← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း - ၉၇

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကန်နွန် ကုမ္ပဏီဌာနချုပ်တွင် ကိုအိဇုမိ အိချိရိုသည် နောက်ထပ် သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့သည်။ ယခင်တစ်ခေါက်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင် သတင်းထောက်အသေးစားလေးများသာမက သတင်းထောက်ပေါင်း တစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ဖျော်ဖြေရေးအတင်းအဖျင်း မဂ္ဂဇင်းများနှင့် သတင်းစာအညညများသာမက ဂျပန်နိုင်ငံ၏ အဓိက အမျိုးသားသတင်းစာကြီး ငါးစောင်အနက် နှစ်စောင်ပင် သတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိလာခဲ့သည်။

၎င်းတို့အနက် တစ်စောင်မှာ ‘ယိုမီယူရီ ရှင်ဘွန်း’ ဖြစ်သည်။ ၁၈၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ထိုသတင်းစာကြီးသည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ပြည့်စုံသတင်းစာကြီး ငါးစောင်အနက် တစ်စောင်ဖြစ်ပြီး ရုပ်သံနှင့် အသံလွှင့်ကုမ္ပဏီ ၂၆ ခုကို ပိုင်ဆိုင်ထားသဖြင့် ၎င်းတို့၏ ဝါဒဖြန့်ချိနိုင်စွမ်းမှာ အလွန်ပင် ကြီးမားလှသည်။

အခြားတစ်စောင်မှာ ‘အာဆာဟီ ရှင်ဘွန်း’ ဖြစ်ပြီး ၎င်းသည်လည်း ထိပ်တန်းသတင်းစာကြီး ငါးစောင်တွင် ပါဝင်သည်။ သို့သော် ၎င်းတို့၏ ဌာနချုပ်မှာ အိုဆာကာတွင် ရှိသဖြင့် တိုကျိုတွင် ဝါဒဖြန့်နိုင်စွမ်းမှာ ယိုမီယူရီလောက် မပြင်းထန်သော်လည်း အားနည်းသည်ဟုတော့ မဆိုနိုင်ပေ။

ပုပု၊ ဝဝ၊ ရုပ်ဆိုးဆိုးနှင့် ကိုအိဇုမိ အိချိရိုသည် သတင်းစာရှင်းလင်းပွဲစင်မြင့်ပေါ်တွင် စိတ်လှုပ်ရှားတက်ကြွစွာ ရပ်နေသည်။ သူ၏ ပုကွကွ ခန္ဓာကိုယ်ကြောင့် စင်မြင့်နှင့် ကွယ်မသွားစေရန် သူ၏ ခြေထောက်အောက်တွင် ၃၀ စင်တီမီတာခန့်ရှိသော သစ်သားခုံတစ်ခုကို ခံပြီး ရပ်နေရရှာသည်။

“သတင်းမီဒီယာ မိတ်ဆွေများခင်ဗျား... မင်္ဂလာပါ.. ကျွန်တော်ကတော့ ကန်နွန် ကုမ္ပဏီ ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး ကိုအိဇုမိ အိချိရို ဖြစ်ပါတယ် အလုပ်များတဲ့ကြားက အချိန်ပေးပြီး တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ကိုအိဇုမိသည် ရိုက်နှိပ်ထားသော စာမူကို တစ်လုံးမကျန် ဖတ်ကြားနေသည်။

သတင်းထောက်များသည် ထိုကဲ့သို့သော တရားဝင် အာဘော်များကို စိတ်မဝင်စားကြချေ။ သူတို့ အလွန်အမင်း စိတ်ဝင်စားနေသည်မှာ ရှသီးနိုင်ငံတွင် ကိုအိဇုမိ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များသာ ဖြစ်သည်။

ဒါအိုဟွာ သတင်းအေဂျင်စီမှ ဆန်ပန်းလမ်းကြား မှာ ကိုအိဇုမိ၏ ‘မိတ်ဟောင်း’ ဟု ဆိုနိုင်သည်။ သူက မျက်နှာတွင် အပြုံးတစ်ခုဖြင့်— “ကိုအိဇုမိ... ကျွန်တော်တို့က အနှစ်သာရရှိတဲ့ သတင်းကိုပဲ လိုချင်တာပါ တိုက်ရိုက်ပဲ အဓိကအချက်ကို ပြောကြရအောင်လား”

ကိုအိဇုမိသည်လည်း ထိုတရားဝင်စာသားများကို ဖတ်ရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သည်။ သူက ဆန်ပန်းလမ်းကြားကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး— “အားလုံးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ချွေတာဖို့အတွက် မေးမြန်းမှုကို တိုက်ရိုက်စပါ့မယ် အမည်ခေါ်ခံရတဲ့ သတင်းထောက်က မေးခွန်းတစ်ခု မေးမြန်းနိုင်ပါတယ်”

သတင်းထောက်အားလုံး လက်ထောင်ကြပြီး အခွင့်အရေးရရန် မျှော်လင့်နေကြသည်။ ကိုအိဇုမိသည် စောစောက သူ့ကို ကူညီပေးခဲ့သည့်အတွက် ဆန်ပန်းလမ်းကြားကို ပထမဆုံး မေးခွန်းမေးရန် ရွေးချယ်လိုက်သည်။

ဆန်ပန်းလမ်းကြားက မေးလိုက်သည်— “ကိုအိဇုမိစ... ရှနိုင်ငံကို ရောက်တုန်းက ‘ပန်းပျိုမလေး’ တွေဆီ သွားခဲ့သေးလား သိပါရစေ”

ကိုအိဇုမိက ခေါင်းအနည်းငယ်ခါယမ်းကာ— “မသွားပါဘူး ဒါပေမဲ့ ရှနိုင်ငံရဲ့ ‘ပန်းပျိုမလေး’ ဝန်ဆောင်မှုတွေက ကျွန်တော်တို့ ဂျပန်ထက် မနိမ့်ကျဘူးဆိုတာတော့ ငြင်းလို့မရဘူး ခင်ဗျားတို့ အချိန်ရရင် ရှနိုင်ငံကိုသွားပြီး အဲဒီက ပန်းပျိုမလေးတွေကို ကိုယ်တိုင် ခံစားကြည့်သင့်တယ် ကျွန်တော်တို့ ဘိုးဘေးတွေလိုပဲ သူတို့ကို ခင်ဗျားတို့အောက်မှာ အောင်နိုင်သူတွေအဖြစ် နှိမ်နင်းလိုက်ကြစမ်းပါ”

ဒုတိယအလှည့်မှာ ယိုမီယူရီ ရှင်ဘွန်း ဖြစ်သည်။ နိုင်ငံ၏ အဓိက သတင်းစာကြီးတစ်စောင် ဖြစ်သဖြင့် သူတို့ကို မခေါ်၍ မရပေ၊ သို့မဟုတ်ပါက သူတို့က သတင်းကို ပိုချဲ့ပြီး မကောင်းပြောကြပေလိမ့်မည်။

“နေကောင်းလား ကိုအိဇုမိစံ၊ ကျွန်တော်က ယိုမီယူရီ ရှင်ဘွန်းက သတင်းထောက်ပါ သိချင်တာက ရွှမ်ချင်းမြို့က တာဝန်ရှိသူတွေအနေနဲ့ ခင်ဗျားတို့ဟာ ကန်နွန် ကုမ္ပဏီက ကိုယ်စားလှယ်အဖွဲ့ဆိုတာကို သိကြပါသလား” ယိုမီယူရီ သတင်းထောက်မှာ ပို၍ ဝါရင့်ပြီး မေးခွန်းမှာလည်း အချက်ကျကျ ရှိလှသည်။

ကိုအိဇုမိက ခေါင်းတငြိမ့်ငြိမ့်ဖြင့်— “သိကြတာပေါ့ ကျွန်တော်တို့ အရိုက်ခံရပြီးနောက် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားကတည်းက ကျွန်တော်တို့ ဘယ်သူဘယ်ဝါဆိုတာ ပြောပြခဲ့ပြီးသားပါ”

ယိုမီယူရီ သတင်းထောက်က ဆက်မေးသည်— “ဒါဆို ခင်ဗျားတို့ ဘယ်သူဆိုတာ သိသိကြီးနဲ့တောင် ရွှမ်ချင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို ပြောင်ပြောင်တင်းတင်း အကာအကွယ် ပေးခဲ့တာလား” ထိုဒုတိယမေးခွန်းမှာ သတ်မှတ်ချက်နှင့် မကိုက်ညီသော်လည်း ထိပ်တန်းသတင်းစာကြီးဖြစ်သဖြင့် ထိုမျှသော အခွင့်ထူးကိုတော့ သူတို့ ရရှိကြသည်။

ကိုအိဇုမိသည် ဝမ်းနည်းပူဆွေးဟန် အမူအရာကို တမင်ဖန်တီးလိုက်ပြီး”မှန်ပါတယ် ရွှမ်ချင်းရဲတွေက ကျွန်တော်တို့ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး ကျွန်တော်တို့ကို ရိုက်နှက်ခဲ့တဲ့ လူမိုက်တွေကို အခင်းဖြစ်နေရာမှာတင် ဘာအမှုမှ မဖွင့်ဘဲ လွှတ်ပေးလိုက်ကြတာ”

နောက်တစ်လှည့်မှာ အာဆာဟီ ရှင်ဘွန်း သတင်းထောက် ဖြစ်သည်။ သူမသည် ရုပ်ဆိုးဆိုးနှင့် အသက်ကြီးကြီး အမျိုးသမီးတစ်ဦး ဖြစ်ပြီး စူးရှသောအသံဖြင့်— “ကိုအိဇုမိ... ခင်ဗျားကို ရိုက်နှက်ခဲ့တဲ့ အဲဒီလူမိုက်တွေက ဘယ်သူတွေလဲဆိုတာ ခင်ဗျား အတိအကျ သိပါသလား”

ကိုအိဇုမိသည် စိတ်လှုပ်ရှားစွာဖြင့်— “သိတာပေါ့ သိတာပေါ့ အဲဒီလူမိုက်တွေက လူမိုက်အသေလေးတွေပါ၊ သူတို့နောက်ကွယ်ကနေ အမိန့်ပေးနေတဲ့သူ တစ်ယောက် ရှိတယ်”

အာဆာဟီ သတင်းထောက်က ထပ်မေးသည်— “အဲဒီ နောက်ကွယ်က လူက ဘယ်သူလဲ”

ကိုအိဇုမိက စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်— ‘ရှီလဲ့... အခုတော့ ငါက မင်းကို အများပြည်သူ့ထင်မြင်ချက်တွေနဲ့ ဝိုင်းပတ်ပြီး အကြီးအကျယ် ချေမှုန်းတော့မယ်.. မင်းတို့နိုင်ငံရဲ့ ထုံးစံအရဆိုရင် မင်းတော့ ကံဆိုးတော့မှာပဲ’

“အဲဒီ လက်မည်းကြီးရဲ့ နာမည်က ‘ရှီလဲ့’ ပါ သူက ရွှမ်ချင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက် တစ်ချိန်တည်းမှာပဲ သူက ကန်နွန် ကုမ္ပဏီ ရှနိုင်ငံကို လာရောက်ပူးပေါင်းဖို့ လုပ်ခဲ့တဲ့ လက်တွဲဖော်လည်း ဖြစ်ပါတယ် ကျွန်တော်တို့က သူ့ဆီကနေ ဒစ်ဂျစ်တယ်ကင်မရာ နည်းပညာ မူပိုင်ခွင့်တစ်ခုကို ဝယ်ယူဖို့ စီစဉ်ခဲ့ကြတာပါ” ဟု ကိုအိဇုမိက သတင်းထောက်များ မေးခွန်းထုတ်လာစေရန် လမ်းစဖော်ပေးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အာဆာဟီ သတင်းထောက်က— “လက်တွဲဖော်ဖြစ်နေလျက်နဲ့ ဘာလို့ ပဋိပက္ခ ဖြစ်ခဲ့ရတာလဲ ပြီးတော့ တစ်ဖက်လူက ဘာကြောင့် လူမိုက်တွေကို ခိုင်းပြီး ခင်ဗျားတို့ကို ရိုက်နှက်ခိုင်းရတာလဲ” ဟု ထပ်မေးသည်။

“အကြောင်းကတော့ အဲဒီနည်းပညာဟာ သူကိုယ်တိုင် တီထွင်ထားတာ မဟုတ်ဘဲ ဆိုနီ ကုမ္ပဏီကခိုးယူထားတာဆိုတာ ကျွန်တော်တို့ သိသွားလို့ ဖြစ်ပါလိမ့်မယ် သူက ရှက်ရမ်းရမ်းပြီး ကျွန်တော်တို့ကို လက်စားချေခဲ့တာပါ” ကိုအိဇုမိသည် လူအများ၏ ထင်မြင်ချက်ကို မိမိဘက်ပါလာစေရန် တိုက်ရိုက်ပင် မဟုတ်မတရား စွပ်စွဲလိုက်တော့သည်။ ထိုအချိန်ရောက်လျှင် ရှီလဲ့ ခိုးယူသည်ဖြစ်စေ၊ မခိုးယူသည်ဖြစ်စေ ဒေါသထွက်နေသော ဗွိုက်စင်နိုင်ငံသားများ၏ စိတ်ထဲတွင်တော့ ယင်းမှာ အမှန်တရား ဖြစ်သွားပေလိမ့်မည်။

သတင်းထောက်များက အချက်အလက်များကို အမြန်မှတ်ယူကြသည်။ အာဆာဟီနှင့် ယိုမီယူရီ သတင်းထောက်များ၏ မေးခွန်းများမှာ တကယ့်ကို အလေးပါဆုံး ဖြစ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်အများအပြားသည် ကန်နွန် ၏ ညစာဖိတ်ကြားမှုကို ငြင်းပယ်လိုက်ကြသည်။ သူတို့သည် ညနေခင်းသတင်းများတွင် အမီလွှင့်နိုင်ရန်အတွက် သတင်းများကို အမြန်ဆုံး ရေးသားရန်သာ စိတ်အားထက်သန်နေကြသည်။

သတင်းထောက်များကို ပြန်လွှတ်ပြီးနောက် ကိုအိဇုမိသည် ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။ မော်နီတာပေါ်တွင် တိုကျို၏ နာမည်ကြီး ဖိုရမ်တစ်ခု၌ သူ၏အကြောင်းကို အပူတပြင်း ဆွေးနွေးနေကြသည်ကို တွေ့ရသည်။ ပို့စ်အများစုမှာ ရှနိုင်ငံ၊ ရွှမါချင်းမြို့နှင့် ရှီလဲ့ကို ဆဲဆိုနေကြခြင်း ဖြစ်သည်။

အချို့သော အစွန်းရောက်သူများကဆိုလျှင် အစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက်ပြီး ရွှမ်ချင်းမြို့ တာဝန်ရှိသူများထံမှ ရှင်းလင်းချက် တောင်းခံရန်ပင် အဆိုပြုနေကြသည်။

ရှနိုင်ငံ၊ ရွှမ်ချင်းမြို့၊ ရှီချောင်ခရိုင်တွင်မူ ရှီလဲ့နှင့် စွန်းဖုန်းတို့သည် နေ့လယ်စာ စားသောက်ပြီးနောက် ကားဈေးတန်းဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။ ရှီလဲ့တွင် ကားမောင်းလိုင်စင် မရှိသော်လည်း အရင်ဘဝက ကားမောင်းတတ်သဖြင့် ကားမောင်းရန် အခက်အခဲ မရှိပေ။ ၂၀၀၆ ခုနှစ်ဝန်းကျင်တွင် အချို့သော ကားအရောင်းကိုယ်စားလှယ်များမှာ ဩဇာရှိကြပြီး သူတို့ထံမှ ကားဝယ်လျှင် လိုင်စင်ကိုပါ တစ်ခါတည်း လုပ်ပေးနိုင်ကြသည်။

ကားဈေးတန်းမှာ ရှီချောင်ခရိုင်တွင် မဟုတ်ဘဲ ဘေယုခရိုင်တွင် ဖြစ်သည်။ စွန်းဖုန်းက မောင်းပြီး ရှီလဲ့က ဘေးကလိုက်ကာ ဘေယွီသို့ ဦးတည်လာခဲ့သည်။

လမ်းတစ်နေရာသို့ ရောက်သောအခါ စွန်းဖုန်းက ကားကို ဘေးကပ်ရပ်လိုက်ပြီး “ရှီလဲ့... ဒီလမ်းက ကားရှင်းတယ်.. မင်း တစ်ချက်စမ်းမောင်းကြည့်ဦး မင်းရဲ့ အရည်အချင်းက အိုကေတယ်ဆိုရင်တော့ ကားဝယ်ပြီး လိုင်စင်လုပ်တာက ကိစ္စမရှိဘူး.. ဒါပေမဲ့ မင်းက မမောင်းတတ်ဘူးဆိုရင်တော့ အရင်သွားသင်တာ ပိုကောင်းမယ်”

စွန်းဖုန်း၏ စိုးရိမ်ပေးသော လေသံကြောင့် ရှီလဲ့ စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။ အရင်ဘဝက လီချိုင် အပြင် စွန်းဖုန်းမှာ သူ၏ တစ်ဦးတည်းသော သူငယ်ချင်း မဟုတ်ပါလား။

“ဟားဟား... အစ်ကိုဖုန်း၊ ကျွန်တော် ခင်ဗျားရဲ့ ကားလေးကို တိုက်မိမှာ မကြောက်ဘူးလား” ရှီလဲ့က စနောက်လိုက်သည်။

စွန်းဖုန်းကလည်း ပြန်စသည် “ဘာကြောက်စရာ ရှိလဲ တိုက်မိရင် ပိုတောင် ကောင်းသေး၊ မင်းက ငါ့ကို အသစ်တစ်စီး လျော်ကြေးပေးရမှာပေါ့”

သူတို့နှစ်ဦး နေရာချင်းလဲလိုက်ကြသည်။ ရှီလဲ့သည် ကားမောင်းသူနေရာတွင် ထိုင်ကာ ကျွမ်းကျင်စွာ အင်ဂျင်နှိုး၊ ဂီယာထိုးပြီး ကားကို ငြိမ်သက်စွာ ထွက်ခွာလိုက်သည်။

“ရှီလဲ့... မင်း ဘယ်တုန်းက ကားမောင်းသင်ထားတာလဲ” စွန်းဖုန်းက ရှီလဲ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ စွန်းဖုန်းသည် ရှီလဲ့၏ အခြေအနေကို ကောင်းကောင်းသိသည်။

‘ဒီကောင်က သူ့ဆိုင်မှာ အလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာ၊ ကားမောင်းသင်ဖို့ ပိုလျှံတဲ့ ပိုက်ဆံ ဘယ်မှာ ရှိမှာလဲ’

ရှီလဲ့က ရယ်မောရင်း— “အစ်ကိုဖုန်း... ကျွန်တော် စာအုပ်ထဲက သီအိုရီတွေ ဖတ်ပြီး သင်ထားတာလို့ ပြောရင် ခင်ဗျား ယုံမလား”

“ယုံတာပေါ့” စွန်းဖုန်းက အလေးအနက် ခေါင်းငြိမ့်ပြသည်— “မင်းက ဆော့ဖ်ဝဲလ်တစ်ခု ရေးပြီး သိန်းနှစ်ရာနဲ့ ရောင်းနိုင်တဲ့ကောင်ပဲ၊ ကားမောင်းတာလောက်တော့ သင်နိုင်မှာပေါ့”

ရှီလဲ့က ခပ်ပြုံးပြုံးဖြင့် အရှိန်မြှင့်ကာ ဘေယွီခရိုင်သို့ မောင်းလာခဲ့သည်။ ဘေယွီရှိအော်တိုစီးတီး မှာ အသစ်ဖွင့်ထားခြင်း ဖြစ်ပြီး ရွှမ်ချင်းမြို့၏ အကြီးဆုံး ကားအရောင်းအဝယ် စင်တာဖြစ်ကာ ကားအမှတ်တံဆိပ် စုံလင်စွာ ရှိသည်။

“ရှီလဲ့... မင်း ဘယ်လောက်တန် ကားမျိုး ကြည့်နေတာလဲ” စွန်းဖုန်းက မေးသည်— “ပတ်စ်ဆတ် ပဲ ဝယ်ပါလား၊ အင်ဂျင်ရော၊ ထိန်းချုပ်ရတာရော ကောင်းတယ်လေ”

ရှီလဲ့က ခေါင်းခါလိုက်သည်— “ဟင့်အင်း... ပတ်စ်ဆတ် ကို ကျွန်တော် မကြိုက်ဘူး နည်းနည်းလေး ပိုလန်းတာမျိုး လိုချင်တယ်..နှစ်သိန်းဝန်းကျင်လောက်ပေါ့”

စွန်းဖုန်း ဆွံ့အသွားသည်— “ဝါး သူဌေးကြီးဆိုတော့လည်း မတူဘူးပေါ့”

“ဟေ့... ဟေ့... အစ်ကိုဖုန်း၊ ကျွန်တော့်ကို အဲဒီလို မနှိမ်ပါနဲ့ ခင်ဗျားရဲ့ ပတ်စ်ဆတ် တောင် တစ်သိန်းခုနစ်သောင်း၊ ရှစ်သောင်းလောက် တန်တာပဲ မဟုတ်လား” ရှီလဲ့က ပြန်ချေပသည်။

သူတို့နှစ်ဦး ‌ေအော်တိုစီးတီးသို့ ရောက်ရှိလာသည်။ ရှီလဲ့သည် ဟိုဟိုဒီဒီ လျှောက်မကြည့်တော့ဘဲ အရောင်းဆိုင်သို့ တိုက်ရိုက်သွားသည်။ သို့သော် ၂၀၀၆ ခုနှစ် မော်ဒယ်များထဲတွင် ရှီလဲ့ ကြိုက်နှစ်သက်သည့် Volkswagen Eos မှာ ဈေးနှုန်း ငါးသိန်းခန့် ဖြစ်နေသဖြင့် သူ ချက်ချင်းပင် လက်လျှော့လိုက်သည်။ ရှီလဲ့ ထိုကားကို ကြိုက်သော်လည်း ယခုအချိန်တွင် ထိုမျှ ဈေးကြီးသော ကားကို ဝယ်ယူရန် မလိုအပ်သေးပေ။

စွန်းဖုန်းကလည်း Eos ကို မျက်တောင်မခတ် ကြည့်နေရင်း— “ရှီလဲ့... မင်း တကယ်လို့ ဒီကားကို ဝယ်ရင် ငါ့ကို ရက်အနည်းငယ်လောက် ပေးမောင်းရမယ်နော်” ဟု ဆိုသည်။

ရှီလဲ့က ခေါင်းခါပြသည်— “အစ်ကိုဖုန်း... ဈေးကြီးလွန်းလို့ ကျွန်တော် မဝယ်နိုင်ပါဘူး လာ..အော်ဒီ ဆီ သွားကြည့်ရအောင်”

သူတို့နှစ်ဦးသည် ဘေးနားရှိအော်ဒီ အရောင်းဆိုင်သို့ သွားကြသည်။ ရှီလဲ့သည် ခဏတာ လှည့်ပတ်ကြည့်ရှုပြီးနောက် ‌ေအော်ဒီတီတီကို စိတ်ဝင်စားသွားသော်လည်း နောက်ဆုံးတွင် အဖြူရောင် အော်ဒီအေဖိုးအန်ကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ဈေးနှုန်းမှာလည်း မသက်သာလှချေ၊ စုစုပေါင်း သုံးသိန်းနှစ်သောင်း ကျသင့်မည်ဖြစ်သည်။ ရှီလဲ့၏ ICBC ကတ်ထဲတွင် နှစ်သိန်းလေးသောင်းသာ ရှိသဖြင့် ကားဝယ်ရန် မလုံလောက်သေးပေ။

ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီးနောက် ရှီလဲ့သည် ဆိုင်ရှိ ကွန်ပျူတာကို အသုံးပြုကာ ဆွစ်ဇာလန်ဘဏ်မှ အမေရိကန်ဒေါ်လာ ငါးသောင်းကို ထပ်မံ လွှဲပြောင်းလိုက်ရာ ယွမ်လေးသိန်းငါးထောင် ရရှိလာသည်။ ထို့နောက် အရောင်းကိုယ်စားလှယ်အား ကားမောင်းလိုင်စင်ပါ တစ်ခါတည်း လုပ်ပေးရန် တောင်းဆိုလိုက်သည်။ ဆိုင်ဘက်က သဘောတူသော်လည်း ထိုသို့ လုပ်ပေးရသဖြင့် မူလက ပေးမည်ဟု ကတိပြုထားသည့် တစ်သောင်းတန် ဆီကတ်ကိုတော့ ပြန်ဖျက်လိုက်သည်။ ရှီလဲ့ကတော့ ဂရုမစိုက်ပါ၊ လိုင်စင်ရလျှင် ပြီးရောဟု သတ်မှတ်ထားသည်။

အော်ဒီ အရောင်းဆိုင်က ရှီလဲ့ကို ဓာတ်ပုံရိုက်ပြီး မှတ်ပုံတင်မိတ္တူ ယူထားလိုက်သည်။ ထို့နောက် ရှီလဲ့သည် ငွေချေကာအော်ဒီ ကားသစ်ကြီးကို မောင်းထွက်လာခဲ့သည်။

ဘေးတွင် ထိုင်လိုက်ပါလာသော စွန်းဖုန်းက အားကျစွာဖြင့် “ရှီလဲ့... မင်းကတော့ တကယ့်ကောင်ပဲ၊ ဒီကား ကို တန်းဝယ်နိုင်တယ်နော် ဒါက ငါ့ရဲ့ တစ်သက်တာ အိပ်မက်ပဲ”

ရှီလဲ့က ခပ်ပေါ့ပေါ့ပင်— “အစ်ကိုဖုန်း... မနောက်စမ်းပါနဲ့ ခင်ဗျား အဘိုးကြီးဆီက စီးပွားရေးတွေကို ဆက်ခံရတဲ့အခါ ‌ေအော်ဒီ‌ေအဖိုးအန်မဟုတ်ဘူး အော်ဒီအာအိတ် တောင် အေးဆေး ဝယ်နိုင်မှာပါ”

ရှီလဲ့၏ ဖုန်း မြည်လာသည်။ သူ ကြည့်လိုက်သောအခါ ဂျပန်နိုင်ငံမှ ဖုန်းနံပါတ်တစ်ခု ဖြစ်နေသဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

‘ယဲ့ဖုန်းဘက်က တစ်ခုခုများ မှားယွင်းသွားတာလား’

All Chapters