← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း - ၉၂

ရွှမ်းဟူခရိုင်ရှိ အဆန်းပြားဆုံး ဘားမှာ ‘မြရောင်စဉ်’ ဟု အမည်ရပြီး စွေဟူဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကာ အလယ်တွင် ရေကန်ကြီးတစ်ခုသာ ခြားထားသည်။ မြရောင်စဉ်ဘားသည် အနီးအနားရှိ တက္ကသိုလ်ကျောင်းသားများကြားတွင် အလွန်ပင် နာမည်ကြီးလှ၏။

ရှီလဲ့သည် အဝတ်အစားလဲကာ လီချိုင်ကို ဆွဲခေါ်ပြီး အဆောင်ထဲမှ ထွက်လာခဲ့သည်။ ကျောင်းပေါက်ဝအရောက်တွင် တက္ကစီတစ်စီးကို တားကာ မြရောင်စဉ်ဘားသို့ သွားရန် ပြောလိုက်ရာ ယာဉ်မောင်းမှာ ချက်ချင်းပင် ကားကို မောင်းထွက်ခဲ့တော့သည်။

ရွှမ်ချင်းတက္ကသိုလ်မှ မြရောင်စဉ်ဘားသို့ ဆယ်မိနစ်ခန့်သာ မောင်းရပြီး လမ်းတစ်လျှောက်တွင် စွေဟူကန်ကို ပတ်မောင်းရသည့် သာယာသော လမ်းပိုင်းလေးလည်း ပါဝင်သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် မြရောင်စဉ်ဘားအတွင်းမှ ဟိန်းထွက်လာသော တေးဂီတသံများကို အတိုင်းသား ကြားနေရပြီဖြစ်သည်။ ပြင်းထန်သော စည်းချက်များက လူ၏ သွေးသားကို အလိုလို မြန်ဆန်လာစေသည်။

“ရှောင်လီ... သွားစို့ ဒီနေ့ အစ်ကိုကြီးက မင်းကို ဘားမှာ ချောချောလှလှ မိန်းကလေးတွေကို ဘယ်လို ပိုးပန်းရမလဲဆိုတာ သင်ပေးမယ်” ရှီလဲ့က လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

လီချိုင်က ချောင်းတစ်ချက်ဟန့်ကာ ရှီလဲ့နောက်မှ လိုက်ပြီး ဘားထဲသို့ ဝင်ခဲ့သည်။ အထဲရောက်သည်နှင့် ဆူညံလှသော ဂီတသံများက နားထဲသို့ တိုးဝင်လာတော့သည်။

ကောင်တာသို့ လျှောက်သွားပြီး ရှီလဲ့က ခုံတွင် ထိုင်လိုက်ကာ လက်ဖျောက်တစ်ချက် တီးရင်း “သံပရာရည် တစ်ခွက်နဲ့ ဝီစကီ တစ်ခွက်” ဟု မှာလိုက်သည်။ ရှီလဲ့သည် မိမိ၏ အရက်သောက်နိုင်စွမ်းကို သိသလို၊ အရက်သောက်ရသည်ကိုလည်း ဝါသနာပါသူ မဟုတ်ပေ။

လီချိုင်က ရှီလဲ့ဘေးတွင် ထိုင်ရင်း သူ့ကို ထူးဆန်းသလို ကြည့်ကာ “အစ်ကိုရှီ... အစ်ကိုက သံပရာရည် သောက်မလို့လား” ဟု မေးလိုက်သည်။

ရှီလဲ့က လီချိုင်ကို စိုက်ကြည့်ရင်း “မရဘူးလား”

“ရပါတယ်... ရပါတယ်...”ရှောင်လီက ခေါင်းလေးပုကာ ရယ်ကျဲကျဲဖြင့် ပြန်ဖြေပြီး ဝီစကီကို တစ်ငုံ ငုံလိုက်သည်။

မြရောင်စဉ်ဘား၏ အပြင်အဆင်မှာ ဇိမ်ကျကျ ပြင်ဆင်ထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဆင့်အတန်း မြင့်လှသည်။ ထို့ပြင် အနီးအနားရှိ အထီးကျန်နေသော ရုံးဝန်ထမ်း အမျိုးသမီးများ၊ ပိုက်ဆံမက်သော ကျောင်းသူလေးများနှင့် စိတ်လေနေသော သူဌေးကတော်လေးများမှာ အမြဲတမ်း စိတ်လှုပ်ရှားမှု ရှာရန် ဤဘားသို့ လာတတ်ကြသဖြင့် ဘား၏ နာမည်မှာ အလွန်ကျော်ကြားနေခြင်း ဖြစ်သည်။

အလယ်ရှိ ကခုန်ရာ နေရာတွင် အမျိုးသား၊ အမျိုးသမီးများမှာ စည်းချက်အတိုင်း ကိုယ်ခန္ဓာကို ယိမ်းနွဲ့ကာ ကခုန်နေကြသည်။ အနက်ရောင် ဝတ်စုံကျပ်ကျပ် ဝတ်ထားသော အမျိုးသမီးတစ်ဦးမှာ သူမ၏ သွယ်လျသော ခါးလေးကို မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားရင်း ဆံပင်ရှည်များကို ဝေ့ယမ်းကာ ကွင်းလယ်တွင် မြူးကြွစွာ ကနေလေသည်။

လီချိုင်မှာ ထိုမိန်းကလေးကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ သူမ၏ ဆွဲဆောင်မှုရှိသော အကြည့်များအောက်တွင် သူ၏ ဝိညာဉ်မှာ အဖမ်းစားခံလိုက်ရပုံရသည်။

ရှီလဲ့က လီချိုင်၏ ပုခုံးကို ပုတ်ကာ နားနားသို့ ကပ်ပြီး “သတိပြန်ဝင်စမ်း အဲဒါ ဘားက ဝန်ထမ်းပဲ၊ လူစည်အောင် ငှားထားတဲ့သူ... မင်း စိတ်ကူးမယဉ်နဲ့တော့”

လီချိုင်က ရှီလဲ့ကို လှည့်ကြည့်ကာ နှမြောတသဟန်ဖြင့် “တကယ်လား”

“တကယ်ပေါ့” ရှီလဲ့က ပြုံးလျက် ဖြေလိုက်သည်။ ဘားတိုင်းတွင် လူစည်ကားစေရန် အရက်မြှင့်တင်ရေး ဝန်ထမ်းလေးများ ထားရှိတတ်ကြသည်။ သူတို့မှာ အများအားဖြင့် လှပပျိုမြစ်သူများဖြစ်ပြီး ဟော်မုန်းတက်ကြွနေသော အမျိုးသားများကို ဆွဲဆောင်ရန် ခန့်ထားခြင်းဖြစ်သည်။

လီချိုင်က နှမြောစရာကောင်းကြောင်း ခေါင်းခါရင်း “ဒီလောက်လှတဲ့သူက ဘာလို့ ဒီလို အလုပ်မျိုး လုပ်ရတာလဲ...” ဟု ရေရွတ်လိုက်သည်။ ဤမျှ လှပသော အမျိုးသမီးတစ်ဦးက အဘယ်ကြောင့် ဤကဲ့သို့ အန္တရာယ်များသော ဖျော်ဖြေရေးနေရာမျိုးတွင် ကျင်လည်နေရသည်ကို သူ နားမလည်နိုင်ပေ။

ရှီလဲ့က နှာခေါင်းရှုံ့ရင်း “ရှောင်လီ.. မင်းက ကဗျာဆရာလား ပြောလိုက်တဲ့ စကားက တော်တော်လေး အနုပညာဆန်တာပဲ” ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

လီချိုင်က ထိုစကားကို ဂရုမထားဘဲ ဝီစကီကို တစ်ကျိုက် သောက်လိုက်ကာ ကောင်တာပေါ် လက်တင်ရင်း “အစ်ကိုရှီ... တကယ်လို့ လင်းယွီမော့က အစ်ကို့ကွယ်ရာမှာ တခြားကောင်လေးတစ်ယောက်နဲ့ တွဲနေရင် အစ်ကို ဘာလုပ်မလဲ” ဟု မေးလိုက်သည်။

ရှီလဲ့ ခဏတာ မှင်တက်သွားသည်။ သူ ဤမေးခွန်းကို မစဉ်းစားခဲ့ဖူးပေ။ သူသည် ပြန်လည်မွေးဖွားလာသူ ဖြစ်သဖြင့် သူ့စိတ်ထဲတွင် အမြဲတမ်း အသာစီးရနေသည်ဟု ခံစားချက်ရှိနေကာ ထိုပြဿနာများကို ထည့်မတွက်ခဲ့မိခြင်း ဖြစ်သည်။

“လီချိုင်... တကယ်လို့ လင်းယွီမော့က တခြားသူနဲ့ တွဲသွားရင် ငါလည်း ဝမ်းနည်းမှာပေါ့.. ဒါပေမဲ့ ငါက သူတို့ကို ကောင်းချီးပေးနိုင်လောက်အောင် သူတော်စင် မဟုတ်သလို၊ စိတ်ဓာတ်ကျပြီး ပျက်စီးသွားမယ့်သူလည်း မဟုတ်ဘူး... ငါက အရင်ထက် ပိုကောင်းအောင် နေပြမယ်၊ ငါ့ကို စွန့်လွှတ်လိုက်တာ သူမရဲ့ အမှားဆိုတာ သိသွားအောင် လုပ်ပြမယ်၊ သူမ နောင်တရအောင် လုပ်ပြမယ်” ရှီလဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

လီချိုင်က နားလည်သွားသလို ခေါင်းညိတ်ကာ “ကျွန်တော် နားလည်ပြီ ကျွန်တော်လည်း ကြိုးစားမယ်၊ ပိုတော်အောင် လုပ်မယ်၊ ဝမ်မင် ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာ နောင်တရအောင် လုပ်မယ်... သူမ ကျွန်တော့်ဆီ ငိုယိုပြီး ပြန်လာဖို့ တောင်းပန်အောင် လုပ်မယ်၊ ပြီးရင် သူမကို ဝအောင် ကစားပြီးမှ အဝေးကို ကန်ထုတ်လိုက်မယ်”

ရှီလဲ့မှာ မျက်နှာတွင် အမည်းစက်များ ထင်သွားတော့သည်။ ဤကောင်လေး လီချိုင်မှာလည်း လူကောင်းတော့ မဟုတ်လှပေ။ “ကဲ... မင်း အေးအေးဆေးဆေး သောက်နေဦး...အစ်ကိုကြီးကတော့ ပတ်ပတ်လည် လျှောက်ကြည့်ပြီး သားကောင် ရှာလိုက်ဦးမယ်”

“သွားလေ... အစ်ကိုရှီ”

ရှီလဲ့သည် လူအုပ်ကြားထဲသို့ တိုးဝင်ကာ သူ သဘောကျမည့် မိန်းကလေးကို ရှာဖွေလေတော့သည်။ ဘားအတွင်းတွင် လူများ ပြည့်နှက်နေပြီး ရှီလဲ့၏ ကျောပြင်ကို အမျိုးသမီးများ၏ ပျော့ပျောင်းသော ကိုယ်ခန္ဓာများက ထိတွေ့ ပွတ်တိုက်သွားသည်ကိုပင် ခံစားနေရသည်။

လူအုပ်ကို ဖြတ်ကျော်ပြီးနောက် အနားယူရာ နေရာသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် စားပွဲလေးများရှိပြီး စားပွဲတစ်ခုတွင် အမျိုးသားတစ်ဦးမျှ မပါဘဲ လှပသော အမျိုးသမီး လေးဦး ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ရှီလဲ့ မျက်လုံးများ တောက်ပသွားသည်။

ထိုမိန်းကလေးများသည် အံစာတုံး ကစားနည်းတစ်မျိုးကို ကစားနေကြခြင်း ဖြစ်သည်။ ရှီလဲ့က နူးညံ့သောအပြုံးဖြင့် လျှောက်သွားကာ “ဟိုင်း... အလှလေးတို့၊ မင်္ဂလာညချမ်းပါ”

ရှီလဲ့၏ ရုပ်ရည်မှာ ချောမောလှသည် မဟုတ်သလို ဝတ်ထားသော အဝတ်အစားများမှာလည်း ဈေးပေါလှသည်။ သို့သော် သူ၏ တည်ငြိမ်သော အမူအရာနှင့် နက်ရှိုင်းသော မျက်လုံးများက ထူးခြားနေသည်။

မိန်းကလေး လေးဦးစလုံးက သူ့ကို ရင်းရင်းနှီးနှီးပင် နှုတ်ဆက်ကြသည်။ ရှီလဲ့က အရှက်မရှိမှုကို အသားကျစွာဖြင့် “အလှလေးတို့... ငါလည်း ဒီကစားပွဲမှာ ပါလို့ရမလား မင်းတို့ လေးယောက်က တစ်ဖက်၊ ငါက တစ်ဖက်ပေါ့... မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို နိုင်ရင် ဒီည သောက်သမျှ ငါ အကုန်ရှင်းမယ်”

ရှီလဲ့၏ မျက်နှာချင်းဆိုင်ရှိ မိန်းကလေးက မျက်လုံးလေး တောက်ပသွားကာ “အပြောပဲ မဟုတ်စေနဲ့နော် လူချောလေး” ဟု ရင်ခုန်စရာ အပြုံးဖြင့် ပြောလိုက်သည်။

“ဒါပေါ့... ဒါပေမဲ့ ရိုးရိုးရှင်းရှင်းပဲ အံစာတုံး အမှတ်တွေကို တိုက်ရိုက် ယှဉ်ကြမလား”

မိန်းကလေးများက သဘောတူကြသည်။ ရှီလဲ့က အံစာတုံး ခွက်ကို ယူကာ ခပ်ပေါ့ပေါ့ပင် လှုပ်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။

ချစ်စဖွယ် မိန်းကလေးတစ်ဦးက “ဖွင့်... ဖွင့်... ဖွင့်” ဟု အားပေးလေသည်။

ရှီလဲ့က မျက်မှန်ကို အသာပင့်ကာ အံစာတုံးခွက်ကို ဖွင့်လိုက်ရာ အမှတ် ၆ လေးလုံးနှင့် ၅ တစ်လုံး ထွက်လာသည်။ အမှတ် ၆ ငါးလုံးရရန် တစ်မှတ်သာ လိုတော့သည့် အမှတ်အမြင့်ဆုံး ရလဒ်ပင်။

“ဝိုး... တော်လိုက်တာ” မိန်းကလေးများမှာ အံ့အားသင့်ကာ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ကြသည်။

ရှီလဲ့က ရယ်မောရင်း “အလှလေးတို့ ရှုံးပြီဆိုတော့ ငါ့ရဲ့ တောင်းဆိုချက်လေး တစ်ခုကို လိုက်လျောပေးနိုင်မလား”

“ဘာတောင်းဆိုချက်လဲ” မိန်းကလေးများက စပ်စုကြသည်။ ဘားတွင် အမြဲကျင်လည်နေသော အမျိုးသမီးများမှာ ရိုးအသူများ မဟုတ်ကြပေ။

ရှီလဲ့က လက်ဖျောက်တစ်ချက်တီးကာ “ငါ့မှာ အသည်းကွဲနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်... မင်းတို့ သူ့ကို ဝိုင်းပြီး အရက်သောက်ဖော် လုပ်ပေးစေချင်လို့ပါ.. သောက်သမျှ ငါ ရှင်းမယ့်အပြင် မင်းတို့ကို ကူညီခအတွက် တစ်ယောက်ကို ယွမ် ၂၀၀ စီ ပေးမယ်...တစ်ခုတော့ ပြောပြထားမယ်... အဲဒီသူငယ်ချင်းက အရည်အချင်း တော်တော်ရှိတဲ့သူ...သူ့ဆီက ဘာတွေ ရယူနိုင်မလဲဆိုတာကတော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်တယ်” ဟု ပြောရင်း သူ့ဂျင်းဘောင်းဘီ အိတ်ထဲမှ ယွမ် ၈၀၀ ထုတ်ကာ တစ်ယောက်ကို ၂၀၀ စီ ဝေပေးလိုက်သည်။

ဘားလာသော ထိုမိန်းကလေးများမှာ ပိုက်ဆံရှိသူကို မျှားရန် လာကြသူများ ဖြစ်သဖြင့် ရှီလဲ့၏ ကမ်းလှမ်းချက်ကို ဝမ်းသာအားရ လက်ခံကာ ရှီလဲ့နောက်မှ လိုက်လာခဲ့ကြသည်။

ကောင်တာသို့ ပြန်ရောက်သောအခါ လီချိုင်မှာ တစ်ယောက်တည်း သောက်နေဆဲ ဖြစ်သည်။ ရှီလဲ့က ပုခုံးကို ပုတ်ကာ “ရှောင်လီ.... တစ်ယောက်တည်း သောက်နေတုန်းလား”

လီချိုင် လှည့်ကြည့်လိုက်ရာ ရှီလဲ့နောက်မှ လှပသော အမျိုးသမီး လေးဦးကို မြင်ပြီး မှင်တက်သွားကာ “အစ်ကိုရှီ... အစ်ကိုက တကယ့် လူစွမ်းကောင်းပဲ” ဟု ချီးကျူးလိုက်သည်။

ရှီလဲ့က ပြုံးဖြဲဖြဲဖြင့် “အလှလေးတို့... ဒါက ငါ့ညီလေး လီချိုင်ပဲ... နာမည်က မိန်းမလျာ နာမည်နဲ့ ဆင်ပေမဲ့ သူက တကယ့် ယောက်ျားစစ် ယောက်ျားမှန်ကြီးပါ”

လီချိုင်မှာ မျက်နှာကြီး နီရဲသွားကာ “အစ်ကိုရှီ... မိန်းကလေးတွေ ရှေ့မှာ ကျွန်တော့် မျက်နှာလေးလည်း ထောက်ပါဦး”

ရှီလဲ့က ရယ်မောရင်း “ကဲ... ကဲ... မင်းကို မျက်နှာသာ ပေးပါ့မယ်...အလှလေးတို့... ငါ့ညီကို အဖော်ပြုပေးကြပါဦး” ထို့နောက် လီချိုင်ကို ထပ်ပုတ်ကာ “ရှောင်လီ.. မိန်းကလေးတွေကိုလည်း ဧည့်ခံဖို့ မမေ့နဲ့ဦး အစ်ကိုကြီးကတော့ လမ်းလျှောက်ဦးမယ်”

မိန်းကလေး လေးဦးမှာ လီချိုင်ဘေးတွင် ဝိုင်းထိုင်ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေသော လီချိုင်ကို စနောက်ရင်း တခိခိ ရယ်မောနေကြတော့သည်။

ရှီလဲ့မှာ လီချိုင်အတွက် အခွင့်အရေး ဖန်တီးပေးပြီး ထွက်လာခဲ့သည်။ လီချိုင်က မိန်းကလေး တစ်ယောက်ယောက်ကို အပိုင်ဖမ်းနိုင်မလား ဆိုသည်မှာ သူ၏ ဆွဲဆောင်မှုနှင့် သူ၏ ပိုက်ဆံအိတ် အထူအပါးပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ထိုစဉ် ဘား၏ ထောင့်တစ်နေရာမှ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။ “အရူးမ.. မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ အောက်တန်းစား တရုတ်မ”

ရှီလဲ့ နှာခေါင်းရှုံ့လိုက်ကာ ထိုအသံလာရာဆီသို့ အမြန်လျှောက်သွားသည်။ ဘား၏ ဘေးဘက်ရှိ သီးသန့်ဝိုင်းတစ်ခုတွင် ဆေးရုံက ဆင်းလာကာစ ပုပြတ်ပြီး ရုပ်ဆိုးလှသော အိချိရိုနှင့် သူ၏ နောက်လိုက်များ၊မီဆူရှီတာ ကူဒါကိုတို့ကို တွေ့လိုက်ရသည်။ သူတို့သည် ဤနေရာသို့ အပန်းဖြေရန် လာကြခြင်း ဖြစ်သော်လည်း အိချီယိုမှာ စိတ်မထိန်းနိုင်ဘဲ ဝန်ဆောင်မှုပေးသော မိန်းကလေးကို လက်ပါရာမှ ပြဿနာ စဖြစ်ခြင်းပင်။

မီဆူရှီတာ ကူဒါကိုက ဝန်ထမ်းမိန်းကလေးကို ဒေါသတကြီး အော်ဟစ်နေသည်။ “မင်းတို့ မန်နေဂျာကို ခေါ်လိုက်စမ်း ငါတို့လို ဧည့်သည်ကို လက်နဲ့ ထိရဲတယ်ပေါ့၊ နင်တို့ကို ရဲစခန်း ပို့ပစ်မယ်”

ရှီလဲ့က အဝေးမှ ကြည့်နေသည်။ ဝက်နှင့်တူသော အိချီယို၏ ပါးပေါ်တွင် လက်ငါးချောင်းရာကြီးမှာ ထင်ရှားစွာ ရှိနေသည်။ ဝန်ထမ်းမိန်းကလေးက သူ့ကို အားရပါးရ ပါးရိုက်လိုက်ပုံရသည်။

“အော်... ဘယ်သူများ အာဏာပြနေတာလဲလို့ ကြည့်လိုက်တော့ ခွေးပေါက်လေးပါလား” ရှီလဲ့က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

အိချီယိုမှာ ရှီလဲ့ကို မြင်သည်နှင့် လန့်ဖြန့်သွားကာ နောက်သို့ ဆုတ်လိုက်သည်။ “မင်း... မင်းလား”

မီဆူရှီတာ ကူဒါကို၏ မျက်နှာမှာလည်း တင်းမာသွားကာ “မစ္စတာ ရှီလဲ့... ရှင် ဘာလုပ်ချင်လို့လဲ”

“ငါလား ငါက အပျော်လာကြည့်တာပါ၊ ပြီးတော့ စိတ်ဝင်စားစရာ တစ်ခုခု ရှိမလားလို့လေ” ရှီလဲ့က မီဆူရှီတာကို စနောက်သလို ကြည့်ကာ “မင်းတို့ ဂျပန်ကို မပြန်ကြသေးဘူးလား ဒါမှမဟုတ် မပြန်ချင်တော့တာလား” ဟု အဓိပ္ပာယ်ပါပါ ပြောလိုက်ရာ တရုတ်စကား ကျွမ်းကျင်သော မီဆူရှီတာမှာ မျက်နှာ ပျက်သွားတော့သည်။

“မစ္စတာ ရှီလဲ့... ဒီတစ်ခါတော့ ကျွန်မတို့ဘက်က နစ်နာသူတွေပါ” မီဆူရှီတာက အားငယ်ဟန်ဖြင့် ပြောလိုက်သည်။

အခြားတစ်ဖက်တွင်မူ လီချိုင်မှာ မိန်းကလေး လေးဦး၏ တိုက်ကျွေးမှုကြောင့် ဝီစကီများ အတော်လေး သောက်လိုက်ရသဖြင့် မခံနိုင်တော့ဘဲ အိမ်သာသို့ အပြေးအလွှား သွားခဲ့ရသည်။

အိမ်သာထဲတွင် ကိစ္စရှင်းပြီးနောက် လီချိုင် သက်ပြင်းချကာ ထွက်လာခဲ့သည်။ သူသည် မှန်ရှေ့တွင် လက်ဆေးနေစဉ် အမှတ်မထင် ချစ်စဖွယ် မိန်းကလေးနှင့် ဆုံမိသည်။ သူမက လီချိုင်ကို ချိုသာစွာ ပြုံးပြလိုက်ရာ လီချိုင်မှာ စိတ်လှုပ်ရှားသွားပြီး စကားစလိုက်သည်။

“မင်း... မင်းလည်း... မင်းလက်ပေါ် ဆီးတွေ စင်သွားလို့လား”

ထိုစကားကြားသည်နှင့် မိန်းကလေး၏ မျက်နှာမှာ ချက်ချင်း ပျက်သွားကာ နှာခေါင်းတစ်ချက် ရှုံ့ပြီး လှည့်ထွက်သွားတော့သည်။

သနားစရာကောင်းလှသည့ လီချိုင်လေးပင်။

All Chapters