အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း - ၁၀၀
ဂျပန်နိုင်ငံရှိ ဒါအိုဟွာ သတင်းအေဂျင်စီ၏ ဆာဗာသည် ‘စည်ပင်ထွန်းကားသော မင်းဆက်’ ၏ လက်ထဲသို့ ကျရောက်သွားပြီးနောက် စူပါအသုံးပြုသူ ခွင့်ပြုချက် ကိုပါ သိမ်းပိုက်ခြင်း ခံလိုက်ရသည်။
မင်းဆက်အဖွဲ့၏ အသံချန်နယ်တွင် ထန်ယွမ်က အားရပါးရ ရယ်မောလိုက်သည်။
“ညီအစ်ကိုတို့... ဒီလူတွေအတွက် ဝက်ဘ်ဆိုက်ဒ်အသစ်တစ်ခု ဖန်တီးပေးလိုက်ကြစို့”
ထန်ယွမ်သည် ဒါအိုဟွာ သတင်းအေဂျင်စီ၏ တရားဝင် ဝဘ်စာမျက်နှာထဲသို့ ဝင်ရောက်ကာ ရှိသမျှ အချက်အလက်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင်တော့ ထန်ယွမ်သည် ဒါအိုဟွာ၏ နောက်ခံပုံနေရာတွင် တောက်ပသော အနီရောင် ‘ကြယ်ငါးပွင့် ရှနိုင်ငံတော်အလံ’ ကြီးကို အစားထိုး လွှင့်တင်လိုက်တော့သည်။
ယင်းနောက် စိတ်လှုပ်ရှားတက်ကြွဖွယ်ကောင်းပြီး ခန့်ညားထည်ဝါလှသော နိုင်ငံတော်သီချင်းကိုပါ ဝက်ဘ်ဆိုက်ဒ်ထဲသို့ ထည့်သွင်းလိုက်သည်။
“အခုလေးတင် သတင်းရတယ်... လုပ်ကြံသူအဖွဲ့က ‘တိုကျိုတိုင်းမ်’ သတင်းဌာနကို ပစ်မှတ်ထား တိုက်ခိုက်နေပြီတဲ့”
“တိုကျိုတိုင်းမ် သတင်းဌာနက ဩဇာအတော်လေးကြီးတယ် တကယ်လို့ သူတို့က အဲဒီဆိုက်ဒ်ကို သိမ်းပိုက်နိုင်သွားရင် ငါတို့က နောက်ကျကျန်ခဲ့လိမ့်မယ်”
“အားလုံး ပြောကြစမ်း... ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ”
စီမံခန့်ခွဲရေး တာဝန်ခံ ချင်းဟွာ ကတော့ မည်သည့်သဘောထားမျှ ထုတ်ဖော်မပြောသေးပေ။
ထောက်လှမ်းရေး ဒါရိုက်တာ ရွှမ်တဲကမူ ချက်ချင်းပင် “ထန်ယွမ်... ငါတို့လည်း နာမည်ကြီး သတင်းဌာနတစ်ခုကို တိုက်ခိုက်မှဖြစ်မယ်..လုပ်ကြံသူအဖွဲ့ရဲ့ နောက်မှာတော့ အပြတ်အသတ် ကျန်မနေခဲ့နိုင်ဘူး”
အမာခံအဖွဲ့ဝင်များကလည်း ဝိုင်းဝန်း အော်ဟစ်ကြသည် “ဆရာကြီး... သူတို့ရဲ့ နောက်မှာ ကျန်မနေခဲ့ပါစေနဲ့”
“သူတို့က ငါတို့ထက် နည်းနည်းလေး ပိုအစွမ်းထက်နေတာတောင် အခုလို သူတို့ကပဲ နှိပ်ကွပ်သွားမယ်ဆိုရင် ငါတို့ သိက္ခာ ဘယ်မှာ ရှိတော့မလဲ”
ထန်ယွမ်က ပြတ်သားစွာဖြင့် “ကောင်းပြီ လုပ်ကြံသူအဖွဲ့ရဲ့ အနှိမ်ခံရရင် ငါတို့ သိက္ခာ ဘယ်မှာ ရှိတော့မလဲ ရွှမ်တဲ... တိုကျိုတိုင်းမ်နဲ့ အဆင့်တူတဲ့ သတင်းဌာနတစ်ခုကို ရှာလိုက်စမ်း၊ ငါတို့ အဲဒီကောင်တွေကို အပြတ်အသတ် တိုက်ခိုက်ပစ်မယ်”
ရွှမ်တဲက ချက်ချင်းပင် ပြန်ဖြေသည်— “’တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာ’ က တိုကျိုတိုင်းမ်ထက်တောင် ဩဇာပိုကြီးသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကာကွယ်ရေးကတော့ လက်အောက်ခံဖြစ်တဲ့ တိုကျိုတိုင်းမ်လောက် မမာဘူး”
ထန်ယွမ်က အမိန့်ပေးလိုက်သည် “ကောင်းပြီ... ဒါဆို ‘တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာ’ ကိုပဲ ပစ်မှတ်ထားပြီး အပြတ်ရှင်းပစ်ကြမယ်”
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တိုကျိုမြို့တော် အစိုးရရုံး။
ည ၉ နာရီကျော်ပြီဖြစ်သဖြင့် ဝန်ထမ်းအများစုမှာ အလုပ်ဆင်းသွားကြပြီ ဖြစ်သည်။ သို့သော်လည်း ဖုန်းသံများကတော့ တစ်ဒေါင်ဒေါင်နှင့် မရပ်မနား မြည်နေဆဲပင်။
မျက်မှန်တပ်ထားသော မိန်းကလေးတစ်ဦးသည် ပျာပျာသလဲနှင့် ဖုန်းကိုင်လိုက်သည် “ဟဲလို... တိုကျိုမြို့တော် အစိုးရရုံးကပါ”
“ဟဲလို... ကျွန်တော်က ဂူချွမ်းသတင်းအေဂျင်စီရဲ့ ဥက္ကဋ္ဌပါ ကျွန်တော့်ကို ဆိုက်ဘာလုံခြုံရေးဌာနနဲ့ ချိတ်ပေးပါ.. ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်ကို ရှနိုင်ငံက ဟက်ကာတွေ တိုက်ခိုက်နေပြီး အခု သူတို့လက်ထဲ ရောက်သွားပါပြီ”
ဂူချွမ်း သတင်းဌာန ဥက္ကဋ္ဌသည် တည်ငြိမ်သော လေသံဖြင့် ပြောနေသော်လည်း သူ၏ အသံထဲတွင် ဖုံးကွယ်၍မရသော ဒေါသများ ပါဝင်နေသည်။
ခန့်ညားထည်ဝါလှသော ဂျပန်သတင်းဌာနတစ်ခု၏ ဝက်ဘ်ဆိုက်ဒ်တွင် ရှနိုင်ငံတော်အလံ လွှင့်ထူခံလိုက်ရခြင်းမှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသည် မဟုတ်ပါလား။
“တောင်းပန်ပါတယ်ရှင်... ဆိုက်ဘာလုံခြုံရေးဌာနက လူတွေ အလုပ်ဆင်းသွားကြပါပြီ ကျွန်မ သူတို့အတွက် သတင်းပါးပေးထားပါ့မယ်၊ သူတို့ အလုပ်တက်တာနဲ့ ချက်ချင်း ကိုင်တွယ်ပေးပါလိမ့်မယ်” ဟု မျက်မှန်နှင့် အော်ပရေတာမလေးက အားနာတကြီး ပြောလိုက်သည်။
ဂူချွမ်း သတင်းဌာန ဥက္ကဋ္ဌကတော့ ဖုန်းကို ဒိုင်းခနဲ မြည်အောင် ပြန်ချပစ်လိုက်သည်။
ဖုန်းသံ ထပ်မြည်လာပြန်သည်။ မိန်းကလေးက မတတ်သာဘဲ ထပ်ကိုင်ရပြန်သည်— “ဟဲလို... တိုကျိုမြို့တော် အစိုးရရုံးကပါ”
“ငါက တိုကျိုတိုင်းမ်က အိရှိဟာရပါ ငါ့ကို ဆိုက်ဘာလုံခြုံရေးဌာနနဲ့ ချိတ်ပေး” တိုကျိုတိုင်းမ် ဥက္ကဋ္ဌ အိရှိဟာရမှာလည်း တိုကျိုမြို့တွင် အတော်လေး လူသိများ ထင်ရှားသူတစ်ဦး ဖြစ်သည်။
မိန်းကလေးက တိုးတိုးလေး ဖြေသည် “ဥက္ကဋ္ဌ အိရှိဟာရရှင့်... ဆိုက်ဘာလုံခြုံရေးဌာနက လုပ်ဖော်ကိုင်ဖက်တွေ အားလုံး အလုပ်ဆင်းသွားပါပြီ ကျွန်မ သူတို့ကို...”
မိန်းကလေး စကားမဆုံးခင်မှာပင် အိရှိဟာရက ဖုန်းချသွားပြန်သည်။
ဖုန်းက ထပ်မြည်လာပြန်သည်။
မိန်းကလေးမှာ ထိတ်လန့်သွားပြီးမှ ဖုန်းကိုင်လိုက်ရသည် “ဟဲလို... တိုကျိုမြို့တော် အစိုးရရုံးကပါ”
“ငါ့ကို ဆိုက်ဘာလုံခြုံရေးဌာနနဲ့ ချိတ်ပေးစမ်း ငါက တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာက အာဘေး ဆန်ဇိုပဲ” အာဘေး ဆန်ဇိုမှာလည်း အလွန် နာမည်ကျော်သူ တစ်ဦးပင်။
မိန်းကလေးက မပေါ့ဆရဲတော့ဘဲ အလုပ်ဆင်းသွားသည့် အကြောင်းပြချက်ကို ထပ်ပြောရပြန်သည်။ အာဘေး ဆန်ဇိုကတော့ ဖုန်းချမသွားဘဲ တည်ငြိမ်စွာပင် “ငါ အဲဒီဌာနရဲ့ ညွှန်ကြားရေးမှူးဆီကို တိုက်ရိုက်ဖုန်းဆက်လိုက်မယ်” ဟု ဆိုသည်။
တိုကျိုမြို့တော် အစိုးရရုံး၏ ညွှန်ကြားရေးမှူး အမည်မှာ နိုဒါ အိခိုး ဖြစ်ပြီး သူသည် လက်ရှိတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးနှင့်အတူ အိပ်ရာပေါ်တွင် အလုပ်ရှုပ်နေစဉ် ဖြစ်သည်။
ကုတင်ဘေး စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာသဖြင့် နိုဒါ အိခိုး တစ်ကိုယ်လုံး တုန်တက်သွားပြီး အချိန်မတိုင်မီပင် ‘ကိစ္စ’ ပြီးသွားရရှာသည်။
နိုဒါသည် ဒေါသတကြီးဖြင့် ဖုန်းကို ကြည့်လိုက်သော်လည်း မကိုင်ဘဲနေ၍ မဖြစ်ပေ။ တကယ်လို့ အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက် ဖြစ်နေပြီး သူ မကိုင်ခဲ့ပါက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။
ဖုန်းမျက်နှာပြင်တွင် မသိသော နံပါတ်တစ်ခု ပေါ်နေသည်။ နိုဒါ ဖုန်းကိုင်လိုက်ပြီး ယဉ်ကျေးစွာဖြင့် “ကျွန်တော် တိုကျိုမြို့တော် အစိုးရရုံးက နိုဒါ အိခိုး ပါ..ဘာကိစ္စရှိလို့လဲခင်ဗျာ”
တိုကျိုတိုင်းမ်မှ အိရှိဟာရ တာရိုက တိုက်ရိုက်ပင် “ငါ အိရှိဟာရ ပါ ငါတို့ တိုကျိုတိုင်းမ်ကို ရှနိုင်ငံက ဟက်ကာတွေ အခု တိုက်ခိုက်နေတယ်၊ မင်းတို့ မြို့တော်အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးဌာနက အကူအညီ လိုအပ်တယ်”
နိုဒါ ကြောင်သွားပြီး အမြန်ပင် “ဪ... ဥက္ကဋ္ဌ အိရှိဟာရကိုး.. တာ့ရှားဟက်ကာတွေရဲ့ တိုက်ခိုက်တာ ခံနေရတာလားစိတ်ချပါ၊ ကျွန်တော် ဆိုက်ဘာလုံခြုံရေးဌာနကို အခုပဲ အကူအညီပေးဖို့ စေခိုင်းလိုက်ပါ့မယ်”
ဖုန်းချပြီးသည်နှင့် နောက်တစ်ခါ ထပ်မြည်လာပြန်သည်။ ကြည့်လိုက်သောအခါ မသိသော နံပါတ်တစ်ခု ဖြစ်နေဆဲပင်။ သူက ယဉ်ကျေးစွာပင် “တိုကျိုမြို့တော် အစိုးရရုံးက နိုဒါ ပါ.. ဘာကိစ္စရှိလို့လဲခင်ဗျာ”
“ညွှန်ကြားရေးမှူး နိုဒါ... ငါက တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာက အာဘေး ဆန်ဇို ပါ.. ငါတို့ဌာနကို ရှဟက်ကာတွေ တိုက်ခိုက်နေတယ်... ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုက်ဘာလုံခြုံရေးဌာနကို ချက်ချင်း ခေါ်ပေးရမယ်”
နိုဒါ ကြောင်အသွားသည်။
‘ဒီနေ့က ဘာနေ့မို့လို့လဲ ဘာဖြစ်လို့ တာ့ရှားဟက်ကာတွေပဲ ဖြစ်နေရတာလဲ
အဲဒီ နွားမသား ဟက်ကာတွေက ညဘက် မအိပ်ကြဘူးလား၊ ဒါမှမဟုတ် ဘာဖျော်ဖြေရေးမှ မရှိကြဘူးလား’
အာဘေး ဆန်ဇို၏ နောက်ခံမှာ မသေးလှသလို တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာ၏ နောက်ခံမှာလည်း အစိုးရနှင့် တပိုင်းတစ ဆက်စပ်နေသဖြင့် နိုဒါအနေဖြင့် ထိုသတင်းလောက၏ ဘုရင်များကို မခုခံရဲပေ။
သူက ချက်ချင်းပင် “စိတ်ချပါ ဥက္ကဋ္ဌ အာဘေး၊ ကျွန်တော် အခုပဲ ဆိုက်ဘာလုံခြုံရေးဌာနကို စီစဉ်လိုက်ပါ့မယ်”
တစ်ဖက်လူ ဖုန်းချသွားပြီးနောက် နိုဒါသည် ဌာနသို့ အလျင်အမြန် ဖုန်းဆက်ကာ မည်သည့်မေးခွန်းမျှ မမေးဘဲ အမိန့်ပေးလိုက်သည် “ဆိုက်ဘာလုံခြုံရေးဌာနက အဖွဲ့ဝင်အားလုံးကို အခုချက်ချင်း ဆက်သွယ်ပြီး အချိန်ပိုဆင်းဖို့ ပြန်ခေါ်လိုက်”
“တိုကျိုအုပ်ချုပ်ရေးမှူး အစီရင်ခံစာနဲ့ တိုကျိုတိုင်းမ်တို့ တာ့ရှားဟက်ကာတွေရဲ့ တိုက်ခိုက်တာ ခံနေရပြီ မြန်မြန်လုပ်ခိုင်းလိုက်”
အော်ပရေတာမှာ ထိုမျက်မှန်နှင့် မိန်းကလေးပင် ဖြစ်ပြီး သူမက အသံတုန်တုန်ဖြင့်— “ညွှန်ကြားရေးမှူး နိုဒါရှင့်... ဒါအိုဟွာ သတင်းအေဂျင်စီနဲ့ ဂူချွမ်း သတင်းအေဂျင်စီတို့လည်း တာ့ရှားဟက်ကာတွေရဲ့ တိုက်ခိုက်တာ ခံထားရပါတယ်ရှင် လောလောဆယ်မှာ အဲဒီ သတင်းဌာန နှစ်ခုရဲ့ ဝဘ်ဆိုဒ်တွေကတော့ တာ့ရှားဟက်ကာတွေရဲ့ လက်ထဲ ရောက်သွားပါပြီ”