← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း - ၉၉

ရှနိုင်ငံ၏ ဟက်ကာလောကတွင် ပထမမျိုးဆက် ဟက်ကာအဖွဲ့အစည်းများသည် ဒဏ္ဍာရီများသဖွယ် ဖြစ်နေကြပြီဖြစ်သည်။ သူတို့သည် နဂါးအလား ခေါင်းပြသော်လည်း အမြီးမမြင်ရဘဲ သူတို့၏ တရားဝင်ဝဘ်ဆိုက်ဒ်များကိုပင် လျှို့ဝှက်ထားကြသည်။ ထိုဝဘ်ဆိုဒ်များသို့ ဝင်ရောက်ရန်အတွက် လျှို့ဝှက် IP လိပ်စာတစ်ခု လိုအပ်ပေသည်။

ဟက်ကာလောက၏ ပင်မကျောရိုးမှာ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများဖြစ်ပြီး ‘ဟက်ကာမဟာမိတ်အဖွဲ့’ မှာ နာမည်ကျော် ကိုယ်စားလှယ်ဖြစ်သည်။ သူတို့၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တစ်နည်းအားဖြင့် သူတို့သည် ရှနိုင်ငံ ဟက်ကာလောက တစ်ခုလုံးကို ကိုယ်စားပြုနေကြသည်။

ဟက်ကာမဟာမိတ်အဖွဲ့အပြင် အခြားသော ဒုတိယမျိုးဆက် အဖွဲ့အစည်းနှစ်ခု ရှိသေးသော်လည်း ထိုအဖွဲ့နှစ်ခုမှာ အလွန်ပင် လျှို့ဝှက်စွာ နေထိုင်ကြပြီး ပထမမျိုးဆက်များ၏ ခြေရာကို နင်းရန် ကြိုးစားနေပုံရသည်။

အွန်လိုင်းကွန်ရက်ပေါ်တွင် အတက်ကြွဆုံးသော ဟက်ကာများမှာ တတိယမျိုးဆက် အဖွဲ့အစည်းများ ဖြစ်ကြသည်။ ထိုအဖွဲ့များကို အခြေခံအားဖြင့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည်။ အများစုမှာ အဆင်သင့်ရှိသော တိုက်ခိုက်ရေး ကိရိယာ များကိုသာ သုံးတတ်သည့် ဟက်ကာတုများဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်း မရှိသလောက်ပင်။ သို့သော်လည်း သူတို့ထဲတွင် ကျွမ်းကျင်သူများလည်း မရှားလှပေ။

တတိယမျိုးဆက် အဖွဲ့အစည်း အကြီးအသေး ဆယ်ခုထက်မက ရှိသော်လည်း အင်အားအရှိဆုံးမှာ လေးခုသာ ရှိသည်။ မြောက်ပိုင်းမှ ‘စည်ပင်ထွန်းကားသော မင်းဆက်’ ၊အရှေ့ပိုင်းမှ ‘လုပ်ကြံသူ’ ၊ နောက်ပိုင်းမှ ‘အနက်ရောင် ဝိညာဉ်’ နှင့် တောင်ပိုင်းမှ ‘ဒေါသထွက်နေသော မျိုးနွယ်စု’ တို့ ဖြစ်ကြသည်။ ထိုအဖွဲ့လေးခုသည် တည်နေရာအလိုက် ခွဲခြားထားပြီး ရှနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားများကို စုဆောင်းထားခြင်း ဖြစ်သည်။

ထုတ်ပြန်ချက် ထွက်လာပြီးနောက် သူတို့၏ တရားဝင်ဖိုရမ်မှာ သိသိသာသာ ပို၍ အသက်ဝင်လာသည်။ မှတ်ပုံတင်ထားသူ အဖွဲ့ဝင် တစ်သောင်းကျော်ရှိသော ဟက်ကာအဖွဲ့အစည်းအနေဖြင့် သာမန်လူများ၏ အမြင်တွင် သူတို့မှာ အလွန်အင်အားကြီးမားလှသည်။

အမာခံအဖွဲ့ဝင် ‘စည်ပင်ထွန်းကားသော မင်းဆက်’မှာ တိုက်ခိုက်ရေးကိရိယာတစ်ခုကို ပြုပြင်နေသည်။ ထိုကိရိယာသည် သာမန်အသုံးပြုသူ၏ ဝင်ရောက်မှုကို ဟန်ဆောင်နိုင်ပြီး တစ်ဖက်လူ၏ ဆာဗာစနစ်ကို ပိတ်ဆို့ရန် အမှိုက်ဖိုင် များကို ထုတ်ပေးနိုင်သည်။ ထိုကိရိယာကို ထန်ယွမ်က ‘အမှိုက်စက်’ ဟု အမည်ပေးထားပြီး ၎င်း၏ အမည်နှင့် လိုက်ဖက်လှပေသည်။

အတွင်းပိုင်း အသံဖြင့် ဆွေးနွေးခန်းတွင် ထန်ယွမ်က မေးလိုက်သည် “ချင်းဟွာ... အခု အမာခံအဖွဲ့ဝင် ဘယ်နှစ်ယောက် အွန်လိုင်းမှာ ရှိလဲ မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်တွေရော ဘယ်လောက်ရှိပြီလဲ”

‘စည်ပင်ထွန်းကားသော ချင်းဟွာ’ သည် အဖွဲ့၏ ထောက်လှမ်းရေးနှင့် စီစဉ်ရေးကို တာဝန်ယူရသူ ဖြစ်သည်။ သူသည် ဝက်ဘ်ဆိုက်ဒ်၏ စာရင်းဇယားများကို ကြည့်ကာ ပြန်ဖြေသည် “အခု အမာခံအဖွဲ့ဝင် ၁၅၀ ကျော် ရှိနေပြီ၊ ဒါဟာ အမာခံအဖွဲ့ဝင် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ပဲ မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်တွေကတော့ အွန်လိုင်းမှာ သုံးထောင်ကျော် ရှိနေပြီ အချိန် တစ်နာရီကျော် ကျန်သေးတော့ နောက်ထပ်လည်း ရောက်လာကြဦးမှာပါ” အမာခံအဖွဲ့ဝင် စုစုပေါင်း ၂၂၀ ရှိရာ ၁၅၀ ကျော် စုစည်းနိုင်ခြင်းမှာ သူတို့၏ စည်းလုံးမှုကို ဖော်ပြနေခြင်းပင်။

“ရွှမ်တဲ... ဒါအိုဟွာ သတင်းအေဂျင်စီရဲ့ အခြေအနေကို စုံစမ်းလို့ ပြီးပြီလား” အမာခံအဖွဲ့ဝင် သုံးဦးအနက် ထန်ယွမ်မှာ ခေါင်းဆောင်ဖြစ်ပြီး ချင်းဟွာမှာ စီမံရေးဖြစ်ကာ ရွှမ်တဲမှာ ထောက်လှမ်းရေး ဖြစ်သည်။

‘စည်ပင်ထွန်းကားသော ရွှမ်တဲ’ က ပြန်ဖြေသည်— “အားလုံး စုံစမ်းပြီးပါပြီ ဒါအိုဟွာ သတင်းအေဂျင်စီရဲ့ ကာကွယ်ရေးစနစ်က သိပ်မမြင့်လှဘူး..မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်တွေကို အရင်တိုက်ခိုက်ခိုင်းပြီးမှ ကျွန်တော်တို့ သုံးယောက်က မှတ်ပုံတင်အဖွဲ့ဝင်တွေရဲ့ အင်အားနဲ့အတူ ပေါင်းတိုက်လိုက်မယ်ဆိုရင် သူတို့ရဲ့ ဖိုင်းယာဝေါလ်ကို ဖြိုဖျက်ဖို့ အများဆုံး ငါးမိနစ်ပဲ ကြာလိမ့်မယ်။ ပြီးရင်တော့ စိတ်ကြိုက် ဖျက်ဆီးရုံပဲ”

ထန်ယွမ်က ချောင်းနှစ်ချက်ဟန့်လိုက်ပြီး အလေးအနက် ပြောသည်— “ရွှမ်တဲ... ငါတို့က ဖျက်ဆီးနေတာ မဟုတ်ဘူး၊ တရားမျှတမှုအတွက် လုပ်နေတာ”

ရွှမ်တဲက တဟားဟား ရယ်မောလိုက်ပြီး “ဟုတ်ကဲ့ပါ... တရားမျှတမှုအတွက်ပေါ့”

စည်ပင်ထွန်းကားသောမင်းဆက် ၏ ထူးခြားသော လှုပ်ရှားမှု သတင်းမှာ လုပ်ကြံသူ အဖွဲ့ထံသို့ ရောက်ရှိသွားသည်။ ထိုတတိယမျိုးဆက် ဟက်ကာအဖွဲ့နှစ်ခုမှာ ရွှမ်ချင်းတက္ကသိုလ်နှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ကဲ့သို့ပင် မကြာခဏ အချင်းချင်း တိုက်ခိုက်လေ့ရှိကြသည်။

လုပ်ကြံသူ အဖွဲ့၏ ခေါင်းဆောင်မှာ ‘ကွေ့စစ်’ ဖြစ်သည်။ သတင်းရရချင်း သူသည် နာမည်ဝှက်တစ်ခုဖြင့် စည်ပင်ထွန်းကားသောမင်းဆက် ဆီသို့ ကိုယ်တိုင်ဝင်ရောက်ကာ သတင်းအမှန်ကို စုံစမ်းသည်။ ဂျပန်မှ ဒါအိုဟွာ သတင်းအေဂျင်စီကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ ချက်ချင်းပင် လှုပ်ရှားတော့သည်။

တကယ်လို့ စည်ပင်ထွန်းကားသောမင်းဆက် သာ အောင်မြင်သွားခဲ့လျှင် သူတို့မှာ နာမည်ကြီးသွားပြီး တရားမျှတမှုကို ကိုယ်စားပြုသူတွေ ဖြစ်သွားလိမ့်မည်။ လုပ်ကြံသူအဖွဲ့အနေဖြင့် ဘယ်လိုလုပ် နောက်ကျကျန်နေနိုင်ပါ့မည်နည်း။

ကွေ့စစ်သည် သူ၏အဖွဲ့အတွင်း အရေးပေါ် ခေါ်ယူမှုပြုလုပ်ပြီးနောက် စီမံချက်တစ်ခု ရေးဆွဲလိုက်သည်။ စည်ပင်ထွန်းကားသောမင်းဆက်အဖွဲ့က လူသိနည်းသည့် သတင်းဌာနအသေးလေးကို တိုက်ခိုက်မည်ဆိုပါက လုပ်ကြံသူအဖွဲ့ အနေဖြင့် ပို၍ လူသိများသော မီဒီယာတစ်ခုကို တိုက်ခိုက်မည် ဖြစ်သည်။

လုပ်ကြံသူအဖွဲ့ ၏ စုစုပေါင်းအင်အားမှာ စည်ပင်‌ထွန်းကားသောမင်းဆက်အဖွဲ့ နှင့်ဆင်တူသော်လည်း သူတို့တွင် အမာခံအဖွဲ့ဝင် ငါးဦးအထိ ရှိသဖြင့် ထိပ်တန်းအင်အားတွင်သာလွန်သည်။ ထို့ကြောင့် သူတို့မှာ ပို၍ အစွမ်းထက်ကြောင်း သက်သေပြရန် ယုံကြည်ချက် ရှိနေကြသည်။

ဂျင်းယာဥယျာဉ်၊ အဆောက်အဦး (၁၀)၊ အခန်း (၂၀၀၃) တွင် ရှီလဲ့သည်လည်း ပြင်ဆင်မှုများ ပြုလုပ်နေသည်။ စည်ပင်ထွန်းကားသောမင်းဆက်အဖွဲ့ ၏ ဒါအိုဟွာ သတင်းအေဂျင်စီအပေါ် အာဃာတကို မီးမွှေးပေးပြီးနောက် ရှီလဲ့သည် နောက်ကွယ်မှလိုက်ကာ အခြေအနေများကို ပိုမိုကြီးထွားလာအောင် လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

အချိန်မှာ တစ်မိနစ်ချင်း ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ည ၇ နာရီ မိနစ် ၅၀ သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ဂျပန်မှာ ည ၈ နာရီ မိနစ် ၅၀ ရှိပေလိမ့်မည်။ မင်းဆက်အဖွဲ့၏ တိုက်ခိုက်မှု စတင်ရန် ဆယ်မိနစ်သာ လိုတော့သည်။

ရှီလဲ့သည် နာမည်ဝှက်တစ်ခုဖြင့် ဝက်ဘ်ဆိုက်ဒ်သို့ ဝင်ရောက်လိုက်သည်။ အမာခံအဖွဲ့ဝင် ထန်ယွမ်က အဖွဲ့ဝင်အားလုံးကို အသံဖြင့် ညွှန်ကြားချက်ပေးနိုင်ရန် ချန်နယ်တစ်ခုထဲသို့ ခေါ်ယူလိုက်သည်။ ထိုချန်နယ်တွင် မှတ်ပုံတင်ထားသော အဖွဲ့ဝင်များမှာ စကားပြောခွင့် မရှိပေ။ အမာခံအဖွဲ့ဝင်အချို့သာ စကားပြောခွင့် ရှိသည်။

ထန်ယွမ်က ချန်နယ်ထဲရှိ အဖွဲ့ဝင်များအား ၎င်းပေးပို့ထားသော ‘အမှိုက်စက်’ တိုက်ခိုက်ရေးကိရိယာကို လက်ခံရန် ညွှန်ကြားလိုက်သည်။

ရှီလဲ့သည်လည်း ထိုကိရိယာကို လက်ခံလိုက်သော်လည်း သူက အပျော်သဘောသာ လုပ်နေခြင်းဖြစ်သည်။ သူ ချန်နယ်ထဲသို့ ဝင်ရခြင်းမှာ မင်းဆက်အဖွဲ့၏ အခြေအနေကို သိရှိနိုင်ရန်အတွက်သာ ဖြစ်သည်။

ဂျပန်နိုင်ငံမှ ဒါအိုဟွာ သတင်းအေဂျင်စီမှာ အတင်းအဖျင်း သတင်းစာတိုက်တစ်ခုသာ ဖြစ်သည်။ ဒါအိုဟွာ မိသားစုပိုင် သတင်းစာလုပ်ငန်းဖြစ်သဖြင့် သူတို့၏ စီမံခန့်ခွဲမှုမှာ ရိုးရှင်းပြီး နည်းပညာပိုင်းတွင် အားနည်းလှသည်။

ဆန်ပန်းအယ်လီမှာ မျိုးဆက်သစ်လူငယ်များထဲတွင် အထင်ရှားဆုံး အဖွဲ့ဝင်ဖြစ်သည်။ သူ၏ အိပ်မက်မှာ ဒါအိုဟွာ သတင်းအေဂျင်စီကို နိုင်ငံ၏ ဆဋ္ဌမမြောက် အကြီးဆုံး သတင်းစာတိုက် ဖြစ်လာစေရန် ဖြစ်သည်။ထိုအိပ်မက်အတွက် ဆန်ပန်းအယ်လီသည် သူ၏ သိက္ခာကိုပင် အဖတ်မတင်အောင် ဖျက်ဆီးခဲ့သူ ဖြစ်သည်။

ကိုအိဇုမိ အိချိရိုက ရှမိန်းကလေးများအကြောင်း ပြောကြားခဲ့သည့် သတင်းနှင့် ပတ်သက်၍ ဆန်ပန်းအယ်လီသည် အလွန် ဂုဏ်ယူနေသည်။ အကြောင်းမှာ ထိုသတင်းကြောင့် ဒါအိုဟွာ သတင်းစာ အရောင်းရဆုံးမှာ ခြောက်ဆအထိ မြင့်တက်သွားပြီး ဝက်ဘ်ဆိုက်ဒ်သို့ ဝင်ရောက်ကြည့်ရှုသူမှာ ဆယ်ဆအထိ တိုးတက်သွားသောကြောင့် ဖြစ်သည်။

လူငယ်တစ်ယောက် ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာသောကြောင့် ဆန်ပန်းအယ်လီမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

“ရဲ့ရှီ ... မင်း အခန်းထဲ မဝင်ခင် တံခါးခေါက်ရမယ်လို့ မင်းအမေ မသင်ပေးဘူးလား” ဟု အယ်လီက ရဲ့ရှီဆိုသူ လူငယ်ကို ဆူပူလိုက်သည်။

“ဒုတိယဥက္ကဋ္ဌ... မကောင်းတော့ဘူးညကိစ္စကြီး တစ်ခု ဖြစ်နေပြီညကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ဒ်ကို ဟက်ကာတွေက ရုတ်တရက် တိုက်ခိုက်နေကြတယ်” ရဲ့ရှီက ရှင်းပြမနေတော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အယ်လီက တည်ငြိမ်စွာပင် “ဟက်ကာ တိုက်ခိုက်တာလောက်ကတော့ နေ့တိုင်း ကြုံနေရတာပဲ မဟုတ်လား ပြန်မောင်းထုတ်လိုက်ပေါ့”

ရဲ့ရှီ၏ နဖူးမှ ချွေးစများ စီးကျလာပြီး “ဒုတိယဥက္ကဋ္ဌ... အခု တိုက်ခိုက်နေတဲ့ ဟက်ကာ အနည်းဆုံး တစ်ထောင်လောက် ရှိတယ် ကျွန်တော်တို့ရဲ့ ဖိုင်းယားဝေါလ်က အတင်းအဓမ္မ ထိုးဖောက်ခံရတော့မယ်”

“နာနီ” အယ်လီ၏ မျက်နှာပျက်သွားသည် “နည်းပညာဌာနကို အစွမ်းကုန် ကာကွယ်ခိုင်းလိုက်၊ ပြီးရင် နော်တန်ရဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေကို အမြန်ဆက်သွယ်ပြီး အကူအညီတောင်းလိုက် ကျွန်တော်တို့က သူတို့ရဲ့ ဖိုင်းယားဝေါလ်ဝန်ဆောင်မှုကို ဝယ်ထားတာလေ၊ သူတို့ ကူညီရမယ်”

“ဟုတ်ကဲ့... ဟုတ်ကဲ့” ရဲ့ရှီက နဖူးမှ ချွေးများကို သုတ်ကာ အလျင်အမြန် ဖုန်းဆက်တော့သည်။

မင်းဆက်အဖွဲ့ ၏ အသံချန်နယ်တွင် ထန်ယွမ်က အမိန့်များ ပေးနေရင်း— “ရွှမ်တဲ... အခြေအနေ ဘယ်လိုလဲ” ဟု မေးလိုက်သည်။

“နောက်ထပ် နှစ်မိနစ်လောက်နေရင် တစ်ဖက်လူရဲ့ ဖိုင်းယားဝေါလ်ကို ထိုးဖောက်နိုင်တော့မယ်” ဟု ရွှမ်တဲက ပြန်ဖြေသည်။

ရှီလဲ့သည် အိုက်စင် ကုမ္ပဏီ၏ ပထမအဆင့် ဘော့တ်ကို ထိန်းချုပ်ထားရင်း စိတ်ထဲမှ ရယ်မောလိုက်သည်— ‘နှစ်မိနစ်တောင် မကြာပါဘူး’ ဟုပေါ့။ ဟုတ်ပါသည်၊ ရှီလဲ့သည် သူ၏ မိုက်ခရိုဖုန်းကို မဖွင့်ထားသလို စကားပြောခွင့်လည်း မရှိသဖြင့် မင်းဆက်အဖွဲ့ မှ လူများက သူ့ကို မကြားနိုင်ကြပေ။

အိုက်စင် ကုမ္ပဏီ၏ ဆာဗာမှာ စူပါကွန်ပျူတာ အသေးစားလေး ဖြစ်သည်။ ရှီလဲ့၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ကြောက်မက်ဖွယ် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဒါအိုဟွာ သတင်းအေဂျင်စီ၏ ဝက်ဘ်ဆိုက်ဒ်ဆီသို့ အမှိုက်ဗိုင်းရပ်စ် များကို တရစပ် ပေးပို့လိုက်သည်။ ပထမအဆင့် ဘော့တ်၏ အစွမ်းထက်သော လုပ်ဆောင်ချက်ကြောင့် တစ်ဖက်လူ၏ ဖိုင်းယားဝေါလ်မှာ အလွယ်တကူပင် ပွင့်ထွက်သွားတော့သည်။

ရွှမ်တဲက ချက်ချင်းပင်— “ထန်ယွမ်... တစ်ဖက်လူရဲ့ ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ပြီ” ဟု ဆိုသည်။

ထန်ယွမ်ခေတ္တ ကြောင်သွားသည်— “ဒီလောက် မြန်မြန်ကြီးလား”

“အခုနက ‘အမှိုက်စက်’ ရဲ့ တိုက်ခိုက်မှု အရှိန်က ရုတ်တရက်ကြီး အကြီးအကျယ် မြင့်တက်လာပြီး တစ်ဖက်လူရဲ့ ဆာဗာ ဖိုင်ယာဝေါကို လုံးဝ ထိုးဖောက်သွားတာပဲ” ဟု ရွှမ်တဲက ပြန်ဖြေသည်။

ထန်ယွမ်က အားရပါးရ ရယ်မောလိုက်သည် “ညီအစ်ကိုတို့... အတူတူ ဝင်တိုက်ကြစမ်း တစ်ဖက်လူရဲ့ အချက်အလက်တွေကို စိတ်ကြိုက်ခိုးယူပြီး ကြိုက်သလို ကစားကြ” သူကိုယ်တိုင်လည်း ဆာဗာ၏ ခွင့်ပြုချက် များကို ရယူကာ စူပါအသုံးပြုသူ ခွင့်ပြုချက်ကို စတင် တိုက်ခိုက်တော့သည်။

ဒါအိုဟွာ သတင်းအေဂျင်စီ၏ နည်းပညာဌာနတွင် အယ်လီက ကိုယ်တိုင် ကြီးကြပ်နေသည်။ ရဲ့ရှီ၏ နဖူးမှ ချွေးများမှာ တောက်တောက်ကျနေပြီး မော်နီတာကို ထိတ်လန့်တကြား ကြည့်ကာ ကီးဘုတ်ကို ရိုက်နှက်နေသည်။

“မြန်မြန်လုပ်ကြစမ်း ဒါလန်၊ ဂျီရို... မင်းတို့ နှစ်ယောက် ပေါ့ဒ် တွေကို ကာကွယ်ထား” ဟု ရဲ့ရှီက အော်ဟစ် ညွှန်ကြားလိုက်သည်။

ဒါလန်က— “ဌာနမှူး ရဲ့ရှီ... ကျွန်တော်တို့ မထိန်းနိုင်တော့ဘူး တစ်ဖက်လူရဲ့ တိုက်ခိုက်မှုက ပြင်းထန်လွန်းတယ်” ဟု ပြန်ဖြေသည်။

ဂျီရိုကပင် အော်လိုက်သည်— “မကောင်းတော့ဘူး ဌာနမှူး ရဲ့ရှီ... တစ်ဖက်လူက ပေါ့ဒ်တွေကို ထိုးဖောက်ပြီး ဆာဗာထဲကို ဝင်လာပြီ”

ရဲ့ရှီ၏ ခေါင်းပေါ်တွင် ချွေးများ ပိုထွက်လာသည် “ပေါ့ဒ်တွေကို ထားလိုက်တော့၊ ဖိုင်းယားဝေါလ်ကိုပဲ အစွမ်းကုန် ကာကွယ်ကြ”

သို့သော် သူတို့ သုံးဦးစလုံး ဖိုင်းယာဝေါလ်ကို ကာကွယ်ရန် ပြင်လိုက်ချိန်တွင် ဖိုင်ယာဝေါလ်မှ ထိတ်လန့်ဖွယ်ရာ အချက်ပေးသံများ တရစပ် မြည်လာသည်။ သူတို့ တုံ့ပြန်ရန် မအားခင်မှာပင် ဖိုင်းယာဝေါလ်အချက်ပေးသံမှာ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။

ဂျီရိုက ထပ်မံ အော်ပြောသည်— “ဌာနမှူး ရဲ့ရှီ... ဖိုင်ယာဝေါလ်က လုံးဝ ပြိုကျသွားပြီ၊ တစ်ဖက်လူက စူပါအသုံးပြုသူ ခွင့်ပြုချက်ကို ဦးတည်နေပြီ..ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

ရဲ့ရှီ၏ ပထမဆုံး တုံ့ပြန်မှုမှာ အချက်အလက်များကို ကယ်တင်ရန် အင်တာနက်ကို ဖြတ်တောက်လိုက်ဖို့ ဖြစ်သည်။ သို့သော် အင်တာနက် ဖြတ်တောက်လိုက်ပါက ဒါအိုဟွာ သတင်းအေဂျင်စီ၏ တရားဝင် ဝဘ်စာမျက်နှာမှာ တစ်ဖက်လူ စိတ်ကြိုက် ကစားစရာ ဖြစ်သွားပေလိမ့်မည်။

ရဲ့ရှီ တွေဝေနေသော ခဏတာအတွင်းမှာပင် ရှီလဲ့၏ အကူအညီဖြင့် ထန်ယွမ်သည် ဒါအိုဟွာ သတင်းအေဂျင်စီ ဆာဗာ၏ စူပါအသုံးပြုသူ ခွင့်ပြုချက်ကို လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သိမ်းပိုက်လိုက်တော့သည်။

မင်းဆက်အဖွဲ့ ၏ အသံချန်နယ်တွင် ထန်ယွမ်က အားရပါးရ ရယ်မောလိုက်သည် “ညီအစ်ကိုတို့... စူပါအသုံးပြုသူ ခွင့်ပြုချက်ကို ရပြီဟေ့ ဖုံးကွယ်မနေကြနဲ့တော့၊ စိတ်ကြိုက်သာ ကစားကြတော့”

ဒါအိုဟွာ သတင်းအေဂျင်စီဘက်တွင်မူ ရဲ့ရှီမှာ ထိုင်ခုံပေါ်သို့ အားမရှိသလို ပုံကျသွားသည် “ဒုတိယဥက္ကဋ္ဌ... ကျွန်တော်တို့ သွားပြီ သွားပြီ ဆာဗာရဲ့ စူပါအသုံးပြုသူ ခွင့်ပြုချက်က တစ်ဖက်လူ လက်ထဲ ရောက်သွားပြီ”

အယ်လီက ရဲ့ရှီ၏ ပါးကို “ဖြန်း” ခနဲ မြည်အောင် ရိုက်လိုက်သည်။ “အသုံးမကျတဲ့ကောင် တကယ့်ကို အသုံးမကျတဲ့ကောင် ဟက်ကာ အသေးအမွှားလေးတွေကိုတောင် မတားနိုင်ဘူးလား ဂျီရို... အဲဒီ ဟက်ကာတွေက ဘယ်သူတွေလဲ”

ဂျီရိုက ခေါင်းငုံ့ကာ— “ဒုတိယဥက္ကဋ္ဌ... တစ်ဖက်လူတွေက ရှနိုင်ငံသားတွေဆိုတာပဲ သိရပါတယ်အသေးစိတ် အချက်အလက်ကိုတော့ ရှာမတွေ့ပါဘူး တောင်းပန်ပါတယ် ဒုတိယဥက္ကဋ္ဌ”

“ရှနိုင်ငံသားတွေအဲဒီ နွားမသား ရှနိုင်ငံသားတွေ ဂျီရို... တိုကျို ရဲဌာနချုပ်ကို အကြောင်းကြားပြီး အမှုဖွင့်လိုက် ဒါအိုဟွာ မိသားစုက ဒီအတိုင်း လွှတ်မထားဘူး၊ အဲဒီ ရှနိုင်ငံသားတွေကို သေချာပေါက် ပေးဆပ်ခိုင်းရမယ်”

All Chapters