီးခြားခွဲထုတ်ထားသည့် အခြားတစ်ဖက်ရှိ အသက်သွင်းခြင်းနယ်မြေဆီသို့ စိုက်ကြည့်လိုက်ကြတော့သည်။ သူတို့တွေးနေစရာမလိုဘဲ ဤအရာမှာ ဂိုဏ်းချုပ်ကျန်းထံမှ လက်ဆောင်ဖြစ်မှန်း သိရှိလိုက်ကြ၏။

အခြားတစ်ဖက်တွင်မူ အစ်ကိုကြီးချန်သည်လည်း နောက်ဆုံးတပည့်တစ်ယောက်ကို အသက်သွင်းပေးပြီးသွားလေပြီ။ လူပေါင်း ၈၇၆ ဦးစလုံး၊ တစ်ယောက်မှမကျန် အားလုံး ပြန်ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

"ကောင်းပြီ၊ အခု လူတိုင်း အသက်ပြန်ရှင်လာခဲ့ကြပြီ"

သူ့ရှေ့မှောက်ရှိ ရင်းနှီးပြီး ချစ်စရာကောင်းလှသော တပည့်များကိုကြည့်ရင်း အစ်ကိုကြီးချန်၏ နှလုံးသားထဲတွင် ခံစားချက်များ နောက်တစ်ကြိမ် ပြန်လည်လှုပ်ခတ်သွားပြန်သည်။

"ငါ စကားနည်းနည်း ပြောချင်တယ်"

လူတိုင်းက တည်ကြည်သောအမူအရာဖြင့် ဂိုဏ်းချုပ်၏သွန်သင်ဆုံးမမှုများကို နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။

"လူတိုင်း၊ ချိပ်ပိတ်သိမ်းဆည်းထားဖို့အတွက် လတ်ဆတ်တဲ့ သွေးတစ်စက်စီ ထပ်ပေးကြပါ၊ အဲ့တာပြီးရင်တော့ မင်းတို့စိတ်ကြိုက် လုပ်ချင်တာလုပ်လို့ရပြီ"

"ဒါပေမဲ့ ငါသတိပေးချင်တာတစ်ခုရှိတယ်... အပြင်ဘက်မှာ အခြားလူတွေဖမ်းတာမခံရစေနဲ့။ မင်းတို့သာသေသွားခဲ့ရင် ကောင်းကောင်းမွန်မွန်သေရမှာမဟုတ်သလို အသက်ပြန်သွင်းလို့လည်းရမှာမဟုတ်ဘူး"

အစ်ကိုကြီးချန်က လက်ဝေ့ယမ်းလိုက်သည်။

"ယင်းရွှယ်အာ၊ မင်း ဒီကိစ္စကို တာဝန်ယူလိုက်ပါ"

သူမထံသို့ လွှဲအပ်လိုက်သော ဤလေးနက်လှသည့် ကိစ္စရပ်ကို ရင်ဆိုင်ရင်း ယင်းရွှယ်အာသည်လည်း အလွန်တည်ကြည်လေးနက်နေခဲ့သည်။ လူတိုင်းက သူသည် အသစ်စက်စက် ဂိုဏ်းစည်းကမ်းအချို့ကို ကြေညာတော့မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း သူ့စကား၏အဓိပ္ပာယ်မှာ...

မင်းတို့ကြိုက်တာလုပ်၊ တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါတာဝန်ယူဖြေရှင်းပေးမယ်ဆိုသည့် သဘောမျိုးသာ။ ဤကဲ့သို့သောဂိုဏ်းချုပ်မျိုးကို ဘယ်နေရာမှာ သွားရှာနိုင်ပါဦးမည်နည်း။

ချက်ချင်းပင် ဂူကြီးအတွင်း၌ နောက်ထပ်တစ်ကြိမ် အောင်ပွဲခံအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"ဒါက တကယ့်ကို ငါတို့ရဲ့ဂိုဏ်းချုပ်ပဲ"

"ဟားဟား... ဒီစကားတွေက တကယ့်ကို အရှိန်အဝါကြီးမားလွန်းတယ်"

"ဒါကတော့ သေချာတာပေါ့။ ဂိုဏ်းချုပ်ကျန်းရဲ့နောက်ကနေ လိုက်ရတာက ငါတို့အရင်းမစိုက် လှေထိုးလိုက်ရုံပဲလေ... သိတယ်မလား"

All Chapters