← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း - ၉၄

ရှီလဲ့သည် ဖုန်းကိုကိုင်ထားရင်း မှင်တက်သွားမိသည်။ ဂျင်းယာဥယျာဉ်ထဲက အခန်းက တကယ်ပဲ ဆရာကျန်းဆုန့် ပိုင်တာလား။

“ဆရာကျန်းဆုန့်... ဟဲလို၊ ကျွန်တော် ရှီလဲ့ပါ..မှတ်မိသေးလားခင်ဗျာ၊ ကွန်ပျူတာသိပ္ပံဌာနက ရှီလဲ့ပါ” ရှီလဲ့က မိမိကိုယ်ကို မိတ်ဆက်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။ “ဆရာ... ကျောင်းမှာ ရှိလားခင်ဗျာ ရှိရင် ကျွန်တော်တို့ အတူတူသွားပြီး ဂျင်းယာဥယယဉ်က အခန်းကို ကြည့်လို့ရမလားလို့”

“အော်... ရှီလဲ့ကိုး ငါ ကျောင်းမှာ ရှိပါတယ်..ဒါနဲ့ မင်း ဒီနေ့ အတန်းမရှိဘူးလား” ကျန်းဆုန့်၏ အသံတွင် အံ့သြရိပ်များ ပါနေသည်။ “ရှီလဲ့... ငါမှတ်မိသလောက်ဆိုရင် မင်းက ပါရဂူတန်း အဆောင်မှာ နေတာ မဟုတ်လား..ဘာလို့ အပြင်ထွက်ပြီး အိမ်ငှားချင်ရတာလဲ”

ရှီလဲ့က အိုးတိုးအန်းတန်းဖြင့် “ဟို... ဆရာ သိတဲ့အတိုင်း ကျွန်တော်က အတန်း သိပ်တက်တာ မဟုတ်ဘူးလေ.. အဆောင်မှာနေတော့ တစ်ခါတလေ အဆင်မပြေတာလေးတွေ ရှိလို့ပါ ဆရာ”

“ဟားဟားဟား” ကျန်းဆုန့်က တဟားဟား ရယ်မောလိုက်သည်။ ရှီလဲ့သည် မိန်းကလေးတစ်ယောက်နှင့် အတူနေရန် အပြင်ထွက်သည်ဟု သူ ထင်သွားခြင်း ဖြစ်သည်။ “ကဲ... ဒါဆို ကျောင်းအနောက်‌မှာ တွေ့ကြတာပေါ့”

ရှီလဲ့သည် သူ၏ လပ်တော့ပ်ကို ယူကာ ကျောင်းအနောက်သို့ အမြန်ပြေးခဲ့သည်။ ပါရဂူဆောင်နှင့် သိပ်မဝေးသော်လည်း နီးသည်တော့ မဟုတ်ပေ၊ အနည်းဆုံး ငါးမိနစ်ခန့် လမ်းလျှောက်ရသည်။

ရှီလဲ့ ရောက်သွားသောအခါ ကျန်းဆုန့်မှာ ရောက်နှင့်နေပြီ ဖြစ်သည်။ ရှီလဲ့က အမြန်ပြေးသွားပြီး အားနာသည့် မျက်နှာဖြင့် “ဆရာ... စောင့်ခိုင်းမိလို့ အားနာလိုက်တာ”

“ရပါတယ်၊ ငါလည်း ခုတင်မှ ရောက်တာ သွားစို့... အိမ်သွားကြည့်ရအောင်” ကျန်းဆုန့်က လိုရင်းကိုသာ ပြောကာ ရှီလဲ့ကို ဂျင်းယာဥယျာဉ်သို့ ခေါ်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးကြား တိတ်ဆိတ်နေသည်။ ရှီလဲ့သည် ကျန်းဆုန့် အဘယ်ကြောင့် ဤနေရာတွင် အိမ်ရှိနေရသနည်းဟု အကြိမ်ကြိမ် မေးချင်မိသော်လည်း နောက်ဆုံးတွင်တော့ မမေးဖြစ်ခဲ့ပေ။

ရွှမ်းဟူ၏ မြို့စွန်နားတွင် တည်ရှိသော ဂျင်းယာဥယျာဉ်၏ ဈေးနှုန်းမှာ ၂၀၀၆ ခုနှစ်တွင်ပင် မနည်းလှပေ၊ တစ်စတုရန်းမီတာလျှင် ယွမ် ၃,၀၀၀ နီးပါး ရှိသည်။ ဤဈေးနှုန်းမှာ မြို့လယ်ခေါင်ရှိ အဆင့်မြင့် တိုက်ခန်းတစ်ခန်း၏ ဈေးနှင့် ညီမျှနေပြီဖြစ်သည်။ ကျန်းဆုန့်မှာ ရွှမ်ချင်းတက္ကသိုလ်မှ သာမန်ဆရာတစ်ဦးသာ ဖြစ်ရာ ဤနေရာတွင် အိမ်ဝယ်နိုင်လောက်သည့် အင်အားရှိရန် မလွယ်ကူပေ။

သူတို့နှစ်ဦးသည် အဆောက်အဦး (၁၀)၊ အလွှာ (၂၀) ရှိ အခန်း (၃) သို့ ရောက်ရှိလာကြသည်။ ကျန်းဆုန့်က သော့ဖွင့်ပေးရင်း “ဝင်ကြည့်လေ” ဟု ဖိတ်ခေါ်လိုက်သည်။

ရှီလဲ့ အထဲဝင်ကာ ဧည့်ခန်း၏ အပြင်အဆင်ကို ကြည့်လိုက်သည်။ နံရံလေးဘက်စလုံးကို အဆင့်မြင့် နောက်ခံစက္ကူ များ ကပ်ထားသည်။ ကြမ်းပြင်မှ ကြွေပြားများမှာလည်း အဆင့်အတန်း မြင့်လှသည်။ ထောင့်တစ်နေရာတွင် လေအေးပေးစက် တစ်လုံးရှိသလို၊ ထိုခေတ်က အလွန်ရှားပါးလှသော အနည်းဆုံး လက်မ ၄၀ ကျော်အရွယ် LCD တီဗွီကြီး တစ်လုံးကိုလည်း တွေ့လိုက်ရသည်။

ရှီလဲ့က အိမ်တစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်နေစဉ် ကျန်းဆုန့်က ဘာမှမပြောဘဲ အသာကြည့်နေသည်။ ရှီလဲ့သည် မီးဖိုချောင်ထဲသို့ ဝင်ကြည့်ရာ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဗ်၊ မီးဖိုခန်း အနံ့စုပ်စက် စသည့် လျှပ်စစ်ပစ္စည်းများ စုံလင်စွာ ရှိနေသည့်အပြင် ဝရန်တာဘက်တွင် အဝတ်လျှော်စက်တစ်လုံးပါ တွေ့လိုက်ရသည်။

အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါသော ဤတိုက်ခန်း၏ ရေချိုးခန်းမှာလည်း ၅ စတုရန်းမီတာခန့် ရှိသဖြင့် မကျဉ်းလှပေ။

ကျန်းဆုန့်က အိပ်ခန်းတံခါးကို ဖွင့်ပေးပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ တီဗွီကြည့်နေလိုက်သည်။ ဒီနေ့ ကျောင်းတွင် ကွန်ပျူတာ လက်တွေ့တန်း မရှိသဖြင့် ကျန်းဆုန်းအတွက် အနားယူရန် အခွင့်အရေး ဖြစ်နေသည်။

ရှီလဲ့ အိပ်ခန်းထဲသို့ ဝင်ကြည့်သောအခါ ပို၍ သဘောကျသွားသည်။ အိပ်ခန်းကြမ်းပြင်ကို သစ်သားခင်းထားပြီး နံရံတွင် မြက်ခင်းစိမ်းရောင် နောက်ခံစက္ကူ ကပ်ထားကာ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းသည်။

“ဆရာ... အဆင်ပြေရင် အိမ်ပိုင်ဆိုင်မှု အထောက်အထားနဲ့ ဆရာ့ရဲ့ မှတ်ပုံတင်လေး ကြည့်လို့ရမလား” ရှီလဲ့က လုပ်ထုံးလုပ်နည်းအတိုင်း မေးလိုက်သည်။

အိမ်ငှားသည့်အခါ တစ်ဆင့်ပြန်ငှားပြီး ဈေးတင်စားသူများ ရှိတတ်သဖြင့် ရှီလဲ့က စနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျန်းဆုန့်က စိတ်မဆိုးဘဲ သူ၏ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းအိတ်ကို ထုတ်ပေးလိုက်သည်။ အထဲတွင် အိမ်ပိုင်ဆိုင်မှု စာချုပ်မူရင်းနှင့် မှတ်ပုံတင်မိတ္တူများ အပြင် မှတ်ပုံတင်မူရင်းကိုပါ ပြသခဲ့သဖြင့် အားလုံး မှန်ကန်နေသည်။

“ဆရာ... တစ်လကို ဘယ်လောက် ငှားမလို့လဲ”

ကျန်းဆုန့်က ရှီလဲ့ကို ပြုံးစစဖြင့် ကြည့်ကာ “မင်းက ဘယ်လောက်ကြာကြာ ငှားမှာလဲ” ဟု မေးသည်။

“ဆရာ... ကျွန်တော် တစ်ယောက်တည်း နေဖို့ ပြောင်းတာပါ၊ တခြား ဘာမှ မတွေးပါနဲ့” ရှီလဲ့က ကယောင်ကတမ်း ဖြေလိုက်သည်။

“ငါက ဘယ်နှစ်ယောက်နေမလဲလို့ မမေးပါဘူး၊ မင်း ဘာသာ ဖြေနေတာပဲ” ကျန်းဆုန့်က ရှီလဲ့၏ ကာကွယ်ပြောဆိုမှုကို ရယ်ချင်နေသည်။ “နေပါဦး... မင်းက ဘယ်လောက်ကြာကြာ ငှားမှာလဲ”

“ဖြစ်နိုင်ရင် ကျွန်တော် ကျောင်းတက်နေတဲ့ လေးနှစ်လုံးစာ ငှားချင်ပါတယ် ဆရာ..ကျွန်တော်တို့က သိနေတဲ့သူတွေဆိုတော့ လျှော့ပေးပါဦး”

ကျန်းဆုန်းက ခေါင်းညိတ်ကာ “ရှီလဲ့... မင်းက အခု ယွမ်သန်းပေါင်းများစွာ ပိုင်တဲ့သူပဲ၊ ဒီလောက်လေးကို တွန့်တိုမနေပါနဲ့။ တစ်လ ၆၀၀ ဆိုရင် မများဘူးမလား...တစ်နှစ် ၇,၀၀၀ ဆိုတော့ လေးနှစ်စာကို ၂၈,၀၀၀ ပဲ ထားလိုက်မယ်၊ ဘယ်လိုလဲ”

တစ်လ ယွမ် ၆၀၀ မှာ ထိုခေတ်က ရွှမ်းဟူခရိုင်အတွက် ဈေးကြီးသည်ဟု ဆိုနိုင်သော်လည်း ဤအခန်း၏ အပြင်အဆင်နှင့်ဆိုလျှင် တန်လှသည်။

ရှီလဲ့က သဘောတူကာ စာချုပ်ချုပ်လိုက်သည်။ “ဆရာ... ကျွန်တော့်ကို ဘဏ်အကောင့် နံပါတ် ပေးခဲ့ပါ၊ ကျွန်တော် ဘဏ်ကနေ ငွေလွှဲပေးပါ့မယ်..ပိုက်ဆံလွှဲပြီးမှ ကျွန်တော့်ကို သော့နဲ့ စာချုပ် ပေးပါတော့”

သို့သော် ကျန်းဆုန့်က သော့ ၆ ချောင်းနှင့် စာချုပ်ကို ရှီလဲ့အား ချက်ချင်း ပေးလိုက်သည်။ “ဒီတစ်ခုက အိမ်ပြင်တုန်းက သုံးတဲ့သော့၊ ကျန်တဲ့ ၅ ချောင်းက သော့အစစ်တွေ...မင်း သော့အစစ်နဲ့ တစ်ခါ ဖွင့်လိုက်ရင် အိမ်ပြင်တဲ့သော့က အလိုလို သုံးမရတော့ဘူး၊ သော့အိမ် လဲစရာ မလိုတော့ဘူး.. ပိုက်ဆံကိုတော့ ဘဏ်ကနေ လွှဲပေးလိုက်ပေါ့...မင်းလို လူချမ်းသာတစ်ယောက်က ငါ့ရဲ့ ၂၈,၀၀၀ ကိုတော့ လိမ်မှာ မဟုတ်ပါဘူး”

ရှီလဲ့ ရယ်မောရင်း သော့များကို လက်ခံလိုက်ကာ “ဆရာ... မမေးသင့်ဘူးဆိုပေမဲ့ သိချင်လို့ တစ်ခုလောက် မေးပါရစေ”

ကျန်းဆုန့်က မျက်ခုံးပင့်လိုက်ကာ “ငါ ဘာလို့ ဒီအိမ်ကို ဝယ်ထားတာလဲလို့ မေးချင်တာ မဟုတ်လား”

ရှီလဲ့က ရယ်ကျဲကျဲဖြင့် ခေါင်းညိတ်ပြသည်။

ကျန်းဆုန်းက ဆိုဖာပေါ်တွင် ထိုင်ကာ စီးကရက်တစ်လိပ် ညှိလိုက်သည်။ သူ၏ ဇာတ်လမ်းကို စတင် ပြောပြတော့သည်။ ဤအိမ်မှာ အမှန်တကယ်တော့ သူ၏ မင်္ဂလာဦးအိမ်အဖြစ် ဝယ်ထားခြင်း ဖြစ်သည်။ သူသည် ကျောင်းပြီးကတည်းက ဤတက္ကသိုလ်မှာ ဆရာလုပ်ခဲ့သည်မှာ ၅ နှစ်ရှိပြီ။ သူ့ရည်းစားမှာ အနုပညာဌာနက ကျောင်းသူလေး ဖြစ်ပြီး သူတို့ တွဲခဲ့သည်မှာ ၇ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် မင်္ဂလာဆောင်ရန် စီစဉ်နေချိန်တွင် သူ၏ ချစ်သူမှာ အလုပ်လုပ်ရာ ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးနှင့် ပတ်သက်သွားသဖြင့် ၇ နှစ်တာ သံယောဇဉ်မှာ ချက်ချင်း ပြတ်တောက်သွားခဲ့ရသည်။ ထိုအခါ ဤမင်္ဂလာဦးအိမ်မှာလည်း အဓိပ္ပာယ် မရှိတော့ပေ။

“အားနာလိုက်တာ ဆရာရယ်” ရှီလဲ့က မိမိကိုယ်ကိုယ် အပြစ်တင်မိသွားသည်။ သူ့ကြောင့် ဆရာ့ရဲ့ နာကျင်စရာ အတိတ်တွေကို ပြန်ဖော်သလို ဖြစ်သွားရသည်။

ကျန်းဆုန့်က ခေါင်းခါရင်း “ရပါတယ်၊ ဒါတွေက ပြီးသွားပါပြီ”

“ဆရာ... တကယ်လို့ အဆင်ပြေရင်ဒီအိမ်ကို ကျွန်တော့်ကို ရောင်းမလား” ရှီလဲ့က စမ်းသပ်မေးမြန်းလိုက်သည်။ သူက သနားလို့ ဝယ်ပေးချင်သည် မဟုတ်ဘဲ အမှန်တကယ် ဝယ်ယူလိုခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အိမ်ခြံမြေဈေးများ တက်လာမည်ဖြစ်ရာ ဤနေရာမှာ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံး ဖြစ်သည်။

ကျန်းဆုန့်က ရှီလဲ့ကို စိုက်ကြည့်ကာ “မင်း တကယ် ဝယ်ချင်တာလား”

“တကယ်ပါ ဆရာ”

ကျန်းဆုန့်က သက်ပြင်းချကာ “ဒီအိမ်ရဲ့ အကျယ်အဝန်းက ၆၉ စတုရန်းမီတာ ရှိတယ်.. ငါဝယ်တုန်းက ၁၉၅,၀၀၀ ပေးရတယ်၊ အိမ်ပြင်တာနဲ့ ပရိဘောဂတွေဆိုရင် စုစုပေါင်း ၂၆၅,၀၀၀ လောက် ကုန်တယ်..အခု ဈေးတက်တာတွေရော ထည့်တွက်ရင် ၂၇၀,၀၀၀ နဲ့ ယူမလား”

ရှီလဲ့ တွက်ချက်ကြည့်ရာ ကျန်းဆုန့်မှာ အမြတ်မယူဘဲ ရောင်းပေးခြင်း ဖြစ်သည်။ “ဆရာ... ဒီလိုလုပ်ပါ၊ ဒီနေ့ပဲ အပြီးအပိုင် လွှဲပြောင်းကြစို့၊ ၂၈၀,၀၀၀ နဲ့ ထားလိုက်ပါ့မယ်။” ရှီလဲ့က ယွမ် ၁၀,၀၀၀ ကို ကိုယ်တိုင် တိုးပေးလိုက်သည်။

သူတို့နှစ်ဦးသည် အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံးသို့ သွားကာ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းများကို ချက်ချင်း လုပ်ဆောင်ခဲ့ကြသည်။ ရှီလဲ့သည် သူ၏ ဆွစ်ဇာလန် ဘဏ်အကောင့်မှ အမေရိကန်ဒေါ်လာ ၂ သိန်းကို တရုတ်ယွမ်ငွေ အဖြစ် ပြောင်းလဲကာ ကျန်းဆုန့်ကို အိမ်ဖိုး ၂၈၀,၀၀၀ ပေးလိုက်ပြီး ကျောင်းကို လှူရန် ကတိပေးထားသော ယွမ် ၁ သန်းကိုလည်း တပြိုင်နက်တည်း လွှဲပေးလိုက်သည်။

ခဏအတွင်းမှာပင် ရှီလဲ့၏ အိတ်ထဲ၌ ယွမ် ၃၄၀,၀၀၀ သာ ကျန်တော့သည်။

ကျန်းဆုန့်၏ ညစာဖိတ်ကြားမှုကို ငြင်းဆိုကာ ရှီလဲ့သည် အိုးရန်ရှန်း၏အိမ်မှ ဆာဗာနှစ်လုံးကို သူ၏ အိမ်သစ်သို့ ပြောင်းရန် ပြင်ဆင်တော့သည်။

အိုးရန်ရှန်း၏ အိမ်ထဲသို့ ရှီလဲ့ အသာအယာ ဝင်လာခဲ့သည်။ သူမ ရဲစခန်းတွင် အလုပ်လုပ်နေမည်ဟု ထင်ထားသော်လည်း အထဲရောက်သောအခါ အိုးရန်ရှန်းမှာ မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည်ကို တွေ့လိုက်ရသည်။

“ရှီလဲ့... မင်းလား” အိုးရန်ရှန်းက မေးလိုက်သည်။

All Chapters